၀န္ၾကီးခ်ဳပ္ကိုျဖဳတ္ခ်ဖို ့ဆိုရင္


သရ၀ဏ္(ျပည္)

ယခုအခါ ျမန္မာနိုင္ငံတြင္ အဖြဲ ့တဖြဲ ့ကိုလိုအပ္သည္ဟူ၍လည္းေကာင္း ၊ မလိုအပ္သျဖင့္ဖ်က္သိမ္းပစ္ရမည္ဟူ၍လည္းေကာင္း အျငင္းပြားေနၾကပါသည္ ။ ရန္ကုန္တိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္ ကိုျဖိဳးမင္းသိန္း က ထိုအဖြဲ ့ကို မလိုအပ္ဟု ေျပာၾကားခဲ.ျခင္းျဖစ္ျပီး ၊ အဖြဲ ့တြင္တက္ၾကြလွုပ္ရွားေနၾကသူမ်ားကလိုအပ္သည္ဟူ၍ေျပာၾကားလာျခင္းျဖစ္သည္ ။မလိုအပ္ဟုေျပာၾကားေသာ ရန္ကုန္တိုင္း၀န္ၾကီးခ်ဳပ္က နိုင္ငံေတာ္တြင္ ျမန္မာနိုင္ငံသံဃမဟာနာယက( မဟန)အဖြဲ ့ရွိေနျပီးျဖစ္သျဖင့္ ေနာက္ထပ္ အဖြဲ့တခုထပ္ရွိေနဖို ့မလိုဟုသူ ့ထင္ျမင္ခ်က္ကိုေျပာပါသည္ ။ သူ ့ထင္ျမင္ခ်က္ကို ၀န္ၾကီးခ်ဳပ္ကိုျဖိဳးမင္းသိန္းက သံဃနာယကအဖြဲ.အား ၇.၇.၂၀၁၆ ေန.နံနက္ ဆရာေတာ္သံဃာေတာ္မ်ားအားၾသ၀ါဒခံယူဖူးေတြ ့ရင္းေလ်ွာက္ထားခဲ.သည္ဟုသိရ၏ ။အမ်ိဳးဘာသာေစာင့္ေရွာက္ေရးအဖြဲ ့ (မဘသ) အဖြဲ ့ၾကီးကလဲ၀န္ၾကီးခ်ဳပ္ေျပာစကားကိုလက္မခံပါယ္ခ်လိုက္ျပီး မ.ဘ.သ မလိုအပ္ဆိုေသာစကားကို ေျပာၾကားခဲ.သည့္အေပါ ္တာ၀န္ယူေျဖရွင္းေပးရန္ နိုင္ငံေတာ္သမၼတဦးထင္ေက်ာ္နွင့္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒါ ္ေအာင္ဆန္းစုၾကည္ထံသို ့ ေမတၱာရပ္ခံလြွာေပးပို ့သြားမည္ဟုသိရသည္ ။ထိုကိစၥကို တပါတ္အတြင္းမေျဖရွင္းေပးပါကတနုိင္ငံလံုးအတုိင္းအတာနွင့္ဆႏၵေဖာ္ထုတ္မည္ျဖစ္ျပီး လက္မွတ္ေရးထိုးေထာက္ခံမည့္လွုပ္ရွားမွုမ်ားပါျပဳလုပ္မည္ဟုေၾကျငာခ်က္ထုတ္ျပန္ခဲ့သည္ ။ အမ်ိဳးသားဒီမိုကေရစီအဖြဲ ့ခ်ဳပ္ထိပ္တန္းေခါင္းေဆာင္ ဦး၀င္းထိန္ကေတာ့ မ.ဘ.သ (ဗဟို)၏ေတာင္းဆိုခ်က္ကိုတုန္ ့ျပန္မည္မဟုတ္ေၾကာင္း ေျပာၾကားခဲ.၏ ။အခ်ိဳ ့ကလည္း ဦးျဖိဳးမင္းသိန္းကိုလူထုကေရြးခ်ယ္ထားေသာလြွတ္ေတာ္ကိုယ္စားလွယ္ျဖစ္သျဖင့္ လက္မွတ္ေရးထိုးကာရာထူးမွျဖုတ္ခ်မည္ျဖစ္ေၾကာင္းေဖ.စ္ဘြတ္တြင္ေျပာဆိုေနၾကေပ၏။ ယခုေဆာင္းပါးသည္ ထိုအဖြဲ ့ၾကီးလိုအပ္သည္ ၊ မလိုအပ္သည္ကို ေ၀ဖန္ျပမည့္ေဆာင္းပါးမဟုတ္ပါ ။၀န္ၾကီးခ်ဳပ္တေယာက္ဘယ္လိုအာဏာရလာသည္ ၊ မည္သည့္အေျခအေနတြင္ ရာထူူးမွျဖုတ္ခ်၍ရသည္ ။မည္သည့္အေျခအေနတြင္ျဖုတ္ခ်၍မရ ၊ မည္သို ့ျဖဳတ္ခ်ရသည္ဆိုသည္မ်ားကို ဥပေဒေၾကာင္းအရ ရွင္းလင္းတင္ျပလိုရင္းျဖစ္သည္ ။

လူေတာ္ေတာ္မ်ားမ်ားမရွင္းမလင္းျဖစ္ေနေသာကိစၥ ၊ေသေသခ်ာခ်ာ နားမလည္ေသာကိစၥမွာ လြွတ္ေတာ္ကိုယ္စားလွယ္ေတြလို ၀န္ၾကီးခ်ဳပ္သည္လည္း ျပည္သူက မဲဆႏၵျဖင့္ေရြးေကာက္တင္ေျမာက္လိုက္ျခင္းျဖစ္သည္ဟုထင္ေနၾကျခင္းျဖစ္သည္ ။ေရြးေကာက္ပြဲတြင္နိုင္မွ (အေရြးခံရ၍လြွတ္ေတာ္ကိုယ္စားလွယ္ျဖစ္သူကိုမွ) ၀န္ၾကီးခ်ဳပ္အျဖစ္ တင္ေျမွာက္ခံရမည္ဆိုသည္ကားမွန္၏ ။ သို ့ေသာ္ ၀န္ၾကီးခ်ဳပ္အျဖစ္ ခန္.အပ္ခံရသည့္အခ်ိန္ကစ၍ သူသည္ လြွတ္ေတာ္ကိုယ္စားလွယ္မဟုတ္ေတာ့ ၊ ဥပေဒျပဳေရးဟူေသာ လြွတ္ေတာ္တြင္ တာ၀န္ထမ္းေဆာင္ရန္မလိုအပ္ေတာ့ ၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္၏အၾကီးအကဲ၀န္ၾကီးခ်ဳပ္ျဖစ္သြားျပီျဖစ္သည္ ။ ဤေနရာ၌ မဲဆႏၵရွင္ျပည္သူလူထု၏လက္မွတ္မ်ားကိုေကာက္ခံမည္ ။ ထိုလက္မွတ္မ်ားျဖင့္ျပန္လည္ျဖဳတ္ခ်မည္ဆိုျခင္းမွာ လြွတ္ေတာ္ကိုယ္စားလွယ္ကိုတာ၀န္မွျပန္လည္ရုပ္သိမ္းလိုေသာအခါ ျပုလုပ္သည့္ Right to Recall ဟူသည့္ လုပ္ထံုးလုပ္နည္းျဖစ္သည္ ။ ထို Right to Recall ဥပေဒပင္သည္လ်ွင္ ဘယ္နွစ္ရာခိုင္နွုန္းက လက္မွတ္ေရးထိုးလာလ်ွင္လက္ခံစဥ္းစားမလဲဟူသည္. ရာခိုင္နွုန္းကိစၥကိုအတိအက် မဆံုးျဖတ္နိုင္ေသးပဲ ဦးေရြွမန္းလက္ထက္က ဆိုင္းငံ့အျဖစ္ ထားခဲ့ရေသာဥပေဒျဖစ္သည္ ။ လက္ရွိလက္ခံထားေသာ မဲဆႏၵရွင္ စုစုေပါင္း၏ တစ္ရာခိုင္နွုန္းနွင့္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ထံတိုင္တန္းခ်က္ကိုတင္ျပရမည္ဟူသည့္ျပဌာန္းခ်က္သည္ပင္လ်ွင္ လြွတ္ေတာ္ကိုယ္စားလွယ္မ်ားကိုတိုင္ၾကားနိုင္ျခင္းျဖစ္၍ ၀န္ၾကီးခ်ဳပ္နွင့္မပါတ္သက္ေပ ။

ရွင္းေအာင္ေျပာရလ်ွင္ ျမန္မာနိုင္ငံတြင္ တိုင္း (၇)တိုင္းနွင့္ ျပည္နယ္ (၇)ခု အတြက္စုစုေပါင္း ၀န္ၾကီးခ်ဳပ္ (၁၄)ေယာက္ရွိသည့္အနက္မည္သည့္၀န္ၾကီးခ်ဳပ္ကိုမွ လူထုဆႏၵမဲလက္မွတ္ျဖင့္ျဖဳတ္ခ်ခြင့္မရွိေခ် ။၀န္ၾကီးခ်ဳပ္ကို ခန္.အပ္စဥ္ကသမၼတကနာမည္စာရင္းတင္သြင္းခြင့္ရွိျပီးသမၼကလြဲလ်ွင္မည္သူမွျဖဳတ္ခ်ခြင့္မရွိေခ် ။ထို ့ထက္အလြန္ေျပာရလ်ွင္ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒါ ္ေအာင္ဆန္းစုၾကည္ေသာ္မ်ွ ၀န္ၾကီးခ်ဳပ္တေယာက္ကိုသူ ့သေဘာနွင့္သူျဖဳတ္ခ်ပိုင္ခြင့္အာဏာမရွိေခ် ။ ၀န္ၾကီးခ်ဳပ္ကိုျဖဳတ္ခ်ပိုင္ခြင့္ (စြပ္စြဲျပစ္တင္ပိုင္ခြင့္ ) အာဏာသည္ သက္ဆိုင္ရာ တိုင္းေဒသၾကီးလြွတ္ေတာ္(သို ့မဟုတ္) ျပည္နယ္လြွတ္ေတာ္ မွာပဲရွိေလသည္ ။ ရန္ကုန္တိုင္းေဒသၾကီး ၀န္ၾကီးခ်ဳပ္ကိုျဖဳတ္ခ်ပိုင္ခြင့္အာဏာသည္ ရန္ကုန္တိုင္းေဒသၾကီးလြွတ္ေတာ္မွတပါးမည္သူ ့ထံတြင္မွမရွိ၊ မႏၱေလးတိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္ကိုျဖဳန္ခ်ပိုင္ခြင့္သည္ မႏၱေလးတိုင္းေဒသၾကီးလြွတ္ေတာ္မွတပါးမည္သူ ့ထံတြင္မွမရွိေၾကာင္းေျပာလိုရင္းျဖစ္သည္ ။

၀န္ၾကီးခ်ဳပ္တေယာက္ကို ရာထူးမွျဖုတ္ခ်လိုပါက လြွတ္ေတာ္တြင္စြပ္စြဲျပစ္တင္မွုျပဳနုိင္ေၾကာင္း ၂၀၀၈ ဖြဲ ့စည္းပံုအေျခခံဥပေဒ ပုဒ္မ ပုဒ္မ ၂၆၃ (တိုင္းေဒၾကီး သို.မဟုတ္ ျပည္နယ္၀န္ၾကီးခ်ဳပ္ သို ့မဟုတ္ ၀န္ၾကီးတစ္ဦးဦးအေပါ ္စြပ္စြဲျပစ္တင္ျခင္း ) တြင္ ေအာက္ပါအတုိင္းျပဌာန္းထား၏ ။
၂၆၃။ (က) တိုင္းေဒၾကီး သို.မဟုတ္ ျပည္နယ္၀န္ၾကီးခ်ဳပ္ သို ့မဟုတ္ ၀န္ၾကီးတစ္ဦးဦးအားေအာက္ပါအေၾကာင္းတစ္ရပ္ရပ္ေၾကာင့္စြပ္စြဲျပစ္တင္နိုင္သည္ -
(၁) နိုင္ငံေတာ္၏ေက်းဇူးသစၥာေတာ္ကိုေဖာက္ဖ်က္ျခင္း၊
(၂) ဖြဲ ့စည္းပံုအေျခခံဥပေဒပါျပဌာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္း၊
(၃) အက်င့္သိကၡာ ပ်က္ျပားျခင္း ၊
(၄) ဖြဲ ့စည္းပံုအေျခခံဥပေဒတြင္ျပဌာန္းထားသည့္တိုင္းေဒသၾကီး သို ့မဟုတ္ ျပည္နယ္၀န္ၾကီးခ်ဳပ္ သို ့မဟုတ္ ၀န္ၾကီး၏အနည္အခ်င္းပ်က္ယြင္းျခင္း၊
(၅) ဥပေဒအရေပးအပ္ေသာတာ၀န္မ်ားကို ေက်ပြန္စြာမေဆာင္ရြက္နိုင္ျခင္း တို ့ျဖစ္သည္ ။

ထိုအခ်က္ (၅)ခ်က္မွတပါး မည္သည့္စြပ္စြဲခ်က္နွင့္မွ၀န္ၾကီးခ်ဳပ္ကိုအေရးယူ၍မရေခ် ။ ထိုအခ်က္မ်ားေဖာက္ဖ်က္သည္ဟု ကိုယ့္ဘာသာ တဖက္သတ္စြပ္စြဲရံုမ်ွနွင့္လည္းမရ ၊ ၀န္ၾကီးတဦးဦး (သို ့မဟုတ္) ၀န္ၾကီးခ်ဳပ္တဦး ကို အထက္ပါကဲ့သို ့ စြပ္စြဲမည္ဆိုလ်ွင္ ပထမဆံုး လိုအပ္သည့္အဆင့္မွာ ဥပမာ ရန္ကုန္တိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္ကို စြတ္စြဲျပစ္တင္မည္ဆိုလ်ွင္ ရန္ကုန္တိုင္းေဒသၾကီးလြွတ္ေတာ္ကိုယ္စာလွယ္စုစုေပါင္း၏ ေလးပံုတပံု ေသာ လြွတ္ေတာ္အမတ္မ်ားက လက္မွတ္ေရးထိုးျပီး မိမိတို ့၏လြွတ္ေတာ္ဥကၠဌ ထံတင္ျပရမည္ျဖစ္သည္ ။ ထို ့ေၾကာင့္ ၀န္ၾကီးခ်ဳပ္ကို မလိုလားသူမ်ားသည္ ရပ္ကြက္ထဲတြင္လက္မွတ္လိုက္ေကာက္ေနရံုနွင့္မျပီးပဲ (ကိုယ္ျဖဳတ္ခ်လိုသည့္တိုင္းေဒသၾကီး)လြွတ္ေတာ္အမတ္မ်ားကိုယ့္ဘက္ပါလာေအာင္ အရင္ဆံုးၾကိဳးစားရမည္ျဖစ္သည္ ။ဆိုၾကပါစို ့ လူဦးေရ ၁၂၃ ေယာက္၇ွိေသာ ရန္ကုန္တိုင္းေဒသၾကီးလြွတ္ေတာ္တြင္ ၀န္ၾကီးခ်ဳပ္ကို စြတ္စြဲျပစ္တင္မည့္အဆိုတခုတင္မည္ဆိုလ်ွင္ အနည္းဆံုး လြွတ္ေတာ္ကိုယ္စားလွယ္ ၃၁ ဦးကလက္မွတ္ေရးထိုးကာ လြွတ္ေတာ္ဥကၠဌထံေတာင္းဆိုရမည္ျဖစ္သည္ ။ ထိုသို. ေလးပံုတပံုကေတာင္းဆိုရံုနွင့္လည္း ၀န္ၾကီးခ်ဳပ္သည္ရာထူးမွျပဳတ္က်သြားသည္မဟုတ္ေခ် ။ ဒါသည္ပထမအဆင့္ကိုလုပ္နိုင္ရံုသာရွိေသးသည္ ။ ဒုတိယအဆင့္တြင္ လြွတ္ေတာ္ဥကၠဌက စံုစမ္းစစ္ေဆးေရးအဖြဲ့ကိုဖြဲ ့စည္းျပီး စြပ္စြဲခ်က္ကိုစံုစမ္းစစ္ေဆးရမည္ ။ ထိုသို ့စံုစမ္းစစ္ေဆးေသာအခါ စြပ္စြဲခံရသူ ၀န္ၾကီးခ်ဳပ္က သူကိုယ္တုိင္ေသာ္လည္းေကာင္း ၊ ကိုယ္စားလွယ္လြွတ္၍ေသာ္လည္းေကာင္း ေခ်ပခြင့္ေပးရေပမည္ ။ တတိယအဆင့္မွာ စံုစမ္းစစ္ေဆးေရးအဖြဲ ့ကေတြ ့ရွိခ်က္မ်ားကို သက္ဆိုင္ရာ တိုင္းေဒသၾကီး လြွတ္ေတာ္ဥကၠဌကိုအစီရင္ခံရမည္ ။ ထိုအခါ ေတြ ့ရိွိခ်က္ကို တိုင္းေဒသၾကီးလြွတ္ေတာ္တြင္ခ်ျပျပီး မဲခြဲဆံုးျဖတ္မည္ ။ စတုတၳအဆင့္သည္အေရးအၾကီးဆံုး အဆင့္ Key Point ျဖစ္သည္ ။ ထိုအခ်က္မွာ ၀န္ၾကီးခ်ဳပ္တဦး အျပစ္ရွိမရွိ မဲေပးဆုံးျဖတ္ရာတြင္ စုစုေပါင္းလြွတ္ေတာ္ကိုယ္စားလွယ္ အားလံုး၏ သံုးပံုနွစ္ပံုကစြပ္စြဲမွုမွန္ကန္သည္ ဟုေထာက္ခံ၍ ၀န္ၾကီးခ်ဳပ္သည္တာ၀န္တြင္ဆက္လက္ထမ္းရြက္ေစရန္မသင့္ေၾကာင္းဆံုးျဖတ္လ်ွင္ ထိုဆံုးျဖတ္ခ်က္ကို နိုင္ငံေတာ္သမၼတထံတင္ျပအစီရင္ခံရမည္ ဟုပါေပသည္ ။နိုင္ငံေတာ္သမၼတကစြတ္စြဲခံရေသာ၀န္ၾကီးခ်ဳပ္ကိုရာထူးမွရပ္စဲမိန္ ့ထုတ္ရမွာျဖစ္ပါသည္ ။

ထို ့ေၾကာင့့္္၀န္ၾကီးခ်ဳပ္တေယာက္တကယ္အျပစ္ရွိမရွိအဆံုးအျဖတ္ေပးမည္.သူမွာ လြွတ္ေတာ္အမတ္အားလံုး၏သံုးပံုနွစ္ပံု ( ၆၆ ရာခိုင္နွုန္း) ဆိုတဲ.အခ်က္ျဖစ္သည္။ ရန္ကုန္တိုင္းေဒသၾကီးလြွတ္ေတာ္တြင္ လူဦးေရ ၁၂၃ ဦးရွိေနေသာေၾကာင့္္ ထိုအထဲမွ ၆၆ ရာခိုင္နွန္းျဖစ္ေသာ ၈၁ ေယာက္က အျပစ္ရွိသည္ဟု့မဲေပးမွ ၀န္ၾကီးခ်ဳပ္ကျပဳတ္မွာျဖစ္သည္ ။ေလာေလာဆယ္တြင္ ရန္ကုန္တိုင္းေဒသၾကီးလြွတ္ေတာ္၌ NLD အမတ္ ၉၀ ဦး ၊ ၾကံ ့ခိုင္ေရးအမတ္ ၃ ဦး ၊ ရခိုင္အမ်ိဳးသားပါတီက ၁ ဦး ၊ တပ္မေတာ္သားကိုယ္စားလွယ္ ၃၁ ဦးရွိေပသည္ ။ NLD မွလြဲ၍ အျခားအင္အားစုမ်ားမွာ တပ္မေတာ္ ၃၁ + ၾကံ့ခိုင္ေရး ၃ + ရခိုင္ပါတီ ၁ = စုစုေပါင္း ၃၅ ဦးသာရွိေပသည္ ။ ထို ့ေၾကာင့္ ၀န္ၾကီးခ်ဳပ္ကိုျဖဳတ္ခ်ရန္ (စြပ္စြဲျပစ္တင္ရန္ ) အနည္းဆံုးလိုအပ္ေသာ ၈၁ မဲမွာ ရန္ကုန္တိုင္းေဒသၾကီး လြွတ္ေတာ္၌ ရနိုင္ရန္အေၾကာင္းမျမင္ပါ ။

နိုင္ငံေရးသည္ မိမိစိတ္ထင္ရာေလ်ွာက္လုပ္ေလ်ွာက္ေျပာ၍ရသည့္အရာမဟုတ္ ။တိက်ခိုင္မာေသာအခ်က္အလက္အေပါ ္တြင္သာအေျခခံျပီးစနစ္တက် အလုပ္လုပ္သျဖင့္ နိုင္ငံေရးကိုသိပၹံဘာသာထဲတြင္ထည့္ျပီး နိုင္ငံေရးသိပၹံ ( Political Science ) ဟုေခါ ္ေ၀ါ ္ၾကျခင္းျဖစ္သည္ ။ မိမိထင္ျမင္ခ်က္ျဖင့္ အကိုးအကား အေျခအျမစ္မရွိေလ်ွာက္ေျပာျခင္းသည္ အဆံုးသတ္၌ဘယ္ေနရာမွမေရာက္ပဲ ရွိတတ္သည္ ။ မွန္ကန္ေသာအခ်က္အလက္ မွန္ကန္ေသာ ခ်ဥ္းကပ္မွုကသာ ထိေရာက္အက်ိဳးရွိတတ္ေပသည္ ။ သိပၹံနည္းက်တြက္ၾကည့္ေသာအခါ ရန္ကုန္တိုင္းေဒသၾကီး လြွတ္ေတာ္တြင္ ၀န္ၾကီးခ်ဳပ္ကိုျဖဳတ္ခ်နိုင္ေသာ အျဖစ္သည္ မရွိသေလာက္နည္းေၾကာင္းေတြ ့ရေပလိမ္.မည္ ။ ဆႏၵျပမည္ ၊ လက္မွတ္ေရးထိုးေကာက္ခံမည္ဆိုျခင္းတို ့မွာ မိမိတို ့၏စိတ္ခံစားခ်က္အရျပဴလုပ္၍ရေသာ္လည္း တိက်ေသာသက္ေရာက္မွုရွိမည္မဟုတ္ေခ် ။ နိုင္ငံ၏အျမင့္ဆံုးဥပေဒသည္ ဖြဲ ့စည္းပံုေျခခံဥပေဒျဖစ္သည္ ။ထို ့ေၾကာင့္ နိုင္ငံ၏ဥပေဒေၾကာင္းသည္ ဖြဲ ့စည္းပံုအေျခခံဥပေဒကို ၾကိဳက္သည္ျဖစ္ေစ မၾကိဳက္သည္ျဖစ္ေစထိုျပဌာန္းခ်က္အတိုင္းသာသြားမည္ျဖစ္သည္ ။ ဖြဲ ့စည္းပံုအေျခခံဥပေဒကိုနားမလည္ပါပဲ ၊ မေလ.လာပါပဲ ၊ မသိရွိပါပဲ နိုင္ငံေရးျဖစ္စဥ္မ်ားတြင္၀င္ပါ၍ မရ ၊ မျဖစ္ပါေခ် ။ အလြဲလြဲအေခ်ာ္ေခ်ာ္သာျဖစ္ေပလိမ့္မည္ ။

ရခိုင္ျပည္နယ္တြင္ ၀န္ၾကီးခ်ဳပ္ခန္ ့အပ္ေရးနွင့္ပါတ္သက္၍ အျငင္းပြားမွုမ်ားျဖစ္ခဲ.ေသးသည္ ။ ရခိုင္ျပည္နယ္လြွတ္ေတာ္၌ အမတ္ေနရာအမ်ားစုအနိုင္ရရွိခဲ့ေသာ ရခိုင္အမ်ိဳးသားပါတီ ( ANP ) ကသူတို့ပါတီမွာ ရခိုင္ျပည္နယ္လြွတ္ေတာ္တြင္္အမတ္ေနရာအမ်ားစုအနိုင္ရရွိခဲ့ေသာေၾကာင့္ အစိုးရဖြဲ ့ရာတြင္လည္း ၀န္ၾကီးခ်ဳပ္ရာထူူးကိုသူတို ့ပါတီမွျဖစ္ရမည္ ။ ANP ပါတီ၀င္မွ ၀န္ၾကီးခ်ဳပ္ေနရာမရခဲ့ပါက အစိုးရအဖြဲ ့ထဲတြင္မပါ၀င္ေတာ့ပဲ အတိုက္အခံအျဖစ္သာရပ္တည္မည္ဟု အေရးဆိုခဲ့ေပသည္ ။ NLD ပါတီကလည္း ရခိုင္အမ်ိဳးသားပါတီေခါင္းေဆာင္ဦးေအးေမာင္၏စကားကို ဆန္ ့က်င္ကာ NLD ပါတီမွ ဦးညီပုကိုသာ ရခိုင္ျပည္နယ္၀န္ၾကီးခ်ဳပ္ရာထူးကိုခန္ ့အပ္ခဲ့ပါသည္ ။ အမွန္ေတာ့ ေဒါက္တာေအးေမာင္တို ့သည္ ဖြဲ ့စည္းပံုအေျခခံဥပေဒပါျပဌာန္းခ်က္မ်ားကို ေသေသခ်ာခ်ာမသိပဲ ( သို ့မဟုတ္ )သိလ်က္နွင့္မသိခ်င္ေယာင္ေဆာင္ျပီး ၀န္ၾကီးခ်ဳပ္ရာထူးကိုေတာင္းခဲ့ျခင္းျဖစ္သည္ ။ ဖြဲ ့စည္းပံုအေျခခံဥပေဒ၌ ျပည္နယ္၀န္ၾကီးခ်ဳပ္ (သို ့မဟုတ္ )တိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္ကို သမၼတက ေရြးခ်ယ္အဆိုျပဳျပီး သက္ဆိုင္ရာ ျပည္နယ္ နွင္းတိုင္းေဒသၾကီလြွတ္ေတာ္မ်ားကခန္.အပ္ရမည္ဟုဆိုထား၏ ။ ၀န္ၾကီးခ်ဳပ္ျဖစ္ထိုက္သည့္သူမ်ား၏အရည္အခ်င္းမ်ားကိုလည္း ဖြဲ.စည္းပံုဥပေဒက သတ္မွတ္ျပဌာန္းထား၏ ။ပုဒ္မ၂၆၁ အရ ၀န္ၾကီးခ်ဳပ္ျဖစ္မည့္သူသည္

(၁) အသက္ ၃၅ နွစ္ျပည့္ရမည္
(၂) နိုင္ငံသားမိဘနွစ္ပါးမွေမြးဖြားေသာသူ ၊ ျမန္မာနိုင္ငံတြင္ အနည္းဆံုး ၁၀ နွစ္အေျခခ်ေနထိုင္ခဲ့သူ ၊ေရြးေကာက္တင္ေျမာက္ျခင္းဆိုင္ရာဥပေဒပါသတ္မွတ္အရည္အခ်င္းမ်ားနွင့္ျပည့္စံုသူ
(၃)ပုဒ္မ ၁၂၁ တြင္ေဖာ္ျပထားသည့္ျပည္သူ ့လြွတ္ေတာ္ကိုယ္စားလွယ္မ်ားအျဖစ္ေရြးေကာက္တင္ေျမာက္ခံပိုင္ခြင့္မရွိေစေသာျပဌာန္းခ်က္မ်ားနွင့္ျငိစြန္းျခင္းမရွိသူ
(၄) နိုင္ငံေတာ္နွင့္နိုင္ငံသားမ်ားအေပါ ္သစၥာရွိသူ ျဖစ္ရမည္ဟုသတ္မွတ္ထားေပသည္ ။ ထိုအရည္အခ်င္းမ်ားနွင့္ မျပည့္စံုေၾကာင္းအထင္အရွားမျပသနိုင္လ်ွင္ သမၼတကအမည္စာရင္းတင္သြင္းလာသူကိုခန္္.အပ္တာ၀န္ေပးရန္ျငင္းပယ္ခြင့္မရွိေစရ ဟု ပုဒ္မ ၂၆၁ (ဃ) တြင္ တိတိက်က်ေရးသားထားသည္ ။ ဆိုလိုရင္းမွာ သမၼတမွ ၀န္ၾကီးခ်ဳပ္ခန့္ ့မည္ ။ ထိုသူသည္ သတ္မွတ္အရည္အခ်င္းမ်ားနွင့္ မကိုက္ညီဟု သက္ေသမျပနိုင္ပဲ ဟိုလူ.မၾကိဳက္ဘူး ဒီလူ ့ခန္.ပါဟုေျပာ၍မရ သတ္မွတ္ခ်က္မ်ားနွင့္ကိုက္ညီပါက သမၼတခန္.မည့္၀န္ၾကီးခ်ဳပ္ေလာင္းကို လြွတ္ေတာ္ကအတည္ျပဳေပးရံုပဲရွိသည္ ။ ၾကိဳက္သည္ျဖစ္ေစမၾကိဳက္သည္ျဖစ္ေစ ထိုျပဌာန္းခ်က္သည္ ၂၀၀၈ ဖြဲ ့စည္းပံုအေျခခံဥပေဒပါျပဌာန္းခ်က္ျဖစ္သည္ ။ထိုအေျခခံဥပေဒသည္ NLD ကေရးဆြဲခဲ.ေသာဥပေဒမဟုတ္ေပ ။ တပ္မေတာ္ကဦးေဆာင္ေရးဆြဲခဲ့ျပီး ၉၂.၄ ရာခိုင္နွုန္းေသာျပည္သူလူထုက အေထာက္ခံၾကီးေထာက္ခံခဲ့သည္ဟု (ဟုတ္ဟုတ္မဟုတ္ဟုတ္ ) စစ္အစိုးရ က တဖြဖြေျပာခဲ့ေသာ အေျခခံဥပေဒၾကီးျဖစ္သည္ ။ ထိုဥပေဒအရ ၀န္ၾကီးခ်ဳပ္ကိုသမၼတကခန္ ့ျခင္းျဖစ္ရာ ထိုခန့္အပ္မွုကိုသေဘာမတူပါက ဖြဲ ့စည္းပံုအေျခခံဥပေဒပါထိုျပဌာန္းခ်က္ကိုသေဘာမတူလက္မခံေၾကာင္း ဖြဲ.စည္းပံုအေျခခံဥပေဒ ကိုစစ္အစိုးရကေရးဆြဲေနစဥ္ကျဖစ္ေစ ၊ ဦးသိန္းစိန္အစိုးရသက္တမ္းအတြင္း ပထမအၾကိမ္လြွတ္ေတာ္သက္တမ္းငါးနွစ္အတြင္းကျဖစ္ေစ ဦးေအးေမာင္တို ့အဖြဲ ့ကျပင္ဆင္ျခင္း ကန့္ကြက္ျခင္း ျပဳရေပမည္ ။ ထိုစဥ္က တပ္မွလာေသာ၀န္ၾကီးခ်ဳပ္မ်ားလက္ထက္က အလိုတူအလိုပါျငိမ္ေနၾကျပီး NLD အစိုးရမွတင္လာေသာ ၀န္ၾကီးခ်ဳပ္ခန္.အပ္ကာမွ မိမိပါတီ၀င္ကိုခန္.အပ္ပါဟူသည္ ဥပေဒေဘာင္မ၀င္ေျခ ။ ထိုသို ့ေသာေတာင္းဆိုမွုကို ရွမ္းတို ့ကလည္းမေတာင္းဆိုခဲ ့ ၊ မြန္တို ့ကလည္းမေတာင္းဆိုခဲ့ ၊ အျခားတိုင္းရင္းသားမ်ားကမေတာင္းဆိုပဲ ရခိုင္အမ်ိဳးသားပါတီမွသာေတာင္းဆိုခဲ့ျခင္းကထိုပါတီေခါင္းေဆာင္မ်ား၏နိုင္ငံေရးသင္ရိုးမေၾကျခင္း နွင့္ ပါတီစြဲ လူမ်ိဳးစြဲၾကီးျခင္းကိုျမင္သာေစသည္ ။ ဖြဲ ့စည္းပံုအေျခခံဥပေဒအရ သမၼတကခန္ ့အပ္ျခင္းကို မိမိတို ့ကလက္ခံရမည့္တာ၀န္ရွိေနသည္ကိုသေဘာေပါက္သင့္ေပသည္ ။ အကယ္၍ျဖစ္သင့္သည္မွာ ေနာင္အခါ ဖြဲ ့စည္းပံုအေျခခံဥပေဒကိုျပင္ဆင္သည့္အခါ ၀န္ၾကီးခ်ဳပ္ခန္.အပ္ျခင္းကို သမၼတကခန္.အပ္ျခင္းအစား ျပည္နယ္ နွင့္တိုင္း လြွတ္ေတာ္မ်ားက ခန္.အပ္ခြင့္ ျပဌာန္းေပးပါဟု အစိုးရ ၊တပ္မေတာ္တို ့အား ့ဥပေဒေဘာင္အတြင္းမွပူးေပါင္းေတာင္းဆိုသင့္ေပသည္ ။

ထိုသို ့ဆိုသျဖင့္ ၀န္ၾကီးခ်ဳပ္မ်ားသည္ မည္သို ့မ်ွ ရာထူးမွျပဳတ္က်နိုင္ခြင့္မရွိေတာ့ပဲထင္ရာစိုင္းၾကေတာ့မည္ဟုဆိုလိုရင္းမဟုတ္ ။ အထက္တြင္ေဖာ္ျပထားေသာ စြပ္စြဲျပစ္တင္နိုင္စရာအေၾကာင္း ၅ ခ်က္မွ တခ်က္ခ်က္ကိုအမွန္တကယ္က်ဴးလြန္ေဖာက္ဖ်က္ပါက မိမိပါတီ၀င္ခ်င္းျဖစ္ေစကာမူ ဥပေဒျပဳအမတ္မ်ားက ၀န္ၾကီးခ်ဳပ္ကို ကာကြယ္ေပးမည္မဟုတ္ေခ် ။ သို ့ေသာ္ လူတေယာက္ ၊အဖြဲ ့တဖြဲ ့ကမေၾကနပ္၍ ဆႏၵျပရံုလက္မွတ္ေရးထိုးေတာင္းဆိုရံုနွင္ ့၀န္ၾကီးခ်ဳပ္တြင္ဘာမွထိခိုက္မသြားနိုင္ဘူးဆိုတာေျပာလိုရင္းျဖစ္သည္ ။ယခုအျဖစ္တြင္ ရန္ကုန္တိုင္းေဒသၾကီး၀န္ၾကီးခ်ဳပ္သည္ နိုင္ငံေတာ္၏ေက်းဇူးသစၥာေတာ္ကိုေဖာက္ဖ်က္ျခင္းလည္းမဟုတ္ ၊ ဖြဲ ့စည္းပံုအေျခခံဥပေဒပါျပဌာန္းခ်က္တစ္ရပ္ရပ္ကို ေဖာက္ဖ်က္က်ဴးလြန္ျခင္းလည္းမဟုတ္ ၊ အက်င့္သိကၡာ ပ်က္ျပားျခင္း လည္းမဟုတ္ ၊ ဖြဲ ့စည္းပံုအေျခခံဥပေဒတြင္ျပဌာန္းထားသည့္တိုင္းေဒသၾကီး သို ့မဟုတ္ ျပည္နယ္၀န္ၾကီးခ်ဳပ္ သို ့မဟုတ္ ၀န္ၾကီး၏အနည္အခ်င္းပ်က္ယြင္းျခင္းလည္းမဟုတ္ ၊ ဥပေဒအရေပးအပ္ေသာတာ၀န္မ်ားကို ေက်ပြန္စြာမေဆာင္ရြက္နိုင္ျခင္း လည္းမဟုတ္သျဖင့္ ၀န္ၾကီးခ်ဳပ္အေပါ ္တရား၀င္ အျပစ္တင္စြပ္စြဲစရာရွိလာမည္မဟုတ္ေခ် ့ ။ နိုင္ငံေရးလုပ္မည္ဆိုလ်ွင္ တည္ဆဲဖြဲ ့စည္းပံုအေျခခံဥပေဒကို နားလည္သေဘာေပါက္ဖို ့ေတာ့လိုေပလိမ့္မည္ ။ထိုသို ့နားလည္ျပီးမွသာ ကန့္ကြက္ျခင္း ဆန့္က်င္ျခင္း ဆႏၵျပျခင္း ဘာကိုပဲလုပ္လုပ္ အဓိပါယ္ရွိရွိလုပ္နိုင္မည္ျဖစ္ပါေၾကာင္း ။

သရ၀ဏ္(ျပည္)

ေစာင့္ၾကည့္ဂ်ာနယ္
၁၅.၇.၂၀၁၆
...................
၀န်ကြီးချုပ်ကိုဖြုတ်ချဖို ့ဆိုရင်

သရဝဏ်(ပြည်)

ယခုအခါ မြန်မာနိုင်ငံတွင် အဖွဲ ့တဖွဲ ့ကိုလိုအပ်သည်ဟူ၍လည်းကောင်း ၊ မလိုအပ်သဖြင့်ဖျက်သိမ်းပစ်ရမည်ဟူ၍လည်းကောင်း အငြင်းပွားနေကြပါသည် ။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်း က ထိုအဖွဲ ့ကို မလိုအပ်ဟု ပြောကြားခဲ.ခြင်းဖြစ်ပြီး ၊ အဖွဲ ့တွင်တက်ကြွလှုပ်ရှားနေကြသူများကလိုအပ်သည်ဟူ၍ပြောကြားလာခြင်းဖြစ်သည် ။မလိုအပ်ဟုပြောကြားသော ရန်ကုန်တိုင်းဝန်ကြီးချုပ်က နိုင်ငံတော်တွင် မြန်မာနိုင်ငံသံဃမဟာနာယက( မဟန)အဖွဲ ့ရှိနေပြီးဖြစ်သဖြင့် နောက်ထပ် အဖွဲ့တခုထပ်ရှိနေဖို ့မလိုဟုသူ ့ထင်မြင်ချက်ကိုပြောပါသည် ။ သူ ့ထင်မြင်ချက်ကို ၀န်ကြီးချုပ်ကိုဖြိုးမင်းသိန်းက သံဃနာယကအဖွဲ.အား ရ.၇.၂၀၁၆ နေ.နံနက် ဆရာတော်သံဃာတော်များအားသြဝါဒခံယူဖူးတွေ ့ရင်းလျှောက်ထားခဲ.သည်ဟုသိရ၏ ။အမျိုးဘာသာစောင့်ရှောက်ရေးအဖွဲ ့ (မဘသ) အဖွဲ ့ကြီးကလဲဝန်ကြီးချုပ်ပြောစကားကိုလက်မခံပါယ်ချလိုက်ပြီး မ.ဘ.သ မလိုအပ်ဆိုသောစကားကို ပြောကြားခဲ.သည့်အပေါ ်တာဝန်ယူဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ ်အောင်ဆန်းစုကြည်ထံသို ့ မေတ္တာရပ်ခံလွှာပေးပို ့သွားမည်ဟုသိရသည် ။ထိုကိစ္စကို တပါတ်အတွင်းမဖြေရှင်းပေးပါကတနိုင်ငံလုံးအတိုင်းအတာနှင့်ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးထောက်ခံမည့်လှုပ်ရှားမှုများပါပြုလုပ်မည်ဟုကြေငြာချက်ထုတ်ပြန်ခဲ့သည် ။ အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ်ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်ကတော့ မ.ဘ.သ (ဗဟို)၏တောင်းဆိုချက်ကိုတုန် ့ပြန်မည်မဟုတ်ကြောင်း ပြောကြားခဲ.၏ ။အချို ့ကလည်း ဦးဖြိုးမင်းသိန်းကိုလူထုကရွေးချယ်ထားသောလွှတ်တော်ကိုယ်စားလှယ်ဖြစ်သဖြင့် လက်မှတ်ရေးထိုးကာရာထူးမှဖြုတ်ချမည်ဖြစ်ကြောင်းဖေ.စ်ဘွတ်တွင်ပြောဆိုနေကြပေ၏။ ယခုဆောင်းပါးသည် ထိုအဖွဲ ့ကြီးလိုအပ်သည် ၊ မလိုအပ်သည်ကို ဝေဖန်ပြမည့်ဆောင်းပါးမဟုတ်ပါ ။၀န်ကြီးချုပ်တယောက်ဘယ်လိုအာဏာရလာသည် ၊ မည်သည့်အခြေအနေတွင် ရာထူူးမှဖြုတ်ချ၍ရသည် ။မည်သည့်အခြေအနေတွင်ဖြုတ်ချ၍မရ ၊ မည်သို ့ဖြုတ်ချရသည်ဆိုသည်များကို ဥပဒေကြောင်းအရ ရှင်းလင်းတင်ပြလိုရင်းဖြစ်သည် ။

လူတော်တော်များများမရှင်းမလင်းဖြစ်နေသောကိစ္စ ၊သေသေချာချာ နားမလည်သောကိစ္စမှာ လွှတ်တော်ကိုယ်စားလှယ်တွေလို ၀န်ကြီးချုပ်သည်လည်း ပြည်သူက မဲဆန္ဒဖြင့်ရွေးကောက်တင်မြောက်လိုက်ခြင်းဖြစ်သည်ဟုထင်နေကြခြင်းဖြစ်သည် ။ရွေးကောက်ပွဲတွင်နိုင်မှ (အရွေးခံရ၍လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူကိုမှ) ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခံရမည်ဆိုသည်ကားမှန်၏ ။ သို ့သော် ၀န်ကြီးချုပ်အဖြစ် ခန်.အပ်ခံရသည့်အချိန်ကစ၍ သူသည် လွှတ်တော်ကိုယ်စားလှယ်မဟုတ်တော့ ၊ ဥပဒေပြုရေးဟူသော လွှတ်တော်တွင် တာဝန်ထမ်းဆောင်ရန်မလိုအပ်တော့ ၊ အုပ်ချုပ်ရေးမဏ္ဍိုင်၏အကြီးအကဲဝန်ကြီးချုပ်ဖြစ်သွားပြီဖြစ်သည် ။ ဤနေရာ၌ မဲဆန္ဒရှင်ပြည်သူလူထု၏လက်မှတ်များကိုကောက်ခံမည် ။ ထိုလက်မှတ်များဖြင့်ပြန်လည်ဖြုတ်ချမည်ဆိုခြင်းမှာ လွှတ်တော်ကိုယ်စားလှယ်ကိုတာဝန်မှပြန်လည်ရုပ်သိမ်းလိုသောအခါ ပြုလုပ်သည့် Right to Recall ဟူသည့် လုပ်ထုံးလုပ်နည်းဖြစ်သည် ။ ထို Right to Recall ဥပဒေပင်သည်လျှင် ဘယ်နှစ်ရာခိုင်နှုန်းက လက်မှတ်ရေးထိုးလာလျှင်လက်ခံစဉ်းစားမလဲဟူသည်. ရာခိုင်နှုန်းကိစ္စကိုအတိအကျ မဆုံးဖြတ်နိုင်သေးပဲ ဦးရွှေမန်းလက်ထက်က ဆိုင်းငံ့အဖြစ် ထားခဲ့ရသောဥပဒေဖြစ်သည် ။ လက်ရှိလက်ခံထားသော မဲဆန္ဒရှင် စုစုပေါင်း၏ တစ်ရာခိုင်နှုန်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံတိုင်တန်းချက်ကိုတင်ပြရမည်ဟူသည့်ပြဌာန်းချက်သည်ပင်လျှင် လွှတ်တော်ကိုယ်စားလှယ်များကိုတိုင်ကြားနိုင်ခြင်းဖြစ်၍ ၀န်ကြီးချုပ်နှင့်မပါတ်သက်ပေ ။

ရှင်းအောင်ပြောရလျှင် မြန်မာနိုင်ငံတွင် တိုင်း (၇)တိုင်းနှင့် ပြည်နယ် (၇)ခု အတွက်စုစုပေါင်း ၀န်ကြီးချုပ် (၁၄)ယောက်ရှိသည့်အနက်မည်သည့်ဝန်ကြီးချုပ်ကိုမှ လူထုဆန္ဒမဲလက်မှတ်ဖြင့်ဖြုတ်ချခွင့်မရှိချေ ။၀န်ကြီးချုပ်ကို ခန်.အပ်စဉ်ကသမ္မတကနာမည်စာရင်းတင်သွင်းခွင့်ရှိပြီးသမ္မကလွဲလျှင်မည်သူမှဖြုတ်ချခွင့်မရှိချေ ။ထို ့ထက်အလွန်ပြောရလျှင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ ်အောင်ဆန်းစုကြည်သော်မျှ ၀န်ကြီးချုပ်တယောက်ကိုသူ ့သဘောနှင့်သူဖြုတ်ချပိုင်ခွင့်အာဏာမရှိချေ ။ ၀န်ကြီးချုပ်ကိုဖြုတ်ချပိုင်ခွင့် (စွပ်စွဲပြစ်တင်ပိုင်ခွင့် ) အာဏာသည် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော်(သို ့မဟုတ်) ပြည်နယ်လွှတ်တော် မှာပဲရှိလေသည် ။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုဖြုတ်ချပိုင်ခွင့်အာဏာသည် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှတပါးမည်သူ ့ထံတွင်မှမရှိ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ကိုဖြုန်ချပိုင်ခွင့်သည် မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှတပါးမည်သူ ့ထံတွင်မှမရှိကြောင်းပြောလိုရင်းဖြစ်သည် ။

၀န်ကြီးချုပ်တယောက်ကို ရာထူးမှဖြုတ်ချလိုပါက လွှတ်တော်တွင်စွပ်စွဲပြစ်တင်မှုပြုနိုင်ကြောင်း ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ပုဒ်မ ၂၆၃ (တိုင်းဒေကြီး သို.မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို ့မဟုတ် ၀န်ကြီးတစ်ဦးဦးအပေါ ်စွပ်စွဲပြစ်တင်ခြင်း ) တွင် အောက်ပါအတိုင်းပြဌာန်းထား၏ ။
၂၆၃။ (က) တိုင်းဒေကြီး သို.မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို ့မဟုတ် ၀န်ကြီးတစ်ဦးဦးအားအောက်ပါအကြောင်းတစ်ရပ်ရပ်ကြောင့်စွပ်စွဲပြစ်တင်နိုင်သည် -
(၁) နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်း၊
(၂) ဖွဲ ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊
(၃) အကျင့်သိက္ခာ ပျက်ပြားခြင်း ၊
(၄) ဖွဲ ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသည့်တိုင်းဒေသကြီး သို ့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို ့မဟုတ် ၀န်ကြီး၏အနည်အချင်းပျက်ယွင်းခြင်း၊
(၅) ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်နိုင်ခြင်း တို ့ဖြစ်သည် ။

ထိုအချက် (၅)ချက်မှတပါး မည်သည့်စွပ်စွဲချက်နှင့်မှဝန်ကြီးချုပ်ကိုအရေးယူ၍မရချေ ။ ထိုအချက်များဖောက်ဖျက်သည်ဟု ကိုယ့်ဘာသာ တဖက်သတ်စွပ်စွဲရုံမျှနှင့်လည်းမရ ၊ ၀န်ကြီးတဦးဦး (သို ့မဟုတ်) ၀န်ကြီးချုပ်တဦး ကို အထက်ပါကဲ့သို ့ စွပ်စွဲမည်ဆိုလျှင် ပထမဆုံး လိုအပ်သည့်အဆင့်မှာ ဥပမာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို စွတ်စွဲပြစ်တင်မည်ဆိုလျှင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စာလှယ်စုစုပေါင်း၏ လေးပုံတပုံ သော လွှတ်တော်အမတ်များက လက်မှတ်ရေးထိုးပြီး မိမိတို ့၏လွှတ်တော်ဥက္ကဌ ထံတင်ပြရမည်ဖြစ်သည် ။ ထို ့ကြောင့် ၀န်ကြီးချုပ်ကို မလိုလားသူများသည် ရပ်ကွက်ထဲတွင်လက်မှတ်လိုက်ကောက်နေရုံနှင့်မပြီးပဲ (ကိုယ်ဖြုတ်ချလိုသည့်တိုင်းဒေသကြီး)လွှတ်တော်အမတ်များကိုယ့်ဘက်ပါလာအောင် အရင်ဆုံးကြိုးစားရမည်ဖြစ်သည် ။ဆိုကြပါစို ့ လူဦးရေ ၁၂၃ ယောက်ရှိသော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ၀န်ကြီးချုပ်ကို စွတ်စွဲပြစ်တင်မည့်အဆိုတခုတင်မည်ဆိုလျှင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးကလက်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဌထံတောင်းဆိုရမည်ဖြစ်သည် ။ ထိုသို. လေးပုံတပုံကတောင်းဆိုရုံနှင့်လည်း ၀န်ကြီးချုပ်သည်ရာထူးမှပြုတ်ကျသွားသည်မဟုတ်ချေ ။ ဒါသည်ပထမအဆင့်ကိုလုပ်နိုင်ရုံသာရှိသေးသည် ။ ဒုတိယအဆင့်တွင် လွှတ်တော်ဥက္ကဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ ့စည်းပြီး စွပ်စွဲချက်ကိုစုံစမ်းစစ်ဆေးရမည် ။ ထိုသို ့စုံစမ်းစစ်ဆေးသောအခါ စွပ်စွဲခံရသူ ၀န်ကြီးချုပ်က သူကိုယ်တိုင်သော်လည်းကောင်း ၊ ကိုယ်စားလှယ်လွှတ်၍သော်လည်းကောင်း ချေပခွင့်ပေးရပေမည် ။ တတိယအဆင့်မှာ စုံစမ်းစစ်ဆေးရေးအဖွဲ ့ကတွေ ့ရှိချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌကိုအစီရင်ခံရမည် ။ ထိုအခါ တွေ ့ရှိိချက်ကို တိုင်းဒေသကြီးလွှတ်တော်တွင်ချပြပြီး မဲခွဲဆုံးဖြတ်မည် ။ စတုတ္ထအဆင့်သည်အရေးအကြီးဆုံး အဆင့် Key Point ဖြစ်သည် ။ ထိုအချက်မှာ ၀န်ကြီးချုပ်တဦး အပြစ်ရှိမရှိ မဲပေးဆုံးဖြတ်ရာတွင် စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် အားလုံး၏ သုံးပုံနှစ်ပုံကစွပ်စွဲမှုမှန်ကန်သည် ဟုထောက်ခံ၍ ၀န်ကြီးချုပ်သည်တာဝန်တွင်ဆက်လက်ထမ်းရွက်စေရန်မသင့်ကြောင်းဆုံးဖြတ်လျှင် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံတင်ပြအစီရင်ခံရမည် ဟုပါပေသည် ။နိုင်ငံတော်သမ္မတကစွတ်စွဲခံရသောဝန်ကြီးချုပ်ကိုရာထူးမှရပ်စဲမိန် ့ထုတ်ရမှာဖြစ်ပါသည် ။

ထို ့ကြောင့့််ဝန်ကြီးချုပ်တယောက်တကယ်အပြစ်ရှိမရှိအဆုံးအဖြတ်ပေးမည်.သူမှာ လွှတ်တော်အမတ်အားလုံး၏သုံးပုံနှစ်ပုံ ( ၆၆ ရာခိုင်နှုန်း) ဆိုတဲ.အချက်ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် လူဦးရေ ၁၂၃ ဦးရှိနေသောကြောင့်် ထိုအထဲမှ ၆၆ ရာခိုင်နှန်းဖြစ်သော ၈၁ ယောက်က အပြစ်ရှိသည်ဟု့မဲပေးမှ ၀န်ကြီးချုပ်ကပြုတ်မှာဖြစ်သည် ။လောလောဆယ်တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ NLD အမတ် ၉၀ ဦး ၊ ကြံ ့ခိုင်ရေးအမတ် ၃ ဦး ၊ ရခိုင်အမျိုးသားပါတီက ၁ ဦး ၊ တပ်မတော်သားကိုယ်စားလှယ် ၃၁ ဦးရှိပေသည် ။ NLD မှလွဲ၍ အခြားအင်အားစုများမှာ တပ်မတော် ၃၁ + ကြံ့ခိုင်ရေး ၃ + ရခိုင်ပါတီ ၁ = စုစုပေါင်း ၃၅ ဦးသာရှိပေသည် ။ ထို ့ကြောင့် ၀န်ကြီးချုပ်ကိုဖြုတ်ချရန် (စွပ်စွဲပြစ်တင်ရန် ) အနည်းဆုံးလိုအပ်သော ၈၁ မဲမှာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ရနိုင်ရန်အကြောင်းမမြင်ပါ ။

နိုင်ငံရေးသည် မိမိစိတ်ထင်ရာလျှောက်လုပ်လျှောက်ပြော၍ရသည့်အရာမဟုတ် ။တိကျခိုင်မာသောအချက်အလက်အပေါ ်တွင်သာအခြေခံပြီးစနစ်တကျ အလုပ်လုပ်သဖြင့် နိုင်ငံရေးကိုသိပ္ဖံဘာသာထဲတွင်ထည့်ပြီး နိုင်ငံရေးသိပ္ဖံ ( Political Science ) ဟုခေါ ်ဝေါ ်ကြခြင်းဖြစ်သည် ။ မိမိထင်မြင်ချက်ဖြင့် အကိုးအကား အခြေအမြစ်မရှိလျှောက်ပြောခြင်းသည် အဆုံးသတ်၌ဘယ်နေရာမှမရောက်ပဲ ရှိတတ်သည် ။ မှန်ကန်သောအချက်အလက် မှန်ကန်သော ချဉ်းကပ်မှုကသာ ထိရောက်အကျိုးရှိတတ်ပေသည် ။ သိပ္ဖံနည်းကျတွက်ကြည့်သောအခါ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ၀န်ကြီးချုပ်ကိုဖြုတ်ချနိုင်သော အဖြစ်သည် မရှိသလောက်နည်းကြောင်းတွေ ့ရပေလိမ်.မည် ။ ဆန္ဒပြမည် ၊ လက်မှတ်ရေးထိုးကောက်ခံမည်ဆိုခြင်းတို ့မှာ မိမိတို ့၏စိတ်ခံစားချက်အရပြူလုပ်၍ရသော်လည်း တိကျသောသက်ရောက်မှုရှိမည်မဟုတ်ချေ ။ နိုင်ငံ၏အမြင့်ဆုံးဥပဒေသည် ဖွဲ ့စည်းပုံခြေခံဥပဒေဖြစ်သည် ။ထို ့ကြောင့် နိုင်ငံ၏ဥပဒေကြောင်းသည် ဖွဲ ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေထိုပြဌာန်းချက်အတိုင်းသာသွားမည်ဖြစ်သည် ။ ဖွဲ ့စည်းပုံအခြေခံဥပဒေကိုနားမလည်ပါပဲ ၊ မလေ.လာပါပဲ ၊ မသိရှိပါပဲ နိုင်ငံရေးဖြစ်စဉ်များတွင်ဝင်ပါ၍ မရ ၊ မဖြစ်ပါချေ ။ အလွဲလွဲအချော်ချော်သာဖြစ်ပေလိမ့်မည် ။

ရခိုင်ပြည်နယ်တွင် ၀န်ကြီးချုပ်ခန် ့အပ်ရေးနှင့်ပါတ်သက်၍ အငြင်းပွားမှုများဖြစ်ခဲ.သေးသည် ။ ရခိုင်ပြည်နယ်လွှတ်တော်၌ အမတ်နေရာအများစုအနိုင်ရရှိခဲ့သော ရခိုင်အမျိုးသားပါတီ ( ANP ) ကသူတို့ပါတီမှာ ရခိုင်ပြည်နယ်လွှတ်တော်တွင််အမတ်နေရာအများစုအနိုင်ရရှိခဲ့သောကြောင့် အစိုးရဖွဲ ့ရာတွင်လည်း ၀န်ကြီးချုပ်ရာထူူးကိုသူတို ့ပါတီမှဖြစ်ရမည် ။ ANP ပါတီဝင်မှ ၀န်ကြီးချုပ်နေရာမရခဲ့ပါက အစိုးရအဖွဲ ့ထဲတွင်မပါ၀င်တော့ပဲ အတိုက်အခံအဖြစ်သာရပ်တည်မည်ဟု အရေးဆိုခဲ့ပေသည် ။ NLD ပါတီကလည်း ရခိုင်အမျိုးသားပါတီခေါင်းဆောင်ဦးအေးမောင်၏စကားကို ဆန် ့ကျင်ကာ NLD ပါတီမှ ဦးညီပုကိုသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရာထူးကိုခန် ့အပ်ခဲ့ပါသည် ။ အမှန်တော့ ဒေါက်တာအေးမောင်တို ့သည် ဖွဲ ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်များကို သေသေချာချာမသိပဲ ( သို ့မဟုတ် )သိလျက်နှင့်မသိချင်ယောင်ဆောင်ပြီး ၀န်ကြီးချုပ်ရာထူးကိုတောင်းခဲ့ခြင်းဖြစ်သည် ။ ဖွဲ ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်ဝန်ကြီးချုပ် (သို ့မဟုတ် )တိုင်းဒေသကြီးဝန်ကြီးချုပ်ကို သမ္မတက ရွေးချယ်အဆိုပြုပြီး သက်ဆိုင်ရာ ပြည်နယ် နှင်းတိုင်းဒေသကြီလွှတ်တော်များကခန်.အပ်ရမည်ဟုဆိုထား၏ ။ ၀န်ကြီးချုပ်ဖြစ်ထိုက်သည့်သူများ၏အရည်အချင်းများကိုလည်း ဖွဲ.စည်းပုံဥပဒေက သတ်မှတ်ပြဌာန်းထား၏ ။ပုဒ်မ၂၆၁ အရ ၀န်ကြီးချုပ်ဖြစ်မည့်သူသည်

(၁) အသက် ၃၅ နှစ်ပြည့်ရမည်
(၂) နိုင်ငံသားမိဘနှစ်ပါးမှမွေးဖွားသောသူ ၊ မြန်မာနိုင်ငံတွင် အနည်းဆုံး ၁၀ နှစ်အခြေချနေထိုင်ခဲ့သူ ၊ရွေးကောက်တင်မြောက်ခြင်းဆိုင်ရာဥပဒေပါသတ်မှတ်အရည်အချင်းများနှင့်ပြည့်စုံသူ
(၃)ပုဒ်မ ၁၂၁ တွင်ဖော်ပြထားသည့်ပြည်သူ ့လွှတ်တော်ကိုယ်စားလှယ်များအဖြစ်ရွေးကောက်တင်မြောက်ခံပိုင်ခွင့်မရှိစေသောပြဌာန်းချက်များနှင့်ငြိစွန်းခြင်းမရှိသူ
(၄) နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ ်သစ္စာရှိသူ ဖြစ်ရမည်ဟုသတ်မှတ်ထားပေသည် ။ ထိုအရည်အချင်းများနှင့် မပြည့်စုံကြောင်းအထင်အရှားမပြသနိုင်လျှင် သမ္မတကအမည်စာရင်းတင်သွင်းလာသူကိုခန််.အပ်တာဝန်ပေးရန်ငြင်းပယ်ခွင့်မရှိစေရ ဟု ပုဒ်မ ၂၆၁ (ဃ) တွင် တိတိကျကျရေးသားထားသည် ။ ဆိုလိုရင်းမှာ သမ္မတမှ ၀န်ကြီးချုပ်ခန့် ့မည် ။ ထိုသူသည် သတ်မှတ်အရည်အချင်းများနှင့် မကိုက်ညီဟု သက်သေမပြနိုင်ပဲ ဟိုလူ.မကြိုက်ဘူး ဒီလူ ့ခန်.ပါဟုပြော၍မရ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက သမ္မတခန်.မည့်ဝန်ကြီးချုပ်လောင်းကို လွှတ်တော်ကအတည်ပြုပေးရုံပဲရှိသည် ။ ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ထိုပြဌာန်းချက်သည် ၂၀၀၈ ဖွဲ ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်ဖြစ်သည် ။ထိုအခြေခံဥပဒေသည် NLD ကရေးဆွဲခဲ.သောဥပဒေမဟုတ်ပေ ။ တပ်မတော်ကဦးဆောင်ရေးဆွဲခဲ့ပြီး ၉၂.၄ ရာခိုင်နှုန်းသောပြည်သူလူထုက အထောက်ခံကြီးထောက်ခံခဲ့သည်ဟု (ဟုတ်ဟုတ်မဟုတ်ဟုတ် ) စစ်အစိုးရ က တဖွဖွပြောခဲ့သော အခြေခံဥပဒေကြီးဖြစ်သည် ။ ထိုဥပဒေအရ ၀န်ကြီးချုပ်ကိုသမ္မတကခန် ့ခြင်းဖြစ်ရာ ထိုခန့်အပ်မှုကိုသဘောမတူပါက ဖွဲ ့စည်းပုံအခြေခံဥပဒေပါထိုပြဌာန်းချက်ကိုသဘောမတူလက်မခံကြောင်း ဖွဲ.စည်းပုံအခြေခံဥပဒေ ကိုစစ်အစိုးရကရေးဆွဲနေစဉ်ကဖြစ်စေ ၊ ဦးသိန်းစိန်အစိုးရသက်တမ်းအတွင်း ပထမအကြိမ်လွှတ်တော်သက်တမ်းငါးနှစ်အတွင်းကဖြစ်စေ ဦးအေးမောင်တို ့အဖွဲ ့ကပြင်ဆင်ခြင်း ကန့်ကွက်ခြင်း ပြုရပေမည် ။ ထိုစဉ်က တပ်မှလာသောဝန်ကြီးချုပ်များလက်ထက်က အလိုတူအလိုပါငြိမ်နေကြပြီး NLD အစိုးရမှတင်လာသော ၀န်ကြီးချုပ်ခန်.အပ်ကာမှ မိမိပါတီဝင်ကိုခန်.အပ်ပါဟူသည် ဥပဒေဘောင်မဝင်ခြေ ။ ထိုသို ့သောတောင်းဆိုမှုကို ရှမ်းတို ့ကလည်းမတောင်းဆိုခဲ ့ ၊ မွန်တို ့ကလည်းမတောင်းဆိုခဲ့ ၊ အခြားတိုင်းရင်းသားများကမတောင်းဆိုပဲ ရခိုင်အမျိုးသားပါတီမှသာတောင်းဆိုခဲ့ခြင်းကထိုပါတီခေါင်းဆောင်များ၏နိုင်ငံရေးသင်ရိုးမကြေခြင်း နှင့် ပါတီစွဲ လူမျိုးစွဲကြီးခြင်းကိုမြင်သာစေသည် ။ ဖွဲ ့စည်းပုံအခြေခံဥပဒေအရ သမ္မတကခန် ့အပ်ခြင်းကို မိမိတို ့ကလက်ခံရမည့်တာဝန်ရှိနေသည်ကိုသဘောပေါက်သင့်ပေသည် ။ အကယ်၍ဖြစ်သင့်သည်မှာ နောင်အခါ ဖွဲ ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့်အခါ ၀န်ကြီးချုပ်ခန်.အပ်ခြင်းကို သမ္မတကခန်.အပ်ခြင်းအစား ပြည်နယ် နှင့်တိုင်း လွှတ်တော်များက ခန်.အပ်ခွင့် ပြဌာန်းပေးပါဟု အစိုးရ ၊တပ်မတော်တို ့အား ့ဥပဒေဘောင်အတွင်းမှပူးပေါင်းတောင်းဆိုသင့်ပေသည် ။

ထိုသို ့ဆိုသဖြင့် ၀န်ကြီးချုပ်များသည် မည်သို ့မျှ ရာထူးမှပြုတ်ကျနိုင်ခွင့်မရှိတော့ပဲထင်ရာစိုင်းကြတော့မည်ဟုဆိုလိုရင်းမဟုတ် ။ အထက်တွင်ဖော်ပြထားသော စွပ်စွဲပြစ်တင်နိုင်စရာအကြောင်း ၅ ချက်မှ တချက်ချက်ကိုအမှန်တကယ်ကျူးလွန်ဖောက်ဖျက်ပါက မိမိပါတီဝင်ချင်းဖြစ်စေကာမူ ဥပဒေပြုအမတ်များက ၀န်ကြီးချုပ်ကို ကာကွယ်ပေးမည်မဟုတ်ချေ ။ သို ့သော် လူတယောက် ၊အဖွဲ ့တဖွဲ ့ကမကြေနပ်၍ ဆန္ဒပြရုံလက်မှတ်ရေးထိုးတောင်းဆိုရုံနှင် ့ဝန်ကြီးချုပ်တွင်ဘာမှထိခိုက်မသွားနိုင်ဘူးဆိုတာပြောလိုရင်းဖြစ်သည် ။ယခုအဖြစ်တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နိုင်ငံတော်၏ကျေးဇူးသစ္စာတော်ကိုဖောက်ဖျက်ခြင်းလည်းမဟုတ် ၊ ဖွဲ ့စည်းပုံအခြေခံဥပဒေပါပြဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်းလည်းမဟုတ် ၊ အကျင့်သိက္ခာ ပျက်ပြားခြင်း လည်းမဟုတ် ၊ ဖွဲ ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားသည့်တိုင်းဒေသကြီး သို ့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို ့မဟုတ် ၀န်ကြီး၏အနည်အချင်းပျက်ယွင်းခြင်းလည်းမဟုတ် ၊ ဥပဒေအရပေးအပ်သောတာဝန်များကို ကျေပွန်စွာမဆောင်ရွက်နိုင်ခြင်း လည်းမဟုတ်သဖြင့် ၀န်ကြီးချုပ်အပေါ ်တရားဝင် အပြစ်တင်စွပ်စွဲစရာရှိလာမည်မဟုတ်ချေ ့ ။ နိုင်ငံရေးလုပ်မည်ဆိုလျှင် တည်ဆဲဖွဲ ့စည်းပုံအခြေခံဥပဒေကို နားလည်သဘောပေါက်ဖို ့တော့လိုပေလိမ့်မည် ။ထိုသို ့နားလည်ပြီးမှသာ ကန့်ကွက်ခြင်း ဆန့်ကျင်ခြင်း ဆန္ဒပြခြင်း ဘာကိုပဲလုပ်လုပ် အဓိပါယ်ရှိရှိလုပ်နိုင်မည်ဖြစ်ပါကြောင်း ။

သရဝဏ်(ပြည်)

စောင့်ကြည့်ဂျာနယ်
၁၅.၇.၂၀၁၆
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)