Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 6, 2016

ေပါင္မွာ ထူးဆန္းတဲ့အႀကိတ္ေရာဂါခံစားေနရတဲ့ အမ်ိဳးသမီး

ေပါင္မွာ ထူးဆန္းတဲ့အႀကိတ္ေရာဂါခံစားေနရတဲ့ အမ်ိဳးသမီး
By netsetaw - June 4, 2016




အသက္ 41 ႏွစ္အရြယ္ Mandy Sellars အမည္ရွိတဲ့ ၿဗိတိသွ်အမ်ိဳးသမီးႀကီးတစ္ဦးဟာ သူမရဲ႕ေပါင္ႏွစ္ဘက္မွာ  17 စတုံ(238 ေပါင္) အေလးခ်ိန္ရွိတဲ့ အႀကိတ္ႀကီးေၾကာင့္ သူမရဲ႕ဘ၀ကေတာ့ သြားပါၿပီ-လုိ႔ စိတ္ထဲမွာ ထင္ေနခဲ့တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။ 238 ေပါင္ ဆုိတဲ့ အေလးခ်ိန္ဟာ သူမရဲ႕ ခႏၶာကိုယ္အေပၚပုိင္းအေလးခ်ိန္ထက္ 10 ဆေလာက္ ပိုမ်ားေနေစတယ္လုိ႔ ဆုိပါတယ္။ 2010 ခုႏွစ္မတုိင္မီမွာ သူမရဲ႕ေပါင္ေတြဟာ သာမာန္ႀကီးထြားမႈႏႈန္းေလာက္သာ ရွိခဲ့ေပမယ့္ 2010 ခုႏွစ္မွာေတာ့ သူမွာ Septicaemia ေရာဂါကုိ ခံစားခဲ့ရၿပီး၊ ေပါင္ႏွစ္ခုစလုံးဟာ ႀကီးထြားမႈ ျမန္ဆန္လာခဲ့ပါတယ္။


Mandy ဟာ ေပါင္ရဲ႕ အေလးခ်ိန္ကို ေလွ်ာ့ခ်ေပးႏုိင္မယ့္ ေဆး၀ါးေတြကုိ ေပါင္အရြယ္အစား 6 စတုံ သာအေလးခ်ိန္ရွိေသးတဲ့ အခ်ိန္မွာ စတင္သုံးစြဲခဲ့ေပမယ့္ ေဆးေတြဟာ ထိေရာက္မႈမရွိဘဲ ေပါင္အေလးအခ်ိန္ဟာ 17 စတုံအထိ ႀကီးမား လာခဲ့ပါတယ္။ ဒါေပမယ့္ သူမဟာ စိတ္ဓာတ္က်ခဲ့ျခင္းမရွိဘဲ အဆုိပါ ထူးဆန္းတဲ့ ေရာဂါႀကီးနဲ႔ ေက်ာင္းတက္၊ ေစ်းသြား လုပ္ခဲ့ပါတယ္။


Mandy ဟာ ေမြးဖြားစဥ္ကတည္းက ေပါင္ေတြနဲ႔ ေျခေခ်ာင္းေလးေတြဟာ အရြယ္အစားအားျဖင့္ အျခားအစိတ္ပုိင္းမ်ား
ထက္ ငါးဆအထိ ရွိခဲ့ၿပီး ထုိအခ်ိန္ကတည္းကပင္ ေဒါက္တာေတြဟာ သူမရဲ႕ ေရာဂါအေျခအေနနဲ႔ပတ္သက္လုိ႔ ႐ႈပ္ေထြး
မႈေတြ ရွိခဲ့တယ္လုိ႔ သိရပါတယ္။ သူမဟာ အရြယ္အစားအလြန္ႀကီးမားလာတဲ့ ေပါင္ႏွစ္ေခ်ာင္းအတြက္ လုံး၀ ေမွ်ာ္လင့္
ခ်က္မရွိေတာ့ဘူးလုိ႔ စိတ္ကုိ ဒုန္းဒုန္းခ်လုိက္ခ်ိန္မွာပဲ 2010 မွာ သူမကုိ Royal Liverpool Hospital ေဆး႐ုံမွာ ခြဲစိပ္မႈလုပ္ခဲ့ပါတယ္။ ဒါေပမယ့္ လ အနည္းငယ္အၾကာမွာပဲ ႀကီးထြားမႈေတြက ျပန္လည္စတင္ခဲ့ပါတယ္။

2012 ခုႏွစ္မွာ သူမကို ေဒါက္တာေတြက သူမကုိ ေဆးစစ္မႈေတြလုပ္ဖုိ႔ တုိက္တြန္းခဲ့လုိ႔ သူမလည္း လုိအပ္တဲ့ ေဆးစစ္မႈ
ေတြ ထပ္လုပ္ခဲ့ပါတယ္။ ေဆးစစ္ခ်က္အေျဖမွာ Mandy ရဲ႕ တစ္႐ႈးေတြ၊ အသားစေတြဟာ အစမတန္ႀကီးထြားေနၿပီး အ
ေျခအေနနဲ႔ လုိက္ဖက္ညီမယ့္ ေဆးတစ္မ်ိဳးကို ေျပာင္းလဲသုံးစြဲခဲ့ရပါတယ္။ အဲဒီအခ်ိန္က စၿပီး အဆုိပါေဆးကိုသာ စြဲၿမဲသုံး
ခဲ့ကာ 2014 ခုႏွစ္မွာ သူမရဲ႕ ေပါင္ေတြဟာ 6 စတုံအထိ ျပန္လည္ ႀကဳံ႕သြားတာကို ေတြ႔ရွိခဲ့တာေၾကာင့္ သူမအေနနဲ႔ ယခု
အခါမွာ ျပန္လည္ၿပီး ေမွ်ာ္လင့္ခ်က္ေတြ ရွင္သန္ခဲ့ၿပီလုိ႔ သိရပါတယ္။


source : metro.co.uk

.................................

ပေါင်မှာ ထူးဆန်းတဲ့အကြိတ်ရောဂါခံစားနေရတဲ့ အမျိုးသမီး
By netsetaw - June 4, 2016

အသက် 41 နှစ်အရွယ် Mandy Sellars အမည်ရှိတဲ့ ဗြိတိသျှအမျိုးသမီးကြီးတစ်ဦးဟာ သူမရဲ့ပေါင်နှစ်ဘက်မှာ  17 စတုံ(238 ပေါင်) အလေးချိန်ရှိတဲ့ အကြိတ်ကြီးကြောင့် သူမရဲ့ဘဝကတော့ သွားပါပြီ-လို့ စိတ်ထဲမှာ ထင်နေခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ 238 ပေါင် ဆိုတဲ့ အလေးချိန်ဟာ သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းအလေးချိန်ထက် 10 ဆလောက် ပိုများနေစေတယ်လို့ ဆိုပါတယ်။ 2010 ခုနှစ်မတိုင်မီမှာ သူမရဲ့ပေါင်တွေဟာ သာမာန်ကြီးထွားမှုနှုန်းလောက်သာ ရှိခဲ့ပေမယ့် 2010 ခုနှစ်မှာတော့ သူမှာ Septicaemia ရောဂါကို ခံစားခဲ့ရပြီး၊ ပေါင်နှစ်ခုစလုံးဟာ ကြီးထွားမှု မြန်ဆန်လာခဲ့ပါတယ်။


Mandy ဟာ ပေါင်ရဲ့ အလေးချိန်ကို လျှော့ချပေးနိုင်မယ့် ဆေးဝါးတွေကို ပေါင်အရွယ်အစား 6 စတုံ သာအလေးချိန်ရှိသေးတဲ့ အချိန်မှာ စတင်သုံးစွဲခဲ့ပေမယ့် ဆေးတွေဟာ ထိရောက်မှုမရှိဘဲ ပေါင်အလေးအချိန်ဟာ 17 စတုံအထိ ကြီးမား လာခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ စိတ်ဓာတ်ကျခဲ့ခြင်းမရှိဘဲ အဆိုပါ ထူးဆန်းတဲ့ ရောဂါကြီးနဲ့ ကျောင်းတက်၊ စျေးသွား လုပ်ခဲ့ပါတယ်။


Mandy ဟာ မွေးဖွားစဉ်ကတည်းက ပေါင်တွေနဲ့ ခြေချောင်းလေးတွေဟာ အရွယ်အစားအားဖြင့် အခြားအစိတ်ပိုင်းများ
ထက် ငါးဆအထိ ရှိခဲ့ပြီး ထိုအချိန်ကတည်းကပင် ဒေါက်တာတွေဟာ သူမရဲ့ ရောဂါအခြေအနေနဲ့ပတ်သက်လို့ ရှုပ်ထွေး
မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ သူမဟာ အရွယ်အစားအလွန်ကြီးမားလာတဲ့ ပေါင်နှစ်ချောင်းအတွက် လုံးဝ မျှော်လင့်
ချက်မရှိတော့ဘူးလို့ စိတ်ကို ဒုန်းဒုန်းချလိုက်ချိန်မှာပဲ 2010 မှာ သူမကို Royal Liverpool Hospital ဆေးရုံမှာ ခွဲစိပ်မှုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် လ အနည်းငယ်အကြာမှာပဲ ကြီးထွားမှုတွေက ပြန်လည်စတင်ခဲ့ပါတယ်။

2012 ခုနှစ်မှာ သူမကို ဒေါက်တာတွေက သူမကို ဆေးစစ်မှုတွေလုပ်ဖို့ တိုက်တွန်းခဲ့လို့ သူမလည်း လိုအပ်တဲ့ ဆေးစစ်မှု
တွေ ထပ်လုပ်ခဲ့ပါတယ်။ ဆေးစစ်ချက်အဖြေမှာ Mandy ရဲ့ တစ်ရှုးတွေ၊ အသားစတွေဟာ အစမတန်ကြီးထွားနေပြီး အ
ခြေအနေနဲ့ လိုက်ဖက်ညီမယ့် ဆေးတစ်မျိုးကို ပြောင်းလဲသုံးစွဲခဲ့ရပါတယ်။ အဲဒီအချိန်က စပြီး အဆိုပါဆေးကိုသာ စွဲမြဲသုံး
ခဲ့ကာ 2014 ခုနှစ်မှာ သူမရဲ့ ပေါင်တွေဟာ 6 စတုံအထိ ပြန်လည် ကြုံ့သွားတာကို တွေ့ရှိခဲ့တာကြောင့် သူမအနေနဲ့ ယခု
အခါမှာ ပြန်လည်ပြီး မျှော်လင့်ချက်တွေ ရှင်သန်ခဲ့ပြီလို့ သိရပါတယ်။


source : metro.co.uk

No comments:

Post a Comment