Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 9, 2016

NCA ထဲ လက္မွတ္ထိုးထားတဲ့ အဖြဲ႕က သူတစ္ဦး တရားစြဲခံရ

ရခိုင္ျပည္နယ္ထဲက စစ္ပြဲ ေတြအတြင္း အစိုးရတပ္ဘက္က အရပ္သားေတြ အေပၚ က်ဴးလြန္ ေနတာ ေတြဟာ ကုလသမဂၢ ဂ်နီဗာ စာခ်ဳပ္ကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ ဆိုၿပီး ALP က ေၾကညာခ်က္ ထုတ္ခဲ့။
ရခိုင္ျပည္ လြတ္ေျမာက္ေရး ပါတီ ALP က ျပန္ၾကားေရး ဌာနက တာဝန္ခံ တစ္ဦးကို တပ္မေတာ္ကို အေသေရဖ်က္ လို႔ ဆိုၿပီး အစိုးရ စစ္တပ္က တရားလို လုပ္ တရားစြဲ လိုက္ပါတယ္။

ဒါဟာ တစ္နိုင္ငံလုံး အပစ္ရပ္ စာခ်ဳပ္ NCA ထဲ ပါဝင္ လက္မွတ္ ေရးထိုး ထားတဲ့ အဖြဲ႕က တာဝန္ရွိသူကို ပထမဆုံး အႀကိမ္ စတင္ တရား စြဲဆို လာတာ ျဖစ္ပါတယ္။

ရခိုင္ျပည္နယ္ထဲက စစ္ပြဲ ေတြအတြင္း အစိုးရတပ္ဘက္က အရပ္သားေတြ အေပၚ က်ဴးလြန္ ေနတာ ေတြဟာ ကုလသမဂၢ ဂ်နီဗာ စာခ်ဳပ္ကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ ဆိုၿပီး ALP က ေၾကညာခ်က္ ထုတ္ခဲ့တဲ့ အတြက္ အခုလို တုံ႔ျပန္လာတာ ျဖစ္တယ္လို႔ ဘီဘီစီ သတင္းေထာက္က ေျပာပါတယ္။

ALP ပါတီရဲ့ ျပန္ၾကားေရး ဌာန ဒုတာဝန္ခံ ခိုင္မ်ိဳးထြန္းကို ဒကစ ဌာနခ်ဳပ္မွ စစ္ဦးစီး ပထမတန္း ဒုတိယ ဗိုလ္မွူးႀကီး တင္နိုင္ထြန္းက စစ္ေတြၿမိဳ႕နယ္ တရား႐ုံးမွာ တရားလိုလုပ္ၿပီး တရားစြဲ လိုက္တာ ျဖစ္ပါတယ္။

ဧၿပီလ ၂၄ ရက္ေန႔ ေန႔စြဲနဲ႔ ထုတ္ျပန္ခဲ့တဲ့ ALP ပါတီရဲ့ ေၾကညာခ်က္ထဲမွာ ရခိုင္ျပည္နယ္ အတြင္း ရခိုင္တပ္မေတာ္ ေအေအနဲ႔ ျဖစ္ပြားေနတဲ့ စစ္ပြဲေတြမွာ အစိုးရ စစ္တပ္က ေပၚတာ ဆြဲ အဓမၼ လုပ္အား ခိုင္းေစတာ၊ ရြာသားေတြကို လူသားဒိုင္းကာ ေတြ အျဖစ္ အသုံးျပဳတာ စတဲ့ လုပ္ရပ္ေတြဟာ ဂ်ီနီဗာ ပဋိညာဥ္ကို ခ်ိဳးေဖာက္ရာ ေရာက္တယ္ ဆိုၿပီး ေဖာ္ျပထားပါတယ္။

ရခိုင္ျပည္နယ္ အစိုးရ အဖြဲ႕နဲ႔ ေဒၚေစာျမရာဇာလင္း ဦးေဆာင္တဲ့ ALP ကိုယ္စားလွယ္ အဖြဲ႕ကေတာ့ ေမလ ၉ ရက္ေန႔ တနလၤာေန႔က စစ္ေတြၿမိဳ႕မွာ ေတြ႕ဆုံ ခဲ့ၾကပါတယ္။

ဒီလို ေတြ႕ဆုံ ခဲ့ေပမယ့္ စစ္တပ္ဘက္က တရားစြဲထားတာကို ႐ုပ္သိမ္းမလား၊ ဆက္တရားစြဲ မလား ဆိုတာကိုေတာ့ မသိရွိရေသးဘဲ ညႇိနိုင္ေနတုန္း ျဖစ္တယ္လို႔ ေဒၚေစာျမရာဇာလင္းက ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese

.......................................


ရခိုင်ပြည်နယ်ထဲက စစ်ပွဲ တွေအတွင်း အစိုးရတပ်ဘက်က အရပ်သားတွေ အပေါ် ကျူးလွန် နေတာ တွေဟာ ကုလသမဂ္ဂ ဂျနီဗာ စာချုပ်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ALP က ကြေညာချက် ထုတ်ခဲ့။
ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP က ပြန်ကြားရေး ဌာနက တာဝန်ခံ တစ်ဦးကို တပ်မတော်ကို အသေရေဖျက် လို့ ဆိုပြီး အစိုးရ စစ်တပ်က တရားလို လုပ် တရားစွဲ လိုက်ပါတယ်။

ဒါဟာ တစ်နိုင်ငံလုံး အပစ်ရပ် စာချုပ် NCA ထဲ ပါဝင် လက်မှတ် ရေးထိုး ထားတဲ့ အဖွဲ့က တာဝန်ရှိသူကို ပထမဆုံး အကြိမ် စတင် တရား စွဲဆို လာတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲက စစ်ပွဲ တွေအတွင်း အစိုးရတပ်ဘက်က အရပ်သားတွေ အပေါ် ကျူးလွန် နေတာ တွေဟာ ကုလသမဂ္ဂ ဂျနီဗာ စာချုပ်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ALP က ကြေညာချက် ထုတ်ခဲ့တဲ့ အတွက် အခုလို တုံ့ပြန်လာတာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ALP ပါတီရဲ့ ပြန်ကြားရေး ဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို ဒကစ ဌာနချုပ်မှ စစ်ဦးစီး ပထမတန်း ဒုတိယ ဗိုလ်မှူးကြီး တင်နိုင်ထွန်းက စစ်တွေမြို့နယ် တရားရုံးမှာ တရားလိုလုပ်ပြီး တရားစွဲ လိုက်တာ ဖြစ်ပါတယ်။

ဧပြီလ ၂၄ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ALP ပါတီရဲ့ ကြေညာချက်ထဲမှာ ရခိုင်ပြည်နယ် အတွင်း ရခိုင်တပ်မတော် အေအေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေမှာ အစိုးရ စစ်တပ်က ပေါ်တာ ဆွဲ အဓမ္မ လုပ်အား ခိုင်းစေတာ၊ ရွာသားတွေကို လူသားဒိုင်းကာ တွေ အဖြစ် အသုံးပြုတာ စတဲ့ လုပ်ရပ်တွေဟာ ဂျီနီဗာ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်တယ် ဆိုပြီး ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နဲ့ ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ALP ကိုယ်စားလှယ် အဖွဲ့ကတော့ မေလ ၉ ရက်နေ့ တနင်္လာနေ့က စစ်တွေမြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒီလို တွေ့ဆုံ ခဲ့ပေမယ့် စစ်တပ်ဘက်က တရားစွဲထားတာကို ရုပ်သိမ်းမလား၊ ဆက်တရားစွဲ မလား ဆိုတာကိုတော့ မသိရှိရသေးဘဲ ညှိနိုင်နေတုန်း ဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment