source : thesun.co.uk
..............................................................
Cupping Therapy ကုထုံးကြောင့် ကျောမှာအပေါက်ကြီး(၇)ပေါက် ကြွင်းကျန်ရစ်ခဲ့
By netsetaw - June 24, 2016
တရုတ်ရိုးရာပရဆေးပညာထဲမှာ ပါ၀င်တဲ့ Cupping Therapy ကုထုံးဟာ နာမည်ကျော်သရုပ်ဆောင်တွေ၊ သူဌေးတွေပင်
လျှင် ယုံကြည်စွာ ကုသမှုခံယူလေ့ရှိတဲ့ ကုထုံးဖြစ်ပါတယ်။ ခွက်ကလေးထဲမှာ ဆေးဘက်ဝင် သစ်ဥသစ်ဖုတွေကို မီးနဲ့အပူပေးပြီး နာကျင်နေတဲ့ ကြွက်သားတွေနေရာမှာ ခွက်မှောက်ပြီးကုတဲ့ ကုထုံးဖြစ်ပါတယ်။ ရှေးနှစ်ပေါင်း ထောင်ကျော်က လက်ခံကျင့်သုံးလာတဲ့ တရုတ်ရိုးရာဆေးပညာဖြစ်ပါတယ်။ ဒါပေမယ့် အရာရာတိုင်း ချွင်းချက်နဲ့သာ ပြည့်စုံတတ်တာမို့ ယခုအခါမှာလည်း ဒီ Cupping Therapy ကုထုံးကို ယုံကြည်မိလို့ လူတစ်ယောက်ရဲ့ ကျောမှာအပေါက်ကြီး(၇)ပေါက် ကြွင်းကျန် ရစ်ခဲ့ပါတယ်။ အဲဒီလူရဲ့နာမည်ကတော့ တရုတ်နိုင်ငံအနောက်ပိုင်း Chengdu ပြည်နယ်က တရုတ်အဘိုးအို
လီလင်းဖြစ်ပြီး အသက် (63)နှစ် ရှိပြီ ဖြစ်ပါတယ်။ လီဟာ သူရဲ့ လက်ပြင်ကြွက်သားနာကျင်မှုကို ဒီ Cupping Therapy ကုထုံးနဲ့ ပြောက်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ လီကို ကုတဲ့ကုထုံးမှာ ပရုပ်အေးကို အဓိကအခြေခံထားပြီး၊ ကြွက်သားတွေထဲကို စိမ့်ဝင်ပျော့ပြောင်းစေဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။
လီဟာ ဒီကုထုံးကို ဆက်ရှင် ဆယ်ကြိမ်အထိယူကာ ကုသမှုခံယူခဲ့ပါတယ်။ ဒါပေမယ့် တကယ့်ရလာဒ်မှာတော့ ထင်သလို
ဖြစ်မလာဘဲ လောင်ကျွမ်းနေတဲ့ဆေးနဲ့၊ ခွက်ရဲ့အပူဒဏ်ကြောင့် အလွန်အရုပ်ဆိုးတဲ့ အပေါက်ကြီးတွေ (၇)ပေါက်သာ တင်ကျန်ရစ်ခဲ့ပါတယ်တော့တယ်။ ဒါကို ဆရာဝန်ဆီမှာ သွားရောက်ပြသခဲ့ပေမယ့် နောက်ကျနေခဲ့လို့ သင့်တော်တဲ့ ကုသမှု မပေးနိုင်တော့ပါဘူး။ ဒီလိုဖြစ်စဉ်မျိုးကို နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ အမေရိကန် သရုပ်ဆောင်/အဆိုတော်/စာရေးဆရာမ Gwyneth Paltrow လည်း ဖြစ်ခဲ့ဖူးပြီး သူမရဲ့ကျောပြင်မှာလည်း ယခုအချိန်ထိ အမာရွတ်တွေ တင်ကျန်နေဆဲ
ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို သင်္ခန်းစာယူခြင်းအားဖြင့် Cupping Therapy ကုထုံးကို နာမည်ကျော်တွေ အရင်ကလောက် ယုံကြည်မှု ရှိနိုင်ပါတော့မလားဆိုတာကတော့ သံသယဖြစ်စရာ ကောင်းနေပါပြီ။
source : thesun.co.uk
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, June 26, 2016
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 26, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 26, 2016
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment