By ဒီဗွီဘီ
6 July 2016
............
၁၆ နှစ်အရွယ် မယားပါသမီးကို အကြိမ်ကြိမ်သားမယားပြုကျင့်သူကို ဖမ်းဆီး
By ဒီဗွီဘီ
6 July 2016
မွန်ပြည်နယ် သထုံခရိုင် အင်းဝိုင်းကျေးရွာမှာ ၁၆ နှစ်အရွယ် မယားပါသမီးကို အကြိမ်ကြိမ် သားမယားပြုကျင့်တဲ့ ပထွေးဖြစ်သူကို သထုံခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။
ဇူလိုင် ၆ ရက်နေ့က သထုံခရိုင် အင်းဝိုင်းကျေးရွာ ကုလားမတောင်ခြေရှိ ရာဘာတောအနီးတမှာ ပထွေးဖြစ်သူ ဝင်းအောင်ဆိုသူမှ ၁၆ နှစ်အရွယ် မယားပါသမီးကို သားမယားအဖြစ် အကြိမ်ကြိမ်ပြုကျင့်ကြောင်း သတင်းပေးတိုင်တန်းလာတဲ့အတွက် သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး နန္ဒဝင်း ကြီးကြပ်မှုနဲ့ရဲတပ်ဖွဲ့က ချက်ချင်းသွားရောက်ကာ အပူတပြင်း လိုက်လံဖမ်းဆီးခဲ့ပါတယ်။
ပထွေးဖြစ်သူ ဝင်းအောင်က ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် အနီးဝန်းကျင်မှာ ရဲတပ်ဖွဲ့က ကင်းပုန်းဝပ်စောင့်ဆိုင်းနေခဲ့ရာမှ သူနေထိုင်တဲ့ တဲအတွင်းက မှတ်ပုံတင်နဲ့ ပစ္စည်းအချို့ယူရဖို့ တိတ်တဆိတ် ဝင်ရောက်လာစဉ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
သထုံခရိုင် သုဓမ္မဝတီနယ်မြေရဲစခန်းက (ပ)၇၀/၂၀၁၆ ပြစ်မှုပုဒ်မ ၃၇၆ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – သထုံခရိုင်ရဲတပ်ဖွဲ့
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 5, 2016
Reviewed by MP4 YoU
on
July 05, 2016
Rating: 5
Reviewed by MP4 YoU
on
July 05, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment