Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 13, 2016

တရုတ္ႏုိင္ငံမွာ ေခါင္းႏွစ္လုံးပါ၀က္ကေလး ေမြးဖြား

တရုတ္ႏုိင္ငံမွာ ေခါင္းႏွစ္လုံးပါ၀က္ကေလး ေမြးဖြား

By netsetaw - June 11, 2016

တ႐ုတ္ႏုိင္ငံ Sichuan စီရင္စုမွာရွိတဲ့ Fengtian ဆုိတဲ့ ရြာေလးတစ္ရြာမွာ ထူးဆန္းၿပီးခ်စ္ဖြယ္ေကာင္းတဲ့
 ေခါင္းႏွစ္လုံးပါ၀က္ေလးကတစ္ေကာင္ ေမြးဖြားခဲ့ပါတယ္။ ၀က္ပုိင္ရွင္ရဲ႕ အမည္ကေတာ့ Zhong Xulong
 ျဖစ္ၿပီး အဲဒီ၀က္ကေလးကုိ ပုိင္ဆုိင္ရျခင္းအတြက္ အထူး၀မ္းသာေနတယ္လုိ႔လည္း ဆုိပါတယ္။ Zhong ရဲ႕ အိမ္မွာ အဲဒီေခါင္းႏွစ္လုံး ၀က္ကေလးကိုၾကည့္ဖုိ႔ ေန႔စဥ္ ဧည့္သည္ရာခ်ီ လာေရာက္ၾကည့္႐ႈၾကတယ္
လုိ႔လည္း သိရပါတယ္။

အဆုိပါ၀က္ကေလးမွာ ေခါင္းႏွစ္လုံး ဦးေႏွာက္ႏွစ္ခု ပါတယ္လုိ႔ ယူဆရၿပီး မ်က္လုံးသုံးလုံးပါ၀င္ျခင္းကလည္း အလြန္အံ့ၾသဖြယ္ေကာင္းေနပါတယ္။ လယ္သမားအလုပ္နဲ႔ အသက္ေမြးတဲ့ ၀က္ပုိင္ရွင္ Zhong ဟာ အခုခ်ိန္မွာ အဆုိပါ၀က္ကေလးအတြက္ ေပ်ာ္ရႊင္ေနၿပီး၊ ၎၀က္ကေလးနဲ႔အတူ ေမႊးခ်င္း၀က္ေပါက္စေလး (၁၃)ေကာင္ထိ ၀က္မႀကီးက ေမြးဖြားေပးခဲ့ပါတယ္။ ၀က္ပုိင္ရွင္ Zhong က အဆုိပါ ၀က္ကေလးနဲ႔
ပတ္သက္ၿပီး ” ရြာသားတစ္ေယာက္က ဒီ၀က္ကေလးကုိ ယူ႐ုိ 209 ေပးၿပီး ၀ယ္ဖုိ႔ ကမ္းလွမ္းခဲ့ပါတယ္ … ကၽြန္ေတာ္ မေရာင္းဘူးလုိ႔ ျငင္းလုိက္ပါတယ္ … ဒီ၀က္ကေလး ႀကီးလာတဲ့အခါ ဘာဆက္ျဖစ္မလဲဆိုတာကုိ ကၽြန္ေတာ္က စိတ္၀င္စားပါတယ္ … “လုိ႔ ဖြင့္ဟခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Zhong ဟာ အဆုိပါ ေခါင္းႏွစ္လုံး၀က္ကေလးကို အျခား၀က္မ်ားနဲ႔ခြဲကာ သီးသန္႔ေစာင့္ေရွာက္ထားၿပီး လုိအပ္တဲ့ ဂ႐ုစုိက္မႈေတြ
ေပးေနတယ္လုိ႔ ဆုိပါတယ္။

source : metro.co.uk

.................................................

တရုတ်နိုင်ငံမှာ ခေါင်းနှစ်လုံးပါ၀က်ကလေး မွေးဖွား
By netsetaw - June 11, 2016

တရုတ်နိုင်ငံ Sichuan စီရင်စုမှာရှိတဲ့ Fengtian ဆိုတဲ့ ရွာလေးတစ်ရွာမှာ ထူးဆန်းပြီးချစ်ဖွယ်ကောင်းတဲ့
 ခေါင်းနှစ်လုံးပါ၀က်လေးကတစ်ကောင် မွေးဖွားခဲ့ပါတယ်။ ၀က်ပိုင်ရှင်ရဲ့ အမည်ကတော့ Zhong Xulong
 ဖြစ်ပြီး အဲဒီဝက်ကလေးကို ပိုင်ဆိုင်ရခြင်းအတွက် အထူးဝမ်းသာနေတယ်လို့လည်း ဆိုပါတယ်။ Zhong ရဲ့ အိမ်မှာ အဲဒီခေါင်းနှစ်လုံး ၀က်ကလေးကိုကြည့်ဖို့ နေ့စဉ် ဧည့်သည်ရာချီ လာရောက်ကြည့်ရှုကြတယ်
လို့လည်း သိရပါတယ်။

အဆိုပါ၀က်ကလေးမှာ ခေါင်းနှစ်လုံး ဦးနှောက်နှစ်ခု ပါတယ်လို့ ယူဆရပြီး မျက်လုံးသုံးလုံးပါ၀င်ခြင်းကလည်း အလွန်အံ့သြဖွယ်ကောင်းနေပါတယ်။ လယ်သမားအလုပ်နဲ့ အသက်မွေးတဲ့ ၀က်ပိုင်ရှင် Zhong ဟာ အခုချိန်မှာ အဆိုပါ၀က်ကလေးအတွက် ပျော်ရွှင်နေပြီး၊ ၎င်းဝက်ကလေးနဲ့အတူ မွှေးချင်းဝက်ပေါက်စလေး (၁၃)ကောင်ထိ ၀က်မကြီးက မွေးဖွားပေးခဲ့ပါတယ်။ ၀က်ပိုင်ရှင် Zhong က အဆိုပါ ၀က်ကလေးနဲ့
ပတ်သက်ပြီး ” ရွာသားတစ်ယောက်က ဒီဝက်ကလေးကို ယူရို 209 ပေးပြီး ၀ယ်ဖို့ ကမ်းလှမ်းခဲ့ပါတယ် … ကျွန်တော် မရောင်းဘူးလို့ ငြင်းလိုက်ပါတယ် … ဒီဝက်ကလေး ကြီးလာတဲ့အခါ ဘာဆက်ဖြစ်မလဲဆိုတာကို ကျွန်တော်က စိတ်ဝင်စားပါတယ် … “လို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ Zhong ဟာ အဆိုပါ ခေါင်းနှစ်လုံးဝက်ကလေးကို အခြားဝက်များနဲ့ခွဲကာ သီးသန့်စောင့်ရှောက်ထားပြီး လိုအပ်တဲ့ ဂရုစိုက်မှုတွေ
ပေးနေတယ်လို့ ဆိုပါတယ်။

source : metro.co.uk

No comments:

Post a Comment