Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 15, 2016

ဇူလိုင္ ၇ ရက္ေန႔အမွီ “Moments” ဆိုတဲ့ App ကုိ မထည့္သြင္းရင္ သင့္ Facebook က ဓါတ္ပံုမ်ား အားလံုး ဖ်က္ဆီးခံရမည္

Facebook က အက္ပလီေကးရွင္း အသစ္တစ္ခုကို ထုတ္လုပ္လိုက္ျပန္ပါၿပီ။ အဲဒီအက္ပလီေကးရွင္း ကေတာ့ “Moments” ဆိုတဲ့ အက္ပလီေကးရွင္း ျဖစ္ၿပီး ထို အက္ပလီေကးရွင္းကို ဇူလိုင္ ၇ ရက္ေန႔ ေနာက္ဆံုးထားၿပီး install မလုပ္ဖူးဆိုရင္ သင့္ရဲ ႔ ပင္မ Facebook အက္ပလီေကးရွင္းနဲ႔ သင့္ Facebook အေကာင့္ ေပၚမွာ Sync ျပဳလုပ္ၿပီး တင္ထားခဲ့တဲ့ ဓါတ္ပံုေတြအားလံုးကို ဖ်က္ပစ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။

Facebook အသံုးျပဳသူ အမ်ားစုက ဓါတ္ပံုေတြကို Sync လုပ္တဲ့ လုပ္ေဆာင္ခ်က္ တစ္ခုကို အသံုးျပဳခဲ့ၾကပါတယ္။ အဲဒီ လုပ္ေဆာင္ခ်က္ကိုေတာ့ ၂၀၁၂ ခုႏွစ္မွာ စတင္မိတ္ဆက္ခဲ့ၿပီး အသံုးျပဳသူေတြရဲ ႔ စမတ္ဖုန္းေတြက တဆင့္ လူမႈ ကြန္ယက္ေပၚမွာ ဓါတ္ပံုေတြ အကန္႔အသတ္ မရွိ Upload ျပဳလုပ္ခြင့္ေပးတဲ့ လုပ္ေဆာင္ခ်က္ပါ။ ဒီလုပ္ေဆာင္ခ်က္ဟာ Google ရဲ ႔ Photos ၊ Yahoo ရဲ ႔ Flickr နဲ႔ Apple ရဲ ႔ iCloud Photos တို႔လိုပဲ ဓါတ္ပံုေတြ အရံသိမ္းဆည္းမႈ(Back Up) ျပဳလုပ္တဲ့ လုပ္ေဆာင္ခ်က္မ်ိဳးပဲ ျဖစ္ပါတယ္။

ဒါေပမယ့္ အခုခ်ိန္မွာေတာ့ Facebook ကုမၼဏီဟာ အသံုးျပဳသူေတြကို “Facebook” ဆိုတဲ့ ပင္မ အက္ပလီေကးရွင္းမွာ ဓါတ္ပံုေတြ သိမ္းဆည္းထားခြင့္မျပဳေတာ့ပဲ “Moments” ဆိုတဲ့ အက္ပလီေကးရွင္း ထဲမွာပဲ သိမ္းဆည္း သိုေလွာင္ခြင့္ျပဳေတာ့မွာပါ။ ဒါေၾကာင့္ အဲဒီ Moments အက္ပလီေကးရွင္းမရွိရင္ သင့္ ဖုန္းက တဆင့္ Facebook ကို Sync လုပ္ခဲ့သမွ် ဓါတ္ပံုေတြဟာ အလိုလို ေပ်ာက္ကြယ္သြားမွာ ျဖစ္ပါတယ္။

မၾကားေသးမီကလည္း Facebook ဟာ အလားတူ လုပ္ရပ္မ်ိဳးလုပ္ခဲ့ဖူးပါတယ္။ အဲဒီ လုပ္ရပ္ကေတာ့ Messenger ဆိုတဲ့ အက္ပလီေကးရွင္းကို မထည့္သြင္းထားရင္ Facebook မွာ မက္ေဆ့ဂ်္ေပးပို႔တဲ့ Messenger လုပ္ေဆာင္ခ်က္ကို သံုးလို႔မရဘူးဆိုတဲ့ မထည့္မေနရ ဖိအားေပးတဲ့ လုပ္ရပ္ပဲ ျဖစ္ပါတယ္။
TrendMyanmar
.........
ဇူလိုင် ရ ရက်နေ့အမှီ “Moments” ဆိုတဲ့ App ကို မထည့်သွင်းရင် သင့် Facebook က ဓါတ်ပုံများ အားလုံး ဖျက်ဆီးခံရမည်

Facebook က အက်ပလီကေးရှင်း အသစ်တစ်ခုကို ထုတ်လုပ်လိုက်ပြန်ပါပြီ။ အဲဒီအက်ပလီကေးရှင်း ကတော့ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ဖြစ်ပြီး ထို အက်ပလီကေးရှင်းကို ဇူလိုင် ရ ရက်နေ့ နောက်ဆုံးထားပြီး install မလုပ်ဖူးဆိုရင် သင့်ရဲ ့ ပင်မ Facebook အက်ပလီကေးရှင်းနဲ့ သင့် Facebook အကောင့် ပေါ်မှာ Sync ပြုလုပ်ပြီး တင်ထားခဲ့တဲ့ ဓါတ်ပုံတွေအားလုံးကို ဖျက်ပစ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Facebook အသုံးပြုသူ အများစုက ဓါတ်ပုံတွေကို Sync လုပ်တဲ့ လုပ်ဆောင်ချက် တစ်ခုကို အသုံးပြုခဲ့ကြပါတယ်။ အဲဒီ လုပ်ဆောင်ချက်ကိုတော့ ၂၀၁၂ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူတွေရဲ ့ စမတ်ဖုန်းတွေက တဆင့် လူမှု ကွန်ယက်ပေါ်မှာ ဓါတ်ပုံတွေ အကန့်အသတ် မရှိ Upload ပြုလုပ်ခွင့်ပေးတဲ့ လုပ်ဆောင်ချက်ပါ။ ဒီလုပ်ဆောင်ချက်ဟာ Google ရဲ ့ Photos ၊ Yahoo ရဲ ့ Flickr နဲ့ Apple ရဲ ့ iCloud Photos တို့လိုပဲ ဓါတ်ပုံတွေ အရံသိမ်းဆည်းမှု(Back Up) ပြုလုပ်တဲ့ လုပ်ဆောင်ချက်မျိုးပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အခုချိန်မှာတော့ Facebook ကုမ္မဏီဟာ အသုံးပြုသူတွေကို “Facebook” ဆိုတဲ့ ပင်မ အက်ပလီကေးရှင်းမှာ ဓါတ်ပုံတွေ သိမ်းဆည်းထားခွင့်မပြုတော့ပဲ “Moments” ဆိုတဲ့ အက်ပလီကေးရှင်း ထဲမှာပဲ သိမ်းဆည်း သိုလှောင်ခွင့်ပြုတော့မှာပါ။ ဒါကြောင့် အဲဒီ Moments အက်ပလီကေးရှင်းမရှိရင် သင့် ဖုန်းက တဆင့် Facebook ကို Sync လုပ်ခဲ့သမျှ ဓါတ်ပုံတွေဟာ အလိုလို ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်။

မကြားသေးမီကလည်း Facebook ဟာ အလားတူ လုပ်ရပ်မျိုးလုပ်ခဲ့ဖူးပါတယ်။ အဲဒီ လုပ်ရပ်ကတော့ Messenger ဆိုတဲ့ အက်ပလီကေးရှင်းကို မထည့်သွင်းထားရင် Facebook မှာ မက်ဆေ့ဂျ်ပေးပို့တဲ့ Messenger လုပ်ဆောင်ချက်ကို သုံးလို့မရဘူးဆိုတဲ့ မထည့်မနေရ ဖိအားပေးတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
TrendMyanmar

No comments:

Post a Comment