Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, May 7, 2016

Instagram ကုိ ထိုးေဖာက္ႏိုင္ခဲ့သည့္ ၁၀ ႏွစ္အရြယ္ ကေလးငယ္အား Facebook က ေဒၚလာ ၁၀,၀၀၀ ခ်ီးျမႇင့္


ဖင္လန္ႏိုင္ငံ ဟယ္ဆင္ကီၿမိဳ႕တြင္ေနထိုင္သည့္ ၁၀ ႏွစ္အရြယ္ ဂ်ာနီဆိုသူသည္ နာမည္ေက်ာ္ ဓာတ္ပုံေဝမွ်သည့္ လူမႈေရးမီဒီယာ Instagram တြင္ ေရြးခ်ယ္ထားေသာ မည္သည့္ မွတ္ခ်က္ကိုမဆို ဖ်က္ႏိုင္သည့္ အားနည္းခ်က္အား ရွာေဖြေတြ႕ရွိခဲ့သည္။

Facebook အတြက္ ၎အားနည္းခ်က္ကို အတည္ျပဳရန္အတြက္ ဂ်ာနီက ကုမၸဏီ၏ စမ္းသပ္ account ျဖင့္ မွတ္ခ်က္တစ္ခုကို ဖ်က္ျပခဲ့သည္။ ထို႔ေနာက္တြင္ Facebook သည္ ကုမၸဏီ၏ ဆုေၾကးေငြေပးအပ္သည့္ အစီအစဥ္အရ ၎ကေလးငယ္ကုိ ကန္ေဒၚလာ ၁၀,၀၀၀ ခ်ီးျမႇင့္ခဲ့သည္။

“ဘယ္သူ႔ရဲ႕ မွတ္ခ်က္ကိုမဆို ကၽြန္ေတာ္ ဖ်က္လို႔ရပါတယ္။ ဂ်က္စတင္ဘီဘာရဲ႕ မွတ္္ခ်က္ေတြက အစေပါ့” ဟု ဂ်ာနီက ဖင္လန္သတင္းစာ IItalehti ထံသို႔ ေျပာၾကားခဲ့သည္။ အဆိုပါအားနည္းခ်က္သည္ သီးသန္႔ application programming interface တြင္ တည္ရွိေၾကာင္း၊ သုံးစြဲသူက မွတ္ခ်က္တစ္ခုကို ဖ်က္သိမ္းသည့္ ေဆာင္ရြက္မႈ ျပဳလုပ္ရာတြင္ စစ္ေဆးရန္ အားနည္းခဲ့ျခင္း ျဖစ္ေၾကာင္း Facebook က ထုတ္ေဖာ္ ေျပာၾကားခဲ့သည္။

ဂ်ာနီသည္ ရရွိသည့္ ဆုေၾကးေငြမ်ားျဖင့္ ေဘာလုံးအားကစားအတြက္ လုိအပ္သည့္ ပစၥည္းႏွင့္ စက္ဘီးသစ္တို႔ ဝယ္ယူမည္ ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။ ထို႔အျပင္ ၎အေနျဖင့္ အရြယ္ေရာက္လွ်င္ လုံၿခဳံေရးဆုိင္ရာ ကၽြမ္းက်င္ပညာရွင္ ျဖစ္လာရန္ ရည္မွန္းထားသည္။

Ref: AndroidAuthority
Credit - Internet Journal
......................
ဖင်လန်နိုင်ငံ ဟယ်ဆင်ကီမြို့တွင်နေထိုင်သည့် ၁၀ နှစ်အရွယ် ဂျာနီဆိုသူသည် နာမည်ကျော် ဓာတ်ပုံဝေမျှသည့် လူမှုရေးမီဒီယာ Instagram တွင် ရွေးချယ်ထားသော မည်သည့် မှတ်ချက်ကိုမဆို ဖျက်နိုင်သည့် အားနည်းချက်အား ရှာဖွေတွေ့ရှိခဲ့သည်။

Facebook အတွက် ၎င်းအားနည်းချက်ကို အတည်ပြုရန်အတွက် ဂျာနီက ကုမ္ပဏီ၏ စမ်းသပ် account ဖြင့် မှတ်ချက်တစ်ခုကို ဖျက်ပြခဲ့သည်။ ထို့နောက်တွင် Facebook သည် ကုမ္ပဏီ၏ ဆုကြေးငွေပေးအပ်သည့် အစီအစဉ်အရ ၎င်းကလေးငယ်ကို ကန်ဒေါ်လာ ၁၀,၀၀၀ ချီးမြှင့်ခဲ့သည်။

“ဘယ်သူ့ရဲ့ မှတ်ချက်ကိုမဆို ကျွန်တော် ဖျက်လို့ရပါတယ်။ ဂျက်စတင်ဘီဘာရဲ့ မှတ််ချက်တွေက အစပေါ့” ဟု ဂျာနီက ဖင်လန်သတင်းစာ IItalehti ထံသို့ ပြောကြားခဲ့သည်။ အဆိုပါအားနည်းချက်သည် သီးသန့် application programming interface တွင် တည်ရှိကြောင်း၊ သုံးစွဲသူက မှတ်ချက်တစ်ခုကို ဖျက်သိမ်းသည့် ဆောင်ရွက်မှု ပြုလုပ်ရာတွင် စစ်ဆေးရန် အားနည်းခဲ့ခြင်း ဖြစ်ကြောင်း Facebook က ထုတ်ဖော် ပြောကြားခဲ့သည်။

ဂျာနီသည် ရရှိသည့် ဆုကြေးငွေများဖြင့် ဘောလုံးအားကစားအတွက် လိုအပ်သည့် ပစ္စည်းနှင့် စက်ဘီးသစ်တို့ ဝယ်ယူမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းအနေဖြင့် အရွယ်ရောက်လျှင် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်လာရန် ရည်မှန်းထားသည်။

Ref: AndroidAuthority
Credit - Internet Journal

No comments:

Post a Comment