CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, June 14, 2016
တပ္မေတာ္ရဟတ္ယာဥ္တစ္စီး ပ်က္က်၊ ၃ ဦးေသဆံုး
တပ္မေတာ္ရဟတ္ယာဥ္တစ္စီး ရာသီဥတုဆိုးရြားမႈေၾကာင့္ ဒိုက္ဦးၿမိဳ႕နယ္အတြင္း ပ်က္က်
ေနျပည္ေတာ္၊ ဇြန္ ၁၄
အမ္အိုင္-၂ အမ်ိဳးအစား တပ္မေတာ္ရဟတ္ယာဥ္တစ္စီးသည္ ယေန႔နံနက္ပိုင္းတြင္ မိတၳီလာၿမိဳ႕မွ ေမွာ္ဘီၿမိဳ႕သို႔ ပ်ံသန္းထြက္ခြာလာရာ ပဲခူးတိုင္းေဒသႀကီး၊ ဒိုက္ဦးၿမိဳ႕နယ္အတြင္း ေရာက္ရွိပ်ံသန္းစဥ္ ရာသီဥတုဆိုးရြားမႈေၾကာင့္ ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး မိုင္တိုင္(၇၂) အေနာက္ဘက္ျခမ္းရွိ ဂုံညႇင္းေခ်ာင္းအနီး လွ်ိဳအတြင္းသို႔ ပ်က္က်ခဲ့သည္။
အဆိုပါရဟတ္ယာဥ္သည္ မိတၳီလာၿမိဳ႕ ေလတပ္စခန္းဌာနခ်ဳပ္၌ အႀကီးစား ျပင္ဆင္စစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး ၿမိတ္ၿမိဳ႕ရွိ ေလတပ္စခန္းဌာနခ်ဳပ္သို႔ ပို႔ေဆာင္ရန္ ယေန႔နံနက္ ၈ နာရီ ၄၀ မိနစ္ခန္႔တြင္ မိတၳီလာၿမိဳ႕မွစတင္ ထြက္ခြာလာျခင္းျဖစ္ေၾကာင္း၊ ၎မွတစ္ဆင့္ နံနက္ ၁၀ နာရီခြဲခန္႔တြင္ ေတာင္ငူေလတပ္စခန္းဌာနခ်ဳပ္၌ ဆီျဖည့္ရပ္နားခဲ့ၿပီး နံနက္ ၁၁ နာရီခြဲတြင္ ေမွာ္ဘီၿမိဳ႕သို႔ ဆက္လက္ထြက္ခြာပ်ံသန္းစဥ္ ရာသီဥတု ဆိုးရြားမႈေၾကာင့္ ပ်က္က်၍ မီးေလာင္ပ်က္စီးခဲ့ေၾကာင္း ကနဦးသတင္းအရ သိရွိရသည္။
ရဟတ္ယာဥ္ပ်က္က်ရာေနရာသို႔ တပ္မေတာ္မွတာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးရာ ရဟတ္ယာဥ္ေပၚတြင္ လိုက္ပါလာေသာ ရဟတ္ယာဥ္မွဴး ဗိုလ္မွဴး ရန္ႏိုင္ထူး၊ တြဲဖက္ရဟတ္ယာဥ္မွဴး ဗိုလ္ႀကီး ထြန္းထြန္းႏိုင္ႏွင့္ ရဟတ္ယာဥ္အဖြဲ႕သား တပ္ၾကပ္ႀကီး တင္ထြန္းလြင္တို႔ ၃ ဦးသည္ ၎ေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္းႏွင့္ ရဟတ္ယာဥ္ ပ်က္က်မႈအေျခအေနအား တာဝန္ရွိသူမ်ားက စုံစမ္းေဖာ္ထုတ္နိုင္ေရး စီစဥ္ေဆာင္ရြက္ လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ဓါတ္ပုံ - အျမန္လမး္မၾကီး ရဲတပ္ဖဲြ ့
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
https://www.facebook.com/Cincds
.......
တပ်မတော်ရဟတ်ယာဉ်တစ်စီး ရာသီဥတုဆိုးရွားမှုကြောင့် ဒိုက်ဦးမြို့နယ်အတွင်း ပျက်ကျ
နေပြည်တော်၊ ဇွန် ၁၄
အမ်အိုင်-၂ အမျိုးအစား တပ်မတော်ရဟတ်ယာဉ်တစ်စီးသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့မှ မှော်ဘီမြို့သို့ ပျံသန်းထွက်ခွာလာရာ ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း ရောက်ရှိပျံသန်းစဉ် ရာသီဥတုဆိုးရွားမှုကြောင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၇၂) အနောက်ဘက်ခြမ်းရှိ ဂုံညှင်းချောင်းအနီး လျှိုအတွင်းသို့ ပျက်ကျခဲ့သည်။
အဆိုပါရဟတ်ယာဉ်သည် မိတ္ထီလာမြို့ လေတပ်စခန်းဌာနချုပ်၌ အကြီးစား ပြင်ဆင်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မြိတ်မြို့ရှိ လေတပ်စခန်းဌာနချုပ်သို့ ပို့ဆောင်ရန် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် မိတ္ထီလာမြို့မှစတင် ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် နံနက် ၁၀ နာရီခွဲခန့်တွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ဆီဖြည့်ရပ်နားခဲ့ပြီး နံနက် ၁၁ နာရီခွဲတွင် မှော်ဘီမြို့သို့ ဆက်လက်ထွက်ခွာပျံသန်းစဉ် ရာသီဥတု ဆိုးရွားမှုကြောင့် ပျက်ကျ၍ မီးလောင်ပျက်စီးခဲ့ကြောင်း ကနဦးသတင်းအရ သိရှိရသည်။
ရဟတ်ယာဉ်ပျက်ကျရာနေရာသို့ တပ်မတော်မှတာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသော ရဟတ်ယာဉ်မှူး ဗိုလ်မှူး ရန်နိုင်ထူး၊ တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီး ထွန်းထွန်းနိုင်နှင့် ရဟတ်ယာဉ်အဖွဲ့သား တပ်ကြပ်ကြီး တင်ထွန်းလွင်တို့ ၃ ဦးသည် ၎င်းနေရာ၌ သေဆုံးသွားခဲ့ကြောင်းနှင့် ရဟတ်ယာဉ် ပျက်ကျမှုအခြေအနေအား တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်နိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။
ဓါတ်ပုံ - အမြန်လမး်မကြီး ရဲတပ်ဖွဲ ့
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds
တပ္မေတာ္ရဟတ္ယာဥ္တစ္စီး ပ်က္က်၊ ၃ ဦးေသဆံုး
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 14, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
June 14, 2016
Rating: 5
Subscribe to:
Post Comments (Atom)






No comments:
Post a Comment