Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 6, 2016

ႏိုင္မြန္ခ်မ္းေခါင္းေဆာင္ေသာ လက္နက္ကိုင္အဖြဲ႕ လက္နက္ခဲယမ္းမ်ားႏွင့္ အတူ ဥပေဒေဘာင္ အတြင္း ဝင္ေရာက္


ေနျပည္ေတာ္၊ ေမ- ၆

တနသၤာရီတိုင္းေဒသႀကီးႏွင့္ မြန္ျပည္နယ္ နယ္စပ္ရွိ ေပါက္ပင္ကြင္း- နတ္ႀကီးစင္ ေဒသႏွင့္ ေရး-ေခါဇာေဒသတို႔တြင္ လႈပ္ရွားေနသည့္ ႏိုင္မြန္ခ်မ္း ေခါင္းေဆာင္ေသာ လက္နက္ကိုင္အဖြဲ႕သည္ ႏိုင္ငံေတာ္ အစိုးရႏွင့္ တပ္မေတာ္၏ သေဘာထားအမွန္ကို သိရွိနားလည္ၿပီး ႏိုင္ငံေတာ္၏ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရး လုပ္ငန္းမ်ား တြင္ ပူးေပါင္းေဆာင္ ႐ြက္ရန္ ဥပေဒေဘာင္အတြင္းဝင္ေရာက္လာရာ ကမ္း႐ိုးတန္းေဒသ တိုင္းစစ္ဌာနခ်ဳပ္ ဒုတိယတိုင္းမႉးႏွင့္ တာဝန္ရွိသူမ်ားက ယေန႔နံနက္ ၁၀နာရီခြဲတြင္ ကလိန္ေအာင္ၿမိဳ႕နယ္၊ ေပါက္ပင္ကြင္းေက်း ႐ြာအုပ္စု၊ ကင္ပြန္းေက်း႐ြာ၌ ႀကိဳဆိုၾကသည္။


ေရွးဦးစြာတာဝန္ရွိသူမ်ားက ႏႈတ္ခြန္းဆက္စကားမ်ား ေျပာၾကားၾကၿပီး အဖြဲ႕ ေခါင္းေဆာင္ ႏိုင္မြန္ခ်မ္းက ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာသည့္ အေၾကာင္းရင္းကို ရွင္းလင္းေျပာၾကားသည္။ ယင္းေနာက္ ေဒသခံရပ္ မိရပ္ဖတစ္ဦးက ေက်းဇူးတင္ စကား ေျပာၾကားၿပီး တိုင္းစစ္ဌာနခ်ဳပ္မွ ေပးအပ္ေသာ ဆန္၊ဆီႏွင့္ အဝတ္အထည္မ်ားကို လည္းေကာင္း၊ နယ္စပ္ေရးရာဝန္ႀကီးဌာနႏွင့္ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ တို႔က ခ်ီးျမႇင့္ေငြ မ်ားကိုလည္းေကာင္း ေပးအပ္ၾကသည္။

အဆိုပါ ႏိုင္မြန္ခ်မ္းေခါင္းေဆာင္ေသာ လက္နက္ကိုင္အဖြဲ႕သည္အဖြဲ႕ဝင္ ၁၈ ဦးႏွင့္ အတူ လက္နက္ငယ္ ၁၂ လက္၊ ဗုံးသီး ၁၀ လုံး၊ က်ည္မ်ိဳးစုံ ၇၆၄ ေတာင့္ႏွင့္ က်ည္အိမ္မ်ိဳးစုံ ၁၂ ခုတို႔ပါရွိၿပီး ယင္းအဖြဲ႕ဝင္မ်ား လုံၿခဳံစြာ ဘဝရပ္တည္ ႏိုင္ေရး ဥပေဒေဘာင္အတြင္း အေျခခ် ေနထိုင္လုပ္ကိုင္ စားေသာက္ႏိုင္ေရးတို႔အား တိုင္းေဒသ ႀကီးအစိုးရအဖြဲ႕ႏွင့္ တိုင္းစစ္ဌာနခ်ဳပ္ တို႔ ေပါင္းစပ္ၫွိႏႈိင္းၿပီး စီစဥ္ေဆာင္႐ြက္ေပးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

(ျမ၀တီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar


........................................


နေပြည်တော်၊ မေ- ၆

တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် နယ်စပ်ရှိ ပေါက်ပင်ကွင်း- နတ်ကြီးစင် ဒေသနှင့် ရေး-ခေါဇာဒေသတို့တွင် လှုပ်ရှားနေသည့် နိုင်မွန်ချမ်း ခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့သည် နိုင်ငံတော် အစိုးရနှင့် တပ်မတော်၏ သဘောထားအမှန်ကို သိရှိနားလည်ပြီး နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ တွင် ပူးပေါင်းဆောင် ရွက်ရန် ဥပဒေဘောင်အတွင်းဝင်ရောက်လာရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၀နာရီခွဲတွင် ကလိန်အောင်မြို့နယ်၊ ပေါက်ပင်ကွင်းကျေး ရွာအုပ်စု၊ ကင်ပွန်းကျေးရွာ၌ ကြိုဆိုကြသည်။



ရှေးဦးစွာတာဝန်ရှိသူများက နှုတ်ခွန်းဆက်စကားများ ပြောကြားကြပြီး အဖွဲ့ ခေါင်းဆောင် နိုင်မွန်ချမ်းက ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဒေသခံရပ် မိရပ်ဖတစ်ဦးက ကျေးဇူးတင် စကား ပြောကြားပြီး တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သော ဆန်၊ဆီနှင့် အဝတ်အထည်များကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့က ချီးမြှင့်ငွေ များကိုလည်းကောင်း ပေးအပ်ကြသည်။

အဆိုပါ နိုင်မွန်ချမ်းခေါင်းဆောင်သော လက်နက်ကိုင်အဖွဲ့သည်အဖွဲ့ဝင် ၁၈ ဦးနှင့် အတူ လက်နက်ငယ် ၁၂ လက်၊ ဗုံးသီး ၁၀ လုံး၊ ကျည်မျိုးစုံ ရ၆၄ တောင့်နှင့် ကျည်အိမ်မျိုးစုံ ၁၂ ခုတို့ပါရှိပြီး ယင်းအဖွဲ့ဝင်များ လုံခြုံစွာ ဘဝရပ်တည် နိုင်ရေး ဥပဒေဘောင်အတွင်း အခြေချ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးတို့အား တိုင်းဒေသ ကြီးအစိုးရအဖွဲ့နှင့် တိုင်းစစ်ဌာနချုပ် တို့ ပေါင်းစပ်ညှိနှိုင်းပြီး စီစဉ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သတင်းရရှိသည်။

(မြဝတီ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

No comments:

Post a Comment