Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 6, 2016

မယ္ကမၻာျမန္မာ ၂၀၁၆ သရဖူပိုင္ရွင္ ျမတ္သီရိလြင္ႏွင့္ေတြ႕ဆံုျခင္း

‘‘ညီမ ကိုယ့္လိပ္ျပာကိုယ္လုံပါတယ္။ ဒီပြဲအတြက္ ေကာလာဟလေတြနဲ႔ပတ္သက္လို႔ေတာ့ ဘာမွေျပာစရာမရွိပါဘူး’’ မယ္ကမၻာျမန္မာ ၂၀၁၆ သရဖူပိုင္ရွင္ ျမတ္သီရိလြင္ႏွင့္ေတြ႕ဆံုျခင္း
တတိယအႀကိမ္ေျမာက္ျပဳလုပ္ သည့္ မယ္ကမၻာျမန္မာ ၂၀၁၆ ၿပိဳင္ပြဲတြင္ အသက္ (၁၇)ႏွစ္အ ရြယ္ အလွမယ္ျမတ္သီရိလြင္က သရဖူရရိွခဲ့သည္။ ထုိ႔ေၾကာင့္ (၆၆)ႀကိမ္ေျမာက္ မယ္ကမၻာၿပိဳင္ ပြဲတြင္ ျမန္မာႏုိင္ငံကိုယ္စားျပဳ သြားေရာက္ယွဥ္ၿပိဳင္မည့္ ျမတ္သီ ရိလြင္ကို ၿပိဳင္ပြဲအေတြ႕အႀကံဳ မ်ား၊ ဆုရရွိသည့္ခံစားခ်က္အပါ အဝင္ မယ္ကမၻာၿပိဳင္ပြဲအတြက္ ျပင္ဆင္မႈမ်ားအေၾကာင္းကို ဆက္သြယ္ေမးျမန္းခဲ့ပါသည္။

မယ္ကမၻာျမန္မာၿပိဳင္ပြဲ ဝင္ၿပိဳင္ ျဖစ္ခဲ့တဲ့အေၾကာင္း အရင္ဆံုး ေျပာျပေပးပါလား။ ႏုိင္ငံတကာ အဆင့္ အလွမယ္ၿပိဳင္ပြဲၿပိဳင္ျဖစ္ တာ ဒါပထမဆံုးအႀကိမ္လား။

Miss Myanmar World ၿပိဳင္ပြဲကို ညီမေမာ္ဒယ္စလုပ္ၿပီဆုိ ကတည္းက ၿပိဳင္ဖို႔ရည္ရြယ္ထား တယ္။ အရင္တုန္းက အလွမယ္ ၿပိဳင္ပြဲေတြက အသက္ (၁၈)ႏွစ္ ျပည့္မွ ေခၚတာဆုိေတာ့ အသက္ (၁၈)ႏွစ္ျပည့္တဲ့အခ်ိန္အထိ ေစာင့္မယ္ေပါ့။ ဒါေပမဲ့လည္း ဒီ ႏွစ္မွာ (၁၇)ႏွစ္ကစၿပီး ယွဥ္ၿပိဳင္ ခြင့္ရၿပီဆုိေတာ့ ညီမအတြက္ အ ခြင့္အေရးပဲဆုိၿပီး ၿပိဳင္ခဲ့တာ။ ႏုိင္ငံတကာအလွမယ္ၿပိဳင္ပြဲအေန နဲ႔ကေတာ့ ပထမဆံုးအေတြ႕အ ႀကံဳပါ။ အရင္ကေတာ့ Miss Forever Gems 2016 ၿပိဳင္ပြဲကို ေတာ့ ၿပိဳင္ဖူးပါတယ္။ 1st RunnerUp ဆုရခဲ့ပါတယ္။

ဒီၿပိဳင္ပြဲတစ္ေလွ်ာက္မွာ ဘယ္လို အေတြ႕အႀကံဳေတြရခဲ့လဲ။ ညီမ အတြက္ အက်ိဳးျဖစ္ေစခဲ့တဲ့အရာ ေတြကေကာ ဘာေတြျဖစ္မလဲ။

အေတြ႕အႀကံဳေတြကေတာ့ အမ်ားႀကီးပါပဲ။ တစ္လလံုးမွာ Camp ဝင္ရတယ္။ Training ေတြ ဆင္းရတယ္။ ေန႔တုိင္းလိုလို က ညီမအတြက္ အေတြ႕အႀကံဳ ေကာင္းေတြ အေတြ႕အႀကံဳအ သစ္ေတြ ရေနပါတယ္။ ညီမအ တြက္ အက်ိဳးေက်းဇူးကေတာ့ တကယ္ေျပာမျပတတ္ေအာင္ရ ပါတယ္။ ညီမက အရမ္းစိတ္အား ငယ္တတ္တယ္။ စိတ္ေပ်ာ့တယ္။ ဒါေပမဲ့ ဒီၿပိဳင္ပြဲကေန ကိုယ့္ကိုယ္ ကိုယ္ အားေပးတတ္လာတယ္။ ၿပီးေတာ့ အားငယ္တဲ့စိတ္ေတြကို လည္း ေဖ်ာက္ပစ္လိုက္ႏုိင္တယ္။ ညီမမွာရွိတဲ့ မေကာင္းတဲ့အမူအ က်င့္ကို အေကာင္းဆံုးေဖ်ာက္ပစ္ လိုက္ႏုိင္တယ္။ ေနာက္ၿပီး ညီမ အဖြဲ႕အစည္းနဲ႔အတူတူ ပူးေပါင္း လုပ္ေဆာင္ႏုိင္စြမ္းေတြ ပိုၿပီးတုိး တက္လာတယ္။

ၿပိဳင္ပြဲမွာက ကိုယ့္ထက္အေတြ႕ အႀကံဳရွိတဲ့သူေတြနဲ႔ ၿပိဳင္ရတာဆုိ ေတာ့ ေနာက္ဆံုးဖိုင္နယ္ပြဲရဲ႕ ရင္ခုန္မႈေလးကိုလည္း ေျပာျပေပးပါ။

ဒီပြဲမွာက ညီမထက္ဝါရင့္တဲ့ သူေတြပါတယ္။ စီနီယာေတြ အ မ်ားႀကီးပါတယ္။ သူတို႔ဆီက လည္း သင္ယူစရာရွိတာေတြသင္ ယူရတယ္။ ညီမအရမ္းေတာ့ ရင္ မခုန္ပါဘူး။ အကယ္၍မ်ား ငါး ေယာက္ထဲကိုပါသြားခဲ့ရင္ဆုိၿပီး ေမးခြန္းေတြကို ေသခ်ာေလ့လာ ထားတယ္။ ညီမရင္အခုန္ဆံုးအ ခ်ိန္ကေတာ့ ေမးခြန္းေျဖတဲ့အခ်ိန္ ေပါ့။ ဒါက Live လည္းျပေနတာ ဆုိေတာ့ တစ္ႏုိင္ငံလံုးက ပရိသတ္ ေတြၾကည့္ေနၾကတဲ့အခ်ိန္မွာ မွား ယြင္းသြားလို႔ အဆင္မေျပဘူး။ ညီမအေကာင္းဆံုးေျဖႏုိင္ဖို႔ကို အ ရမ္းစိုးရိမ္ပါတယ္။ ေမးခြန္းေျဖၿပီး သြားတဲ့အခ်ိန္မွာေတာ့ က်န္တာ ေတြ ဘာမွမစိုးရိမ္ေတာ့ပါဘူး။ ညီမ ဒီဆုကို ၿပိဳင္ပြဲဝင္ကတည္းက ေတာ့ မွန္းထားၿပီးသားေပါ့။ ဒါေပမဲ့ ဒီဆုေရြးခ်ယ္တာက ဒိုင္ေတြရဲ႕ ကိစၥ ဒိုင္ေတြဆံုးျဖတ္ေပးလိမ့္မယ္ ဆုိၿပီး စိတ္ကိုေလွ်ာ့ထားတယ္။ ေနာက္ဆံုး Winner ကို ေၾကညာ ခါနီးအခ်ိန္မွာ နည္းနည္းေလးအ ခ်ိန္ဆြဲေနေတာ့ အစကအရမ္း စိတ္မလႈပ္ရွားဘူး။ မအမ္ဂ်ာဆုိင္း ရရ၊ ညီမရရ၊ Top 3 ထဲကိုပါၿပီ ဆုိကတည္းက အရမ္းဝမ္းသာေန ၿပီ။ အဲဒီလိုအခ်ိန္ နည္းနည္းဆြဲ ထားတဲ့အခ်ိန္မွာ ရင္ခုန္သြား တယ္။ အဲဒီအခ်ိန္ေလးကေတာ့ စိတ္အလႈပ္ရွားဆံုးအခ်ိန္ပါ။

ၿပိဳင္ပြဲတစ္ေလွ်ာက္လံုး ညီမကို ၿပံဳးေနတာေတြ႕ရတယ္။ ေနာက္ ၿပီး Training မွာလည္း ညီမရဲ႕ အၿပံဳးကို သတိျပဳမိၾကတယ္လို႔ သိရတယ္။ အဲဒီလို အၿမဲတမ္းၿပံဳး ျဖစ္တာက ညီမရဲ႕ အမွတ္အသား တစ္ခုလို႔ ေျပာလုိ႔ရလား။

ညီမငယ္ငယ္ေလးကတည္း က ေကာင္းတဲ့အက်င့္ေလးတစ္ခု ႀကီးလာတဲ့အထိ ပါလာတယ္လို႔ ပဲ ေျပာရမယ္။ ဘာလို႔လဲဆုိေတာ့ ညီမငယ္ငယ္ေလးကတည္းက ၿပံဳးတယ္။ ၿပံဳးတယ္ဆုိတာထက္ ညီမက အၿမဲတမ္းရယ္ေနတတ္တယ္။ ဟာသနည္းနည္းေလးေျပာလိုက္ ရင္ သူမ်ားေတြထက္ ႏွစ္ဆ ေလာက္ရယ္တယ္။ ကိုယ့္ေပ်ာ္ ရႊင္မႈကို ကိုယ္ကိုယ္တုိင္ ရွာေဖြ တယ္။ အၿမဲတမ္း ကိုယ့္ကိုယ္ ကိုယ္ ေပ်ာ္ေအာင္ထားတယ္။ စိတ္ညစ္စရာရွိလာရင္လည္း အ ေကာင္းဆံုးေျဖရွင္းၿပီး ကိုယ့္ကိုယ္ကိုယ္ ေပ်ာ္ေအာင္ျပန္ေနတယ္။ အဲဒီအတြက္ ညီမအၿမဲတမ္းၿပံဳး တယ္။ အၿမဲတမ္းရယ္တယ္။ စိတ္ ထဲမွာ ရွင္းရွင္းထားတယ္။ ကိုယ့္ ကိုမေကာင္းႀကံခဲ့တဲ့သူကိုေတာင္ ၿပံဳးျပႏုိင္အာင္ ႀကိဳးစားတယ္။ အဲဒီ အတြက္ ညီမစိတ္ထဲမွာ တစ္ခုပါ ပဲ။ လူေတြအားလံုးက ညီမအၿပံဳးကို သတိထားမိလာတဲ့အခ်ိန္မွာ ညီမအၿပံဳးကို ျပသရတာ ၿပံဳးရတာပိုၿပီးအားပါလာတယ္။ အဲဒါေၾကာင့္ အၿမဲတမ္းၿပံဳး ေနႏုိင္တာ ပါ။

ၿပိဳင္ပြဲတုိင္းမွာ သူတို႔အားေပးတဲ့ သူေတြမရရင္ ေဝဖန္မႈေတြရွိ သလို ညီမတုိ႔ရဲ႕ ၿပိဳင္ပြဲရလဒ္နဲ႔ ပတ္သက္ၿပီး ေဝဖန္မႈေတြလည္း ရွိေတာ့ အဲဒီအေပၚ ဘာေျပာခ်င္ သလဲ။

ညီမကေတာ့ ကိုယ့္လိပ္ျပာ ကိုယ္လံုပါတယ္။ ဒီၿပိဳင္ပြဲမွာ အား လံုးကအတူတူ ႀကိဳးစားခဲ့တယ္။ ဒိုင္ေတြကလည္း အေကာင္းဆံုး အမွတ္ေပးတယ္။ မွန္မွန္ကန္ကန္ ေရြးခ်ယ္ေပးတယ္။ ၿပီးေတာ့ ညီမ ကိုယ္တိုင္ကလည္း ကိုယ့္လိပ္ျပာ ကိုယ္လံုတယ္။ ဒီပြဲအတြက္ ေကာ လာဟလေတြနဲ႔ပတ္သက္လို႔ ေတာ့ ဘာမွေျပာစရာမရွိပါဘူး။

ဒီၿပိဳင္ပြဲမွာ Personality ဆုေရာ People Choice ဆုပါ ရခဲ့တဲ့အ ေပၚ ခံစားခ်က္ေလးကိုလည္း ေျပာျပေပးပါဦး။

ဒီၿပိဳင္ပြဲတစ္ခုလံုးမွာ Miss Personality ဆုကိုေတာ့ အလို ခ်င္ဆံုးေပါ့။ အရမ္းအေတာင့္တ ဆံုး။ ဘာျဖစ္လို႔လဲဆုိေတာ့ Miss Personality ဆုိတဲ့ ဂုဏ္ပုဒ္ကို လိုခ်င္တယ္။ အဲဒီဆုက အစစ အရာရာ အဘက္ဘက္က Tea-mwork ပိုင္းဆုိင္ရာေရာ၊ စိတ္ဓာတ္ပိုင္းဆုိင္ရာေရာ ျပည့္စံုေန မွရတယ္ဆုိေတာ့ အရမ္းလိုခ်င္ တယ္။ ထုိင္းမွာလည္း ႀကိဳးစားခဲ့ တယ္။ အဲဒီဆုရဖို႔အတြက္ ရတဲ့ အတြက္လည္း အရမ္းဝမ္းသာ တယ္။ Popular Choice က ညီမ အစကထင္ထားတာက တျခား တစ္ေယာက္။ ညီမလို႔ေၾကညာတဲ့ အခ်ိန္မွာ ဘယ္လိုမွမယံုႏုိင္ဘူး။ အစကထင္ထားတာ အင္တာနက္Voting မွာ Voting မ်ားေနတဲ့လူ ရမယ္ထင္တာ။ ဒါေပမဲ့ SMS နဲ႔ ေပါင္းလုိက္တဲ့အခ်ိန္မွာ ညီမရ သြားတဲ့အတြက္ ေက်းဇူးတင္ပါ တယ္လို႔ ေျပာခ်င္ပါတယ္။

အသက္ (၁၇)ႏွစ္အရြယ္နဲ႔ အလွ မယ္တစ္ေယာက္ျဖစ္သြားတာဆုိ ေတာ့ ကိုယ့္ရဲ႕ေနထိုင္မႈပံုစံကို ဘယ္လိုေျပာင္းလဲသြားဖို႔ရွိမလဲ။

ေနထုိင္မႈပံုစံကေတာ့ မေန႔ ညကစၿပီး ညီမရဲ႕ဘဝက တစ္ ဆစ္ခ်ိဳးေျပာင္းလဲသြားသလို ျဖစ္ တာေပါ့။ အခုအခ်ိန္အထိ အဲဒီအ ရာကို အိပ္မက္တစ္ခုလုိပဲ စိတ္ ထဲမွာ ျဖစ္ေနတယ္။ အိပ္မက္မက္ ေနသလားလုိ႔ပဲ ထင္ေနရတယ္။ အသက္ (၁၇)ႏွစ္ေပမယ့္ အ သက္ကအေရးမႀကီးပါဘူး။ အဓိ ကက Miss တစ္ေယာက္ျဖစ္လာ ၿပီဆုိကတည္းက ကိုယ့္ကိုယ္ ကိုယ္ ရင့္က်က္ရမယ္။ တည္ၿငိမ္ ရမယ္။ အေကာင္းဆံုး Miss တစ္ ေယာက္ကို ႀကိဳးစားေနထိုင္ရ မယ္။ အေကာင္းဆံုးႀကိဳးစားသြား မွာပါ။

(၆၆)ႀကိမ္ေျမာက္ မယ္ကမၻာၿပိဳင္ ပြဲ (ပြဲျပဳလုပ္မည့္ႏုိင္ငံကို မသိရ ေသး)ကို ျမန္မာႏုိင္ငံကိုယ္စားျပဳ အေနနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ဖို႔ ကိုယ့္ကိုယ္ကိုယ္ ဘာေတြလိုအပ္ မႈရွိတယ္လုိ႔ ထင္သလဲ။

လုိအပ္ခ်က္ဆိုရင္ေတာ့ အဓိကက Body Building ျပန္ လုပ္ရမယ္။ ညီမခႏၶာကိုယ္ကို ဒီ ထက္ပိုၿပီး Strong ျဖစ္ေအာင္ လုပ္ရမယ္။ ေနာက္ၿပီး တျခား ဗဟုသုတနဲ႔ပတ္သက္တာေတြ လည္း ေလ့လာရမယ္။ ညီမရဲ႕ စိတ္ဓာတ္ကို ဒီထက္ပိုၿပီး ႀကံ႕ခိုင္ လာေအာင္၊ ဒီထက္ပိုၿပီး တည္ၿငိမ္လာေအာင္ ကိုယ့္ကိုယ္ကိုယ္ Control လုပ္ႏုိင္ေအာင္၊ တစ္ ေယာက္တည္း အစစအရာရာ ေျဖရွင္းႏုိင္ေအာင္လုိ႔ ႀကိဳးစားရ မယ္လို႔ ထင္ပါတယ္။

ညီမရဲ႕ အစ္ကို ျမတ္သူရလြင္ (ခ) မာကိုကလည္း Mister တစ္ ေယာက္ပဲဆိုေတာ့ သူ႔ဆီက ဘယ္လိုအေထာက္အပံ့ေတြရခဲ့လဲ။

ေျပာရမယ္ဆုိရင္ေတာ့ သူ က အမ်ားႀကီးအကူအညီေပး တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ သူက အဆက္အသြယ္ေတြမ်ား တယ္။ အႏုပညာအသိုင္းအဝိုင္း ေတြက လူေတြကို အမ်ားဆံုးသိ တယ္။ ညီမနဲ႔လည္း အနီးကပ္ဆံုး ရွိေနတာဆုိေတာ့ အၿမဲတမ္းဘယ္ လိုေနပါ၊ ဘယ္လိုထိုင္ပါ၊ သြား တာလာတာကအစ ဂ႐ုစိုက္ပါ။ တစ္ခုခုအကူအညီလိုရင္လည္း ေတာင္းေပးတယ္။

ေက်းဇူးတင္ပါတယ္။
7day daily
...............
‘‘ညီမ ကိုယ့်လိပ်ပြာကိုယ်လုံပါတယ်။ ဒီပွဲအတွက် ကောလာဟလတွေနဲ့ပတ်သက်လို့တော့ ဘာမှပြောစရာမရှိပါဘူး’’ မယ်ကမ္ဘာမြန်မာ ၂၀၁၆ သရဖူပိုင်ရှင် မြတ်သီရိလွင်နှင့်တွေ့ဆုံခြင်း
တတိယအကြိမ်မြောက်ပြုလုပ် သည့် မယ်ကမ္ဘာမြန်မာ ၂၀၁၆ ပြိုင်ပွဲတွင် အသက် (၁၇)နှစ်အ ရွယ် အလှမယ်မြတ်သီရိလွင်က သရဖူရရှိခဲ့သည်။ ထို့ကြောင့် (၆၆)ကြိမ်မြောက် မယ်ကမ္ဘာပြိုင် ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည့် မြတ်သီ ရိလွင်ကို ပြိုင်ပွဲအတွေ့အကြုံ များ၊ ဆုရရှိသည့်ခံစားချက်အပါ အဝင် မယ်ကမ္ဘာပြိုင်ပွဲအတွက် ပြင်ဆင်မှုများအကြောင်းကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မယ်ကမ္ဘာမြန်မာပြိုင်ပွဲ ဝင်ပြိုင် ဖြစ်ခဲ့တဲ့အကြောင်း အရင်ဆုံး ပြောပြပေးပါလား။ နိုင်ငံတကာ အဆင့် အလှမယ်ပြိုင်ပွဲပြိုင်ဖြစ် တာ ဒါပထမဆုံးအကြိမ်လား။

Miss Myanmar World ပြိုင်ပွဲကို ညီမမော်ဒယ်စလုပ်ပြီဆို ကတည်းက ပြိုင်ဖို့ရည်ရွယ်ထား တယ်။ အရင်တုန်းက အလှမယ် ပြိုင်ပွဲတွေက အသက် (၁၈)နှစ် ပြည့်မှ ခေါ်တာဆိုတော့ အသက် (၁၈)နှစ်ပြည့်တဲ့အချိန်အထိ စောင့်မယ်ပေါ့။ ဒါပေမဲ့လည်း ဒီ နှစ်မှာ (၁၇)နှစ်ကစပြီး ယှဉ်ပြိုင် ခွင့်ရပြီဆိုတော့ ညီမအတွက် အ ခွင့်အရေးပဲဆိုပြီး ပြိုင်ခဲ့တာ။ နိုင်ငံတကာအလှမယ်ပြိုင်ပွဲအနေ နဲ့ကတော့ ပထမဆုံးအတွေ့အ ကြံုပါ။ အရင်ကတော့ Miss Forever Gems 2016 ပြိုင်ပွဲကို တော့ ပြိုင်ဖူးပါတယ်။ 1st RunnerUp ဆုရခဲ့ပါတယ်။

ဒီပြိုင်ပွဲတစ်လျှောက်မှာ ဘယ်လို အတွေ့အကြံုတွေရခဲ့လဲ။ ညီမ အတွက် အကျိုးဖြစ်စေခဲ့တဲ့အရာ တွေကကော ဘာတွေဖြစ်မလဲ။

အတွေ့အကြံုတွေကတော့ အများကြီးပါပဲ။ တစ်လလုံးမှာ Camp ဝင်ရတယ်။ Training တွေ ဆင်းရတယ်။ နေ့တိုင်းလိုလို က ညီမအတွက် အတွေ့အကြံု ကောင်းတွေ အတွေ့အကြံုအ သစ်တွေ ရနေပါတယ်။ ညီမအ တွက် အကျိုးကျေးဇူးကတော့ တကယ်ပြောမပြတတ်အောင်ရ ပါတယ်။ ညီမက အရမ်းစိတ်အား ငယ်တတ်တယ်။ စိတ်ပျော့တယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲကနေ ကိုယ့်ကိုယ် ကိုယ် အားပေးတတ်လာတယ်။ ပြီးတော့ အားငယ်တဲ့စိတ်တွေကို လည်း ဖျောက်ပစ်လိုက်နိုင်တယ်။ ညီမမှာရှိတဲ့ မကောင်းတဲ့အမူအ ကျင့်ကို အကောင်းဆုံးဖျောက်ပစ် လိုက်နိုင်တယ်။ နောက်ပြီး ညီမ အဖွဲ့အစည်းနဲ့အတူတူ ပူးပေါင်း လုပ်ဆောင်နိုင်စွမ်းတွေ ပိုပြီးတိုး တက်လာတယ်။

ပြိုင်ပွဲမှာက ကိုယ့်ထက်အတွေ့ အကြံုရှိတဲ့သူတွေနဲ့ ပြိုင်ရတာဆို တော့ နောက်ဆုံးဖိုင်နယ်ပွဲရဲ့ ရင်ခုန်မှုလေးကိုလည်း ပြောပြပေးပါ။

ဒီပွဲမှာက ညီမထက်ဝါရင့်တဲ့ သူတွေပါတယ်။ စီနီယာတွေ အ များကြီးပါတယ်။ သူတို့ဆီက လည်း သင်ယူစရာရှိတာတွေသင် ယူရတယ်။ ညီမအရမ်းတော့ ရင် မခုန်ပါဘူး။ အကယ်၍များ ငါး ယောက်ထဲကိုပါသွားခဲ့ရင်ဆိုပြီး မေးခွန်းတွေကို သေချာလေ့လာ ထားတယ်။ ညီမရင်အခုန်ဆုံးအ ချိန်ကတော့ မေးခွန်းဖြေတဲ့အချိန် ပေါ့။ ဒါက Live လည်းပြနေတာ ဆိုတော့ တစ်နိုင်ငံလုံးက ပရိသတ် တွေကြည့်နေကြတဲ့အချိန်မှာ မှား ယွင်းသွားလို့ အဆင်မပြေဘူး။ ညီမအကောင်းဆုံးဖြေနိုင်ဖို့ကို အ ရမ်းစိုးရိမ်ပါတယ်။ မေးခွန်းဖြေပြီး သွားတဲ့အချိန်မှာတော့ ကျန်တာ တွေ ဘာမှမစိုးရိမ်တော့ပါဘူး။ ညီမ ဒီဆုကို ပြိုင်ပွဲဝင်ကတည်းက တော့ မှန်းထားပြီးသားပေါ့။ ဒါပေမဲ့ ဒီဆုရွေးချယ်တာက ဒိုင်တွေရဲ့ ကိစ္စ ဒိုင်တွေဆုံးဖြတ်ပေးလိမ့်မယ် ဆိုပြီး စိတ်ကိုလျှော့ထားတယ်။ နောက်ဆုံး Winner ကို ကြေညာ ခါနီးအချိန်မှာ နည်းနည်းလေးအ ချိန်ဆွဲနေတော့ အစကအရမ်း စိတ်မလှုပ်ရှားဘူး။ မအမ်ဂျာဆိုင်း ရရ၊ ညီမရရ၊ Top 3 ထဲကိုပါပြီ ဆိုကတည်းက အရမ်းဝမ်းသာနေ ပြီ။ အဲဒီလိုအချိန် နည်းနည်းဆွဲ ထားတဲ့အချိန်မှာ ရင်ခုန်သွား တယ်။ အဲဒီအချိန်လေးကတော့ စိတ်အလှုပ်ရှားဆုံးအချိန်ပါ။

ပြိုင်ပွဲတစ်လျှောက်လုံး ညီမကို ပြံုးနေတာတွေ့ရတယ်။ နောက် ပြီး Training မှာလည်း ညီမရဲ့ အပြံုးကို သတိပြုမိကြတယ်လို့ သိရတယ်။ အဲဒီလို အမြဲတမ်းပြံုး ဖြစ်တာက ညီမရဲ့ အမှတ်အသား တစ်ခုလို့ ပြောလို့ရလား။

ညီမငယ်ငယ်လေးကတည်း က ကောင်းတဲ့အကျင့်လေးတစ်ခု ကြီးလာတဲ့အထိ ပါလာတယ်လို့ ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ ညီမငယ်ငယ်လေးကတည်းက ပြံုးတယ်။ ပြံုးတယ်ဆိုတာထက် ညီမက အမြဲတမ်းရယ်နေတတ်တယ်။ ဟာသနည်းနည်းလေးပြောလိုက် ရင် သူများတွေထက် နှစ်ဆ လောက်ရယ်တယ်။ ကိုယ့်ပျော် ရွှင်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေ တယ်။ အမြဲတမ်း ကိုယ့်ကိုယ် ကိုယ် ပျော်အောင်ထားတယ်။ စိတ်ညစ်စရာရှိလာရင်လည်း အ ကောင်းဆုံးဖြေရှင်းပြီး ကိုယ့်ကိုယ်ကိုယ် ပျော်အောင်ပြန်နေတယ်။ အဲဒီအတွက် ညီမအမြဲတမ်းပြံုး တယ်။ အမြဲတမ်းရယ်တယ်။ စိတ် ထဲမှာ ရှင်းရှင်းထားတယ်။ ကိုယ့် ကိုမကောင်းကြံခဲ့တဲ့သူကိုတောင် ပြံုးပြနိုင်အာင် ကြိုးစားတယ်။ အဲဒီ အတွက် ညီမစိတ်ထဲမှာ တစ်ခုပါ ပဲ။ လူတွေအားလုံးက ညီမအပြံုးကို သတိထားမိလာတဲ့အချိန်မှာ ညီမအပြံုးကို ပြသရတာ ပြံုးရတာပိုပြီးအားပါလာတယ်။ အဲဒါကြောင့် အမြဲတမ်းပြံုး နေနိုင်တာ ပါ။

ပြိုင်ပွဲတိုင်းမှာ သူတို့အားပေးတဲ့ သူတွေမရရင် ဝေဖန်မှုတွေရှိ သလို ညီမတို့ရဲ့ ပြိုင်ပွဲရလဒ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ရှိတော့ အဲဒီအပေါ် ဘာပြောချင် သလဲ။

ညီမကတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။ ဒီပြိုင်ပွဲမှာ အား လုံးကအတူတူ ကြိုးစားခဲ့တယ်။ ဒိုင်တွေကလည်း အကောင်းဆုံး အမှတ်ပေးတယ်။ မှန်မှန်ကန်ကန် ရွေးချယ်ပေးတယ်။ ပြီးတော့ ညီမ ကိုယ်တိုင်ကလည်း ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်။ ဒီပွဲအတွက် ကော လာဟလတွေနဲ့ပတ်သက်လို့ တော့ ဘာမှပြောစရာမရှိပါဘူး။

ဒီပြိုင်ပွဲမှာ Personality ဆုရော People Choice ဆုပါ ရခဲ့တဲ့အ ပေါ် ခံစားချက်လေးကိုလည်း ပြောပြပေးပါဦး။

ဒီပြိုင်ပွဲတစ်ခုလုံးမှာ Miss Personality ဆုကိုတော့ အလို ချင်ဆုံးပေါ့။ အရမ်းအတောင့်တ ဆုံး။ ဘာဖြစ်လို့လဲဆိုတော့ Miss Personality ဆိုတဲ့ ဂုဏ်ပုဒ်ကို လိုချင်တယ်။ အဲဒီဆုက အစစ အရာရာ အဘက်ဘက်က Tea-mwork ပိုင်းဆိုင်ရာရော၊ စိတ်ဓာတ်ပိုင်းဆိုင်ရာရော ပြည့်စုံနေ မှရတယ်ဆိုတော့ အရမ်းလိုချင် တယ်။ ထိုင်းမှာလည်း ကြိုးစားခဲ့ တယ်။ အဲဒီဆုရဖို့အတွက် ရတဲ့ အတွက်လည်း အရမ်းဝမ်းသာ တယ်။ Popular Choice က ညီမ အစကထင်ထားတာက တခြား တစ်ယောက်။ ညီမလို့ကြေညာတဲ့ အချိန်မှာ ဘယ်လိုမှမယုံနိုင်ဘူး။ အစကထင်ထားတာ အင်တာနက်Voting မှာ Voting များနေတဲ့လူ ရမယ်ထင်တာ။ ဒါပေမဲ့ SMS နဲ့ ပေါင်းလိုက်တဲ့အချိန်မှာ ညီမရ သွားတဲ့အတွက် ကျေးဇူးတင်ပါ တယ်လို့ ပြောချင်ပါတယ်။

အသက် (၁၇)နှစ်အရွယ်နဲ့ အလှ မယ်တစ်ယောက်ဖြစ်သွားတာဆို တော့ ကိုယ့်ရဲ့နေထိုင်မှုပုံစံကို ဘယ်လိုပြောင်းလဲသွားဖို့ရှိမလဲ။

နေထိုင်မှုပုံစံကတော့ မနေ့ ညကစပြီး ညီမရဲ့ဘဝက တစ် ဆစ်ချိုးပြောင်းလဲသွားသလို ဖြစ် တာပေါ့။ အခုအချိန်အထိ အဲဒီအ ရာကို အိပ်မက်တစ်ခုလိုပဲ စိတ် ထဲမှာ ဖြစ်နေတယ်။ အိပ်မက်မက် နေသလားလို့ပဲ ထင်နေရတယ်။ အသက် (၁၇)နှစ်ပေမယ့် အ သက်ကအရေးမကြီးပါဘူး။ အဓိ ကက Miss တစ်ယောက်ဖြစ်လာ ပြီဆိုကတည်းက ကိုယ့်ကိုယ် ကိုယ် ရင့်ကျက်ရမယ်။ တည်ငြိမ် ရမယ်။ အကောင်းဆုံး Miss တစ် ယောက်ကို ကြိုးစားနေထိုင်ရ မယ်။ အကောင်းဆုံးကြိုးစားသွား မှာပါ။

(၆၆)ကြိမ်မြောက် မယ်ကမ္ဘာပြိုင် ပွဲ (ပွဲပြုလုပ်မည့်နိုင်ငံကို မသိရ သေး)ကို မြန်မာနိုင်ငံကိုယ်စားပြု အနေနဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဘာတွေလိုအပ် မှုရှိတယ်လို့ ထင်သလဲ။

လိုအပ်ချက်ဆိုရင်တော့ အဓိကက Body Building ပြန် လုပ်ရမယ်။ ညီမခန္ဓာကိုယ်ကို ဒီ ထက်ပိုပြီး Strong ဖြစ်အောင် လုပ်ရမယ်။ နောက်ပြီး တခြား ဗဟုသုတနဲ့ပတ်သက်တာတွေ လည်း လေ့လာရမယ်။ ညီမရဲ့ စိတ်ဓာတ်ကို ဒီထက်ပိုပြီး ကြံ့ခိုင် လာအောင်၊ ဒီထက်ပိုပြီး တည်ငြိမ်လာအောင် ကိုယ့်ကိုယ်ကိုယ် Control လုပ်နိုင်အောင်၊ တစ် ယောက်တည်း အစစအရာရာ ဖြေရှင်းနိုင်အောင်လို့ ကြိုးစားရ မယ်လို့ ထင်ပါတယ်။

ညီမရဲ့ အစ်ကို မြတ်သူရလွင် (ခ) မာကိုကလည်း Mister တစ် ယောက်ပဲဆိုတော့ သူ့ဆီက ဘယ်လိုအထောက်အပံ့တွေရခဲ့လဲ။

ပြောရမယ်ဆိုရင်တော့ သူ က အများကြီးအကူအညီပေး တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အဆက်အသွယ်တွေများ တယ်။ အနုပညာအသိုင်းအဝိုင်း တွေက လူတွေကို အများဆုံးသိ တယ်။ ညီမနဲ့လည်း အနီးကပ်ဆုံး ရှိနေတာဆိုတော့ အမြဲတမ်းဘယ် လိုနေပါ၊ ဘယ်လိုထိုင်ပါ၊ သွား တာလာတာကအစ ဂရုစိုက်ပါ။ တစ်ခုခုအကူအညီလိုရင်လည်း တောင်းပေးတယ်။

ကျေးဇူးတင်ပါတယ်။
7day daily

No comments:

Post a Comment