Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 23, 2016

မိန္ရာသီဖြား(Feb 19-Mar 20)မ်ားအေၾကာင္း



By netsetaw -  May 17, 2016

မိန္ရာသီဖြား(Pisces)မ်ား၏ သေဘာသဘာ၀

ႏွစ္စဥ္ ေဖေဖာ္၀ါရီ (19)ရက္မွ မတ္လ(20) ရက္ေန႔အတြင္း ေမြးဖြားသူေတြကုိ မိန္ရာသီဖြားမ်ားလုိ႔ ေခၚပါတယ္။ မိန္ရာသီ
ဖြားတုိ႔ရဲ႕ ရာသီခြင္သေဘာသဘာ၀အရ တစ္ေနရာတည္းမွာ သက္သက္မွတ္မွတ္ေနလုိသူမ်ား မဟုတ္ၾကဘဲ၊ ခရီးထြက္
ေနရျခင္း၊ ဇာတိနဲ႔ခြဲခြာေနရျခင္းတုိ႕ ျဖစ္တတ္သူေတြ ျဖစ္ပါတယ္။ ဘာသာေရးယုံၾကည္မႈ လြန္ကဲသူမ်ားျဖစ္ၿပီး အစြန္း
ေရာက္တတ္ပါတယ္။ ေဗဒင္ကိန္းခန္းနဲ႔ ဂမၻီရ၀ါသနာရပ္မ်ားကို စိတ္၀င္တစားေလ့လာလုိသူမ်ား ျဖစ္ၿပီး တစ္ခါတရံ မပ်က္
သားတဲ့ စိတ္လမ္းႏွစ္ခြမွာ ၾကာျမင့္စြာေသာင္တင္ေနတတ္သူေတြ ျဖစ္ပါတယ္။ ကာမဂုဏ္အာ႐ုံမွာ အလြန္ေမြ႕ေလွ်ာ္သူ
မ်ားျဖစ္သလုိ၊ ေကာင္းေပ့ညႊန္႔ေပ့ဆုိတာကုိမွ ခံစားလုိသူေတြလည္း ျဖစ္ပါတယ္။

ပညာေရး


ပညာေရးမွာေတာ့ မိန္ရာသီဖြားေတြဟာ တစ္မိေပါက္ တစ္ေယာက္ထြန္း ျဖစ္တတ္ပါတယ္။ ဒါေပမယ့္ မ်ားေသာအားျဖင့္
တတ္ေျမာက္ထားတဲ့ ပညာနဲ႔ အသက္ေမြး၀မ္းေၾကာင္းလုိသူေတြ မဟုတ္ၾကပါဘူး။ ပညာဘက္မွာလည္း ႏွံစပ္ေအာင္
ေတာ္သူေတြ ျဖစ္တတ္သလုိ တစ္ခါတေလ ခၽြင္းခ်က္အေနနဲ႕ အလြန္တရာ ညံ့ဖ်င္းတဲ့သူလည္း ျဖစ္တတ္ပါတယ္။ အ
ေတြး အရမ္းမ်ားလြန္းသူေတြ ျဖစ္လုိ႔ အေတြးအေခၚဘာသာရပ္၊ ႏုိင္ငံျခားဘာသာစကား စသည္တုိ႔မွာ သူမတူေအာင္ ထူး
ခၽြန္တတ္ပါတယ္။

အခ်စ္ေရး

မိန္ရာသီဖြားေတြဟာ အိမ္ေထာင္ဆက္ ခ်စ္သူရည္းစား မ်ားတတ္သူေတြ ျဖစ္ပါတယ္။ ဒါေပမယ့္ သူတုိ႔တကယ္စိတ္၀င္
စားတဲ့သူဆုိရင္လည္း ဘ၀တစ္ခုလုံး အခ်စ္ကၽြန္အျဖစ္ ယုံၾကည္စြာႏွင္းအပ္တတ္သူေတြ ျဖစ္ပါတယ္။ အခ်စ္ေရးမွာ စန္း
ပြင့္ေလ့ရွိၿပီး တစ္ခါတရံ ခ်စ္သူႏွစ္ေယာက္ၾကားမွာ ေသခ်င္ေလာက္ေအာင္ စိတ္ညစ္ရတာမ်ိဳးေတြလည္း ရွိတတ္လုိ႔ အ
သက္အႏၱရာယ္ အလြန္မ်ားသူေတြ ျဖစ္ပါတယ္။

စီးပြားေရး


စီးပြားေရးမွာေတာ့ မိန္ရာသီဖြားေတြဟာ အလြန္ကံဇာတာေကာင္းသူေတြ ျဖစ္တတ္ပါတယ္။ ပင္ပင္ပန္းပန္းမလုပ္ရဘဲ
စီးပြားေရးမွာ လက္မေထာင္ႏုိင္သူေတြ ျဖစ္ပါတယ္။ အက်ိဳးမေပးတဲ့ လုပ္ငန္းမရွိသေလာက္ ရွားၿပီး ရင္းနီးျမႇဳပ္ႏွံမႈ၊ ေမာ္
ေတာ္ကားနဲ႔ အျခားစက္ပစၥည္းအေရာင္းအ၀ယ္တုိ႔မွာ အထူး ေအာင္ျမင္သူေတြ ျဖစ္ပါတယ္။ လွ်ပ္စစ္လုပ္ငန္းေတြလည္း
အက်ိဳးေပးသန္တတ္ပါတယ္။

က်န္းမာေရး

မိန္ရာသီဖြားေတြအေနနဲ႔ က်န္းမာေရးကုိေတာ့ ေလနာေရာဂါ၊ စိတ္ေပါ့သြပ္ေရာဂါ-တုိ႕ကုိ သတိထားသင့္ပါတယ္။ ေလ
ေၾကာင္းခရီးကုိလည္း ဆင္ျခင္သင့္ၿပီး လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့  ေရာဂါဆုိးေတြကုိလည္း သတိထားဖုိ႔ လုိအပ္ပါ
တယ္။ သာမန္အားျဖင့္ေတာ့ က်န္းမာေရးအထူးေကာင္းမြန္တတ္ေပမယ့္ ေရာဂါေတြ ႐ုတ္တရက္၀င္ေရာက္ႏွိက္စက္တာ
မ်ိဳးကိုလည္း မေမွ်ာ္လင့္ဘဲ ခံရႏုိင္ပါတယ္။

Shwemom (Baydin)

....................................

မိန်ရာသီဖွား(Feb 19-Mar 20)များအကြောင်း
By netsetaw -  May 17, 2016

မိန်ရာသီဖွား(Pisces)များ၏ သဘောသဘာဝ

နှစ်စဉ် ဖေဖော်ဝါရီ (19)ရက်မှ မတ်လ(20) ရက်နေ့အတွင်း မွေးဖွားသူတွေကို မိန်ရာသီဖွားများလို့ ခေါ်ပါတယ်။ မိန်ရာသီ
ဖွားတို့ရဲ့ ရာသီခွင်သဘောသဘာဝအရ တစ်နေရာတည်းမှာ သက်သက်မှတ်မှတ်နေလိုသူများ မဟုတ်ကြဘဲ၊ ခရီးထွက်
နေရခြင်း၊ ဇာတိနဲ့ခွဲခွာနေရခြင်းတို့ ဖြစ်တတ်သူတွေ ဖြစ်ပါတယ်။ ဘာသာရေးယုံကြည်မှု လွန်ကဲသူများဖြစ်ပြီး အစွန်း
ရောက်တတ်ပါတယ်။ ဗေဒင်ကိန်းခန်းနဲ့ ဂမ္ဘီရဝါသနာရပ်များကို စိတ်ဝင်တစားလေ့လာလိုသူများ ဖြစ်ပြီး တစ်ခါတရံ မပျက်
သားတဲ့ စိတ်လမ်းနှစ်ခွမှာ ကြာမြင့်စွာသောင်တင်နေတတ်သူတွေ ဖြစ်ပါတယ်။ ကာမဂုဏ်အာရုံမှာ အလွန်မွေ့လျှော်သူ
များဖြစ်သလို၊ ကောင်းပေ့ညွှန့်ပေ့ဆိုတာကိုမှ ခံစားလိုသူတွေလည်း ဖြစ်ပါတယ်။

ပညာရေး


ပညာရေးမှာတော့ မိန်ရာသီဖွားတွေဟာ တစ်မိပေါက် တစ်ယောက်ထွန်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့်
တတ်မြောက်ထားတဲ့ ပညာနဲ့ အသက်မွေးဝမ်းကြောင်းလိုသူတွေ မဟုတ်ကြပါဘူး။ ပညာဘက်မှာလည်း နှံစပ်အောင်
တော်သူတွေ ဖြစ်တတ်သလို တစ်ခါတလေ ချွင်းချက်အနေနဲ့ အလွန်တရာ ညံ့ဖျင်းတဲ့သူလည်း ဖြစ်တတ်ပါတယ်။ အ
တွေး အရမ်းများလွန်းသူတွေ ဖြစ်လို့ အတွေးအခေါ်ဘာသာရပ်၊ နိုင်ငံခြားဘာသာစကား စသည်တို့မှာ သူမတူအောင် ထူး
ချွန်တတ်ပါတယ်။

အချစ်ရေး

မိန်ရာသီဖွားတွေဟာ အိမ်ထောင်ဆက် ချစ်သူရည်းစား များတတ်သူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တကယ်စိတ်ဝင်
စားတဲ့သူဆိုရင်လည်း ဘဝတစ်ခုလုံး အချစ်ကျွန်အဖြစ် ယုံကြည်စွာနှင်းအပ်တတ်သူတွေ ဖြစ်ပါတယ်။ အချစ်ရေးမှာ စန်း
ပွင့်လေ့ရှိပြီး တစ်ခါတရံ ချစ်သူနှစ်ယောက်ကြားမှာ သေချင်လောက်အောင် စိတ်ညစ်ရတာမျိုးတွေလည်း ရှိတတ်လို့ အ
သက်အန္တရာယ် အလွန်များသူတွေ ဖြစ်ပါတယ်။

စီးပွားရေး


စီးပွားရေးမှာတော့ မိန်ရာသီဖွားတွေဟာ အလွန်ကံဇာတာကောင်းသူတွေ ဖြစ်တတ်ပါတယ်။ ပင်ပင်ပန်းပန်းမလုပ်ရဘဲ
စီးပွားရေးမှာ လက်မထောင်နိုင်သူတွေ ဖြစ်ပါတယ်။ အကျိုးမပေးတဲ့ လုပ်ငန်းမရှိသလောက် ရှားပြီး ရင်းနီးမြှုပ်နှံမှု၊ မော်
တော်ကားနဲ့ အခြားစက်ပစ္စည်းအရောင်းအဝယ်တို့မှာ အထူး အောင်မြင်သူတွေ ဖြစ်ပါတယ်။ လျှပ်စစ်လုပ်ငန်းတွေလည်း
အကျိုးပေးသန်တတ်ပါတယ်။

ကျန်းမာရေး

မိန်ရာသီဖွားတွေအနေနဲ့ ကျန်းမာရေးကိုတော့ လေနာရောဂါ၊ စိတ်ပေါ့သွပ်ရောဂါ-တို့ကို သတိထားသင့်ပါတယ်။ လေ
ကြောင်းခရီးကိုလည်း ဆင်ခြင်သင့်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့  ရောဂါဆိုးတွေကိုလည်း သတိထားဖို့ လိုအပ်ပါ
တယ်။ သာမန်အားဖြင့်တော့ ကျန်းမာရေးအထူးကောင်းမွန်တတ်ပေမယ့် ရောဂါတွေ ရုတ်တရက်ဝင်ရောက်နှိက်စက်တာ
မျိုးကိုလည်း မမျှော်လင့်ဘဲ ခံရနိုင်ပါတယ်။

Shwemom (Baydin)

No comments:

Post a Comment