CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 9, 2016
ယခုနှစ်ကုန်ပိုင်းတွင် အဆိုတော်အေးချမ်းမေ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာရန်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထား
မြန်မာနိုင်ငံမှ နှစ်ပေါင်းအတော်ကြာ ထွက်ခွာနေထိုင်လျက်ရှိသော အဆိုတော် အေးချမ်းမေသည် ယခုနှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် ပြန်လာရန်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲတစ်ပွဲ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုတော်အေးချမ်းမေသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ပြန်လာမည်ဖြစ်ကာ ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
"မအေးချမ်းမေ မြန်မာနိုင်ငံကို ပြန်လာဖို့က ကျိန်းသေသွားပါပြီ။ နှစ်ကုန်ပိုင်းလောက် ပြန်လာမယ်။ ပြီးရင်တစ်ကိုယ်တော် ဖျော်ဖြေပွဲ တစ်ပွဲလုပ်ပါမယ်။ နိုဝင်ဘာလပိုင်းလောက် ဖြစ်မှာပါ။ မအေးချမ်းမေက ပထမတော့ နှစ်ဆန်းပိုင်းလောက် ကတည်းက လာဖို့စီစဉ်ပေမယ့် မလာဖြစ်တော့ သင်္ကြန်အပြီး ဆိုရင်လည်း ပွဲစီစဉ်ဖို့တွေက နည်းနည်းခက်သွားတဲ့ အတွက် နှစ်ကုန်ပိုင်း ပွင့်လင်းရာသီမှပဲ လာဖို့ ဆုံးဖြတ်ဖြစ်သွားတာ။ သူ့ပရိသတ်တွေ အတွက်တော့ အလွမ်းပြေမယ့် ဖျော်ဖြေပွဲမျိုး ဖြစ်အောင် တင်ဆက်ပါလိမ့်မယ်" ဟု ယင်းဖျော်ဖြေပွဲအား စီစဉ်တင်ဆက်မည့် ကိုမင်းမင်းဦးက ဆိုသည်။
အဆိုတော် အေးချမ်းမေသည် ပရိသတ်များကြားတွင် ထင်ရှားအောင်မြင်သည့် တေးသီချင်းများစွာကို သီဆိုဖျော်ဖြေခဲ့သူဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းသီဆိုအောင်မြင်ခဲ့သည့် တေးသီချင်းများမှာ ပရိသတ်များကြား တွင်ပျံ့နှံ့နေဆဲဖြစ်သည်။ အေးချမ်းမေ သီဆိုကာ အောင်မြင်ခဲ့သည့် တေးသီချင်းများအနက် စာမျက်နှာ၊ ဇာတ်ဆရာ အလိုကျ၊ သူသိသွားပြီ၊ တစ်စစီကျိုးပဲ့နေတယ် စသည့် တေးသီချင်းများဖြစ်ပြီး အဆိုတော် စည်သူလွင်နှင့် တွဲဖက်သီဆိုခဲ့သည့် တေးသီချင်း များမှာလည်း ပရိသတ်အားပေးမှု များပြားခဲ့သည်။ အဆိုတော် အေးချမ်းမေသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခြင်း မပြုမီက တစ်ကိုယ်တော် ဖျော်ဖြေပွဲလည်း ပြုလုပ်ခဲ့ဖူးပြီး ပရိသတ် အားပေးမှု များပြားခဲ့ကြောင်း သိရသည်။
Eleven media
ယခုနှစ်ကုန်ပိုင်းတွင် အဆိုတော်အေးချမ်းမေ မြန်မာနိုင်ငံသို့ ခေတ္တပြန်လာရန်ရှိပြီး တစ်ကိုယ်တော် ဖျော်ဖြေပွဲပြုလုပ်ရန် စီစဉ်ထား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 09, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment