Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 18, 2016

မြန်မာနိုင်ငံရဲ့ ဘာသာစကားရွေးချယ်မှုကို ရန်တိုက်ပေးလိုက်တဲ့ Facebook


By Aung Ko Htet -

မြန်မာ့အွန်လိုင်းလောကမှာ လူအသုံးများဆုံးဘာသာစကား တစ်ခုဖြစ်တဲ့ ဇော်ဂျီ ဘာသာစကားကို ပယ်ဖျက်ကာ ယူနီကုဒ် ဘာသာစကားကို ကမ္ဘာ့စံသတ်မှတ်ဘာသာစကားအဖြစ် အသိမှတ်ပြုအောင် ကြိုးစားဆောင်ရွက်နေကြတဲ့ မြန်မာ့ ကွန်ပျူတာပညာရှင်များ ကြိုးစားမှု အရာမထင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကို Facebook ကလုပ်ဆောင်လိုက်ပါတယ်။ ယခင်က Facebook အနေနဲ့ မြန်မာနိုင်ငံအတွက် ဘာသာစကားရွေးချယ်မှုကို ယူနီကုဒ် ဘာသာစကားအား ထည့်သွင်းပေးထားပေမဲ့ လက်ရှိအချိန်မှာတော့ Zawgyi ကိုပါ ထပ်မံ ထည့်သွင်းပေးလိုက်ပြီဖြစ်ပါတယ်။

ယူနီကုဒ် ဘာသာစကားဟာ မြန်မာနိုင်ငံအတွက် စံသတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ဘာသာစကားအဖြစ် မြန်မာနိုင်ငံမှာ လူသုံးများနေတဲ့ ကမ္ဘာ့နည်းပညာ Company ကြီးတွေမှာ ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ သို့ပေမဲ့ အသုံးပြုသူတို့အနေနဲ့ ဇော်ဂျီ ဘာသာစကားကိုသာ စွဲစွဲမြဲမြဲ အသုံးပြုနေကြပါတယ်။ ယူနီကုဒ် ဘာသာစကားကို အသုံးပြုသူများဟာလည်း နည်းပညာ အသိုင်းအဝိုင်းက လူတွေသာ အသုံးပြုကြတာပိုများပါတယ်။ ဒီလို အဆင်မပြေမှုဟာ Samsung မိုဘိုင်းဖုန်းများမှာ မြန်မာနိုင်ငံအတွက် ဘာသာစကားရွေးချယ်မှု ထည့်သွင်းပေးချိန်တုန်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ Samsung အနေနဲ့ ယူနီကုဒ်ဟာ စံသတ်မှတ်ချက်များနဲ့ ကိုက်ညီတဲ့ ဘာသာစကားဖြစ်သော်ငြားလဲ ဇော်ဂျီကိုသာ ထည့်သွင်းပေးတဲ့အတွက် မြန်မာကွန်ပျူတာပညာရှင်များကြားမှာ အနည်းငယ် ဒေါခွီးစရာ ဖြစ်ပေါ်လာခဲ့ပါသေးတယ်။ နောက်မှ Samsung ရဲ့ ရွေးချယ်မှုဟာ ဇော်ဂျီဘာသာစကားရော ယူနီကုဒ်ဘာသာစကားရော နှစ်မျိုးစလုံးကို ဘာသာစကားရွေးချယ်မှုထဲမှာ ထည့်သွင်းပေးလိုက်ရတဲ့ အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။

အခုဆိုရင်လည်း Facebook က မြန်မာဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီဘာသာစကားကိုပါထပ်မံ ထည့်သွင်းပေးလိုက်တဲ့အတွက်ကြောင့် ယူနီကုဒ်ကို ကမ္ဘာ့အသိမှတ်ပြုဘာသာစကားဖြစ်အောင် ကြိုးစားနေကြတဲ့ မြန်မာ့ ကွန်ပျူတာ ပညာရှင်တို့က အမြတ်ထွက်နေကြလေရဲ့။ ဒါ့အပြင် Apple ရဲ့ အသစ်ထွက်မဲ့ iOS မှာလည်း ယူနီကုဒ်ဘာသာစကားကိုသာ ထည့်သွင်း အသုံးပြုခွင့်ပေးတော့မယ်ဆိုတဲ့ သတင်းတွေကြောင့် အသုံးပြုသူများအနေနဲ့ အခက်တွေ့စေတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်နေပါတယ်။ ဒါပေမဲ့ Facebook ကတောင် အခုလို ဇော်ဂျီဘာသာစကားကို သုံးပြုခွင့်ပေးလိုက်ပြီဆိုတော့ မြန်မာနိုင်ငံမှာ အခြားလူသုံးများတဲ့ ကမ္ဘာ့နည်းပညာ Company တွေကရော ဇော်ဂျီဘာသာစကားကို ထောက်ပံ့ပေးမှာလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါတော့မယ်။

Facebook ရဲ့ ဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီဘာသာစကားကို အထောက်အပံ့ပေးခဲ့တဲ့အတွက် ကြိုးစားမှု အရာမထင်ဖြစ်ခဲ့လေခြင်းဆိုပြီး Facebook က အသဲခွဲသူ၊ ဇော်ဂျီက စနှိုက်ကျော် ဆိုပြီး ယူနီကုဒ် အသုံပြုသူ မြန်မာ့ကွန်ပျူတာ ပညာရှင်များက သမုတ်ကြကုန်လေရဲ့ ။ မြန်မာနိုင်ငံရဲ့ ဘာသာစကားလုပွဲမှာ “ငါ” ဆိုတဲ့ စကားလုံးကိုဖြုတ်ပြီး တကယ်အသုံးပြုနေကြတဲ့ အသုံးပြုသူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်သင့်ပြီး အတူတူပူပေါင်းသွားရင်တော့ မြန်မာ့နည်းပညာလောကဟာ အခုထက် ပိုမို တိုးတက်လာမယ်လို့ မြန်မာဘာသာစကားအသုံးပြုသူတွေက ပြောကြားထားကြပါတယ်။

Aung Ko Htet (MMA)

#aungkohtet_mma
........

မြန်မာနိုုင်ငံရဲ့ ဘာသာစကားရွေးချယ်မှုကိုု ရန်တိုုက်ပေးလိုုက်တဲ့ Facebook
By Aung Ko Htet -

မြန်မာ့အွန်လိုုင်းလောကမှာ လူအသုုံးများဆုံုးဘာသာစကား တစ်ခုုဖြစ်တဲ့ ဇော်ဂျီ ဘာသာစကားကိုု ပယ်ဖျက်ကာ ယူနီကုုဒ် ဘာသာစကားကိုု ကမ္ဘာ့စံသတ်မှတ်ဘာသာစကားအဖြစ် အသိမှတ်ပြုအောင် ကြိုးစားဆောင်ရွက်နေကြတဲ့ မြန်မာ့ ကွန်ပျူတာပညာရှင်များ ကြိုးစားမှု အရာမထင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုုကိုု Facebook ကလုုပ်ဆောင်လိုုက်ပါတယ်။ ယခင်က Facebook အနေနဲ့ မြန်မာနိုုင်ငံအတွက် ဘာသာစကားရွေးချယ်မှုကိုု ယူနီကုဒ် ဘာသာစကားအား ထည့်သွင်းပေးထားပေမဲ့ လက်ရှိအချိန်မှာတော့ Zawgyi ကိုပါ ထပ်မံ ထည့်သွင်းပေးလိုုက်ပြီဖြစ်ပါတယ်။

ယူနီကုုဒ် ဘာသာစကားဟာ မြန်မာနိုင်ငံအတွက် စံသတ်မှတ်ချက်များနဲ့ ကိုုက်ညီတဲ့ ဘာသာစကားအဖြစ် မြန်မာနိုုင်ငံမှာ လူသုံုးများနေတဲ့ ကမ္ဘာ့နည်းပညာ Company ကြီးတွေမှာ ထည့်သွင်းပေးဖိုု့ တောင်းဆိုုခဲ့ကြပါတယ်။ သိုု့ပေမဲ့ အသုံုးပြုသူတိုု့အနေနဲ့ ဇော်ဂျီ ဘာသာစကားကိုုသာ စွဲစွဲမြဲမြဲ အသုံုးပြုနေကြပါတယ်။ ယူနီကုုဒ် ဘာသာစကားကိုု အသုံုးပြုသူများဟာလည်း နည်းပညာ အသိုုင်းအဝိုုင်းက လူတွေသာ အသုံုးပြုကြတာပိုုများပါတယ်။ ဒီလိုု အဆင်မပြေမှုဟာ Samsung မိုုဘိုုင်းဖုုန်းများမှာ မြန်မာနိုုင်ငံအတွက် ဘာသာစကားရွေးချယ်မှု ထည့်သွင်းပေးချိန်တုုန်းကလည်း ဖြစ်ပွားခဲ့ပါသေးတယ်။ Samsung အနေနဲ့ ယူနီကုုဒ်ဟာ စံသတ်မှတ်ချက်များနဲ့ ကိုုက်ညီတဲ့ ဘာသာစကားဖြစ်သော်ငြားလဲ ဇော်ဂျီကိုုသာ ထည့်သွင်းပေးတဲ့အတွက် မြန်မာကွန်ပျူတာပညာရှင်များကြားမှာ အနည်းငယ် ဒေါခွီးစရာ ဖြစ်ပေါ်လာခဲ့ပါသေးတယ်။ နောက်မှ Samsung ရဲ့ ရွေးချယ်မှုဟာ ဇော်ဂျီဘာသာစကားရော ယူနီကုုဒ်ဘာသာစကားရော နှစ်မျိုးစလုံုးကိုု ဘာသာစကားရွေးချယ်မှုထဲမှာ ထည့်သွင်းပေးလိုုက်ရတဲ့ အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။

အခုုဆိုုရင်လည်း Facebook က မြန်မာဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီဘာသာစကားကိုုပါထပ်မံ ထည့်သွင်းပေးလိုုက်တဲ့အတွက်ကြောင့် ယူနီကုဒ်ကို ကမ္ဘာ့အသိမှတ်ပြုဘာသာစကားဖြစ်အောင် ကြိုးစားနေကြတဲ့ မြန်မာ့ ကွန်ပျူတာ ပညာရှင်တိုု့က အမြတ်ထွက်နေကြလေရဲ့။ ဒါ့အပြင် Apple ရဲ့ အသစ်ထွက်မဲ့ iOS မှာလည်း ယူနီကုုဒ်ဘာသာစကားကိုုသာ ထည့်သွင်း အသုံုးပြုခွင့်ပေးတော့မယ်ဆိုုတဲ့ သတင်းတွေကြောင့် အသုံုးပြုသူများအနေနဲ့ အခက်တွေ့စေတဲ့ အဖြစ်အပျက်တစ်ခုု ဖြစ်နေပါတယ်။ ဒါပေမဲ့ Facebook ကတောင် အခုုလိုု ဇော်ဂျီဘာသာစကားကိုု သုံုးပြုခွင့်ပေးလိုုက်ပြီဆိုုတော့ မြန်မာနိုင်ငံမှာ အခြားလူသုံုးများတဲ့ ကမ္ဘာ့နည်းပညာ Company တွေကရော ဇော်ဂျီဘာသာစကားကိုု ထောက်ပံ့ပေးမှာလားဆိုုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါတော့မယ်။

Facebook ရဲ့ ဘာသာစကားရွေးချယ်မှုမှာ ဇော်ဂျီဘာသာစကားကိုု အထောက်အပံ့ပေးခဲ့တဲ့အတွက် ကြိုးစားမှု အရာမထင်ဖြစ်ခဲ့လေခြင်းဆိုုပြီး Facebook က အသဲခွဲသူ၊ ဇော်ဂျီက စနှိုက်ကျော် ဆိုုပြီး ယူနီကုုဒ် အသုံုပြုသူ မြန်မာ့ကွန်ပျူတာ ပညာရှင်များက သမုုတ်ကြကုုန်လေရဲ့ ။ မြန်မာနိုုင်ငံရဲ့ ဘာသာစကားလုုပွဲမှာ “ငါ” ဆိုုတဲ့ စကားလုံုးကိုုဖြုတ်ပြီး တကယ်အသုံုးပြုနေကြတဲ့ အသုံုးပြုသူတွေအတွက် အဆင်ပြေအောင် လုုပ်ဆောင်သင့်ပြီး အတူတူပူပေါင်းသွားရင်တော့ မြန်မာ့နည်းပညာလောကဟာ အခုုထက် ပိုုမိုု တိုုးတက်လာမယ်လိုု့ မြန်မာဘာသာစကားအသုံုးပြုသူတွေက ပြောကြားထားကြပါတယ်။

Aung Ko Htet (MMA)

#aungkohtet_mma

No comments:

Post a Comment