CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, July 22, 2016
အင်္ဂါဂြိုလ်ပေါ်မှာ ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို NASA တွေ့ရှိခဲ့
By netsetaw - July 22, 2016
မဒီလေး (Shwemom)
source : mirror.co.uk
......................................
By netsetaw - July 22, 2016
ယခင်က အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ နေထိုင်ခဲ့ခြင်းရှိ/မရှိ ကာလကြာမြင့်စွာ သုတေသနပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်
ကျေနပ်လောက်တဲ့ အဖြေမျိုးတော့ မရခဲ့ပါဘူး။ ကြယ်နီကြီးလို့ တင်စားကြတဲ့ အင်္ဂါဂြိုလ်ကို ပြင်ပအာကာသတစ်နေရာကနေ လေ့လာထားတဲ့ ဓာတ်ပုံတွေအရမှာတော့ မြစ်လို့ ယူစရတဲ့ ပုံရိပ်တွေ တွေ့ရှိခဲ့ဖူးပေမယ့် အဲဒီအချက်တွေဟာ ယ
ခင် နှစ်သန်းပေါင်းများစွာက အင်္ဂါဂြိုလ်ပေါ်မှာ မီးတောင်တွေ ပေါက်ကွဲရာမှတစ်ဆင့် ဖြစ်ပေါ်လာတဲ့ ချော်ရည်စီးကြောင်း
တွေသာ ဖြစ်တယ်လို့ အဖြေထွက်ခဲ့ပါတယ်။
ဒါကြောင့် အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ယူဆချက်လည်း မှေးမှိန်ခဲ့ပြန်ပါတယ်။ ယခုအခါမှာတော့ NASA ဟာ အင်္ဂါဂြိုလ်ပေါ်မှာ ဒိုင်နိုဆောလို့အရိုးလို့ယူဆရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ့ရှိတယ်လို့ အတည်ပြုထုတ်ပြန် ခဲ့
ခြင်း မရှိသေးပေမယ့် ဒိုင်နိုဆောလို့ရုပ်ကြွင်းလို့ ယူဆရတဲ့ အဲဒီဓာတ်ပုံဟာ Youtube Channel မှာ ပေါ်ထွက်လာခဲ့ပါ
တယ်။ အဲဒီအဲဒီဓာတ်ပုံတွေကိုလည်း အင်္ဂါဂြိုလ်ပေါ်ရောက်ရှိနေတဲ့ Nasa’s Curiosity rover ပေါ်မှာပါတဲ့ Mastcam
ကင်မရာနဲ့ ရိုက်ယူပေးပို့ခဲ့တာ ဖြစ်ပါတယ်။
အဲဒီဓာတ်ပုံကို Marie ဆိုတဲ့ အမျိုးသမီးက Youtube မှာ “Home of the Bizarre” ဆိုတဲ့ Tagline နဲ့ တင်ခဲ့ပြီး ” ဒါဟာ … သက်ရှိသတ္တဝါတစ်ကောင်ရဲ့ အရိုးစုဆိုတာ သေချာပါတယ် … ဒိုင်နိုဆောဖြစ်နိုင်ချေ ပိုရှိပြီး … တစ်ခြား ခြေလေးချောင်း သတ္တဝါကြီးတွေထဲကလည်း ဖြစ်နိုင်ပါတယ်” လို့ သူမက ပြောခဲ့ပါတယ်။ သူမက ဆက်လက်ပြီး ” ဒီပုံနဲ့ပတ်သက်
ပြီး ဖြည့်စွက်ပြောစရာ မရှိပါဘူး … ဒါပေမယ့် သေချာကြည့်ရင် တိရစ္ဆာန်ကြီးတစ်ကောင်ကောင်ရဲ့ မေးရိုးဆိုတာကို အံ့သြဖွယ် တွေ့ရမှာပါ ” လို့ ဆိုခဲ့ပါတယ်။
လက်ရှိအနေအထားအရ ပညာရှင်တွေကြားမှာ အဲဒီဓာတ်ပုံဟာ အငြင်းပွားဖွယ်ရာ ဖြစ်နေပေမယ့်လည်း ကာလအတော်
ကြာ မှေးမှိန်နေခဲ့တဲ့ အင်္ဂါဂြိုလ်ပေါ်မှာ သက်ရှိတွေ နေထိုင်ခဲ့ခြင်း ရှိ/မရှိ မျှော်လင့်ချက်ကတော့ ပြန်လည်ရှင်သန်လာခဲ့ပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။
မဒီလေး (Shwemom)
source : mirror.co.uk
အင်္ဂါဂြိုလ်ပေါ်မှာ ဒိုင်နိုဆောရုပ်ကြွင်းတစ်ခုကို NASA တွေ့ရှိခဲ့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment