Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 15, 2016

EPC ဝန်ထမ်း ဇနီးမောင်နှံအားတိုက်ပြီး ထွက်ပြေးမောင်းနှင် တိမ်းရှောင်နေတဲ့ 3H/6119 Canta ယာဉ်နှင့် facebook ပေါ်မှ ရိုက်ခတ်သံ


15-6-2016




ဤကဲ့သို့ EPCဝန်ထမ်းဇနီးမောင်နှံအား တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားသော လူမဆန်မိုက်ရိုင်းသည့် ယာဉ်မောင်းနှင့် 3H/6119 ၁၄ပေကင်တာအဖြူရောင် အုတ် သဲ ကျောက်ကားအား အချိန်မီဖမ်းဆီးအရေးယူပေးနိုင်ပါရန် နယ်မြေ(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရွာမ အင်းစိန်မြို့နယ်ရုံး အား အသိပေး အတိုင်ကြားအပ်ပါသည်။

ဓမ္မပါလ
14/6/2016
8း45 pm
..........

15-6-2016

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် EPC ရုံးမှ ဝန်ထမ်းများဖြစ်သော ကိုချမ်းသာ+ မထက်ထက်ဇနီးမောင်နှံတို့သည် ယမန်နေ့14/6/2016 ညနေ(၃း၃၀)နာရီအချိန်တွင် ဆိုင်ကယ်နှင့် မီတာဖတ် တာဝန်ကို ဆောင်ရွက်နေစဉ် ၊ အင်းစိန်မြို့စည်ပင်ဝင်းရှေ့အရောက် 3H/ 6119 အဖြူရောင်(၁၄)ပေကင်တာ ၊ နောက်တွင် အလုပ်သမား လေးငါးယောက်ခန့်ပါသော အုတ် သဲ ကျောက် (ပက်လက်)ကားမှ အရှိန်းပြင်းစွာတိုက်မိသည်ကို သိလျှက် ထွက်ပြေးမောင်းနှင်သွား ပါသည်။

၎င်းဖြစ်စဉ်ကို မျက်မြင်တွေ့လိုက်ရသော တာဝန်သိသူ ကိုဝင်းလွင်ဦးနှင့်Taxiအငှားယာဉ် တစ်စီးမှ ကူညီကာ ကားတိုက်မိ၍ သတိလစ်သွားသော ကိုချမ်းသာနှင့်ဇနီးမထက်ထက်မိုးအား အင်းစိန်ဆေးရုံသို့ လာရောက် ပို့ဆောင်ပေးခဲ့ပါသည်။

ကိုချမ်းသာတွင် ဦးခေါင်းပေါက်ကွဲနှင့် အခြားဒဏ်ရာများ မထက်ထက်မိုးတွင် ဦးခေါင်း(ဘယ်) အတွင်းကြေ ဖူးယောင်၊ ခါးနာနှင့်အခြားဒဏ်ရာများရရှိပြီး ဆေးရုံအတွင်းလူနာအဖြစ် ဆေးကုသမှုခံယူ နေရပါသည်။

ဤကဲ့သို့ EPCဝန်ထမ်းဇနီးမောင်နှံအား တိုက်ပြီး ထွက်ပြေးတိမ်းရှောင်သွားသော လူမဆန်မိုက်ရိုင်းသည့် ယာဉ်မောင်းနှင့် 3H/6119 ၁၄ပေကင်တာအဖြူရောင် အုတ် သဲ ကျောက်ကားအား အချိန်မီဖမ်းဆီးအရေးယူပေးနိူင်ပါရန် နယ်မြေ(၁)ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရွာမ အင်းစိန်မြို့နယ်ရုံး အား အသိပေး အတိုင်ကြားအပ်ပါသည်။

ဓမ္မပါလ
14/6/2016

8း45 pm

No comments:

Post a Comment