ေရွးေခတ္ဂ်ပန္ျပည္၏ စစ္သည္မ်ားအေၾကာင္း








ဂ်ပန္မွာအလုပ္သြားလုပ္ခ်င္တဲ့ ေက်ာင္းသားမ်ား ဗဟုသုတ ရေစရန္တင္ေပးလိုက္ပါတယ္ ၊ ဂ်ပန္က အင္တာဗ်ဴး လာေမးလို႔ ဂ်ပန္ကဘာသိထားလဲေမးရင္ ဖူဂ်ီေတာင္ ဆာကူရာပန္း ကီမိုႏို ကေနမတက္တဲ့သူမ်ားဖတ္ၾကည့္ပါ ........
ဆာမူရိုင္း ဆိုသည္မွာ ဂ်ပန္ႏိုင္ငံတြင္ စက္မႈထြန္းကားေသာ
ေခတ္မတိုင္မီက စစ္တပ္အတြင္း ျမင့္မားေသာ ဂုဏ္သေရရွိသည့္ ရာထူး အဆင့္တန္း တစ္ခုျဖစ္ေလသည္။ ဘာသာျပန္ဆရာ ၀ီလီယံ စေကာ့ ၀ီလ္ဆင္ ဧ။္ အဆိုအရ တရုတ္ ႏွင့္ ဂ်ပန္ႏိုင္ငံ ႏွစ္ခု လံုးတြင္ အထက္တန္းစား တစ္ေယာက္ကို အနီးကပ္ေစာင့္ၾကပ္ ၾကည့္ရႈ႕သူဟု အနက္ရၿပီး ဂ်ပန္ဘာသာ အသံထြက္ အရ ဆာမူရိုင္းဟူ၍ ေၿပာင္းလဲလာခဲ့ေလသည္။ ၀ီလ္ဆင္က ဆာမူရိုင္းဟူ၍ ပထမဆံုးေသာ သံုးႏႈန္းျခင္းကို
( 10 ) ရာစု၏ ပထမပိုင္းတြင္ ေရးသားၿပီးစီးခဲ့ေသာ ပထမဆံုး နန္းသံုးကဗ်ာ စာတြဲ ကိုကင္းရႈး
( Kokinshu ) တြင္ ေတြ႔ရသည္ဟု ဆိုသည္။
( 12 ) ရာစု အကုန္ပိုင္းတြင္ ဆာမူရိုင္း ဟူေသာ အသံုးႏႈန္းသည္ ဘူရွီ ( bushi ) ဟူေသာ စကားလံုးနွင့္ အနက္တူ သံုးစြဲၾကၿပီး
ထိုစကားလံုးသည္ အလယ္လတ္တန္းစားႏွင့္ အထက္တန္းစား စစ္သူရဲတုိ႔၏ ရာထူး အဆင့္တန္းမ်ားႏွင့္ ဆက္စပ္ သံုးစြဲေလ့ ရွိေလသည္။
( 6 ) ရာစုႏွစ္မ်ားအတြင္းက စစ္သူရဲမ်ားႏွင့္ ေျခလ်င္ စစ္သည္ေတာ္မ်ားသည္ ပထမဆံုးေသာ ဆာမူရိုင္း အဆင့္ ခြဲျခားသတ္မွတ္မႈကို စတင္ခဲ့သည္ဟု ယံုၾကည္ရေလသည္။ ထန္ တရုတ္ (Tang China) ႏွင့္ ရွီလာ (Silla) တို႔နွင္႔ တိုက္ခုိက္ေသာ စစ္ပြဲမ်ားတြင္ အႀကီးအက်ယ္ ရႈံးၿပီးေနာက္ ဂ်ပန္တို႔သည္ ျပဳျပင္ေၿပာင္းလဲမႈမ်ားကို ျပဳလုပ္လာၾကေလသည္။ ထိုအထဲမွ အေရးႀကီးဆံုး တစ္ခုမွာ နာကာႏို အိုအဲ (Naka no Ōe) သုိ႔မဟုတ္ တန္ဂ်ိ ဘုရင္ (Emperor Tenji) မွ ေအဒီ ( 646 ) တြင္
ထုတ္ျပန္ခဲ႔ေသာ တိုင္းျပည္ ျပဳျပင္ေရးပင္ ၿဖစ္ေလသည္။ ထိုအမိန္႔ေတာ္သည္ တရုတ္တို႔၏ ယဥ္ေက်းမႈ ထံုးစံမ်ား နွင့္ အုပ္ခ်ဴ ပ္ေရး နည္းလမ္းမ်ားကို ဂ်ပန္အစိုးရႏွင့္ ဗ်ဴ ရိုကေရစီ အုပ္ခ်ဴ ပ္ေရး ယႏၲယားမ်ားတြင္
အစပ်ဴ ိးေပးခဲ့ေလသည္။
ေအဒီ ( 702 ) တြင္ ထုတ္ျပန္ခဲ႔ေသာ တိုင္းဟုိ ဥပေဒ၏ တစ္စိတ္တပိုင္းႏွင္႔ ေနာက္ပိုင္း
ထုတ္ျပန္ခဲ့ေသာ ယိုးရို ဥပေဒတုိ႔ေၾကာင္႔ လူထုသည္ လူဦးေရ စာရင္းကို အၿမဲတမ္းသတင္းပို႔ရၿပီး ထုိစာရင္းကို ႏိုင္ငံအတြက္ စစ္မႈထမ္းရန္ စာရင္းအၿဖစ္ အသံုးျပဳေလသည္။ ဘုရင္ မိုမု (Emperor Mommu) သည္ လူဦးေရျပန္႔ႏွံ႔မႈကို နားလည္ သေဘာေပါက္လာေသာအခါ အရြယ္ေရာက္ၿပီး ေယာက်ာ္းေလး 3 - 4 ေယာက္တြင္ တစ္ေယာက္မ်ွွ ႏိုင္ငံတပ္မေတာ္တြင္ စစ္မႈထမ္းရန္ ဥပေဒ ကို စတင္ထုတ္ ၿပန္ေလသည္။
စစ္သားမ်ားကို မိမိ ကိုင္ေဆာင္မည့္ လက္နက္ကို မိမိဘာသာ ယူလာေစၿပီး ထိုအတြက္ အခြန္ခမ်ားမွ ကင္းလြတ္ခြင့္ ရေလသည္။ ထိုႀကိဳးပမ္းမႈသည္ ေတာ္၀င္အစုိးရမွ တရုတ္တုိ႔ကို အတုယူၿပီး စနစ္တက် ဖြဲ႕စည္းထားေသာ စစ္တပ္ပံုစံကို
ဖြဲ႕စည္းရန္ ပထမဆံုးအႀကိမ္ ႀကိဳးပမ္းမႈ ၿဖစ္ေလသည္။ ထို ႀကိဳးပမ္းမႈကို ဂန္ဒန္ ေဆး
(gundan-sei) ဟု ေနာက္ပိုင္းေခတ္ သမုိင္းပညာရွင္တုိ႔က ေခၚေ၀ၚၾကၿပီး ေခတၱခဏမွ်သာ ၾကာၿမင္႔သည္ဟု ယံုၾကည္
ယူဆၾကေလသည္။
တိုင္းဟုိ ဥပေဒတြင္ မင္းမႈထမ္းမ်ားကို အဆင့္
( 12 ) ဆင့္ ခြဲျခား သတ္မွတ္ထားၿပီး အဆင့္ တစ္ဆင့္စီတြင္ ေနာက္ထပ္ ( 2 ) ဆင့္ ထပ္မံ ခြဲျခားထားေလသည္။ ပထမဆံုးအဆင့္သည္ အဆင့္ျမင့္ဆံုး ဘုရင္၏ အၾကံေပးအရာရွိ အဆင့္ ျဖစ္ေလသည္။ အဆင့္ ( 6 ) ႏွင့္ ေအာက္ကို ဆာမူရိုင္းဟု သတ္မွတ္ၿပီး သူတုိ႔သည္ နိစၥဓူ၀ ကိစၥမ်ားကို ထိေတြ႕တာ၀န္ယူၾကရေလသည္။ ထိုဆာမူရိုင္းမ်ားမွာ အရပ္သား ဘုရင့္ အမႈထမ္းမ်ား ျဖစ္ၾကေသာ္လည္း ထိုမွ ဆင္းသက္လာသည္။ စစ္တိုက္ရာတြင္ ထူးခြ်န္ေသာ သူမ်ားကိုလည္း ဆာမူရိုင္းဘြဲ႕ေပး၍ ဆာမူရိုင္းအျဖစ္ ခ် ီးျမင့္ ေျမွာက္စားေလ့ ရွိၾကသည္။
အဲအိအန္ေခတ္ဟု ေခၚေသာ ( 8 ) ရာစု ေႏွာင္းပိုင္း ႏွင့္ ( 9 ) ရာစု အေစာပိုင္းတြင္ ကမ္မု ဘုရင္ (Emperor Kammu) သည္ သူ၏ အာဏာစက္ကို ဟြန္ရႈး ေျမာက္ပိုင္းသို႔ ျဖန္႔က်က္ စည္းရံုးရန္ ႀကိဳးစား ခဲ႔ေလသည္။ သုိ႔ေသာ္ ပုန္ကန္ေသာ အဲမိရွိ ျပည္သူတုိ႔အား အႏိုင္တုိက္ရန္ သူေစလႊတ္ခဲ့ေသာ စစ္တပ္မွာ စည္းကမ္းနွင့္ စိတ္ဓါတ္ ကင္းမဲ႔သျဖင့္
ေအာင္ျမင္ႏိုင္ျခင္း မရွိခဲ့ေခ်။ ကမ္းမူ ဘုရင္က ဆဲအိတိုင္း ရႈိးဂန္း (Seiitaishogun) သို႔မဟုတ္ ရႈိးဂန္း ဟူေသာ ဘြဲ႕ကို စတင္ထုတ္ေဖာ္ခဲ့ၿပီး အဲမိရွိ တုိ႔ကို ေအာင္ႏိုင္ရန္အတြက္ အလြန္ တုိက္္ခုိက္အားေကာင္းေသာ ေဒသခံဂိုဏ္းတုိ႔ အေပၚတြင္ စတင္မွီခုိ အားထားလာခဲ့ေလသည္။ ျမင္းစီး တုိက္ခုိက္ျခင္းႏွင့္ ေလးျမွား အတက္တို႔တြင္ ကၽြမ္းက်င္ေသာ ထုိလူမ်ဴ ိးစု စစ္သည္တုိ႔သည္ သူပုန္တုိ႔ကို ႏွိမ္နင္းရန္ အတြက္ ဘုရင္၏ စိတ္ႀကိဳက္လက္နက္ ျဖစ္လာခဲ့သည္။ ထုိစစ္သူရဲတုိ႔သည္ ထိုအခ်ိန္ ( 7 ရာစုမွ 9 ရာစု အထိ ) က ပညာတက္ေျမာက္ေကာင္း တက္ေျမာက္ႏိုင္ေသာ္လည္း ေတာ္၀င္တရားရံုး အရာရွိတို႔က သူတုိ႔အား အရိုင္းစိုင္းမ်ားထက္ အနည္းငယ္သာသည္ဟု မွတ္ယူခဲ႔ၾကေလသည္။
ေနာက္ဆံုးတြင္ ကမ္းမူ ဘုရင္သည္ သူ၏ စစ္တပ္ကို ဖ်က္သိမ္းခဲ့ၿပီး ထိုအခ်ိန္မွ၍
ဘုရင့္အာဏာစက္သည္ တေျဖးေျဖး ေလ်ာ့ပါးလာခဲ့ေလသည္။ ဘုရင္သည္ အုပ္ခ်ဴ ပ္သူ ျဖစ္ေနေသးေသာ္လည္း က်ဴ ိတိုပတ္၀န္းက်င္ရွိ အာဏာျပင္းေသာ ဂိုဏ္းတုိ႔က ၀န္ႀကီးအဆင့္ကို မိမိတုိ႔ဘာသာ ရယူၾကေလသည္။ သူတို႔
ေဆြမ်ဴ ိးမ်ားကို နယ္၀န္မ်ားအျဖစ္ ခန္႔အပ္ၾကေလသည္။ သူတုိ႔၏ ၾကြယ္၀
ခ်မ္းသာမႈကို တိုးပြားေစရန္ႏွင့္ သူတို႔၏ အေၾကြးမ်ား ျပန္လည္ ေပးဆပ္ရန္ အတြက္ နယ္၀န္တုိ႔သည္ အခြန္အခမ်ားကို အဆမတန္ ေကာက္ခံၾကသျဖင္႔ လယ္သမားအမ်ားစု လယ္ယာမဲ့ၾကကုန္ေလသည္။
ဆင္းရဲမြဲေတမႈ ျမင္႔မားလာၿပီး ခုိးမႈ ဓါးျပမႈမ်ား ထူေျပာလာသည့္အခါ ဂိုဏ္းမ်ားသည္
ကန္တိုလြင္ျပင္မ်ားရွိ နယ္ႏွင္ခံထားရသူမ်ားကို စတင္၍ အလုပ္ခန္႔လာၾကေလသည္။ ျပင္းထန္ ၾကမ္းတမ္းေသာ ကိုယ္ခံပညာ သင္ၾကားထားခဲ႔မႈမ်ားေၾကာင္႔
ထိုသူတုိ႔သည္ အသံုး၀င္ေသာ
အေစာင့္ေရွာက္မ်ား ျဖစ္လာခဲ့ၾကသည္။ အခြန္ေကာက္ခံသူမ်ားကို တခ်ဴ ိ႕က ေစာင့္ၾကပ္ လုိက္ပါၾကၿပီး သူတုိ႔ပါရွိရံုႏွင့္ပင္ သူခိုး ဓါးျမမ်ား၏ တုိက္ခုိက္မႈမွ ဟန္႔တားၿပီးသား ျဖစ္ခဲ႔ေလသည္။ သူတုိ႔မွာ ေၾကးစားလက္နက္ကိုင္ ဆာမူရိုင္း ျဖစ္ၾကၿပီး သူတုိ႔၏ သီးၿခားလက္နက္ကိုင္ တပ္ဖြဲ႕မွာ အလ်င္အျမန္ပင္ ထင္ေပၚ
ေက်ာ္ၾကားလာခဲ႔ေလသည္။
ကာကြယ္ေရး သေဘာတူညီခ်က္မ်ားႏွင့္ ႏိုင္ငံေရး ေပါင္းစည္းမႈမ်ားေၾကာင္႔ သူတုိ႔၏ ႏိုင္ငံေရး
