မ်ိဳးခ်စ္စိတ္ နဲ႔ ေရးတဲ႔ စာ



မၾကာခင္က မိတ္အင္ျမန္မာ ( Made in Myamar ) တံဆိပ္ကပ္ထားတဲ႔ ကုတ္အဂၤာ်ီေတြကို ကုန္တုိက္တခုရဲ႕ အေရာင္းစင္ေတြေပၚမွာ အစီအရီ ေတြ႔လိုက္ရလုိ႔ ၀မ္းသာ-လွိဳက္လွဲ အားရစိတ္နဲ႔ ေတာ္ေတာ္ၾကာေအာင္ အဂၤာ်ီေတြကုိ လွည္႔ပတ္ၾကည္႔ေနမိပါတယ္။ ကုန္တုိက္နံမည္ က မာ႔ ခ္ အင္ စပင္ဆာ ( Merk & Spencer ) ။ အဂၤလန္မွာေကာ ဥေရာပမွာပါ နံမည္ၾကီး-ေစ်းၾကီးတဲ႔ - ကုန္တုိက္တခုေပါ႕။ ေစ်းၾကီးသလုိ ပစၥည္း အရည္အေသြးေတြလည္း ေကာင္းတယ္ဆုိတဲ႔ အမွတ္တံဆိပ္( Brand) ကိုထိမ္းသိမ္းထားသမုိ႔ိ႔ အဂၤလိပ္လူကုံတန္ ေတြ အသိအ မွတ္ျပဳ အားေပးတဲ႔ တံဆိပ္ -brand ဆုိေတာ႔ ဒီ ကုတ္အဂၤာ်ီေတြ ဒုိ႔ ျမန္မာျပည္က ခ်ဳပ္ေနႏိုင္ျပီ ဆုိတဲ႔ ဂုဏ္ယူေက်နပ္တဲ႔စိတ္မ်ိဳး -ေပၚမိတာပါ။
.
တကယ္က ကြ်န္ေတာ္ ဒီကုိေရာက္ေနတဲ႔ ၉ႏွစ္ေလာက္အတြင္း ဗီယက္နမ္ ကေမၻာဒီးယား ထိုင္း ဘဂၤလားေဒ႔ရွ္ တရုတ္ စတဲ႔တုိင္းျပည္ေတြက ခ်ဳပ္တယ္-လုပ္တယ္ဆုိတဲ႔ အဂၤာ်ီေတြ အားကစားဘိနပ္ေတြ ခ်ည္း ဟုိဆိုင္ဒီဆုိင္ေတြမွာ ေတြ႔ေတြ႕ေနခဲ႔ရေတာ႔ စိတ္ထဲ မၾကည္လင္လွ ပါဘူး ။ၾကည္႔စမ္း။ ငါ႔အိမ္နီးခ်င္းႏိုင္ငံေတြက ဥေရာပအထိ ေစ်းကြက္ ရေနၾကျပီ။ ထုိးေဖါက္ ေနၾကျပီ ။ ငါတုိ႔ ျမန္မာျပည္ ကေနာက္က်န္ေနခဲ႔တုန္း ။ ဘယ္ေတာ႔မ်ားမွ သူမ်ားေတြလုိထုိးေဖါက္လာႏိုင္ မလဲ။တင္သြင္းလာမလဲ။ ဘယ္ေတာ႔ ႏိုင္ငံတကာေတာ တုိး မွာလဲ ဆုိတဲ႔အားမလုိအားမရ စိတ္နဲ႔ စိတ္မၾကည္မသာ ျဖစ္ရျခင္းမ်ိဳးပါ။ အခုလုိ မထင္မွတ္ပဲ ေတြ႔လုိက္ရေတာ႔ လွိဳက္ကနဲျဖစ္ ၀မ္းသာတဲ႔အတြင္းစိတ္က မဖုံးဖိႏိုင္ဘူး ။ သူ႔ေနာက္ဆက္တြဲအဓိပၸါယ္ေတြက အမ်ားၾကီးေလ ။ ငါတုိ႔တုိင္းျပည္မွာ ဒီနံမယ္ၾကီး ကုမၸဏီနဲ႔ စာခ်ဳပ္ရတဲ႔ စက္ရုံေတြ ရွိေနျပီ။ ရင္းႏွီးျမဳပ္ႏွံသူေတြ ေရာက္ျပီ -လုပ္အား ေစ်းကြက္ရွာ ေနျပီ။ ေဖါက္သည္ယုံၾကည္မွဳ ( Customer confidence ) ရလာျပီ။ ဒါေၾကာင္႔သာဒီပစၥည္းေတြဒီကိုေရာက္လာတာ။ ငါတုိ႔ဆီကအလုပ္သမားေတြ သူမ်ားတုိင္းျပည္သြားလုပ္စရာမလုိ- အိုးအိမ္မကြာ-မိသားစုမေ၀း- အလုပ္လုပ္ေနရေနၾကေတာ႔မယ္ ဆုိတဲ႔ အသိ။ လွိဳင္သာယာစက္မွဳဇုံမွာ လား။ ေရႊျပည္သာစက္မွဳဇုံကလား။ ေအာင္ဆန္း အထည္ခ်ဳပ္ စက္ရုံေတြဆီကလား။ ဘယ္ကျဖစ္ျဖစ္ပါေလ။
ကြ်န္ေတာ္ျမန္မာျပည္မွာ ရွိတုန္း စီးပြါးေရးပိတ္ဆုိ႔တဲ႔ ဒဏ္နဲ႔ စက္မွုဇုံ အသီးသီးမွာ စက္ရုံေတြမလည္ပတ္ႏိုင္ပဲ အလုပ္သမားေတြ ေထာင္ေသာင္း ခ်ီျပီး အလုပ္ျပဳတ္ၾက ။ ဒုကၡေရာက္ၾကတာေတြ႔ခဲ႔ရ ဖူးတယ္။ ခုေတာ႔ ျပန္အဆင္ေျပၾကျပီထင္ပါရဲ႕။

လူက သူမ်ားတုိင္းျပည္ေရာက္ေနေပမယ္႔ စိတ္က အခ်ိန္တုိင္း ကိုယ္႔တုိင္းျပည္နဲ႔ပတ္သက္လာရင္ စိတ္၀င္တစားျဖစ္မိတာ။ ( ငါတေယာက္ထဲေတာ႔ မဟုတ္ေလာက္ပါဘူးေလ ) ဘီဘီစီက လႊင္႔တဲ႔ Travel Show အစီအစဥ္ ကေန ျမန္မာျပည္အႏွံ႔ လိုက္ရိုက္ထားတဲ႔ ေရေျမေတာေတာင္ေတြ ျမစ္ေတြကန္ေတြ သဘာ၀ အလွအပေတြ-ေဒသအသီးသီးက ရုိးရာယဥ္ေက်းမွဳေတြကို ျမင္တဲ႔အခါ ေက်နပ္ဂုဏ္ယူမိတယ္။ ကြ်န္ေတာ္ျမန္မာျပည္ကပါ- လုိ႔မိတ္ဆက္ရ တဲ႔အခါမ်ိဳး -ျမန္မာျပည္ ေရာက္ဖူးတဲ႔အဂၤလိပ္ေတြက သိတ္လွတဲ႔တုိင္းျပည္ပဲ လုိ႔မွတ္ခ်က္ျပန္ေပး လုိက္ရင္ ပီတိျဖစ္ရ တယ္။
.
ကြ်န္ေတာ္ေရာက္ေနတဲ႔ျမိဳ႕မွာ ကြ်န္ေတာ္သိသေလာက္ ထုိင္းကုန္စုံဆုိင္ ၃ဆုိင္ေလာက္ရွိတယ္။ထုိင္းစားေသာက္ဆုိင္ေတြလည္း ရွိတယ္။ လည္ပတ္ေနၾကပုံရတယ္။ ခုေနာက္ပုိင္း ထုိင္းေတြက ျမိဳ႕တုိင္းမွာ သူတုိ႔တိုင္းျပည္ကထြက္တဲ႔ ကုန္မ်ိဳးစုံ ဆုိင္ေတြ ဖြင္႔ႏိုင္ေအာင္ Peach ဆုိတဲ႔ နံမည္တခုနဲ႔ ၾကိဳးစားေစ်းကြက္ရွာေနတာလည္း သတိထားမိပါတယ္။ ကုိယ္က ျငဳပ္သီးစိမ္းၾကိဳက္တတ္-ငပိရည္ခ်ိဳ ငပိေထာင္းၾကိဳက္တတ္ေတာ႔-စားခ်င္ရင္ သူတုိ႔ဆိုင္ေတြ သြား၀ယ္ရင္းေတြ႔ေနတယ္။ လက္ သုံးလုံးေလာက္သာ အက်ယ္ရွိတဲ႔-ေလးေထာင္႔ အနက္ေရာင္ပလပ္စတစ္ဗူးျပားျပားပါးပါးေလးထဲ ျငဳပ္သီးစိမ္း ေလးငါး ဆယ္ေတာင္႔ ေလာက္ကို ဖင္ျပန္ေခါင္းျပန္စီ ထားျပီး ပလပ္စတစ္အၾကည္ေပ်ာ႔ေပ်ာ႔ေလး ျပန္အုပ္။ Product of Thailand( ထုိင္းႏိုင္ငံထြက္ကုန္ ) စာတမ္းထုိး-ေရာင္းတာေလး ကို မခ်င္႔မရဲ ဖတ္ၾကည္႔ -ပိုက္ဆံ တေပါင္ခြဲေပး၀ယ္လာရတယ္။ မုိးေမွ်ာ္ျငဳပ္သီးစိမ္း ၁၀ေတာင္႔ ၁၂ေတာင္႔ေလာက္ကုိ ျမန္မာေငြ ၂၅၀၀ က်ပ္ ေလာက္ နဲ႔ ၀ယ္စားတဲ႔သေဘာေပါ႔။ ဒါ-၀ယ္စားရတုိင္း ထုိုင္းဒုကၡသည္စခန္းမွာ ႏိုင္က်ဥ္းမိသားတစု-ဘ၀ ရပ္တည္ေရးအတြက္ ထုိင္းေတာင္ယာေတြဆီ ခုိးထြက္ျပီး တေန႔လုပ္ခ ဘတ္ ၁၀၀ေလာက္ရဖုိ႔ တေန႔ကုန္ျငဳပ္သီးစိမ္းခူးခဲ႔ရ တဲ႔အေၾကာင္းေျပာျပၾကတာေတြ ျပန္သတိရလာတယ္။ တခ်ိဳ႕ကေျပာင္းဖူးခင္းေတြဆီ သြား ေျပာင္းခ်ိဳးရတာမ်ိဳးလည္းရွိတယ္။ စခန္းထဲကေနအရင္ ခုိးထြက္ျပီးမွ ထုိင္းေတာင္ယာေတြဆီေရာက္ေအာင္ တေန႔ခရီးေလာက္အထိ ေတာထဲ တုိး လမ္းေလွ်ာက္ရတဲ႔အေၾကာင္း ။ ေတာင္ယာေတြဆီေရာက္တဲ႔အခါ ျဖစ္သလုိ အဲဒီမွာ ေန -အိပ္-စား။ တပတ္ဆယ္ရက္ေနျပီးမွ ။ တေန႔တေန႔ ျငဳပ္သီးစိမ္း ကီလုိ ၇၀-၈၀ရတဲ႔အထိ ေတာအဆင္႔ဆင္႔ တုိး ခူး- ထုိင္းေတာင္ယာအလုပ္ရွင္ဆီသြင္း ေငြရွာရပ္တည္တဲ႔အေၾကာင္း ဘ၀တူႏိုင္က်ဥ္းဒုကၡသည္ေတြ ျပန္ေျပာျပၾကတာေတြ။ နားထဲက မထြက္။ငါ၀ယ္စားေနတဲ႔ ျငဳပ္သီးစိမ္းေလးေတြ က ျမန္မာဒုကၡသည္ေတြ ထုိင္းအလုပ္ရွင္ဆီမွာ ေတာတုိး ခူးဆြတ္ေပးရတဲ႔ ျငဳတ္သီးစိမ္းေတြျဖစ္ခ်င္ျဖစ္ေနမွာဆုိတဲ႔အေတြးမ်ိဳး - မေတြးမိခ်င္ဘူး ။
.
ဆန္စားျပီးလူျဖစ္လာတာဆုိေတာ႔ ဂ်ံဳစားတဲ႔တုိင္းျပည္ေရာက္ေပမယ္႔ အသားညွပ္ေပါင္မုန္႔ကိုခံတြင္းမေတြ႔ဘူး။ ထမင္းမစားရရင္ ဗိုက္မ၀သလုိပဲ။ စိတ္အဆာမေျပဘူး။ ဒါနဲ႔ ဆန္ပဲ အဓိက-စားျဖစ္တယ္။ ေရာက္စ က ဟုိဆန္ဒီဆန္ စမ္းစားၾကည္႔တယ္။ ေနာက္ေတာ႔ အိႏိၵယ ဘာစမာတီဆန္ ဒါမွမဟုတ္ ထုိင္းက ေခါမလိဆန္ က ျမန္မာျပည္ကဆန္မ်ိဳးနဲ႔နီးစပ္တယ္။ ႏူးညံ႔တာ။ေမႊးတာ။ ဆန္လုံးေခ်ာတာ ။ဒါနဲ႔ ခုေတာ႔ သူတုိ႔ကုိပဲ စားျဖစ္ေနေတာ႔တယ္။ တက္စကို ဆုိတဲ႔ အေမရိကန္ စူပါကုန္တိုက္ၾကီးေတြဆီကတဆင္႔-၀ယ္စားရတာေပါ႔ဗ်ာ။ မၾကာခင္က ေရႊဘုိေပၚဆန္းက ျမန္မာျပည္ထြက္အျဖစ္ ႏိုင္ငံတကာေစ်းကြက္မွာ မွတ္ပုံတင္ေတာ႔မယ္ဆုိတဲ႔ သတင္းတက္လာေတာ႔ အတုိင္းမသိ၀မ္းေျမာက္မိပါတယ္။ ျမန္ျမန္ ေစ်းကြက္ရပါေစ။ မ်ိဳးေကာင္းမ်ိဳးသန္႔အရည္အေသြးေတြကို ေရရွည္ထိမ္းသိမ္း ႏိုင္ငံအႏွံ႕ေအာင္ျမင္ေအာင္စိုက္လုိ႔ ႏို္င္ငံတကာထုိးေဖါက္ႏိုင္ပါေစ။ပိုးသတ္ေဆးကင္း-ခဲသလဲ အမွိဳက္အက်ိဳးအေက်ေတြကင္းတဲ႔အရည္အေသြးမ်ိဳးေတြနဲ႔ေပါ႔။ ဆုိင္းဘုတ္ေထာင္တာ အက်င္႔ပါေနလုိ႔- ျမန္မာ႔ေပၚဆန္း ကမာၻကိုလႊမ္းေစရမည္-ဆုိတဲ႔ ဆိုင္းဘုတ္ေတြ ေထာင္ခ်င္လည္းေထာင္ၾကေပါ႔။ ဒါက လယ္သမားေတြဘ၀ကုိ ေျပာင္းလဲ ျမွင္႔တင္ေစမယ္႔ကိစၥ မို႔ အဓိပၸါယ္ရွိပါေသးတယ္။
.
ျမန္မာျပည္ဆုိတာ ကြ်န္းႏိုင္ငံမဟုတ္ဘူး။အဂၤလန္ထက္ ေျမ ၅ဆ က်ယ္တယ္။ေႏြမုိးေဆာင္း သုံးရာသီ ရွိတယ္။သိမ္းျမစ္လုိ ၾကီးတဲ႔ က်ယ္တဲ႔ ျမစ္ေလးစင္းမက ပိုင္တယ္။ မုိင္တေထာင္ေက်ာ္တဲ႔ ပင္လယ္ ကမ္းေျခကို ပိုင္တယ္။ ျမစ္ေခ်ာင္းေတြေတာေတာင္ေတြေျမျပန္႔ေတြ နဲ႔ တႏွစ္လုံးစိုက္ပ်ိဳးလုိ႔ရတဲ႔ေျမယာေတြ ရွိတယ္။ ေလယာဥ္ပ်ံ ဒုံးပ်ံ ေမာ္ေတာ္ကား- ကြန္ပ်ဴတာေတြ လုပ္တဲ႔နည္းပညာ ေငြေၾကးဓန မျပည္႔စုံေပမယ္႔ ကြ်န္ေတာ္တုိ႔လုပ္ႏိုင္တာ ေတြလုပ္- ကြ်န္ေတာ္တုိ႔အားသားခ်က္ေတြနဲ႔ ထုိးေဖါက္ၾကရမွာပါ။ အလုပ္လုပ္ၾကရမွာပါ ဘုိးဘြားအေမြဆုိျပီး ျမစ္ေတြပိတ္ --ေတာေတြရွင္း -ေတာင္ေတြလွန္- သယံဇာတ ေတြ အကုန္တူး-အကုန္ခုတ္- တဆုံးႏွိဳက္ -ေရာင္းထုတ္ေနလုိ႔ေတာ႔ မျဖစ္ဘူး။ ေျမ ကို စနစ္တက် အသုံးခ်ႏိုင္တဲ႔တေန႔ -ေစ်းေရာင္းတတ္တဲ႔ေန႔- ေစ်းကြက္ ရွာႏိုင္တဲ႔တေန႔ ဆင္းရဲတြင္းက ရုန္းထြက္ႏိုင္ၾကမွာပါ။ ေစ်းေရာင္းတတ္တဲ႔လူမ်ိဳး ၾကီးပြါး။ အခ်င္းခ်င္းရန္ျဖစ္ေနတဲ႔လူမ်ိဳး-ဆင္းရဲမြဲေတဒုကၡေရာက္။ ဒါ -ကမာၻ႕နိယာမ- မဟုတ္လား။
.
သူမ်ားေတြက အုန္းေရ ကိုဗူးသြတ္ေရာင္းႏိုင္ရင္ ငါတုိ႔ ဘာလုိ႔ မေရာင္းႏိုင္ရမွာလဲ။ ျမန္မာျပည္က သရက္သီးေတြ ငွက္ေပ်ာသီးေတြက အခု ကြ်န္ေတာ္တုိ႔ ဒီက ကုန္တုိက္ေတြမွာ ၀ယ္စားေနရတဲ႔ သရက္သီး ငွက္ေပ်ာသီးေတြထက္ အနံ႔ အရသာ အကုန္ယွဥ္ႏိုင္တယ္။ သာတယ္လုိ႔ ကြ်န္ေတာ္ထင္ပါတယ္။ဒီမွာ မဲဇလီဖူးေတြကို ပုလင္းသြတ္ျပီး ထုိင္းေတြေရာင္းေနျပီ။ ကန္စြန္းရြက္ ဆူးပုတ္ရြက္ စပါးလင္ ငွက္ေပ်ာဖက္ ဆုိတာ ေတြကအစ ဒီအထိေရာက္လာေနတယ္။ ေစ်းၾကီးမွၾကီး ။မွ်စ္ႏုႏု။ေျပာင္းဖူးႏုုႏုေလးေတြ ကိုလည္း ဗူးသြတ္ၾကေသးတယ္။ ေစ်းကြက္ရွိတယ္။ မွ်စ္ခ်ဥ္က တရုတ္ဆိုင္ေတြမွာ အထုတ္လိုက္၀ယ္လုိ႔ရတယ္။ ဖရဲသီး-နာနတ္သီး-ေျပာင္းဖူးေတြ လည္းေရာင္းေနၾကတာပဲ။
.
ခြန္ဆုိင္း ( ၂၅-၇-၂၀၁၆ )





မကြာခင်က မိတ်အင်မြန်မာ ( Made in Myamar ) တံဆိပ်ကပ်ထားတဲ့ ကုတ်အင်္ဂာျီတွေကို ကုန်တိုက်တခုရဲ့ အရောင်းစင်တွေပေါ်မှာ အစီအရီ တွေ့လိုက်ရလို့ ၀မ်းသာ-လှိုက်လှဲ အားရစိတ်နဲ့ တော်တော်ကြာအောင် အင်္ဂာျီတွေကို လှည့်ပတ်ကြည့်နေမိပါတယ်။ ကုန်တိုက်နံမည် က မာ့ ခ် အင် စပင်ဆာ ( Merk & Spencer ) ။ အင်္ဂလန်မှာကော ဥရောပမှာပါ နံမည်ကြီး-စျေးကြီးတဲ့ - ကုန်တိုက်တခုပေါ့။ စျေးကြီးသလို ပစ္စည်း အရည်အသွေးတွေလည်း ကောင်းတယ်ဆိုတဲ့ အမှတ်တံဆိပ်( Brand) ကိုထိမ်းသိမ်းထားသမို့ိ့ အင်္ဂလိပ်လူကုံတန် တွေ အသိအ မှတ်ပြု အားပေးတဲ့ တံဆိပ် -brand ဆိုတော့ ဒီ ကုတ်အင်္ဂာျီတွေ ဒို့ မြန်မာပြည်က ချုပ်နေနိုင်ပြီ ဆိုတဲ့ ဂုဏ်ယူကျေနပ်တဲ့စိတ်မျိုး -ပေါ်မိတာပါ။
.
တကယ်က ကျွန်တော် ဒီကိုရောက်နေတဲ့ ၉နှစ်လောက်အတွင်း ဗီယက်နမ် ကမ္ဘောဒီးယား ထိုင်း ဘင်္ဂလားဒေ့ရှ် တရုတ် စတဲ့တိုင်းပြည်တွေက ချုပ်တယ်-လုပ်တယ်ဆိုတဲ့ အင်္ဂာျီတွေ အားကစားဘိနပ်တွေ ချည်း ဟိုဆိုင်ဒီဆိုင်တွေမှာ တွေ့တွေ့နေခဲ့ရတော့ စိတ်ထဲ မကြည်လင်လှ ပါဘူး ။ကြည့်စမ်း။ ငါ့အိမ်နီးချင်းနိုင်ငံတွေက ဥရောပအထိ စျေးကွက် ရနေကြပြီ။ ထိုးဖေါက် နေကြပြီ ။ ငါတို့ မြန်မာပြည် ကနောက်ကျန်နေခဲ့တုန်း ။ ဘယ်တော့များမှ သူများတွေလိုထိုးဖေါက်လာနိုင် မလဲ။တင်သွင်းလာမလဲ။ ဘယ်တော့ နိုင်ငံတကာတော တိုး မှာလဲ ဆိုတဲ့အားမလိုအားမရ စိတ်နဲ့ စိတ်မကြည်မသာ ဖြစ်ရခြင်းမျိုးပါ။ အခုလို မထင်မှတ်ပဲ တွေ့လိုက်ရတော့ လှိုက်ကနဲဖြစ် ၀မ်းသာတဲ့အတွင်းစိတ်က မဖုံးဖိနိုင်ဘူး ။ သူ့နောက်ဆက်တွဲအဓိပ္ပါယ်တွေက အများကြီးလေ ။ ငါတို့တိုင်းပြည်မှာ ဒီနံမယ်ကြီး ကုမ္ပဏီနဲ့ စာချုပ်ရတဲ့ စက်ရုံတွေ ရှိနေပြီ။ ရင်းနှီးမြုပ်နှံသူတွေ ရောက်ပြီ -လုပ်အား စျေးကွက်ရှာ နေပြီ။ ဖေါက်သည်ယုံကြည်မှု ( Customer confidence ) ရလာပြီ။ ဒါကြောင့်သာဒီပစ္စည်းတွေဒီကိုရောက်လာတာ။ ငါတို့ဆီကအလုပ်သမားတွေ သူများတိုင်းပြည်သွားလုပ်စရာမလို- အိုးအိမ်မကွာ-မိသားစုမဝေး- အလုပ်လုပ်နေရနေကြတော့မယ် ဆိုတဲ့ အသိ။ လှိုင်သာယာစက်မှုဇုံမှာ လား။ ရွှေပြည်သာစက်မှုဇုံကလား။ အောင်ဆန်း အထည်ချုပ် စက်ရုံတွေဆီကလား။ ဘယ်ကဖြစ်ဖြစ်ပါလေ။
ကျွန်တော်မြန်မာပြည်မှာ ရှိတုန်း စီးပွါးရေးပိတ်ဆို့တဲ့ ဒဏ်နဲ့ စက်မှုဇုံ အသီးသီးမှာ စက်ရုံတွေမလည်ပတ်နိုင်ပဲ အလုပ်သမားတွေ ထောင်သောင်း ချီပြီး အလုပ်ပြုတ်ကြ ။ ဒုက္ခရောက်ကြတာတွေ့ခဲ့ရ ဖူးတယ်။ ခုတော့ ပြန်အဆင်ပြေကြပြီထင်ပါရဲ့။

လူက သူများတိုင်းပြည်ရောက်နေပေမယ့် စိတ်က အချိန်တိုင်း ကိုယ့်တိုင်းပြည်နဲ့ပတ်သက်လာရင် စိတ်ဝင်တစားဖြစ်မိတာ။ ( ငါတယောက်ထဲတော့ မဟုတ်လောက်ပါဘူးလေ ) ဘီဘီစီက လွှင့်တဲ့ Travel Show အစီအစဉ် ကနေ မြန်မာပြည်အနှံ့ လိုက်ရိုက်ထားတဲ့ ရေမြေတောတောင်တွေ မြစ်တွေကန်တွေ သဘာဝ အလှအပတွေ-ဒေသအသီးသီးက ရိုးရာယဉ်ကျေးမှုတွေကို မြင်တဲ့အခါ ကျေနပ်ဂုဏ်ယူမိတယ်။ ကျွန်တော်မြန်မာပြည်ကပါ- လို့မိတ်ဆက်ရ တဲ့အခါမျိုး -မြန်မာပြည် ရောက်ဖူးတဲ့အင်္ဂလိပ်တွေက သိတ်လှတဲ့တိုင်းပြည်ပဲ လို့မှတ်ချက်ပြန်ပေး လိုက်ရင် ပီတိဖြစ်ရ တယ်။
.
ကျွန်တော်ရောက်နေတဲ့မြို့မှာ ကျွန်တော်သိသလောက် ထိုင်းကုန်စုံဆိုင် ၃ဆိုင်လောက်ရှိတယ်။ထိုင်းစားသောက်ဆိုင်တွေလည်း ရှိတယ်။ လည်ပတ်နေကြပုံရတယ်။ ခုနောက်ပိုင်း ထိုင်းတွေက မြို့တိုင်းမှာ သူတို့တိုင်းပြည်ကထွက်တဲ့ ကုန်မျိုးစုံ ဆိုင်တွေ ဖွင့်နိုင်အောင် Peach ဆိုတဲ့ နံမည်တခုနဲ့ ကြိုးစားစျေးကွက်ရှာနေတာလည်း သတိထားမိပါတယ်။ ကိုယ်က ငြုပ်သီးစိမ်းကြိုက်တတ်-ငပိရည်ချို ငပိထောင်းကြိုက်တတ်တော့-စားချင်ရင် သူတို့ဆိုင်တွေ သွားဝယ်ရင်းတွေ့နေတယ်။ လက် သုံးလုံးလောက်သာ အကျယ်ရှိတဲ့-လေးထောင့် အနက်ရောင်ပလပ်စတစ်ဗူးပြားပြားပါးပါးလေးထဲ ငြုပ်သီးစိမ်း လေးငါး ဆယ်တောင့် လောက်ကို ဖင်ပြန်ခေါင်းပြန်စီ ထားပြီး ပလပ်စတစ်အကြည်ပျော့ပျော့လေး ပြန်အုပ်။ Product of Thailand( ထိုင်းနိုင်ငံထွက်ကုန် ) စာတမ်းထိုး-ရောင်းတာလေး ကို မချင့်မရဲ ဖတ်ကြည့် -ပိုက်ဆံ တပေါင်ခွဲပေးဝယ်လာရတယ်။ မိုးမျှော်ငြုပ်သီးစိမ်း ၁၀တောင့် ၁၂တောင့်လောက်ကို မြန်မာငွေ ၂၅၀၀ ကျပ် လောက် နဲ့ ၀ယ်စားတဲ့သဘောပေါ့။ ဒါ-၀ယ်စားရတိုင်း ထိုုင်းဒုက္ခသည်စခန်းမှာ နိုင်ကျဉ်းမိသားတစု-ဘဝ ရပ်တည်ရေးအတွက် ထိုင်းတောင်ယာတွေဆီ ခိုးထွက်ပြီး တနေ့လုပ်ခ ဘတ် ၁၀၀လောက်ရဖို့ တနေ့ကုန်ငြုပ်သီးစိမ်းခူးခဲ့ရ တဲ့အကြောင်းပြောပြကြတာတွေ ပြန်သတိရလာတယ်။ တချို့ကပြောင်းဖူးခင်းတွေဆီ သွား ပြောင်းချိုးရတာမျိုးလည်းရှိတယ်။ စခန်းထဲကနေအရင် ခိုးထွက်ပြီးမှ ထိုင်းတောင်ယာတွေဆီရောက်အောင် တနေ့ခရီးလောက်အထိ တောထဲ တိုး လမ်းလျှောက်ရတဲ့အကြောင်း ။ တောင်ယာတွေဆီရောက်တဲ့အခါ ဖြစ်သလို အဲဒီမှာ နေ -အိပ်-စား။ တပတ်ဆယ်ရက်နေပြီးမှ ။ တနေ့တနေ့ ငြုပ်သီးစိမ်း ကီလို ရ၀-၈၀ရတဲ့အထိ တောအဆင့်ဆင့် တိုး ခူး- ထိုင်းတောင်ယာအလုပ်ရှင်ဆီသွင်း ငွေရှာရပ်တည်တဲ့အကြောင်း ဘဝတူနိုင်ကျဉ်းဒုက္ခသည်တွေ ပြန်ပြောပြကြတာတွေ။ နားထဲက မထွက်။ငါ၀ယ်စားနေတဲ့ ငြုပ်သီးစိမ်းလေးတွေ က မြန်မာဒုက္ခသည်တွေ ထိုင်းအလုပ်ရှင်ဆီမှာ တောတိုး ခူးဆွတ်ပေးရတဲ့ ငြုတ်သီးစိမ်းတွေဖြစ်ချင်ဖြစ်နေမှာဆိုတဲ့အတွေးမျိုး - မတွေးမိချင်ဘူး ။
.
ဆန်စားပြီးလူဖြစ်လာတာဆိုတော့ ဂျုံစားတဲ့တိုင်းပြည်ရောက်ပေမယ့် အသားညှပ်ပေါင်မုန့်ကိုခံတွင်းမတွေ့ဘူး။ ထမင်းမစားရရင် ဗိုက်မဝသလိုပဲ။ စိတ်အဆာမပြေဘူး။ ဒါနဲ့ ဆန်ပဲ အဓိက-စားဖြစ်တယ်။ ရောက်စ က ဟိုဆန်ဒီဆန် စမ်းစားကြည့်တယ်။ နောက်တော့ အိန္ဒိယ ဘာစမာတီဆန် ဒါမှမဟုတ် ထိုင်းက ခေါမလိဆန် က မြန်မာပြည်ကဆန်မျိုးနဲ့နီးစပ်တယ်။ နူးညံ့တာ။မွှေးတာ။ ဆန်လုံးချောတာ ။ဒါနဲ့ ခုတော့ သူတို့ကိုပဲ စားဖြစ်နေတော့တယ်။ တက်စကို ဆိုတဲ့ အမေရိကန် စူပါကုန်တိုက်ကြီးတွေဆီကတဆင့်-၀ယ်စားရတာပေါ့ဗျာ။ မကြာခင်က ရွှေဘိုပေါ်ဆန်းက မြန်မာပြည်ထွက်အဖြစ် နိုင်ငံတကာစျေးကွက်မှာ မှတ်ပုံတင်တော့မယ်ဆိုတဲ့ သတင်းတက်လာတော့ အတိုင်းမသိ၀မ်းမြောက်မိပါတယ်။ မြန်မြန် စျေးကွက်ရပါစေ။ မျိုးကောင်းမျိုးသန့်အရည်အသွေးတွေကို ရေရှည်ထိမ်းသိမ်း နိုင်ငံအနှံ့အောင်မြင်အောင်စိုက်လို့ နို်င်ငံတကာထိုးဖေါက်နိုင်ပါစေ။ပိုးသတ်ဆေးကင်း-ခဲသလဲ အမှိုက်အကျိုးအကျေတွေကင်းတဲ့အရည်အသွေးမျိုးတွေနဲ့ပေါ့။ ဆိုင်းဘုတ်ထောင်တာ အကျင့်ပါနေလို့- မြန်မာ့ပေါ်ဆန်း ကမ္ဘာကိုလွှမ်းစေရမည်-ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ချင်လည်းထောင်ကြပေါ့။ ဒါက လယ်သမားတွေဘဝကို ပြောင်းလဲ မြှင့်တင်စေမယ့်ကိစ္စ မို့ အဓိပ္ပါယ်ရှိပါသေးတယ်။
.
မြန်မာပြည်ဆိုတာ ကျွန်းနိုင်ငံမဟုတ်ဘူး။အင်္ဂလန်ထက် မြေ ၅ဆ ကျယ်တယ်။နွေမိုးဆောင်း သုံးရာသီ ရှိတယ်။သိမ်းမြစ်လို ကြီးတဲ့ ကျယ်တဲ့ မြစ်လေးစင်းမက ပိုင်တယ်။ မိုင်တထောင်ကျော်တဲ့ ပင်လယ် ကမ်းခြေကို ပိုင်တယ်။ မြစ်ချောင်းတွေတောတောင်တွေမြေပြန့်တွေ နဲ့ တနှစ်လုံးစိုက်ပျိုးလို့ရတဲ့မြေယာတွေ ရှိတယ်။ လေယာဉ်ပျံ ဒုံးပျံ မော်တော်ကား- ကွန်ပျူတာတွေ လုပ်တဲ့နည်းပညာ ငွေကြေးဓန မပြည့်စုံပေမယ့် ကျွန်တော်တို့လုပ်နိုင်တာ တွေလုပ်- ကျွန်တော်တို့အားသားချက်တွေနဲ့ ထိုးဖေါက်ကြရမှာပါ။ အလုပ်လုပ်ကြရမှာပါ ဘိုးဘွားအမွေဆိုပြီး မြစ်တွေပိတ် --တောတွေရှင်း -တောင်တွေလှန်- သယံဇာတ တွေ အကုန်တူး-အကုန်ခုတ်- တဆုံးနှိုက် -ရောင်းထုတ်နေလို့တော့ မဖြစ်ဘူး။ မြေ ကို စနစ်တကျ အသုံးချနိုင်တဲ့တနေ့ -စျေးရောင်းတတ်တဲ့နေ့- စျေးကွက် ရှာနိုင်တဲ့တနေ့ ဆင်းရဲတွင်းက ရုန်းထွက်နိုင်ကြမှာပါ။ စျေးရောင်းတတ်တဲ့လူမျိုး ကြီးပွါး။ အချင်းချင်းရန်ဖြစ်နေတဲ့လူမျိုး-ဆင်းရဲမွဲတေဒုက္ခရောက်။ ဒါ -ကမ္ဘာ့နိယာမ- မဟုတ်လား။
.
သူများတွေက အုန်းရေ ကိုဗူးသွတ်ရောင်းနိုင်ရင် ငါတို့ ဘာလို့ မရောင်းနိုင်ရမှာလဲ။ မြန်မာပြည်က သရက်သီးတွေ ငှက်ပျောသီးတွေက အခု ကျွန်တော်တို့ ဒီက ကုန်တိုက်တွေမှာ ၀ယ်စားနေရတဲ့ သရက်သီး ငှက်ပျောသီးတွေထက် အနံ့ အရသာ အကုန်ယှဉ်နိုင်တယ်။ သာတယ်လို့ ကျွန်တော်ထင်ပါတယ်။ဒီမှာ မဲဇလီဖူးတွေကို ပုလင်းသွတ်ပြီး ထိုင်းတွေရောင်းနေပြီ။ ကန်စွန်းရွက် ဆူးပုတ်ရွက် စပါးလင် ငှက်ပျောဖက် ဆိုတာ တွေကအစ ဒီအထိရောက်လာနေတယ်။ စျေးကြီးမှကြီး ။မျှစ်နုနု။ပြောင်းဖူးနုုနုလေးတွေ ကိုလည်း ဗူးသွတ်ကြသေးတယ်။ စျေးကွက်ရှိတယ်။ မျှစ်ချဉ်က တရုတ်ဆိုင်တွေမှာ အထုတ်လိုက်ဝယ်လို့ရတယ်။ ဖရဲသီး-နာနတ်သီး-ပြောင်းဖူးတွေ လည်းရောင်းနေကြတာပဲ။
.
ခွန်ဆိုင်း ( ၂၅-၇-၂၀၁၆ )












Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)