Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 6, 2016

လက္ပံေတာင္းေတာင္ ဆႏၵျပပြဲ ရဲနဲ႔ ထိပ္တိုက္တိုး(၆-၅-၁၆)

လက်ပံတောင်းတောင် ဆန္ဒပြပွဲ ရဲနဲ့ ထိပ်တိုက်တိုး(၆-၅-၁၆)



2016-05-06
-
လက္ပံေတာင္းေတာင္ေဒသ တုံရြာ၊ ဆည္တည္း၊ မိုးႀကိဳးျပင္ ရြာေတြက ေဒသခံ ၂ဝဝ ေလာက္ဆႏၵျပၾကၿပီး ေမလ ၆ ရက္ေန႔က တားဆီးထားတဲ့ လုံထိန္းစည္းကို တိုးဝင္ၾကစဥ္
လက္ပံေတာင္းေတာင္ ေၾကးနီစီမံကိန္း စုံစမ္းစစ္ေဆးေရးေကာ္မရွင္ အစီရင္ခံစာကို မလိုက္နာတဲ့အတြက္ စီမံကိန္းလုံးဝ ဖ်က္သိမ္းေပးဖို႔ စစ္ကိုင္းတိုင္း ဆားလင္းႀကီးၿမိဳ႕နယ္အတြင္းရွိ စီမံကိန္းနဲ႔ အက်ဳံးဝင္တဲ့ေက်းရြာေတြက ေဒသခံေတြဟာ ဒီေန႔ တတိယေျမာက္အျဖစ္ ဆက္လက္ဆႏၵျပၿပီး ျမန္မာ-ဝမ္ေပါင္ ကုမၸဏီေရွ႕မွာ စီမံကိန္းကို ကန႔္ကြက္တဲ့ ဆိုင္းဘုတ္စိုက္ထူ ခဲ့ပါတယ္။
တုံရြာ၊ ဆည္တည္း၊ မိုးႀကိဳးျပင္ စတဲ့ ရြာေတြက ေဒသခံ ၂၀၀ ေလာက္ဆႏၵျပၾကၿပီး တားဆီးထားတဲ့ လုံထိန္းစည္းကို လက္ခ်ိတ္တိုးဝင္ၾကတာပါ။
အဲ့ဒီအခါ ကုမၸဏီက ခ်ထားတဲ့ ရဲတပ္ဖြဲ႕ဝင္ ၃ဝဝ က ေဒသခံေတြကို ဖိနပ္ေတြနဲ႔နင္းၿပီး ကိုင္ေဆာင္ ကာကြယ္ထားတဲ့ ဒိုင္းေတြနဲ႔ ရိုက္ပုတ္ေမာင္းႏွင္တယ္လို႔ ဆႏၵျပသူေတြက ေျပာပါတယ္။
ဆည္းတည္းရြာ စမ္းျမဝတီေက်ာင္းတိုက္ ဆရာေတာ္ကလည္း ဆႏၵျပပြဲအေၾကာင္း မိန႔္ပါတယ္။
"ဒီေန႔ဟာ တတိယေျမာက္ေန႔ေပါ့ဗ်ာ၊ တ႐ုတ္ကုမၸဏီကေနၿပီး ၅ ရက္ ၅ လ ၂ဝ၁၆ မွာ ထုတ္ေဖာ္မွုစမယ္ဆို တာ ေျပာဆိုထားတာရွိတယ္ဗ်၊ ဒီစီမံကိန္းကို ဒီလိုထုတ္ေဖာ္မွုစတာ ေဒသခံေတြနဲ႔ ညႇိႏွိုင္းျခင္း၊ ေဆြးေႏြးျခင္း လုံးဝမရွိသည့္အတြက္ လုံးဝမေက်နပ္တဲ့အေၾကာင္းေတြကို ဆႏၵထုတ္ေဖာ္ၾကတယ္ေပါ့ေနာ္၊ ဒီေန႔မွာေတာ့ ဦးပိုင္ဝမ္ေပါင္ကေနၿပီးေတာ့ ရဲေတြနဲ႔ပဲ ျပည္သူလူထုကို ထိပ္တိုက္ေတြ႕ေပးတဲ့အေနအထားေပါ့ဗ်ာ၊ ရဲတစ္ေယာက္ ကေနၿပီးေတာ့ လူထုကိုဆဲလိုက္တဲ့ အေနအထားေၾကာင့္ ပိုၿပီးေတာ့ တင္းမာသြားတဲ့ အေနအထားေတာ့ ရွိတာေပါ့ဗ်ာ"
ျမန္မာ့စီးပြားေရး ဦးပိုင္ကုမၸဏီလိမိတက္နဲ႔ တ႐ုတ္ဝမ္ေပါင္ ကုမၸဏီတို႔က လက္ပံေတာင္းေတာင္ ေၾကးနီ စီမံကိန္း ေဖာ္ေဆာင္ေနတာပါ။
‪RFA‬
..............
2016-05-06
-
လက်ပံတောင်းတောင်ဒေသ တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် ရွာတွေက ဒေသခံ ၂ဝဝ လောက်ဆန္ဒပြကြပြီး မေလ ၆ ရက်နေ့က တားဆီးထားတဲ့ လုံထိန်းစည်းကို တိုးဝင်ကြစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာကို မလိုက်နာတဲ့အတွက် စီမံကိန်းလုံးဝ ဖျက်သိမ်းပေးဖို့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ စီမံကိန်းနဲ့ အကျုံးဝင်တဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဒီနေ့ တတိယမြောက်အဖြစ် ဆက်လက်ဆန္ဒပြပြီး မြန်မာ-ဝမ်ပေါင် ကုမ္ပဏီရှေ့မှာ စီမံကိန်းကို ကန့်ကွက်တဲ့ ဆိုင်းဘုတ်စိုက်ထူ ခဲ့ပါတယ်။
တုံရွာ၊ ဆည်တည်း၊ မိုးကြိုးပြင် စတဲ့ ရွာတွေက ဒေသခံ ၂၀၀ လောက်ဆန္ဒပြကြပြီး တားဆီးထားတဲ့ လုံထိန်းစည်းကို လက်ချိတ်တိုးဝင်ကြတာပါ။
အဲ့ဒီအခါ ကုမ္ပဏီက ချထားတဲ့ ရဲတပ်ဖွဲ့ဝင် ၃ဝဝ က ဒေသခံတွေကို ဖိနပ်တွေနဲ့နင်းပြီး ကိုင်ဆောင် ကာကွယ်ထားတဲ့ ဒိုင်းတွေနဲ့ ရိုက်ပုတ်မောင်းနှင်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဆည်းတည်းရွာ စမ်းမြဝတီကျောင်းတိုက် ဆရာတော်ကလည်း ဆန္ဒပြပွဲအကြောင်း မိန့်ပါတယ်။
"ဒီနေ့ဟာ တတိယမြောက်နေ့ပေါ့ဗျာ၊ တရုတ်ကုမ္ပဏီကနေပြီး ၅ ရက် ၅ လ ၂ဝ၁၆ မှာ ထုတ်ဖော်မှုစမယ်ဆို တာ ပြောဆိုထားတာရှိတယ်ဗျ၊ ဒီစီမံကိန်းကို ဒီလိုထုတ်ဖော်မှုစတာ ဒေသခံတွေနဲ့ ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်း လုံးဝမရှိသည့်အတွက် လုံးဝမကျေနပ်တဲ့အကြောင်းတွေကို ဆန္ဒထုတ်ဖော်ကြတယ်ပေါ့နော်၊ ဒီနေ့မှာတော့ ဦးပိုင်ဝမ်ပေါင်ကနေပြီးတော့ ရဲတွေနဲ့ပဲ ပြည်သူလူထုကို ထိပ်တိုက်တွေ့ပေးတဲ့အနေအထားပေါ့ဗျာ၊ ရဲတစ်ယောက် ကနေပြီးတော့ လူထုကိုဆဲလိုက်တဲ့ အနေအထားကြောင့် ပိုပြီးတော့ တင်းမာသွားတဲ့ အနေအထားတော့ ရှိတာပေါ့ဗျာ"
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလိမိတက်နဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ဖော်ဆောင်နေတာပါ။
‪RFA‬

No comments:

Post a Comment