Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 13, 2016

ဆယ်လီကြီးလေးဦးရဲ့ ဖေ့စ်ဘွတ် profile ကို ကျပ် ၇၁ သိန်းနဲ့ တစ်လစာ လေလံ





၇၁ သိန်းနဲ့ လေလံရသွားတဲ့ ဖေ့စ်ဘွတ်ဆယ်လီကြီးလေးဦးရဲ့ profile

ဒီလိုအလှူမျိုး ယခင်က တစ်ကြိမ်မှမရှိခဲ့ဖူးပါဘူး။

အစီအစဉ်တင်ဆက်သူ ကိုမောင်မောင်အေးရဲ့ ဖေ့စ်ဘွတ်ပရိုဖိုင်း

လူမှုကွန်ရက်ဖေ့စ်ဘွတ်ပေါ်မှာ လူသိများတဲ့ ဆယ်လီကြီးလေးဦးရဲ့ ဖေ့စ်ဘွတ် profile ကို ကျပ် ၇၁ သိန်းနဲ့ တစ်လစာ လေလံတင်နိုင်ခဲ့ပါတယ်။
follow ပြုလုပ်သူပေါင်း ၂၅၀,၀၀၀ ကျော် ရှိသော ပန်ဆယ်လိုအကောင့်



အစီအစဉ်တင်ဆက်သူ Mg Mg Aye၊ ကားသတင်းတွေကို အဆက်မပြတ်တင်ပေးလေ့ရှိတဲ့ အရည်ကြိုနဲ့ အခြားလူကြိုက်များ နာမည်ကြီးအကောင့်နှစ်ခုဖြစ်တဲ့ Yae Tay Za (ယခင်အမည် တောကဘကြီး) နဲ့ အိအိမွန် (ယခင်အမည် ပန်ဆယ်လို)တို့ရဲ့ profile လေးခုတွဲကို လေလံတင်ခဲ့တာပါ။ အကောင့်ပိုင်ရှင်တွေက သူတို့ရဲ့ဖေ့စ်ဘွတ်အကောင့်မှာ လေလံအောင်သူရဲ့လုပ်ငန်းကို တစ်လတိတိကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။


ဇွန်လ ၁၂ ရက် ည ၁၂ နာရီအတိ လေလံပိတ်ချိန်မှာတော့ Anycall Mobile က အဆိုပါအကောင့်လေးခုလုံးရဲ့ profile ကို ကျပ် ၇၁ သိန်းနဲ့ လေလံအောင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၇၁ နှစ်ပြည့် မွေးနေ့အဖြစ် ကျပ် ၇၁ သိန်း ပေးပြီး လေလံဆွဲခဲ့တာဖြစ်တယ်လို့ Anycall ရဲ့ပိုင်ရှင် ကိုမျိုးက ပြောပါတယ်။ လာမယ့် ၁၉ ရက်နေ့မှာတော့ Mg Mg Aye၊ အရည်ကြို၊ Yae Tay Za နဲ့ အိအိမွန် ဖေ့စ်ဘွတ်အကောင့်တွေမှာ Anycall Mobile Distribution, Sale & Service ရဲ့ ပုံတွေကို တစ်ပြိုင်နက်တည်း ပြောင်းကြမှာဖြစ်ပြီး ယင်းလုပ်ငန်းကို တစ်လတိတိကြော်ငြာပေးသွားမှာ ဖြစ်ပါတယ်။

တောကဘကြီးအကောင့်မှာ follow ပြုလုပ်သူပေါင်း ၁၁၀,၀၀၀ ကျော်ပါတယ်။

ဒါ့ပြင် လေလံဆွဲရာမှာ ရရှိခဲ့တဲ့ ကျပ် ၇၁ သိန်းကိုလည်း ဇွန်လ ၁၉ ရက်မှာပဲ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို အလှူရှင်နဲ့တကွ သွားရောက်လှူဒါန်းကြမယ်လို့ သိရပါတယ်။ ဒီလိုအလှူမျိုး ယခင်က မရှိခဲ့ဖူးတာကြောင့် မြန်မာနိုင်ငံရဲ့ ထူးခြားဆန်းသစ်တဲ့ အလှူတစ်ခုလည်း ဖြစ်လာပါတယ်။

Source : Mg Mg Aye Facebook

Credit: duwun

No comments:

Post a Comment