အာဏာသည္ တစ္စ တစ္စ တုိးပြားလာခဲ့ၿပီး ေနာက္ဆံုးတြင္ ပံုမွန္အုပ္ခ်ဴ ပ္ေရးထက္ပင္ သာလြန္လာခဲ့ေလသည္။ အခ်ဴ ိ႕ေသာ ဂိုဏ္းမ်ားသည္ နန္းေတာ္မွ ခန္႔အပ္ထားေသာ အရာရွိမ်ားကို သူတို႔၏ ေျမမ်ားကို အုပ္ခ်ဴ ပ္ရန္ႏွင့္ အခြန္ခမ်ားကို ေကာက္ယူရန္ ေစလႊတ္ေသာအခါမ်ားတြင္ ကာကြယ္ရန္ မိမိဘာသာ လက္နက္ကိုင္ထားၾကေသာ အဖြဲ႕စည္းမ်ား ျဖစ္ၾကသည္။ ထိုဂိုဏ္းမ်ားသည္ ၄င္းတုိ႔ထက္ အင္အားႀကီးမားေသာ ဂိုဏ္းမ်ား၏ ရန္မွ ကင္းေ၀းေစရန္ သူတုိ႔အခ်င္းခ်င္း မဟာမိတ္ ဖြဲ႕ထားၾကေလသည္။
ဟဲအိအန္ (Heian) ေခတ္၏ အလယ္ပိုင္းသို႔ ေရာက္ေသာအခါ သူတုိ႔သည္ ဂ်ပန္သံခ်ပ္ကာ ၀တ္စံု ႏွင့္ လက္နက္မ်ားကို စတင္အသံုးျပဳလာၾကၿပီး ဘူရွီဒို ေခၚ သူတုိ႔၏ က်င္႔၀တ္မ်ားကို စတင္ အုတ္ျမစ္ခ်လာခဲ့ၾကသည္။ ဆာမူရိုင္း စစ္သူရဲတုိ႔သည္ မိမိတုိ႔ဘာသာ စစ္သူရဲ လမ္းစဥ္ သို႔မဟုတ္ ဘူရွိဒို ကို လုိက္နာက်င္႔သံုးသူမ်ား အျဖစ္ ခံယူၾကေလသည္။ ဂ်ပန္ အဘိဓာန္ တြင္ ဘူရွိဒို ဟူေသာ စကားလံုးကို ရႈိဂက္ကုကန္ ကိုကုဂို ဒိုင္းဂ်ိတန္ (Shogakukan Kokugo Daijiten) ဟု ဖြင္႔ဆိုထားၿပီး မူရိုမာခ်ီ (Muromachi) သို႔မဟုတ္ ခ်ဴ ေဆး (chusei) ေခတ္တြင္ စစ္သူရဲမ်ားအၾကား ပ်ံ႕ႏွံ႔ေနေသာ သီးသန္႔ ယံုၾကည္ ယူဆခ်က္ ဟု ဖြင့္ဆိုထားေလသည္။
ကနဦး အစတည္းကပင္ ဆာမူရိုင္းတုိ႔သည္ သခင္တစ္ေယာက္ကို အသက္ေပး၍ သစၥာရွိျခင္း ၊ တာ၀န္ကို ေက်ႁပြန္စြာ ထမ္းေဆာင္ျခင္း စသည့္ စစ္သူရဲတစ္ေယာက္၏ ဂုဏ္သိကၡာရွိေသာ အျပဳမူႏွင့္ လမ္းစဥ္ဟု ယံုၾကည္ခဲ႔ၾကေလသည္။
အမ်ဴ ိးသမီး ဆာမူရိုင္း
တကယ္တမ္းေတာ့ သူ႔တို႔ကို ဆာမူရိုင္းလို႔ မေခၚပါဘူး။ ဂ်ပန္လို Onna-bugeisha(အြန္နာ-ဘူေဂးရွား) လို႔ပဲေခၚပါတယ္။ ဆာမူရိုင္း အဆင့္အတန္းဝင္ သူရဲေကာင္း ျဖစ္ပါတယ္။
ဆာမူရိုင္းဆိုတာကလည္း လူမ်ဴ ိးစု မဟုတ္ပါဘူး။ ဂ်ပန္ႏိုင္ငံရဲ ႔ အထက္တန္းစားလႊာကို အကာအကြယ္ေပးတဲ့ စစ္သည္အဖြဲ႔အစည္း တစ္ခုအျဖစ္ လက္ခံထားၾကျခင္း ျဖစ္ပါတယ္။ စက္မႈမထြန္းကားမွီ ကာလက ဆာမူရိုင္းဟာ ဂ်ပန္ႏိုင္ငံရဲ႕ စစ္ေရး၊ စီးပြားေရး၊ ႏိုင္ငံေရးစသည့္ က႑တစ္ခုကေန ပါဝင္ခဲ့ပါတယ္။
အမ်ဴ ိးသမီးမ်ားအေနနဲ႔ လက္နက္ေပါင္းစံု ကိုင္တြယ္တတ္ေရး ေလ့က်င့္သင္ၾကားျခင္းျဖင့္ အရည္အခ်င္း ျပည့္ဝရင္ Onna-bugeisha (အြန္နာ ဘူေဂးရွား) လို႔ အသိအမွတ္ျပဳခံရတဲ့
အမ်ဴ ိးသမီး သူရဲေကာင္း အျဖစ္ အသိအမွတ္
ျပဳခံရပါတယ္။
အမ်ဴ ိးသား တိုက္ခိုက္ေရးသမား နည္းပါးမႈကို ေျဖရွင္းဖုိ႔အတြက္ ဆာမူရိုင္းတို႔ဟာ
အမ်ဴ ိးသမီးမ်ား ေလ့က်င့္သင္ၾကားေပးရင္း Onna Bugeisha လို႔ေခၚတဲ့ အမ်ဴ ိးသမီးသူရဲေကာင္း လူတန္းစား တစ္ခု ေပၚေပါက္လာခဲ့ျခင္း ျဖစ္ေၾကာင္း သိရပါတယ္။
ရိႈးဂန္း
ရိႈးဂန္းဆိုတာကေတာ့ နယ္စား သို႔မဟုတ္ စစ္သူႀကီး ဆာမူရိုင္းကို ေခၚတာျဖစ္ပါတယ္။ သူကေတာ့ ဘုရင္က ခန္႔အပ္ထားတဲ့ စစ္ေသနာပတိ သို႔မဟုတ္ ဗိုလ္ခ်ဴ ပ္ႀကီး ရာထူးတခုပါပဲ။
ဒိုင္ၿမိဳ
ဒိုင္ၿမိဳဆိုတာကေတာ့ ၿမိဳ႕စား နယ္စား သို႔မဟုတ္ နယ္တစ္ခုကို ကိုယ္ပိုင္အုပ္ခ်ဴ ပ္ခြင့္ရတဲ့ သူကို ေခၚတာပါ။
နင္ဂ်ာ
နင္ဂ်ာကေတာ့ ဆာမူရိုင္းေတြရဲ႕ လက္ေအာက္မွာ အမႈထမ္းၾကတဲ့ လွ်ဴ ိ႕ဝွက္ အထူးစစ္သည္ေတြ ျဖစ္ၿပီး စစ္ပြဲအတြင္း လွ်ဴ ိ႕ဝွက္စြာ လႈပ္ရွားရေသာ အခ်ိန္မ်ားတြင္ အသံုးျပဳၾကသည္။ တခ်ဴ ိ႕ေသာ နင္ဂ်ာမ်ားသည္ ေၾကးစားလူသတ္သမားမ်ား အျဖစ္လည္း လႈပ္ရွားေလ့ရွိၾကသည္။
နင္ဂ်ာမ်ားကို ေခတ္အဆက္ဆက္ ဂ်ပန္ျပည္စစ္ပြဲမ်ား၌ လွ်ဴ ိ႕ဝွက္စစ္ဆင္ေရးမ်ားတြင္ အသံုးျပဳခဲ့ၾကၿပီး ဒုတိယကမာၻစစ္အတြင္း၌ပင္ အသံုးျပဳခဲ့ေၾကာင္း
တခ်ဴ ိ႕မွတ္တမ္းမ်ားက ဆိုၾကသည္။ ယေန႔ေခတ္တြင္လည္း နင္ဂ်ာတပ္ဖြဲ႕မ်ားကို ဖြဲ႕စည္းထားေလ့ရွိၿပီး အီရန္ႏိုင္ငံတြင္ ၂၀၁၀ ဝန္းက်င္ခန္႔က အီရန္စစ္တပ္အတြင္း နင္ဂ်ာသင္တန္းမ်ား ေပးခဲ့ေၾကာင္း သတင္းမ်ား ထြက္ေပၚခဲ့သည္။
ရိုနင္
ရိုနင္ဆိုတာကေတာ့ သခင္မဲ့ ဆာမူရိုင္းေတြ ျဖစ္ပါတယ္။ ႐ိုနင္ အဆင့္ေရာက္သြားတဲ့ ဆာမူ႐ိုင္းဟာ သူ႔ပတ္၀န္းက်င္မွာ အႏွိမ္ခံရတတ္ပါတယ္။ ဆာမူ႐ိုင္းေတြမွာ ႐ိႈးဂန္း အဆင့္ဆင့္ ေျပာင္းလဲမႈမွာ ဆက္လက္ အမႈထမ္းခြင့္႐ွိတယ္လို႔ ဆိုပါတယ္။ ႐ိုနင္ အဆင့္ေရာက္တဲ့ ဆာမူ႐ိုင္းဟာ မ်ားေသာအားျဖင့္ ႐ိႈးဂန္း အသက္႐ွင္စဥ္ မွာ ျပစ္မႈတခုခု
က်ဴ းလြန္မိေသာေၾကာင့္ ဆာမူ႐ိုင္းအျဖစ္ ႐ုတ္သိမ္းခံရသူေတြ မ်ားပါတယ္။ အကယ္၍ ရႈိးဂန္း က်ဆံုး ကြယ္လြန္ ျဖစ္ခဲ့ရင္ သူ႔အ႐ိုက္အရာကို ဆက္ခံတဲ့သူထံမွာ ဆက္လက္အမႈထမ္းခြင့္ ရပါတယ္။ ဂ်ပန္နယ္စားေတြမွာ မ်ားေသာအားျဖင့္ မီဂ်ီေခတ္မတိုင္ခင္က နယ္စားေတြ နယ္လုစစ္ပြဲေတြ မၾကာခဏ ျဖစ္ခဲ့ၾကလို႔ တကယ္လို႔ ႐ိႈးဂန္းတဦးရဲ႕ နယ္ကို တျခား႐ိႈးဂန္းတဦးက သိမ္းပိုက္ႏိုင္ခဲ့ရင္ ႐ိႈးဂန္းဟာ ဟာရာကိရိ လုပ္ၾကတယ္လို႔ ဆိုပါတယ္။ သူနဲ႔ အတူ တိုက္ပြဲမွာ မေသပဲက်န္တဲ့ ဆာမူ႐ိုင္းေတြဟာလည္း ဟာရာကိရိ လုပ္သြားၾကပါတယ္။ ႐ိႈးဂန္းတေယာက္မွာ ဆာမူ႐ိုင္း အမ်ားႀကီးမ႐ွိပါဘူး။ ဆာမူ႐ိုင္း တေယာက္ရဲ႕ ေအာက္မွာမွ နင္ဂ်ာက လ်ဴ ိ႕၀ွက္ အမႈထမ္းအျဖစ္ ေနၾကပါတယ္။ သူတို႔ေတြလည္း ဆာမူ႐ိုင္းေတြ ဟာရာကိရိ လုပ္သလို လုပ္ၾကပါတယ္။ သူတို႔ အသိစိတ္ဓါတ္နဲ႔ သူတို႔ လုပ္ၾကတာပါ။ အဲ့ဒီလို မလုပ္သူေတြကေတာ့ ႐ိုနင္အဆင့္ ေရာက္သြားပါတယ္။ ဟာရာကိရိ လုပ္ပံုေတြကိုေတာ့ မတင္ေပးေတာ့ပါဘူး။ ေၾကာက္စရာေကာင္းလို႔ပါ။ ဟာရာကိရ္ိဆုိတာ ဟာရာ= ဗိုက္ ကိရိ = ခြဲျဖတ္ျခင္း လို႔ အဓိပၸါယ္ရပါတယ္။
ဟာရာကိရိလုပ္နည္း
ဟာရာကိရိလုပ္ၿပီး သတ္ေသမယ့္လူဟာ ဗိုက္ကို အူရွိမယ့္ေနရာတည့္တည့္ကို ေဖာက္ၿပီး ဓားနဲ႔ ၃ ခ်က္ ဘယ္ညာထိုးခြဲၿပီး ေဝွ႔ပစ္ရတယ္။ ၿပီးေတာ့ ေနာက္ကတစ္ေယာက္က သူ႔လည္ကို တိကနဲ ေခါင္းျဖတ္က်သြားတဲ့အထိ ျဖတ္ေပးရတယ္။ ဂ်ပန္ေတြက အသက္ထက္ အရွက္ သိကၡာကို ပိုၿပီး အေလးထားၾကတယ္ စစ္ရံႈးတဲ့ စစ္သူႀကီးတိုင္းဟာ ဟာရာကိရိလုပ္ေလ့ရွိတယ္။ ဒုတိယကမာၻစစ္အထိ ဟာရာကိရိလုပ္ၿပီး ေသသြားတဲ့စစ္သည္ေတြဟာ တိုက္ပြဲမွာ က်ဆံုးတဲ့ဦးေရ နီးပါးရွိတယ္လို႔
ေျပာၾကတယ္။ ေနာက္ထပ္ ဟာရာကိရိလုပ္နည္းေတြ မ်ားစြာရွိပါေသးတယ္။ ေဆပူေကလို႔ေခၚတဲ့ ဟာရာကိရိ လုပ္နည္းဆိုတာက အဆင့္ျမင့္ ဟာရာကိရိ
လုပ္ျခင္းပါ။ ဗိုက္ကို ကန္႔လန္႔ ဇစ္ဇိုက္ ေထာင္လိုက္ခြဲျဖတ္ျခင္းပဲ ျဖစ္ပါတယ္။
ဂ်ပန္ေတြဟာ ႐ိႈးဂန္းထက္ ဆာမူ႐ိုင္းေတြကို ပိုခ်စ္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ကိုးကြယ္မႈေတြမွာ ကိုယ့္ကိုယ္ကိုယ္ ဟာရာကိရိ လုပ္သြားတဲ့ ဆာမူ႐ိုင္းေတြ ပါပါတယ္။ သူတို႔ဟာ ဆာမူ႐ိုင္းေတြကို အေလးထားပါတယ္။
‪#‎SwamHtet‬
Ref: History of Samurai (Wiki)

Sai Sithu

............................................

ရှေးခေတ်ဂျပန်ပြည်၏ စစ်သည်များအကြောင်း

ဂျပန်မှာအလုပ်သွားလုပ်ချင်တဲ့ ကျောင်းသားများ ဗဟုသုတ ရစေရန်တင်ပေးလိုက်ပါတယ် ၊ ဂျပန်က အင်တာဗျူး လာမေးလို့ ဂျပန်ကဘာသိထားလဲမေးရင် ဖူဂျီတောင် ဆာကူရာပန်း ကီမိုနို ကနေမတက်တဲ့သူများဖတ်ကြည့်ပါ ........
ဆာမူရိုင်း ဆိုသည်မှာ ဂျပန်နိုင်ငံတွင် စက်မှုထွန်းကားသော
ခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသော ဂုဏ်သရေရှိသည့် ရာထူး အဆင့်တန်း တစ်ခုဖြစ်လေသည်။ ဘာသာပြန်ဆရာ ၀ီလီယံ စကော့ ၀ီလ်ဆင် ဧ။် အဆိုအရ တရုတ် နှင့် ဂျပန်နိုင်ငံ နှစ်ခု လုံးတွင် အထက်တန်းစား တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှု့သူဟု အနက်ရပြီး ဂျပန်ဘာသာ အသံထွက် အရ ဆာမူရိုင်းဟူ၍ ပြောင်းလဲလာခဲ့လေသည်။ ၀ီလ်ဆင်က ဆာမူရိုင်းဟူ၍ ပထမဆုံးသော သုံးနှုန်းခြင်းကို
( 10 ) ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာ စာတွဲ ကိုကင်းရှုး
( Kokinshu ) တွင် တွေ့ရသည်ဟု ဆိုသည်။
( 12 ) ရာစု အကုန်ပိုင်းတွင် ဆာမူရိုင်း ဟူသော အသုံးနှုန်းသည် ဘူရှီ ( bushi ) ဟူသော စကားလုံးနှင့် အနက်တူ သုံးစွဲကြပြီး
ထိုစကားလုံးသည် အလယ်လတ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူး အဆင့်တန်းများနှင့် ဆက်စပ် သုံးစွဲလေ့ ရှိလေသည်။
( 6 ) ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင် စစ်သည်တော်များသည် ပထမဆုံးသော ဆာမူရိုင်း အဆင့် ခွဲခြားသတ်မှတ်မှုကို စတင်ခဲ့သည်ဟု ယုံကြည်ရလေသည်။ ထန် တရုတ် (Tang China) နှင့် ရှီလာ (Silla) တို့နှင့် တိုက်ခိုက်သော စစ်ပွဲများတွင် အကြီးအကျယ် ရှုံးပြီးနောက် ဂျပန်တို့သည် ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာကြလေသည်။ ထိုအထဲမှ အရေးကြီးဆုံး တစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိ ဘုရင် (Emperor Tenji) မှ အေဒီ ( 646 ) တွင်
ထုတ်ပြန်ခဲ့သော တိုင်းပြည် ပြုပြင်ရေးပင် ဖြစ်လေသည်။ ထိုအမိန့်တော်သည် တရုတ်တို့၏ ယဉ်ကျေးမှု ထုံးစံများ နှင့် အုပ်ချူ ပ်ရေး နည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူ ရိုကရေစီ အုပ်ချူ ပ်ရေး ယန္တယားများတွင်
အစပျူ ိးပေးခဲ့လေသည်။
အေဒီ ( 702 ) တွင် ထုတ်ပြန်ခဲ့သော တိုင်းဟို ဥပဒေ၏ တစ်စိတ်တပိုင်းနှင့် နောက်ပိုင်း
ထုတ်ပြန်ခဲ့သော ယိုးရို ဥပဒေတို့ကြောင့် လူထုသည် လူဦးရေ စာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန် စာရင်းအဖြစ် အသုံးပြုလေသည်။ ဘုရင် မိုမု (Emperor Mommu) သည် လူဦးရေပြန့်နှံ့မှုကို နားလည် သဘောပေါက်လာသောအခါ အရွယ်ရောက်ပြီး ယောကျာ်းလေး 3 - 4 ယောက်တွင် တစ်ယောက်မျှှ နိုင်ငံတပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေ ကို စတင်ထုတ် ပြန်လေသည်။
စစ်သားများကို မိမိ ကိုင်ဆောင်မည့် လက်နက်ကို မိမိဘာသာ ယူလာစေပြီး ထိုအတွက် အခွန်ခများမှ ကင်းလွတ်ခွင့် ရလေသည်။ ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်ပုံစံကို
ဖွဲ့စည်းရန် ပထမဆုံးအကြိမ် ကြိုးပမ်းမှု ဖြစ်လေသည်။ ထို ကြိုးပမ်းမှုကို ဂန်ဒန် ဆေး
(gundan-sei) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ကြပြီး ခေတ္တခဏမျှသာ ကြာမြင့်သည်ဟု ယုံကြည်
ယူဆကြလေသည်။
တိုင်းဟို ဥပဒေတွင် မင်းမှုထမ်းများကို အဆင့်
( 12 ) ဆင့် ခွဲခြား သတ်မှတ်ထားပြီး အဆင့် တစ်ဆင့်စီတွင် နောက်ထပ် ( 2 ) ဆင့် ထပ်မံ ခွဲခြားထားလေသည်။ ပထမဆုံးအဆင့်သည် အဆင့်မြင့်ဆုံး ဘုရင်၏ အကြံပေးအရာရှိ အဆင့် ဖြစ်လေသည်။ အဆင့် ( 6 ) နှင့် အောက်ကို ဆာမူရိုင်းဟု သတ်မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူကြရလေသည်။ ထိုဆာမူရိုင်းများမှာ အရပ်သား ဘုရင့် အမှုထမ်းများ ဖြစ်ကြသော်လည်း ထိုမှ ဆင်းသက်လာသည်။ စစ်တိုက်ရာတွင် ထူးချွန်သော သူများကိုလည်း ဆာမူရိုင်းဘွဲ့ပေး၍ ဆာမူရိုင်းအဖြစ် ချ ီးမြင့် မြှောက်စားလေ့ ရှိကြသည်။
အဲအိအန်ခေတ်ဟု ခေါ်သော ( 8 ) ရာစု နှောင်းပိုင်း နှင့် ( 9 ) ရာစု အစောပိုင်းတွင် ကမ်မု ဘုရင် (Emperor Kammu) သည် သူ၏ အာဏာစက်ကို ဟွန်ရှုး မြောက်ပိုင်းသို့ ဖြန့်ကျက် စည်းရုံးရန် ကြိုးစား ခဲ့လေသည်။ သို့သော် ပုန်ကန်သော အဲမိရှိ ပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ်ခဲ့သော စစ်တပ်မှာ စည်းကမ်းနှင့် စိတ်ဓါတ် ကင်းမဲ့သဖြင့်
အောင်မြင်နိုင်ခြင်း မရှိခဲ့ချေ။ ကမ်းမူ ဘုရင်က ဆဲအိတိုင်း ရှိုးဂန်း (Seiitaishogun) သို့မဟုတ် ရှိုးဂန်း ဟူသော ဘွဲ့ကို စတင်ထုတ်ဖော်ခဲ့ပြီး အဲမိရှိ တို့ကို အောင်နိုင်ရန်အတွက် အလွန် တိုက််ခိုက်အားကောင်းသော ဒေသခံဂိုဏ်းတို့ အပေါ်တွင် စတင်မှီခို အားထားလာခဲ့လေသည်။ မြင်းစီး တိုက်ခိုက်ခြင်းနှင့် လေးမြှား အတက်တို့တွင် ကျွမ်းကျင်သော ထိုလူမျူ ိးစု စစ်သည်တို့သည် သူပုန်တို့ကို နှိမ်နင်းရန် အတွက် ဘုရင်၏ စိတ်ကြိုက်လက်နက် ဖြစ်လာခဲ့သည်။ ထိုစစ်သူရဲတို့သည် ထိုအချိန် ( 7 ရာစုမှ 9 ရာစု အထိ ) က ပညာတက်မြောက်ကောင်း တက်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံး အရာရှိတို့က သူတို့အား အရိုင်းစိုင်းများထက် အနည်းငယ်သာသည်ဟု မှတ်ယူခဲ့ကြလေသည်။
နောက်ဆုံးတွင် ကမ်းမူ ဘုရင်သည် သူ၏ စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှ၍
ဘုရင့်အာဏာစက်သည် တဖြေးဖြေး လျော့ပါးလာခဲ့လေသည်။ ဘုရင်သည် အုပ်ချူ ပ်သူ ဖြစ်နေသေးသော်လည်း ကျူ ိတိုပတ်ဝန်းကျင်ရှိ အာဏာပြင်းသော ဂိုဏ်းတို့က ၀န်ကြီးအဆင့်ကို မိမိတို့ဘာသာ ရယူကြလေသည်။ သူတို့
ဆွေမျူ ိးများကို နယ်ဝန်များအဖြစ် ခန့်အပ်ကြလေသည်။ သူတို့၏ ကြွယ်ဝ
ချမ်းသာမှုကို တိုးပွားစေရန်နှင့် သူတို့၏ အကြွေးများ ပြန်လည် ပေးဆပ်ရန် အတွက် နယ်ဝန်တို့သည် အခွန်အခများကို အဆမတန် ကောက်ခံကြသဖြင့် လယ်သမားအများစု လယ်ယာမဲ့ကြကုန်လေသည်။
ဆင်းရဲမွဲတေမှု မြင့်မားလာပြီး ခိုးမှု ဓါးပြမှုများ ထူပြောလာသည့်အခါ ဂိုဏ်းများသည်
ကန်တိုလွင်ပြင်များရှိ နယ်နှင်ခံထားရသူများကို စတင်၍ အလုပ်ခန့်လာကြလေသည်။ ပြင်းထန် ကြမ်းတမ်းသော ကိုယ်ခံပညာ သင်ကြားထားခဲ့မှုများကြောင့်
ထိုသူတို့သည် အသုံးဝင်သော
အစောင့်ရှောက်များ ဖြစ်လာခဲ့ကြသည်။ အခွန်ကောက်ခံသူများကို တချူ ိ့က စောင့်ကြပ် လိုက်ပါကြပြီး သူတို့ပါရှိရုံနှင့်ပင် သူခိုး ဓါးမြများ၏ တိုက်ခိုက်မှုမှ ဟန့်တားပြီးသား ဖြစ်ခဲ့လေသည်။ သူတို့မှာ ကြေးစားလက်နက်ကိုင် ဆာမူရိုင်း ဖြစ်ကြပြီး သူတို့၏ သီးခြားလက်နက်ကိုင် တပ်ဖွဲ့မှာ အလျင်အမြန်ပင် ထင်ပေါ်
ကျော်ကြားလာခဲ့လေသည်။
ကာကွယ်ရေး သဘောတူညီချက်များနှင့် နိုင်ငံရေး ပေါင်းစည်းမှုများကြောင့် သူတို့၏ နိုင်ငံရေး
အာဏာသည် တစ်စ တစ်စ တိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ပုံမှန်အုပ်ချူ ပ်ရေးထက်ပင် သာလွန်လာခဲ့လေသည်။ အချူ ိ့သော ဂိုဏ်းများသည် နန်းတော်မှ ခန့်အပ်ထားသော အရာရှိများကို သူတို့၏ မြေများကို အုပ်ချူ ပ်ရန်နှင့် အခွန်ခများကို ကောက်ယူရန် စေလွှတ်သောအခါများတွင် ကာကွယ်ရန် မိမိဘာသာ လက်နက်ကိုင်ထားကြသော အဖွဲ့စည်းများ ဖြစ်ကြသည်။ ထိုဂိုဏ်းများသည် ၄င်းတို့ထက် အင်အားကြီးမားသော ဂိုဏ်းများ၏ ရန်မှ ကင်းဝေးစေရန် သူတို့အချင်းချင်း မဟာမိတ် ဖွဲ့ထားကြလေသည်။
ဟဲအိအန် (Heian) ခေတ်၏ အလယ်ပိုင်းသို့ ရောက်သောအခါ သူတို့သည် ဂျပန်သံချပ်ကာ ၀တ်စုံ နှင့် လက်နက်များကို စတင်အသုံးပြုလာကြပြီး ဘူရှီဒို ခေါ် သူတို့၏ ကျင့်ဝတ်များကို စတင် အုတ်မြစ်ချလာခဲ့ကြသည်။ ဆာမူရိုင်း စစ်သူရဲတို့သည် မိမိတို့ဘာသာ စစ်သူရဲ လမ်းစဉ် သို့မဟုတ် ဘူရှိဒို ကို လိုက်နာကျင့်သုံးသူများ အဖြစ် ခံယူကြလေသည်။ ဂျပန် အဘိဓာန် တွင် ဘူရှိဒို ဟူသော စကားလုံးကို ရှိုဂက်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု ဖွင့်ဆိုထားပြီး မူရိုမာချီ (Muromachi) သို့မဟုတ် ချူ ဆေး (chusei) ခေတ်တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည် ယူဆချက် ဟု ဖွင့်ဆိုထားလေသည်။
ကနဦး အစတည်းကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း ၊ တာဝန်ကို ကျေပြွန်စွာ ထမ်းဆောင်ခြင်း စသည့် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုမူနှင့် လမ်းစဉ်ဟု ယုံကြည်ခဲ့ကြလေသည်။
အမျူ ိးသမီး ဆာမူရိုင်း
တကယ်တမ်းတော့ သူ့တို့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha(အွန်နာ-ဘူဂေးရှား) လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲကောင်း ဖြစ်ပါတယ်။
ဆာမူရိုင်းဆိုတာကလည်း လူမျူ ိးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ ့ အထက်တန်းစားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်းဟာ ဂျပန်နိုင်ငံရဲ့ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးစသည့် ကဏ္ဍတစ်ခုကနေ ပါဝင်ခဲ့ပါတယ်။
အမျူ ိးသမီးများအနေနဲ့ လက်နက်ပေါင်းစုံ ကိုင်တွယ်တတ်ရေး လေ့ကျင့်သင်ကြားခြင်းဖြင့် အရည်အချင်း ပြည့်ဝရင် Onna-bugeisha (အွန်နာ ဘူဂေးရှား) လို့ အသိအမှတ်ပြုခံရတဲ့
အမျူ ိးသမီး သူရဲကောင်း အဖြစ် အသိအမှတ်
ပြုခံရပါတယ်။
အမျူ ိးသား တိုက်ခိုက်ရေးသမား နည်းပါးမှုကို ဖြေရှင်းဖို့အတွက် ဆာမူရိုင်းတို့ဟာ
အမျူ ိးသမီးများ လေ့ကျင့်သင်ကြားပေးရင်း Onna Bugeisha လို့ခေါ်တဲ့ အမျူ ိးသမီးသူရဲကောင်း လူတန်းစား တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ရှိုးဂန်း
ရှိုးဂန်းဆိုတာကတော့ နယ်စား သို့မဟုတ် စစ်သူကြီး ဆာမူရိုင်းကို ခေါ်တာဖြစ်ပါတယ်။ သူကတော့ ဘုရင်က ခန့်အပ်ထားတဲ့ စစ်သေနာပတိ သို့မဟုတ် ဗိုလ်ချူ ပ်ကြီး ရာထူးတခုပါပဲ။
ဒိုင်မြို
ဒိုင်မြိုဆိုတာကတော့ မြို့စား နယ်စား သို့မဟုတ် နယ်တစ်ခုကို ကိုယ်ပိုင်အုပ်ချူ ပ်ခွင့်ရတဲ့ သူကို ခေါ်တာပါ။
နင်ဂျာ
နင်ဂျာကတော့ ဆာမူရိုင်းတွေရဲ့ လက်အောက်မှာ အမှုထမ်းကြတဲ့ လျှူ ိ့ဝှက် အထူးစစ်သည်တွေ ဖြစ်ပြီး စစ်ပွဲအတွင်း လျှူ ိ့ဝှက်စွာ လှုပ်ရှားရသော အချိန်များတွင် အသုံးပြုကြသည်။ တချူ ိ့သော နင်ဂျာများသည် ကြေးစားလူသတ်သမားများ အဖြစ်လည်း လှုပ်ရှားလေ့ရှိကြသည်။
နင်ဂျာများကို ခေတ်အဆက်ဆက် ဂျပန်ပြည်စစ်ပွဲများ၌ လျှူ ိ့ဝှက်စစ်ဆင်ရေးများတွင် အသုံးပြုခဲ့ကြပြီး ဒုတိယကမ္ဘာစစ်အတွင်း၌ပင် အသုံးပြုခဲ့ကြောင်း
တချူ ိ့မှတ်တမ်းများက ဆိုကြသည်။ ယနေ့ခေတ်တွင်လည်း နင်ဂျာတပ်ဖွဲ့များကို ဖွဲ့စည်းထားလေ့ရှိပြီး အီရန်နိုင်ငံတွင် ၂၀၁၀ ဝန်းကျင်ခန့်က အီရန်စစ်တပ်အတွင်း နင်ဂျာသင်တန်းများ ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
ရိုနင်
ရိုနင်ဆိုတာကတော့ သခင်မဲ့ ဆာမူရိုင်းတွေ ဖြစ်ပါတယ်။ ရိုနင် အဆင့်ရောက်သွားတဲ့ ဆာမူရိုင်းဟာ သူ့ပတ်ဝန်းကျင်မှာ အနှိမ်ခံရတတ်ပါတယ်။ ဆာမူရိုင်းတွေမှာ ရှိုးဂန်း အဆင့်ဆင့် ပြောင်းလဲမှုမှာ ဆက်လက် အမှုထမ်းခွင့်ရှိတယ်လို့ ဆိုပါတယ်။ ရိုနင် အဆင့်ရောက်တဲ့ ဆာမူရိုင်းဟာ များသောအားဖြင့် ရှိုးဂန်း အသက်ရှင်စဉ် မှာ ပြစ်မှုတခုခု
ကျူ းလွန်မိသောကြောင့် ဆာမူရိုင်းအဖြစ် ရုတ်သိမ်းခံရသူတွေ များပါတယ်။ အကယ်၍ ရှိုးဂန်း ကျဆုံး ကွယ်လွန် ဖြစ်ခဲ့ရင် သူ့အရိုက်အရာကို ဆက်ခံတဲ့သူထံမှာ ဆက်လက်အမှုထမ်းခွင့် ရပါတယ်။ ဂျပန်နယ်စားတွေမှာ များသောအားဖြင့် မီဂျီခေတ်မတိုင်ခင်က နယ်စားတွေ နယ်လုစစ်ပွဲတွေ မကြာခဏ ဖြစ်ခဲ့ကြလို့ တကယ်လို့ ရှိုးဂန်းတဦးရဲ့ နယ်ကို တခြားရှိုးဂန်းတဦးက သိမ်းပိုက်နိုင်ခဲ့ရင် ရှိုးဂန်းဟာ ဟာရာကိရိ လုပ်ကြတယ်လို့ ဆိုပါတယ်။ သူနဲ့ အတူ တိုက်ပွဲမှာ မသေပဲကျန်တဲ့ ဆာမူရိုင်းတွေဟာလည်း ဟာရာကိရိ လုပ်သွားကြပါတယ်။ ရှိုးဂန်းတယောက်မှာ ဆာမူရိုင်း အများကြီးမရှိပါဘူး။ ဆာမူရိုင်း တယောက်ရဲ့ အောက်မှာမှ နင်ဂျာက လျူ ိ့ဝှက် အမှုထမ်းအဖြစ် နေကြပါတယ်။ သူတို့တွေလည်း ဆာမူရိုင်းတွေ ဟာရာကိရိ လုပ်သလို လုပ်ကြပါတယ်။ သူတို့ အသိစိတ်ဓါတ်နဲ့ သူတို့ လုပ်ကြတာပါ။ အဲ့ဒီလို မလုပ်သူတွေကတော့ ရိုနင်အဆင့် ရောက်သွားပါတယ်။ ဟာရာကိရိ လုပ်ပုံတွေကိုတော့ မတင်ပေးတော့ပါဘူး။ ကြောက်စရာကောင်းလို့ပါ။ ဟာရာကိရ်ိဆိုတာ ဟာရာ= ဗိုက် ကိရိ = ခွဲဖြတ်ခြင်း လို့ အဓိပ္ပါယ်ရပါတယ်။
ဟာရာကိရိလုပ်နည်း
ဟာရာကိရိလုပ်ပြီး သတ်သေမယ့်လူဟာ ဗိုက်ကို အူရှိမယ့်နေရာတည့်တည့်ကို ဖောက်ပြီး ဓားနဲ့ ၃ ချက် ဘယ်ညာထိုးခွဲပြီး ဝှေ့ပစ်ရတယ်။ ပြီးတော့ နောက်ကတစ်ယောက်က သူ့လည်ကို တိကနဲ ခေါင်းဖြတ်ကျသွားတဲ့အထိ ဖြတ်ပေးရတယ်။ ဂျပန်တွေက အသက်ထက် အရှက် သိက္ခာကို ပိုပြီး အလေးထားကြတယ် စစ်ရှုံးတဲ့ စစ်သူကြီးတိုင်းဟာ ဟာရာကိရိလုပ်လေ့ရှိတယ်။ ဒုတိယကမ္ဘာစစ်အထိ ဟာရာကိရိလုပ်ပြီး သေသွားတဲ့စစ်သည်တွေဟာ တိုက်ပွဲမှာ ကျဆုံးတဲ့ဦးရေ နီးပါးရှိတယ်လို့
ပြောကြတယ်။ နောက်ထပ် ဟာရာကိရိလုပ်နည်းတွေ များစွာရှိပါသေးတယ်။ ဆေပူကေလို့ခေါ်တဲ့ ဟာရာကိရိ လုပ်နည်းဆိုတာက အဆင့်မြင့် ဟာရာကိရိ
လုပ်ခြင်းပါ။ ဗိုက်ကို ကန့်လန့် ဇစ်ဇိုက် ထောင်လိုက်ခွဲဖြတ်ခြင်းပဲ ဖြစ်ပါတယ်။
ဂျပန်တွေဟာ ရှိုးဂန်းထက် ဆာမူရိုင်းတွေကို ပိုချစ်တတ်ကြပါတယ်။ သူတို့ရဲ့ ကိုးကွယ်မှုတွေမှာ ကိုယ့်ကိုယ်ကိုယ် ဟာရာကိရိ လုပ်သွားတဲ့ ဆာမူရိုင်းတွေ ပါပါတယ်။ သူတို့ဟာ ဆာမူရိုင်းတွေကို အလေးထားပါတယ်။
‪#‎SwamHtet‬
Ref: History of Samurai (Wiki)

Sai Sithu
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)