Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 16, 2016

လင္မယား ခိုက္ရန္ျဖစ္ပြားရာမွ လင္ျဖစ္သူ ထိုးသြင္းဓားဒဏ္ရာရ၍ ေသဆံုး


မံုရြာ၊ ဇြန္ ၁၆

စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ႕ စက္မႈဇုန္ရပ္ကြက္တြင္ ဇြန္ ၁၆ ရက္ေန႔ မြန္းလြဲ ၃ နာရီ ၄၅ မိနစ္အခ်ိန္က လင္မယားခိုက္ရန္ျဖစ္ပြားရာမွ လင္းျဖစ္သူမွာ ထိုးသြင္းဓားဒဏ္ရာရ၍ ေသဆံုးသြားခဲ႔ေၾကာင္း မံုရြာနယ္ေျမရဲစခန္းက မႈခင္းမွတ္တမ္းမ်ား ရယူထားသည္။

အသက္ ၃၃ ႏွစ္အရြယ္ရွိ ကိုထြန္းမင္းလတ္ ဆိုသူသည္ ၎၏ ဇနီးျဖစ္သူ မ ... ႏွင္႔ ခိုက္ရန္ျဖစ္ပြားခဲ႔ရာ သစ္သီးလွီးေသာ ဓားေျမွာင္ျဖင္႔ ထိုးသြင္းဒဏ္ရာ တစ္ခ်က္ရရွိခဲ႔သည္။ ထို႔ေၾကာင္႔ ဓားဒဏ္ရာရရွိသူအား ထူးျမတ္ေဆးရံုသို႔ပို႔ေဆာင္ေစခဲ႔ျပီး အခ်ိန္မီ ေဆး၀ါးကုသမႈမ်ား ရယူခဲ႔ျပီးေနာက္ မံုရြာျပည္သူ႔ေဆရံုၾကီး အေရးေပၚလူနာဌာနသို႔ ေျပာင္းလဲတက္ေရာက္ခဲ႔ေၾကာင္း ထိုသူ၏ မိသားစု၀င္တစ္ဦးမွ ဆိုသည္။

´´ လူနာက စိုးရိမ္ရတဲ႔ အေျခအေနရွိပါတယ္ .. (ပ) ၃၀၅ / ၂၀၁၆ ျပစ္မႈပုဒ္မ ၃၂၆ အရ အမႈေရးဖြင္႔ထားျပီးျဖစ္ပါတယ္ ...´´ ဟု နယ္ေျမရဲစခန္းရွိ တာ၀န္က် ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါ လူနာသည္ ၎ရရွိထားေသာ ထိုးသြင္းဓားဒဏ္ရာျဖင္႔ မံုရြာျပည္သူ႔ေဆးရံုၾကီးတြင္ ,ယေန႔ ညေနပိုင္းအခ်ိန္က ေသဆံုးသြားေၾကာင္း သိရသည္။ ထို႔ေၾကာင္႔ မံုရြာနယ္ေျမရဲစခန္းက ျပစ္မႈပုဒ္မမ်ား ေျပာင္းလဲေရးဖြင္႔ရန္ စိစဥ္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း ၊ ကိုတိုးၾကီး
https://www.facebook.com/KoToeChinDween
.......

မုံရွာ၊ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်တွင် ဇွန် ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန်က လင်မယားခိုက်ရန်ဖြစ်ပွားရာမှ လင်းဖြစ်သူမှာ ထိုးသွင်းဓားဒဏ်ရာရ၍ သေဆုံးသွားခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းက မှုခင်းမှတ်တမ်းများ ရယူထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိ ကိုထွန်းမင်းလတ် ဆိုသူသည် ၎င်း၏ ဇနီးဖြစ်သူ မ ... နှင့် ခိုက်ရန်ဖြစ်ပွားခဲ့ရာ သစ်သီးလှီးသော ဓားမြှောင်ဖြင့် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့သည်။ ထို့ကြောင့် ဓားဒဏ်ရာရရှိသူအား ထူးမြတ်ဆေးရုံသို့ပို့ဆောင်စေခဲ့ပြီး အချိန်မီ ဆေးဝါးကုသမှုများ ရယူခဲ့ပြီးနောက် မုံရွာပြည်သူ့ဆေရုံကြီး အရေးပေါ်လူနာဌာနသို့ ပြောင်းလဲတက်ရောက်ခဲ့ကြောင်း ထိုသူ၏ မိသားစုဝင်တစ်ဦးမှ ဆိုသည်။

´´ လူနာက စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ် .. (ပ) ၃၀၅ / ၂၀၁၆ ပြစ်မှုပုဒ်မ ၃၂၆ အရ အမှုရေးဖွင့်ထားပြီးဖြစ်ပါတယ် ...´´ ဟု နယ်မြေရဲစခန်းရှိ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောသည်။

အဆိုပါ လူနာသည် ၎င်းရရှိထားသော ထိုးသွင်းဓားဒဏ်ရာဖြင့် မုံရွာပြည်သူ့ဆေးရုံကြီးတွင် ,ယနေ့ ညနေပိုင်းအချိန်က သေဆုံးသွားကြောင်း သိရသည်။ ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းက ပြစ်မှုပုဒ်မများ ပြောင်းလဲရေးဖွင့်ရန် စိစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း ၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween

No comments:

Post a Comment