Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, May 16, 2016

ရန္ကုန္ ယာဥ္ထိန္းရဲမ်ားအား ဆုိင္ကယ္ ၁၇၆ စီး ေပးမည္


ရန္ကုန္တုိင္းေဒသႀကီး အတြင္းၿမိဳ႕နယ္ ၄၄ ခုရွိ ယာဥ္ထိန္း ရဲမ်ားအတြက္ ဆုိင္ကယ္ ၁၇၆ စီး ေပးအပ္မည္ျဖစ္ၿပီး တစ္ၿမိဳ႕နယ္ လွ်င္ ဆုိင္ကယ္ ေလးစီးရရွိမည္ ျဖစ္ေၾကာင္း အမွတ္ (၂)ယာဥ္ ထိန္းရဲတပ္ဖဲြ႕မွဴး႐ံုးမွ ဒုရဲမွဴးႀကီး ေအာင္ကိုဦးက ေျပာသည္။

‘‘ဆိုင္ကယ္ေတြ ၀ယ္ယူဖို႔အ တြက္ တင္ဒါေခၚယူမႈကုိ သတင္း စာကေန ေၾကညာမယ္။ အခုလို ဆုိင္ကယ္ေတြ ရလာရင္ေတာ့ ယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈေတြ ကို လိုက္လံဖမ္းဆီးတဲ့ေနရာမွာ ပိုၿပီး အဆင္ေျပလာႏုိင္မယ္’’ဟု ၎က ေျပာသည္။

လက္ရွိတြင္ ယာဥ္ထိန္း Police Command Center ကို ျပည္သူ႔ရင္ျပင္ နကၡတ္တာရာျပ ခန္းအနီး၌ တ႐ုတ္ႏုိင္ငံကုမၸဏီ တစ္ခုျဖစ္သည့္ ျမန္မာရီရွင္း ကုမၸဏီက တည္ေဆာက္ေနၿပီး ဇူလိုင္၌ ၿပီးစီးရန္ ခန္႔မွန္းထား သည္။ Police Command Center တြင္ မီးပိြဳင့္ထိန္းခ်ဳပ္စနစ္၊ ယာဥ္စည္းကမ္းခ်ိဳးေဖာက္မႈကို ကြန္ပ်ဴတာမွ အလိုအေလ်ာက္ ဖမ္းဆီးေသာစနစ္၊ ယာဥ္ေၾကာ ရွင္းေပးေသာစနစ္ စသည့္ ကြန္ပ်ဴ တာ ထိန္းခ်ဳပ္ လုပ္ေဆာင္ေပး သည့္ နည္းပညာမ်ားပါ၀င္မည္ ျဖစ္သည္။ ထို႔ေၾကာင့္ ယခုထပ္မံ ၿပီး ယာဥ္ထိန္းရဲမ်ားအတြက္ ဆုိင္ ကယ္မ်ားရရွိပါက ယာဥ္တိုက္ၿပီး ထြက္ေျပးမႈမ်ား၊ ယာဥ္ေၾကာက်ပ္ တည္းသည့္ေနရာမ်ားႏွင့္ ယာဥ္ စည္းကမ္းခ်ိဳးေဖာက္မႈမ်ားကို အ ေရးယူရာတြင္ ပိုိမိုထိေရာက္ ေအာင္ ေဆာင္ရြက္လာႏိုင္မည္ ျဖစ္ေၾကာင္း အမွတ္(၂) ယာဥ္ ထိန္းတပ္ဖဲြ႕ခဲြမွဴး႐ံုးမွ သတင္းရရွိ သည္။

ဆိုင္ကယ္မ်ား ၀ယ္ယူရန္ တင္ဒါေခၚယူမႈကို ယခုလပိုင္းအ တြင္း ျပဳလုပ္မည္ျဖစ္ၿပီး ျပည္ပ ကုမၸဏီမ်ားလည္း ပါ၀င္မည္ျဖစ္ ေၾကာင္း ဒုရဲမွဴးႀကီးေအာင္ကုိဦး က ေျပာသည္။


Credit - 7Day Daily - ၇ ရက္ ေန႔စဥ္ သတင္းစာ
..........
ရန်ကုန် ယာဉ်ထိန်းရဲများအား ဆိုင်ကယ် ၁၇၆ စီး ပေးမည်

ရန်ကုန်တိုင်းဒေသကြီး အတွင်းမြို့နယ် ၄၄ ခုရှိ ယာဉ်ထိန်း ရဲများအတွက် ဆိုင်ကယ် ၁၇၆ စီး ပေးအပ်မည်ဖြစ်ပြီး တစ်မြို့နယ် လျှင် ဆိုင်ကယ် လေးစီးရရှိမည် ဖြစ်ကြောင်း အမှတ် (၂)ယာဉ် ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး အောင်ကိုဦးက ပြောသည်။

‘‘ဆိုင်ကယ်တွေ ၀ယ်ယူဖို့အ တွက် တင်ဒါခေါ်ယူမှုကို သတင်း စာကနေ ကြေညာမယ်။ အခုလို ဆိုင်ကယ်တွေ ရလာရင်တော့ ယာဉ်စည်းကမ်းချိုးဖောက်မှုတွေ ကို လိုက်လံဖမ်းဆီးတဲ့နေရာမှာ ပိုပြီး အဆင်ပြေလာနိုင်မယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ယာဉ်ထိန်း Police Command Center ကို ပြည်သူ့ရင်ပြင် နက္ခတ်တာရာပြ ခန်းအနီး၌ တရုတ်နိုင်ငံကုမ္ပဏီ တစ်ခုဖြစ်သည့် မြန်မာရီရှင်း ကုမ္ပဏီက တည်ဆောက်နေပြီး ဇူလိုင်၌ ပြီးစီးရန် ခန့်မှန်းထား သည်။ Police Command Center တွင် မီးပွိုင့်ထိန်းချုပ်စနစ်၊ ယာဉ်စည်းကမ်းချိုးဖောက်မှုကို ကွန်ပျူတာမှ အလိုအလျောက် ဖမ်းဆီးသောစနစ်၊ ယာဉ်ကြော ရှင်းပေးသောစနစ် စသည့် ကွန်ပျူ တာ ထိန်းချုပ် လုပ်ဆောင်ပေး သည့် နည်းပညာများပါ၀င်မည် ဖြစ်သည်။ ထို့ကြောင့် ယခုထပ်မံ ပြီး ယာဉ်ထိန်းရဲများအတွက် ဆိုင် ကယ်များရရှိပါက ယာဉ်တိုက်ပြီး ထွက်ပြေးမှုများ၊ ယာဉ်ကြောကျပ် တည်းသည့်နေရာများနှင့် ယာဉ် စည်းကမ်းချိုးဖောက်မှုများကို အ ရေးယူရာတွင် ပိိုမိုထိရောက် အောင် ဆောင်ရွက်လာနိုင်မည် ဖြစ်ကြောင်း အမှတ်(၂) ယာဉ် ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ သတင်းရရှိ သည်။

ဆိုင်ကယ်များ ၀ယ်ယူရန် တင်ဒါခေါ်ယူမှုကို ယခုလပိုင်းအ တွင်း ပြုလုပ်မည်ဖြစ်ပြီး ပြည်ပ ကုမ္ပဏီများလည်း ပါ၀င်မည်ဖြစ် ကြောင်း ဒုရဲမှူးကြီးအောင်ကိုဦး က ပြောသည်။


Credit - 7Day Daily - ရ ရက် နေ့စဉ် သတင်းစာ

No comments:

Post a Comment