Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 1, 2016

က်င့္ဝတ္မလုိက္နာေသာ အင္ဂ်င္နီယာမ်ားအား ထိေရာက္စြာအေရးယူမည္


ရန္ကုန္ ၾသဂုတ္ ၃၁

အထပ္ျမင့္အေဆာက္အအံုမ်ား ေဆာက္ လုပ္ရာတြင္ လက္မွတ္ေရးထိုး၍ လုိင္စင္ ေၾကးသာယူၿပီး ကိုယ္တုိင္ႀကီးၾကပ္ျခင္း မရွိေသာ အင္ဂ်င္နီယာမ်ားအား က်င့္ဝတ္ ေဖာက္ဖ်က္မႈျဖင့္ ထိေရာက္စြာ အေရးယူေဆာင္ရြက္သြားမည္ ျဖစ္ ေၾကာင္း ျမန္မာႏုိင္ငံ အင္ဂ်င္နီယာ အသင္းဥကၠ႒ ဦးေအာင္ျမင့္က ယေန႔ ညေနပိုင္းတြင္ ကန္ေတာ္ႀကီးပတ္လမ္းရွိ ေဒၚ(လ္)ဖင္ စားေသာက္ဆုိင္၌ က်င္းပ ေသာ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာ ေရးေကာ္မတီ လုိင္စင္ရအေဆာက္အအံု ကန္ထ႐ိုက္တာမ်ားအသင္း ဖဲြ႕စည္းေရး အစည္းအေဝးတြင္ ေျပာၾကားသည္။

ျမန္မာႏုိင္ငံ အင္ဂ်င္နီယာအသင္း အေနျဖင့္ လိုင္စင္ရအင္ဂ်င္နီယာ သံုးမ်ဳိး သံုးစား သတ္မွတ္ထုတ္ျပန္လုိက္ၿပီျဖစ္ ေၾကာင္း၊ ယင္းတို႔မွာ မွတ္ပံုတင္အင္ဂ်င္ နီယာ၊ အႀကီးတန္းမွတ္ပံုတင္အင္ဂ်င္နီယာႏွင့္ အင္ဂ်င္နီယာပညာရွင္ဟူ၍ ျဖစ္ေၾကာင္း၊ မုတ္ပံုတင္အင္ဂ်င္နီယာ မ်ားသည္ မည္သည့္အေဆာက္အအံုကိုမွ် ဦးေဆာင္အင္ဂ်င္နီယာအျဖစ္ ေဆာက္ လုပ္ျခင္းမရွိေၾကာင္း၊ လက္ေထာက္ အေနျဖင့္သာ ေဆာင္ရြက္ခြင့္ရွိေၾကာင္း၊ အႀကီးတန္းမွတ္ပံုတင္ အင္ဂ်င္နီယာ တစ္ဦးအေနျဖင့္ ရွစ္ထပ္လူေနအေဆာက္ အအံုကိုသာ တာဝန္ယူ၍ ေဆာက္လုပ္ ခြင့္ရွိေၾကာင္း၊ ႏွစ္ထပ္ေက်ာင္း၊ ေစ်းႏွင့္ တစ္ထပ္အားကစား႐ံုမ်ားကို တာဝန္ခံ အင္ဂ်င္နီယာအျဖစ္ ေဆာက္လုပ္ခြင့္ မရွိေၾကာင္း၊ ယင္းတုိ႔အနက္ အင္ဂ်င္ နီယာပညာရွင္အဆင့္မွသာ အေဆာက္ အအံုအားလံုးကို တာဝန္ယူတည္ေဆာက္ ခြင့္ရွိေၾကာင္း သိရသည္။

ေဆာက္လုပ္ေရး လုပ္ငန္းရွင္မ်ား၊ ကန္ထ႐ိုက္တာမ်ားအေနျဖင့္ မိမိတို႔ တာဝန္ယူေဆာက္လုပ္ေသာ အေဆာက္ အအံုမ်ားကုိ သတ္မွတ္အရည္အခ်င္း ႏွင့္ျပည့္စံုေသာ မွတ္ပံုတင္အင္ဂ်င္နီယာ မ်ားျဖင့္သာ ေဆာက္လုပ္သင့္ေၾကာင္း၊ အင္ဂ်င္နီယာမပါဘဲ ေဆာက္လုပ္ေသာ အေဆာက္အအံုမ်ား မ်ားျပားလာ၍ အရည္အေသြးမွာလည္း က်ဆင္းလာ ေၾကာင္း၊ ယခုအခါ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရး ေကာ္မတီက ထုတ္ေပးထားေသာ လုိင္စင္ရအင္ဂ်င္ နီယာအေရအတြက္မွာ ၁၂ဝဝ ခန္႔သာ ရွိေၾကာင္း သိရသည္။

သတင္း - ျမင့္ေမာင္စိုး၊ ဓာတ္ပံု - တင္စိုး(ျမန္မာ့အလင္း)
Myanmaalinn
......


ရန်ကုန် သြဂုတ် ၃၁

အထပ်မြင့်အဆောက်အအုံများ ဆောက် လုပ်ရာတွင် လက်မှတ်ရေးထိုး၍ လိုင်စင် ကြေးသာယူပြီး ကိုယ်တိုင်ကြီးကြပ်ခြင်း မရှိသော အင်ဂျင်နီယာများအား ကျင့်ဝတ် ဖောက်ဖျက်မှုဖြင့် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ် ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းဥက္ကဋ္ဌ ဦးအောင်မြင့်က ယနေ့ ညနေပိုင်းတွင် ကန်တော်ကြီးပတ်လမ်းရှိ ဒေါ်(လ်)ဖင် စားသောက်ဆိုင်၌ ကျင်းပ သော ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ လိုင်စင်ရအဆောက်အအုံ ကန်ထရိုက်တာများအသင်း ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း အနေဖြင့် လိုင်စင်ရအင်ဂျင်နီယာ သုံးမျိုး သုံးစား သတ်မှတ်ထုတ်ပြန်လိုက်ပြီဖြစ် ကြောင်း၊ ယင်းတို့မှာ မှတ်ပုံတင်အင်ဂျင် နီယာ၊ အကြီးတန်းမှတ်ပုံတင်အင်ဂျင်နီယာနှင့် အင်ဂျင်နီယာပညာရှင်ဟူ၍ ဖြစ်ကြောင်း၊ မုတ်ပုံတင်အင်ဂျင်နီယာ များသည် မည်သည့်အဆောက်အအုံကိုမျှ ဦးဆောင်အင်ဂျင်နီယာအဖြစ် ဆောက် လုပ်ခြင်းမရှိကြောင်း၊ လက်ထောက် အနေဖြင့်သာ ဆောင်ရွက်ခွင့်ရှိကြောင်း၊ အကြီးတန်းမှတ်ပုံတင် အင်ဂျင်နီယာ တစ်ဦးအနေဖြင့် ရှစ်ထပ်လူနေအဆောက် အအုံကိုသာ တာဝန်ယူ၍ ဆောက်လုပ် ခွင့်ရှိကြောင်း၊ နှစ်ထပ်ကျောင်း၊ စျေးနှင့် တစ်ထပ်အားကစားရုံများကို တာဝန်ခံ အင်ဂျင်နီယာအဖြစ် ဆောက်လုပ်ခွင့် မရှိကြောင်း၊ ယင်းတို့အနက် အင်ဂျင် နီယာပညာရှင်အဆင့်မှသာ အဆောက် အအုံအားလုံးကို တာဝန်ယူတည်ဆောက် ခွင့်ရှိကြောင်း သိရသည်။

ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ကန်ထရိုက်တာများအနေဖြင့် မိမိတို့ တာဝန်ယူဆောက်လုပ်သော အဆောက် အအုံများကို သတ်မှတ်အရည်အချင်း နှင့်ပြည့်စုံသော မှတ်ပုံတင်အင်ဂျင်နီယာ များဖြင့်သာ ဆောက်လုပ်သင့်ကြောင်း၊ အင်ဂျင်နီယာမပါဘဲ ဆောက်လုပ်သော အဆောက်အအုံများ များပြားလာ၍ အရည်အသွေးမှာလည်း ကျဆင်းလာ ကြောင်း၊ ယခုအခါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးထားသော လိုင်စင်ရအင်ဂျင် နီယာအရေအတွက်မှာ ၁၂ဝဝ ခန့်သာ ရှိကြောင်း သိရသည်။

သတင်း - မြင့်မောင်စိုး၊ ဓာတ်ပုံ - တင်စိုး(မြန်မာ့အလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment