Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, June 1, 2016

ျမန္မာက်ပ္ေငြသည္ ၂၀၁၆ ၏ အာရွအေကာင္းဆံုး ေငြေၾကးဟုဆို

၂၀၁၆ ခုႏွစ္အတြင္း ျမန္မာက်ပ္ေငြသည္ အာရွအေကာင္းဆံုး ေငြေၾကးျဖစ္လာျပီး ယင္းမွာ ျမန္မာႏိုင္ငံသည္ အထီးက်န္ဘ၀မွ ႐ုန္းထြက္လာျခင္းအား ျပတ္ျပတ္ထင္ထင္ ညႊန္ျပေနျခင္းျဖစ္သည္ဟု Bloomberg သတင္းတပုဒ္က ဆိုသည္။
ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္သည့္ NLD ပါတီ ၂၀၁၅ ႏို၀င္ဘာ အေထြေထြ ေရြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ျပီးေနာက္ ႏိုင္ငံတြင္းသို႔ ျပည္ပမွ ေငြသားမ်ား စီး၀င္ေနျပီး ယင္းမွာ က်ပ္ေငြတန္ဖိုး ဆက္တက္လာရန္ အေျခခံေကာင္းမ်ားျဖစ္သည္ဟု ဆိုသည္။ ေငြေၾကးတန္ဖိုး ခိုင္မာမႈသည္ စီးပြားေရးတိုးတက္မႈအတြက္ အေရးပါျပီး သြင္းကုန္မ်ားကို ေစ်းသက္သာေစသည့္အျပင္ ေဒၚလာေငြျဖင့္ လုပ္ေဆာင္ရမည့္ အေျခခံအေဆာက္အဦးတည္ေဆာက္ေရး စီမံကိန္းမ်ားအတြက္ အစိုးရကို ၀န္ေပါ့ေစသည္ဟု General Electric ကုမၺဏီပိုင္ရွင္ အန္ဒရူးလီးက ေျပာသည္။ ၎သည္ အေမရိကန္ျပည္ေထာင္စုမွ ေမြးရပ္ ျမန္မာျပည္တြင္ စီးပြားေရးလုပ္ကိုင္ရန္ လြန္ခဲ့ေသာ ေလးႏွစ္ခန္႔က ျပည္ေတာ္ျပန္ခဲ့သူတဦးျဖစ္သည္။
“က်ပ္ေငြတန္ဖိုးတက္လာတာ တိုင္းျပည္စီးပြားေရးအတြက္ ေကာင္းပါတယ္။ အစိုးရသစ္က တိုင္းျပည္စီးပြားေရး ဦးေမာ့လာေအာင္ လုပ္ႏိုင္မယ္လို႔ ကြ်န္ေတာ္တို႔က ယံုၾကည္တယ္။ ဒါေပမယ့္ ျမန္မာႏိုင္ငံရဲ႕ အေျခခံအေဆာက္အဦးဖြံ႔ျဖိဳးတိုးတက္ေရးအတြက္ လုပ္စရာေတြအမ်ားၾကီးရွိေသးတယ္ဆိုတာလည္း ကြ်န္ေတာ္တို႔ သိပါတယ္”ဟု ၎က ေျပာသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၃၀ ခုႏွစ္အထိ လုပ္ေဆာင္မည့္ အေျခခံလိုအပ္ခ်က္မ်ားျဖစ္ေသာ လွ်ပ္စစ္မီးလံုေလာက္စြာရရွိေရး၊ လမ္းပန္းဆက္သြယ္မႈ ေကာင္းမြန္ေရးႏွင့္ နည္းပညာ စီမံကိန္းမ်ားအတြက္ ရင္ႏွီးျမွပ္ႏွံေငြ ေဒၚလာ ၈၀ ဘီလီယံခန္႔လိုအပ္မည္ျဖစ္သည္။ အာရွဖြံ႔ျဖိဳးေရးဘဏ္(ADB)ကလည္း ၂၀၁၆ ႏွင့္ ၂၀၁၇ အေစာပိုင္းအထိ္ ျမန္မာ့စီးပြားေရးတိုးတက္မႈ ၈ရာခိုင္ႏႈန္းခန္႔ရွိမည္ဟု ခန္႔မွန္းထားသည္။
မတ္ ၃၁ ကျပီးဆံုးခဲ့ေသာ ၂၀၁၅ ဘ႑ာေရးႏွစ္တြင္ ျပည္ပရင္းႏွီးျမွပ္ႏွံမႈပမာဏသည္ ေဒၚလာ ၉ ဒႆမ ၄၈ ဘီလီယံရွိျပီး ယင္းမွာ ယမန္ႏွစ္ထက္ ၁ ဒႆမ ၄၈ ဘီလီယံ တိုးလာျခင္းျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္းစာမ်ားက ေဖာ္ျပသည္။
“စီးပြားေရးပိတ္ဆို႔ထားတာေတြ ႐ုပ္သိမ္းလိုက္တာနဲ႔ ႏိုင္ငံျခားရင္းႏွီးျမွပ္ႏွံမႈေတြ ထပ္၀င္လာဦးမွာပါ။ အဲဒီက်ရင္ က်ပ္ေငြက ပိုျပီေတာင္ ခိုင္မာလာဦးမယ္”ဟု လြန္ခဲ့ေသာ သံုႏွစ္ခန္႔က ျမန္မာႏိုင္ငံတြင္ ၀င္ေရာက္ခဲ့ေသာ Rising Dragon ရင္းႏွီးျမွပ္ႏွံမႈကုမၺဏီမွ နီကိုးလက္စ္ငုယင္က ေျပာသည္။
အာရွဘဏ္မ်ားကလည္း ျမန္မာက်ပ္ေငြသည္ အျခားအာရွေငြေၾကးမ်ားထက္ ပိုမို ခိုင္မာအားေကာင္းလာမည္ဟု ခန္႔မွန္းျပီး ၂၀၁၇ တြင္ ကန္ ၁ ေဒၚလာလွ်င္ ျမန္မာက်ပ္ေငြ ၁၀၀၀ ခန္႔သို႔ က်ဆင္းလာမည္ဟု ခန္႔မွန္းသည္။ လက္ရွိ ေဒၚလာေစ်းသည္ ၁၁၈၆ က်ပ္၀န္းက်င္ရွိသည္။
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
.......

မြန်မာကျပ်ငွေသည် ၂၀၁၆ ၏ အာရှအကောင်းဆုံး ငွေကြေးဟုဆို
-
၂၀၁၆ ခုနှစ်အတွင်း မြန်မာကျပ်ငွေသည် အာရှအကောင်းဆုံး ငွေကြေးဖြစ်လာပြီး ယင်းမှာ မြန်မာနိုင်ငံသည် အထီးကျန်ဘဝမှ ရုန်းထွက်လာခြင်းအား ပြတ်ပြတ်ထင်ထင် ညွှန်ပြနေခြင်းဖြစ်သည်ဟု Bloomberg သတင်းတပုဒ်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီ ၂၀၁၅ နိုဝင်ဘာ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် နိုင်ငံတွင်းသို့ ပြည်ပမှ ငွေသားများ စီးဝင်နေပြီး ယင်းမှာ ကျပ်ငွေတန်ဖိုး ဆက်တက်လာရန် အခြေခံကောင်းများဖြစ်သည်ဟု ဆိုသည်။ ငွေကြေးတန်ဖိုး ခိုင်မာမှုသည် စီးပွားရေးတိုးတက်မှုအတွက် အရေးပါပြီး သွင်းကုန်များကို စျေးသက်သာစေသည့်အပြင် ဒေါ်လာငွေဖြင့် လုပ်ဆောင်ရမည့် အခြေခံအဆောက်အဦးတည်ဆောက်ရေး စီမံကိန်းများအတွက် အစိုးရကို ၀န်ပေါ့စေသည်ဟု General Electric ကုမ္ဗဏီပိုင်ရှင် အန်ဒရူးလီးက ပြောသည်။ ၎င်းသည် အမေရိကန်ပြည်ထောင်စုမှ မွေးရပ် မြန်မာပြည်တွင် စီးပွားရေးလုပ်ကိုင်ရန် လွန်ခဲ့သော လေးနှစ်ခန့်က ပြည်တော်ပြန်ခဲ့သူတဦးဖြစ်သည်။
“ကျပ်ငွေတန်ဖိုးတက်လာတာ တိုင်းပြည်စီးပွားရေးအတွက် ကောင်းပါတယ်။ အစိုးရသစ်က တိုင်းပြည်စီးပွားရေး ဦးမော့လာအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့က ယုံကြည်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေခံအဆောက်အဦးဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်စရာတွေအများကြီးရှိသေးတယ်ဆိုတာလည်း ကျွန်တော်တို့ သိပါတယ်”ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၃၀ ခုနှစ်အထိ လုပ်ဆောင်မည့် အခြေခံလိုအပ်ချက်များဖြစ်သော လျှပ်စစ်မီးလုံလောက်စွာရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေးနှင့် နည်းပညာ စီမံကိန်းများအတွက် ရင်နှီးမြှပ်နှံငွေ ဒေါ်လာ ၈၀ ဘီလီယံခန့်လိုအပ်မည်ဖြစ်သည်။ အာရှဖွံ့ဖြိုးရေးဘဏ်(ADB)ကလည်း ၂၀၁၆ နှင့် ၂၀၁၇ အစောပိုင်းအထိ် မြန်မာ့စီးပွားရေးတိုးတက်မှု ၈ရာခိုင်နှုန်းခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
မတ် ၃၁ ကပြီးဆုံးခဲ့သော ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ပရင်းနှီးမြှပ်နှံမှုပမာဏသည် ဒေါ်လာ ၉ ဒဿမ ၄၈ ဘီလီယံရှိပြီး ယင်းမှာ ယမန်နှစ်ထက် ၁ ဒဿမ ၄၈ ဘီလီယံ တိုးလာခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများက ဖော်ပြသည်။
“စီးပွားရေးပိတ်ဆို့ထားတာတွေ ရုပ်သိမ်းလိုက်တာနဲ့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ ထပ်ဝင်လာဦးမှာပါ။ အဲဒီကျရင် ကျပ်ငွေက ပိုပြီတောင် ခိုင်မာလာဦးမယ်”ဟု လွန်ခဲ့သော သုံနှစ်ခန့်က မြန်မာနိုင်ငံတွင် ၀င်ရောက်ခဲ့သော Rising Dragon ရင်းနှီးမြှပ်နှံမှုကုမ္ဗဏီမှ နီကိုးလက်စ်ငုယင်က ပြောသည်။
အာရှဘဏ်များကလည်း မြန်မာကျပ်ငွေသည် အခြားအာရှငွေကြေးများထက် ပိုမို ခိုင်မာအားကောင်းလာမည်ဟု ခန့်မှန်းပြီး ၂၀၁၇ တွင် ကန် ၁ ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၀၀၀ ခန့်သို့ ကျဆင်းလာမည်ဟု ခန့်မှန်းသည်။ လက်ရှိ ဒေါ်လာစျေးသည် ၁၁၈၆ ကျပ်ဝန်းကျင်ရှိသည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment