Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 8, 2016

သူငယ်ချင်းလို့ ယူဆထားတဲ့ လူတစ်ဝက်လောက်က ကိုယ့်ကို သူငယ်ချင်းလို့ မသတ်မှတ်

12.03
တစ်ဖက်လူပေါ်ထားတဲ့ ခင်မင်မှုဟာ အပြန်အလှန်ရှိတယ်လို့  ၉၄ ရာခိုင်နှုန်းက ယုံကြည်ကြပါတယ်။

သူငယ်ချင်းလို့ ကိုယ်ယူဆထားတဲ့ လူတစ်ဝက်လောက်ဟာ ကိုယ့်ကို သူငယ်ချင်းအဖြစ် ပြန်လည်သတ်မှတ်ထားခြင်းမရှိဘူးလို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။

PLoS One ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ သုတေသနတစ်ခုကို Metro သတင်းဝက်ဆိုက်က ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး စိတ်ပညာရှင်တွေက ကျောင်းသားပေါင်း ၈၄ ယောက်ကို သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။ အတန်းတစ်တန်းထဲက ကျောင်းသားတွေကို အဆင့်ငါးဆင့်ပေးထားကာ ကျောင်းသားအချင်းချင်း အပြန်အလှန် အဆင့်သတ်မှတ်ခိုင်းတာ ဖြစ်ပါတယ်။ သာမန်အဆင့်ကနေ အခင်ဆုံးအဆင့်ထိပေးထားပြီး ကျောင်းသားတွေရဲ့ တစ်ဖက်လူပေါ် အဆင့်သတ်မှတ်ချက်တွေကို သုတေသနသမားတွေက လေ့လာခဲ့တာ ဖြစ်ပါတယ်။
သုတေသနအရ တစ်ဖက်လူပေါ်ထားတဲ့ ခင်မင်မှုဟာ အပြန်အလှန်ရှိတယ်လို့  ၉၄ ရာခိုင်နှုန်းက ယုံကြည်ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ၅၄ ရာခိုင်နှုန်းကသာ သူငယ်ချင်းအဖြစ် အပြန်အလှန်သတ်မှတ်ခင်မင်မှုရှိပြီး ၄၇ ရာခိုင်နှုန်းကတော့ သူငယ်ချင်းအဖြစ် ပြန်လည် သတ်မှတ်မှုမရှိဘူးလို့ သိရပါတယ်။

Photos & Source: Metro

No comments:

Post a Comment