Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 17, 2016

တကၠသိုလ္ပညာသင္ေထာက္ပံ့ေၾကး စတင္ေလွ်ာက္ထားႏိုင္ၿပီ



၂၀၁၅-၂၀၁၆ ခုႏွစ္ ပညာသင္ႏွစ္အတြက္ ပညာေရး၀န္ႀကီးဌာနက ေပးအပ္မည့္ ပညာသင္ေထာက္ပံ့ ေၾကးမ်ားကို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ စတင္ေလွ်ာက္ထားႏိုင္ၿပီျဖစ္ေၾကာင္း ပညာေရး ၀န္ႀကီးဌာနမွ တာ၀န္ရိွသူတဦးက ေျပာသည္။

၂၀၁၅ ခုႏွစ္ တကၠသိုလ္၀င္စာေမး ပဲြေအာင္ျမင္ၿပီး ပညာေရး၀န္ႀကီးဌာနအပါအ၀င္ မည္သည့္၀န္ႀကီး ဌာနေအာက္ရိွ တကၠသိုလ္တြင္မဆို ပထမႏွစ္ (Day)ေန႔ သင္တန္းတက္ေရာက္ေနသည့္တကၠသိုလ္ ေက်ာင္းသားေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔ေနထိုင္ရာ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုးမ်ားမွတဆင့္ ေလွ်ာက္ထားရမည္ ျဖစ္သည္ဟု အဆင့္ျမင့္ပညာဦးစီးဌာန (ေအာက္ျမန္မာျပည္)မွ တာ၀န္ရိွသူတဦးက News Watch သို႔ ေျပာသည္။

''ပညာေရး၀န္ႀကီးဌာနရဲ႕ဘတ္ဂ်က္မွာ မႏွစ္ကတည္းက အဆိုျပဳထားခဲ့တာပါ။ ဒီႏွစ္မွာ စေခၚတာဆိုေပမယ့္ မႏွစ္ကတည္းက အက်ဳံး၀င္တာေပါ့။ ေရြးခ်ယ္ခံရတဲ့ ေက်ာင္းသားတိုင္းဟာ လစဥ္ေထာက္ပံ့ ေၾကးသံုးေသာင္း က်ပ္ကိုရမယ္။ သူဘဲြ႕လြန္တက္မလား၊ ေက်ာင္းၿပီးတဲ့ထိတက္မလား အဲဒီအထိရမွာေပါ့''ဟု ၎က ေျပာသည္။

အဆိုပါပညာသင္ေထာက္ပံ့ေၾကး ေလွ်ာက္ထားမည့္ ေက်ာင္းသား/သူမ်ား အေနျဖင့္ တကၠသိုလ္၀င္တန္း ေအာင္လက္ မွတ္၊ စာေမးပဲြေျဖဆိုေအာင္ျမင္ခဲ့သည့္ ေက်ာင္းေထာက္ခံစာ၊ ရပ္ကြက္၊ အုပ္ခ်ဳပ္ေရးမွဴး၏ ေထာက္ခံစာတို႔ျဖင့္ သက္ဆိုင္ရာၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး႐ံုးမ်ားတြင္ ဇြန္လကုန္ထိ ေလွ်ာက္ထား ရမည္ျဖစ္ၿပီး ေလွ်ာက္ထားလာသည့္ ေလွ်ာက္လႊာမ်ားအနက္မွ လစာ၀င္ေငြနည္းပါးၿပီး အမွန္တကယ္မတတ္ ႏိုင္သည့္ မိသားစုမွျဖစ္ေၾကာင္းကို ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး႐ံုးက ပညာေရး၀န္ႀကီးဌာနသို႔ စိစစ္ေထာက္ခံ တင္ျပေပးမည္ျဖစ္သည္။ ပညာေရး၀န္ႀကီးဌာန၏ ၂၀၁၅-၂၀၁၆ ခုႏွစ္ ပညာသင္ေထာက္ပံ့ေၾကးကို တိုင္း ေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ ေက်ာင္းသားဦးေရ ရွစ္ေထာင္ေက်ာ္ကို ေရြးခ်ယ္စိစစ္ေပးအပ္သြားမည္ ျဖစ္ၿပီး ေရြးခ်ယ္ခံရသည့္ ေက်ာင္း သားတဦးလွ်င္ လစဥ္သံုးေသာင္းက်ပ္စီကို ေက်ာင္းျပီးဆံုးသည္အထိ လစဥ္ေပးအပ္သြားမည္ျဖစ္သည္။

ေအာင္ႏိုင္ဦး
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
..........



၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနက ပေးအပ်မည့် ပညာသင်ထောက်ပံ့ ကြေးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၅ ခုနှစ် တက္ကသိုလ်ဝင်စာမေး ပွဲအောင်မြင်ပြီး ပညာရေးဝန်ကြီးဌာနအပါအဝင် မည်သည့်ဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်တွင်မဆို ပထမနှစ် (Day)နေ့ သင်တန်းတက်ရောက်နေသည့်တက္ကသိုလ် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများမှတဆင့် လျှောက်ထားရမည် ဖြစ်သည်ဟု အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ တာဝန်ရှိသူတဦးက News Watch သို့ ပြောသည်။

''ပညာရေးဝန်ကြီးဌာနရဲ့ဘတ်ဂျက်မှာ မနှစ်ကတည်းက အဆိုပြုထားခဲ့တာပါ။ ဒီနှစ်မှာ စခေါ်တာဆိုပေမယ့် မနှစ်ကတည်းက အကျုံးဝင်တာပေါ့။ ရွေးချယ်ခံရတဲ့ ကျောင်းသားတိုင်းဟာ လစဉ်ထောက်ပံ့ ကြေးသုံးသောင်း ကျပ်ကိုရမယ်။ သူဘွဲ့လွန်တက်မလား၊ ကျောင်းပြီးတဲ့ထိတက်မလား အဲဒီအထိရမှာပေါ့''ဟု ၎င်းက ပြောသည်။

အဆိုပါပညာသင်ထောက်ပံ့ကြေး လျှောက်ထားမည့် ကျောင်းသား/သူများ အနေဖြင့် တက္ကသိုလ်ဝင်တန်း အောင်လက် မှတ်၊ စာမေးပွဲဖြေဆိုအောင်မြင်ခဲ့သည့် ကျောင်းထောက်ခံစာ၊ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာတို့ဖြင့် သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် ဇွန်လကုန်ထိ လျှောက်ထား ရမည်ဖြစ်ပြီး လျှောက်ထားလာသည့် လျှောက်လွှာများအနက်မှ လစာဝင်ငွေနည်းပါးပြီး အမှန်တကယ်မတတ် နိုင်သည့် မိသားစုမှဖြစ်ကြောင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ပညာရေးဝန်ကြီးဌာနသို့ စိစစ်ထောက်ခံ တင်ပြပေးမည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်ထောက်ပံ့ကြေးကို တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကျောင်းသားဦးရေ ရှစ်ထောင်ကျော်ကို ရွေးချယ်စိစစ်ပေးအပ်သွားမည် ဖြစ်ပြီး ရွေးချယ်ခံရသည့် ကျောင်း သားတဦးလျှင် လစဉ်သုံးသောင်းကျပ်စီကို ကျောင်းပြီးဆုံးသည်အထိ လစဉ်ပေးအပ်သွားမည်ဖြစ်သည်။

အောင်နိုင်ဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment