Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 7, 2016

ခင္ပြန္းကို လုပ္ႀကံသတ္ျဖတ္ရန္ ဇနီးက ေစခုိင္းမႈ လြိဳင္ေကာ္တြင္ ျဖစ္ပြား


ကယားျပည္နယ္ လြိဳင္ ေကာ္ၿမိဳ႕ ကုန္းသာယာလမ္းေဘး ေရေျမာင္းအတြင္း ယခုလ ၆ ရက္ က ဓားဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည့္ အမ်ိဳးသားအေလာင္းတစ္ေလာင္း ေတြ႕ရွိၿပီး ယင္းအမႈႏွင့္ ပတ္သက္၍ သံသယရွိသူ သံုးဦးကို ဖမ္းဆီးစစ္ေဆးရာမွ ေသဆံုးသူ၏ဇနီးက သတ္ရန္ ခိုင္းေစမႈအျဖစ္ ေပၚေပါက္ခဲ့ေၾကာင္း လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴးေက်ာ္ေက်ာ္ဦးက ေျပာ သည္။
ေသဆံုးသူအမ်ိဳးသား အ ေလာင္းကို ဇြန္လ ၃ ရက္ ည ၇ နာရီေက်ာ္တြင္ ကုန္းသာယာလမ္းေဘးေရေျမာင္းအတြင္း ဓား ဒဏ္ရာမ်ားျဖင့္ ေတြ႕ရွိၿပီးေနာက္ လုိက္လံစံုစမ္းရာ ေသဆံုးသူ၏ ဇနီးက သတ္ခိုင္းျခင္းျဖစ္ေၾကာင္း အဆိုပါရဲအရာရွိကေျပာသည္။
‘‘ေသတဲ့သူနဲ႔ သတ္ခိုင္းတဲ့သူ က လင္မယားေတြျဖစ္ေနတယ္ဆို တာ သိရပါတယ္။ ဘာေၾကာင့္ သတ္ခိုင္းရလဲဆိုတာေတာ့ စစ္ ေနတုန္းပါ။ အခုလည္း သူတို႔ က်ဴးလြန္တဲ့ပံုစံေတြကို စစ္ေနပါ တယ္။ အမ်ိဳးသမီးနဲ႔ သတ္တဲ့သူ ေတြက သြားလာေနတာေတာ့ရွိ တယ္။ ဘယ္လိုပတ္သက္ေနလဲ ဆိုတာေတာ့ စစ္ေမးေနတုန္းပါ’’ ဟု ဒုရဲမွဴးေက်ာ္ေက်ာ္ဦးကေျပာ သည္။
ေသဆံုးခဲ့သည့္ အမ်ိဳးသား မွာ သာစည္ၿမိဳ႕နယ္ ဟန္ဇားေက်း ရြာေန အမ်ိဳးသားျဖစ္ၿပီး လူသတ္ ရန္ခိုင္းေစသူမွာ ၎၏ဇနီး အ လယ္တန္းျပဆရာမတစ္ဦးျဖစ္ၿပီး အမ်ိဳးသားႏွစ္ဦးကို ေငြေၾကးျဖင့္ ခိုင္းသည့္အမႈျဖစ္ေၾကာင္း လြိဳင္ ေကာ္ၿမိဳ႕နယ္ ခ႐ိုင္ရဲတပ္ဖြဲ႕မွ ရဲ အရာရွိတစ္ဦးက ေျပာသည္။
အမႈကေတာ့ စစ္ေနၿပီး ေပၚ လာပါၿပီ။ က်န္တဲ့အပိုင္းေတြ ေတာ့ စစ္ေနတယ္။ ဒီအမႈက လူ မႈေရးေတြလည္းပါေတာ့ ေသခ်ာ စစ္ေဆးရတယ္။ သတ္တာေတာ့ ၀န္ခံတယ္။ က်န္တာေတြေတာ့ စစ္ေနတယ္။ ပတ္၀န္းက်င္က အ ေျပာတစ္မ်ိဳး၊ အမႈစစ္ေတာ့ သတ္ တာ ၀န္ခံေပမယ့္ က်န္တာစစ္ေမး ေနတုန္းပါ’’ဟု အဆိုပါရဲအရာရွိ က ေျပာသည္။
လူသတ္မႈက်ဴးလြန္သူမ်ား ကို လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းက ျပစ္ မႈပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္စစ္ေဆး ေနၿပီး ျပစ္မႈက်ဴးလြန္သူမ်ားကို အခင္းျဖစ္ပြားသည့္ ေနရာသို႔ေခၚ ေဆာင္ကာ အမႈမွန္ေပၚေပါက္ေစ ရန္ အေသးစိတ္စံုစမ္းမႈမ်ား လုပ္ ေဆာင္ေနေၾကာင္း ဒုရဲမွဴးေက်ာ္ ေက်ာ္ဦးက ေျပာသည္။
‘‘ရွားေတာၿမိဳ႕နယ္ ေဒါတ ေနာေက်းရြာက အလယ္တန္းျပ ေက်ာင္းဆရာမ ဇင္မာခိုင္ရဲ႕ ေယာက္်ား ရဲလြင္ဦးဆိုတာက မႏၲေလးကေန ၃၁ ရက္ ည ၇ နာရီ ေရႊလြန္းပ်ံကားနဲ႔ လြိဳင္ေကာ္ကို လာၿပီးေတြ႕တယ္။ မနက္ ၃ နာရီ ခြဲေလာက္မွာ လြိဳင္ေကာ္နာရီစင္ နားက ကားဂိတ္မွာ ကားဆိုက္ တယ္။ သူ႔မိန္းမဆီကို ဖုန္းဆက္ ေတာ့ လြိဳင္ေကာ္နဲ႔ ေဒၚတေနာ ေက်းရြာဆိုတာ ေလးနာရီေလာက္ၾကာေအာင္သြားရတယ္။ ဆရာမက ကေလာရယ္နဲ႔တိုးရယ္ ဆိုတဲ့ အမ်ိဳးသားႏွစ္ေယာက္နဲ႔ လာၿပီးေတာ့ ေတြ႕တယ္။ ေတြ႕ ေတာ့ လာေတြ႕တဲ့သူေတြမွာ ဓား ေတြပါလာတယ္။ ၿပီးေတာ့ ခရား တြင္းကို ေခၚသြားၿပီးေတာ့ ဓားနဲ႔ ခုတ္တယ္။ အေလာင္းကို ၿမိဳ႕ျပင္ ဘက္က ကုန္းသာယာေက်းရြာ ဘက္က လမ္းေဘးေျမာင္းမွာ ပစ္ ထားခဲ့တယ္။ ေျမာင္းကလည္း ၃ ေပေလာက္ နက္တယ္။ ဇြန္လ ၃ ရက္မွာ အေၾကာင္းၾကားလို႔ ကြၽန္ ေတာ္တို႔သိတယ္။ အေလာင္းမွာ မွတ္ပံုတင္တို႔၊ ဖုန္းတို႔ပါလာေတာ့ သူ႔ရဲ႕ဟာ ဟုတ္၊ မဟုတ္ အတည္ ျပဳတယ္။
မွတ္ပံုတင္အရ ဟန္ဇာ ေက်းရြာကို ကြၽန္ေတာ္တို႔ ဖုန္း ဆက္တယ္။ သူ႔ရဲ႕ ေဆြမ်ိဳးေတြကို ဖုန္းဆက္ေတာ့ ေဒၚတေနာေက်း ရြာက သူ႔မိန္းမေက်ာင္းဆရာမဆီ ကို သြားတာ။ သူက လိြဳင္ေကာ္မ ေရာက္ဖူးဘူးဆိုၿပီးေတာ့ ေျပာပါ တယ္။ သူ႔အေလာင္းကို ကြၽန္ ေတာ္တို႔ ရင္ခြဲစစ္ေဆးလိုက္တဲ့အ ခ်ိန္မွာ ဓားဒဏ္ရာ အနည္းဆံုး ေျခာက္ခ်က္ေလာက္ရွိတယ္။ ဦး ေခါင္းကို ဓားနဲ႔ခုတ္လိုက္တာမွာ ေနာက္ေစ့ထိၿပီးေသသြားတာပါ။ ေက်ာင္းဆရာမကို ေမးျမန္းေတာ့ သူက ျငင္းကြယ္ေပမယ့္ ေနာက္ ဆံုးမွာ ၀န္ခံထြက္ဆိုတဲ့အတြက္ သူနဲ႔အတူပါသြားတဲ့သူကို လိုက္ ဖမ္းေတာ့ သူ႔ကိုဖမ္းၿပီးသားျဖစ္ သြားတယ္။ ကေလာရယ္ဆိုတဲ့ ေကာင္ေလးက ဆရာမကို ခ်စ္ ႀကိဳက္ေနတယ္။
ဆရာမကလည္း သူ႔ေယာက္်ားကို မေပါင္းခ်င္ဘူး ဆိုတာမ်ိဳး ေျပာတဲ့အခါက်ေတာ့ ဓားနဲ႔ခုတ္တာေပ့ါ။ ေက်ာင္းဆရာ မနဲ႔ ကေလာရယ္နဲ႔က အ႐ႈပ္အ ရွင္းေလးေတြ ရွိမွာေပါ့ဗ်ာ။ အဲဒီ အ႐ႈပ္အရွင္းကိုရွင္းဖို႔ ဆရာမရဲ႕ ေယာက္်ားက လာတဲ့အခ်ိန္ျဖစ္ ၾကတာ။ ေသဆံုးသူက မႏၲေလး တိုင္းေဒသႀကီး သာစည္ၿမိဳ႕နယ္ ဟန္ဇားေက်းရြာေန ရဲလြင္ဦး။ ဧည့္လမ္းၫႊန္အလုပ္ လုပ္ကိုင္ သူ။ အသက္ (၃၀) ခန္႔။ ကေလာ ရယ္ (၁၈) ႏွစ္၊ ေဒၚတေနာေက်း ရြာေန တိုးရယ္ (၃၀) ႏွစ္ခန္႔၊ေတာင္ယာလုပ္ကိုင္ ေက်ာင္း ဆရာမ ဟန္ဇားေက်းရြာေန သူ႔ ေယာက္်ားကို သတ္တဲ့အခ်ိန္မွာ သူလည္း ေဘးမွာရွိတယ္လို႔ သိရ တယ္’’ဟု ဒုရဲမွဴးေက်ာ္ေက်ာ္ဦး ကေျပာသည္။
ဖိုးတုတ္ - 7day
........
ခင်ပွန်းကို လုပ်ကြံသတ်ဖြတ်ရန် ဇနီးက စေခိုင်းမှု လွိုင်ကော်တွင် ဖြစ်ပွား
-------------
ကယားပြည်နယ် လွိုင် ကော်မြို့ ကုန်းသာယာလမ်းဘေး ရေမြောင်းအတွင်း ယခုလ ၆ ရက် က ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိပြီး ယင်းအမှုနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးရာမှ သေဆုံးသူ၏ဇနီးက သတ်ရန် ခိုင်းစေမှုအဖြစ် ပေါ်ပေါက်ခဲ့ကြောင်း လွိုင်ကော်မြို့မရဲစခန်းမှ ဒုရဲမှူးကျော်ကျော်ဦးက ပြော သည်။
သေဆုံးသူအမျိုးသား အ လောင်းကို ဇွန်လ ၃ ရက် ည ရ နာရီကျော်တွင် ကုန်းသာယာလမ်းဘေးရေမြောင်းအတွင်း ဓား ဒဏ်ရာများဖြင့် တွေ့ရှိပြီးနောက် လိုက်လံစုံစမ်းရာ သေဆုံးသူ၏ ဇနီးက သတ်ခိုင်းခြင်းဖြစ်ကြောင်း အဆိုပါရဲအရာရှိကပြောသည်။
‘‘သေတဲ့သူနဲ့ သတ်ခိုင်းတဲ့သူ က လင်မယားတွေဖြစ်နေတယ်ဆို တာ သိရပါတယ်။ ဘာကြောင့် သတ်ခိုင်းရလဲဆိုတာတော့ စစ် နေတုန်းပါ။ အခုလည်း သူတို့ ကျူးလွန်တဲ့ပုံစံတွေကို စစ်နေပါ တယ်။ အမျိုးသမီးနဲ့ သတ်တဲ့သူ တွေက သွားလာနေတာတော့ရှိ တယ်။ ဘယ်လိုပတ်သက်နေလဲ ဆိုတာတော့ စစ်မေးနေတုန်းပါ’’ ဟု ဒုရဲမှူးကျော်ကျော်ဦးကပြော သည်။
သေဆုံးခဲ့သည့် အမျိုးသား မှာ သာစည်မြို့နယ် ဟန်ဇားကျေး ရွာနေ အမျိုးသားဖြစ်ပြီး လူသတ် ရန်ခိုင်းစေသူမှာ ၎င်း၏ဇနီး အ လယ်တန်းပြဆရာမတစ်ဦးဖြစ်ပြီး အမျိုးသားနှစ်ဦးကို ငွေကြေးဖြင့် ခိုင်းသည့်အမှုဖြစ်ကြောင်း လွိုင် ကော်မြို့နယ် ခရိုင်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ပြောသည်။
အမှုကတော့ စစ်နေပြီး ပေါ် လာပါပြီ။ ကျန်တဲ့အပိုင်းတွေ တော့ စစ်နေတယ်။ ဒီအမှုက လူ မှုရေးတွေလည်းပါတော့ သေချာ စစ်ဆေးရတယ်။ သတ်တာတော့ ၀န်ခံတယ်။ ကျန်တာတွေတော့ စစ်နေတယ်။ ပတ်ဝန်းကျင်က အ ပြောတစ်မျိုး၊ အမှုစစ်တော့ သတ် တာ ၀န်ခံပေမယ့် ကျန်တာစစ်မေး နေတုန်းပါ’’ဟု အဆိုပါရဲအရာရှိ က ပြောသည်။
လူသတ်မှုကျူးလွန်သူများ ကို လွိုင်ကော်မြို့မရဲစခန်းက ပြစ် မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေး နေပြီး ပြစ်မှုကျူးလွန်သူများကို အခင်းဖြစ်ပွားသည့် နေရာသို့ခေါ် ဆောင်ကာ အမှုမှန်ပေါ်ပေါက်စေ ရန် အသေးစိတ်စုံစမ်းမှုများ လုပ် ဆောင်နေကြောင်း ဒုရဲမှူးကျော် ကျော်ဦးက ပြောသည်။
‘‘ရှားတောမြို့နယ် ဒေါတ နောကျေးရွာက အလယ်တန်းပြ ကျောင်းဆရာမ ဇင်မာခိုင်ရဲ့ ယောက်ျား ရဲလွင်ဦးဆိုတာက မန္တလေးကနေ ၃၁ ရက် ည ရ နာရီ ရွှေလွန်းပျံကားနဲ့ လွိုင်ကော်ကို လာပြီးတွေ့တယ်။ မနက် ၃ နာရီ ခွဲလောက်မှာ လွိုင်ကော်နာရီစင် နားက ကားဂိတ်မှာ ကားဆိုက် တယ်။ သူ့မိန်းမဆီကို ဖုန်းဆက် တော့ လွိုင်ကော်နဲ့ ဒေါ်တနော ကျေးရွာဆိုတာ လေးနာရီလောက်ကြာအောင်သွားရတယ်။ ဆရာမက ကလောရယ်နဲ့တိုးရယ် ဆိုတဲ့ အမျိုးသားနှစ်ယောက်နဲ့ လာပြီးတော့ တွေ့တယ်။ တွေ့ တော့ လာတွေ့တဲ့သူတွေမှာ ဓား တွေပါလာတယ်။ ပြီးတော့ ခရား တွင်းကို ခေါ်သွားပြီးတော့ ဓားနဲ့ ခုတ်တယ်။ အလောင်းကို မြို့ပြင် ဘက်က ကုန်းသာယာကျေးရွာ ဘက်က လမ်းဘေးမြောင်းမှာ ပစ် ထားခဲ့တယ်။ မြောင်းကလည်း ၃ ပေလောက် နက်တယ်။ ဇွန်လ ၃ ရက်မှာ အကြောင်းကြားလို့ ကျွန် တော်တို့သိတယ်။ အလောင်းမှာ မှတ်ပုံတင်တို့၊ ဖုန်းတို့ပါလာတော့ သူ့ရဲ့ဟာ ဟုတ်၊ မဟုတ် အတည် ပြုတယ်။
မှတ်ပုံတင်အရ ဟန်ဇာ ကျေးရွာကို ကျွန်တော်တို့ ဖုန်း ဆက်တယ်။ သူ့ရဲ့ ဆွေမျိုးတွေကို ဖုန်းဆက်တော့ ဒေါ်တနောကျေး ရွာက သူ့မိန်းမကျောင်းဆရာမဆီ ကို သွားတာ။ သူက လွိုင်ကော်မ ရောက်ဖူးဘူးဆိုပြီးတော့ ပြောပါ တယ်။ သူ့အလောင်းကို ကျွန် တော်တို့ ရင်ခွဲစစ်ဆေးလိုက်တဲ့အ ချိန်မှာ ဓားဒဏ်ရာ အနည်းဆုံး ခြောက်ချက်လောက်ရှိတယ်။ ဦး ခေါင်းကို ဓားနဲ့ခုတ်လိုက်တာမှာ နောက်စေ့ထိပြီးသေသွားတာပါ။ ကျောင်းဆရာမကို မေးမြန်းတော့ သူက ငြင်းကွယ်ပေမယ့် နောက် ဆုံးမှာ ၀န်ခံထွက်ဆိုတဲ့အတွက် သူနဲ့အတူပါသွားတဲ့သူကို လိုက် ဖမ်းတော့ သူ့ကိုဖမ်းပြီးသားဖြစ် သွားတယ်။ ကလောရယ်ဆိုတဲ့ ကောင်လေးက ဆရာမကို ချစ် ကြိုက်နေတယ်။
ဆရာမကလည်း သူ့ယောက်ျားကို မပေါင်းချင်ဘူး ဆိုတာမျိုး ပြောတဲ့အခါကျတော့ ဓားနဲ့ခုတ်တာပေ့ါ။ ကျောင်းဆရာ မနဲ့ ကလောရယ်နဲ့က အရှုပ်အ ရှင်းလေးတွေ ရှိမှာပေါ့ဗျာ။ အဲဒီ အရှုပ်အရှင်းကိုရှင်းဖို့ ဆရာမရဲ့ ယောက်ျားက လာတဲ့အချိန်ဖြစ် ကြတာ။ သေဆုံးသူက မန္တလေး တိုင်းဒေသကြီး သာစည်မြို့နယ် ဟန်ဇားကျေးရွာနေ ရဲလွင်ဦး။ ဧည့်လမ်းညွှန်အလုပ် လုပ်ကိုင် သူ။ အသက် (၃၀) ခန့်။ ကလော ရယ် (၁၈) နှစ်၊ ဒေါ်တနောကျေး ရွာနေ တိုးရယ် (၃၀) နှစ်ခန့်၊တောင်ယာလုပ်ကိုင် ကျောင်း ဆရာမ ဟန်ဇားကျေးရွာနေ သူ့ ယောက်ျားကို သတ်တဲ့အချိန်မှာ သူလည်း ဘေးမှာရှိတယ်လို့ သိရ တယ်’’ဟု ဒုရဲမှူးကျော်ကျော်ဦး ကပြောသည်။
ဖိုးတုတ် - 7day

No comments:

Post a Comment