Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, July 9, 2016
Ref:AFP
democracytoday
..........................................
ပါရဂူဘွဲ့ ပထမနှစ်ကျောင်းသားတစ်ဦးက နေသုံးစင်းထွက်သော ဂြိုဟ်တစ် လုံးကို ရှာဖွေတွေ့ရှိ
----------
အမေရိကန်ပြည်ထောင်စု အ ရီဇိုးနားတက္ကသိုလ်မှ ပါရဂူဘွဲ့သင် တန်း ပထမနှစ်ကျောင်းသား တစ် ဦးသည် နေသုံးစင်းရှိသော ဂြိုဟ် တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယခု သီတင်းပတ်ထုတ် သိပ္ပံဂျာနယ် တွင် ဖော်ပြထားသည်။
အဆိုပါဂြိုဟ်ကို HD 131399 Ab ဟုအမည်ပေးထားပြီး ကမ္ဘာမြေ မှ အလင်းနှစ် ၃၄၀ အကွာတွင် တည် ရှိသည်။ ဂျူပီတာဂြိုဟ်ထက် လေး ဆခန့်ကြီးမားပြီး သက်တမ်းအနုဆုံး ဂြိုလ်များထဲတွင် ပါ၀င်သည်။ သက်် တမ်းနှစ်ပေါင်း ၁၆ သန်းသာ ရှိသေး သည်ဟု သိရသည်။
နေနှစ်စင်းရှိသော ဂြိုဟ်များကို တစ်ခါတစ်ရံတွေ့ရှိရလေ့ရှိသော် လည်း ယခုကဲ့သို့ နေသုံးစင်းကို လှည့်ပတ်နေသည့်ဂြိုဟ်ကို တွေ့ရမှု မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
အဆိုပါဂြိုလ်ပေါ်သို့ ရောက် ရှိသွားပါက နေတစ်စင်းက အရှေ့ မှထွက်လာချိန်တွင် ဒုတိယနေက ခေါင်းပေါ်တည့်တည့်ရောက်နေပြီး တတိယနေက အနောက်တွင် နေ ၀င်တော့မည့် အခိုက်အတန့်မျိုးနှင့် ကြုံတွေ့ရနိုင်မည်ဖြစ်သည်။
Ref:AFP
democracytoday
No comments:
Post a Comment