Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, May 6, 2016

ဘဏ္အေကာင့္ထဲေရာက္လာတဲ့ေငြေတြကို အလြဲသုံးစားလုပ္ခဲ့တဲ့ေကာင္မေလး


By netsetaw -  May 7, 2016

ၾသစေတးလွ်မွာ ေနထုိင္ရင္း ေက်ာင္းတတ္ေနတဲ့ မေလးရွားႏုိင္ငံသူ Christine Jiaxin Lee အမည္ရတဲ့
 အမ်ိဳးသမီးငယ္ေလးဟာ သူမရဲ႕ ဘဏ္အေကာင့္ထဲကုိ မွားယြင္းလႊဲေျပာင္းမႈေၾကာင့္ ေရာက္ရွိလာတဲ့
 ေဒၚလာ 4 သန္းအနက္၊ 2.3 သန္းကို အလြဲသုံးစားျပဳခဲ့လုိ႕အခုအခ်ိန္မွာ ရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းကို ခံထားရပါတယ္။ ေဒၚလာ 4 သန္းအနက္ 1.7 သန္းသာ ဘဏ္စာရင္းထဲ က်န္ခဲ့ေတာ့တာ ျဖစ္ပါတယ္။
 Jiaxin ဟာ အဆုိပါေငြမ်ားကို Westpac ဘဏ္မွာဖြင့္ထားတဲ့ သူမရဲ႕ဘဏ္အေကာင့္ထဲမွာ
လြန္ခဲ့တဲ့ေလးႏွစ္ေလာက္ကတည္းက မွားယြင္းေရာက္ရွိလာတာ ျဖစ္ပါတယ္။ အဲဒီေငြေတြကုိအသုံးျပဳခဲ့ကာ ဇိမ္ခံပစၥည္းမ်ား ဒါဇင္နဲ႔ခ်ီ၀ယ္ခဲ့ၿပီး ဒီဇုိင္နာေတြ ထုတ္လုပ္ထားတဲ့ အလြန္ေစ်းႀကီးလွတဲ့ အိတ္မ်ိဳးစုံနဲ႔
အျခားပစၥည္းမ်ားကို လက္ငင္းေငြေခ်မႈမ်ားနဲ႕ ၀ယ္ယူခဲ့ပါတယ္။

Jiaxin ဟာ ဓာတုအင္ဂ်င္နီယာေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ညက ခရီးစဥ္တစ္ခု
အတြင္း ဆစ္ဒနီေလဆိပ္အေရာက္မွာ ၾသစေတးလွ်ညြန္႔ေပါင္းရဲတပ္ဖြဲ႕ရဲ႕ ဖမ္းဆီးျခင္းကို ခံခဲ့ရပါတယ္။ သူမဟာ ၿပီးခဲ့တဲ့ ၾကာသာပေတးေန႕က Waverley ေဒသတရား႐ုံးမွာ လြဲမွားေရာက္ရွိလာတဲ့ ေငြေၾကးေတြကုိ မ႐ုိးသားေသာသေဘာျဖင့္ ထိန္းသိန္းထားမႈ၊လိမ္လည္လွည့္ဖ်ားမႈ၊ ရာဇ၀တ္မႈမွန္းသိရက္နဲ႔ တမင္
က်ဴးလြန္မႈ၊ ေငြအလြဲသုံးစားလုပ္မႈ-စတဲ့ အမႈေတြနဲ႕ တရားရင္ဆုိင္ရေတာ့မွာ ျဖစ္ပါတယ္။

Jiaxin ရဲ႕ ေရွ႕ေန Fiona McCarron ကလည္း တရားခံျဖစ္သူဟာ အဆုိပါေငြေၾကးမ်ားကို သုံးၿပီး
အလြန္ေစ်းႀကီးတဲ့အိတ္ေတြကုိ ၀ယ္ယူသုံးစြဲခဲ့မိေၾကာင္း ၀န္ခံေလွ်ာက္ထားခဲ့ပါတယ္။ ဒါ့အျပင္
တရားသူႀကီးအေနနဲ႕လည္း ရဲတပ္ဖြဲ႕ဟာ တရားခံအမ်ိဳးသမီးက ဒီေငြေတြကို ဥပေဒပသုံးစြဲခဲ့သည္ကို
 ထင္ရွားေစဖုိ႔ ခက္ခက္ခဲခဲသက္ေသျပမႈေတြ လုပ္ရဦးမွာျဖစ္ေၾကာင္းကို လက္ခံခဲ့ပါတယ္။ Jiaxin ရဲ႕
 ေရွ႕ေနျဖစ္သူရဲ႕ အဆုိအရ တရားခံဟာ မိခင္ႏုိင္ငံကုိ ျပန္လုိေၾကာင္းနဲ႔သူမ အဖမ္းဆီးခံခဲ့ရတာကုိ
သူ႕မိဘေတြ သိရွိျခင္းမရွိၾကေသး-ဟု ေျပာဆုိခဲ့ေၾကာင္း သိရပါတယ္။ Jiaxin ဟာ ၾသစေတးလွ်ႏုိင္ငံမွာ
 ေနထုိင္ခဲ့တာ ငါးႏွစ္ေက်ာ္လြန္ခဲ့ၿပီျဖစ္ၿပီး လာမည့္ ဇြန္လ 21 ရက္ေန႕မွာ ဒုတိယအႀကိမ္ အမႈကို
 စစ္ေဆးၾကားနာမွာ ျဖစ္ပါတယ္။

source : metro.co.uk
http://www.shwemom.com/a-woman-has-been-arrested-after-she-spent-millions-on-luxury-items-when-2-3-million/

.....................................................

ဘဏ်အကောင့်ထဲရောက်လာတဲ့ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တဲ့ကောင်မလေး
By netsetaw -  May 7, 2016

သြစတေးလျှမှာ နေထိုင်ရင်း ကျောင်းတတ်နေတဲ့ မလေးရှားနိုင်ငံသူ Christine Jiaxin Lee အမည်ရတဲ့
 အမျိုးသမီးငယ်လေးဟာ သူမရဲ့ ဘဏ်အကောင့်ထဲကို မှားယွင်းလွှဲပြောင်းမှုကြောင့် ရောက်ရှိလာတဲ့
 ဒေါ်လာ 4 သန်းအနက်၊ 2.3 သန်းကို အလွဲသုံးစားပြုခဲ့လို့အခုအချိန်မှာ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံထားရပါတယ်။ ဒေါ်လာ 4 သန်းအနက် 1.7 သန်းသာ ဘဏ်စာရင်းထဲ ကျန်ခဲ့တော့တာ ဖြစ်ပါတယ်။
 Jiaxin ဟာ အဆိုပါငွေများကို Westpac ဘဏ်မှာဖွင့်ထားတဲ့ သူမရဲ့ဘဏ်အကောင့်ထဲမှာ
လွန်ခဲ့တဲ့လေးနှစ်လောက်ကတည်းက မှားယွင်းရောက်ရှိလာတာ ဖြစ်ပါတယ်။ အဲဒီငွေတွေကိုအသုံးပြုခဲ့ကာ ဇိမ်ခံပစ္စည်းများ ဒါဇင်နဲ့ချီဝယ်ခဲ့ပြီး ဒီဇိုင်နာတွေ ထုတ်လုပ်ထားတဲ့ အလွန်စျေးကြီးလှတဲ့ အိတ်မျိုးစုံနဲ့
အခြားပစ္စည်းများကို လက်ငင်းငွေချေမှုများနဲ့ ၀ယ်ယူခဲ့ပါတယ်။

Jiaxin ဟာ ဓာတုအင်ဂျင်နီယာကျောင်းသူတစ်ယောက်ဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက ခရီးစဉ်တစ်ခု
အတွင်း ဆစ်ဒနီလေဆိပ်အရောက်မှာ သြစတေးလျှညွန့်ပေါင်းရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ သူမဟာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က Waverley ဒေသတရားရုံးမှာ လွဲမှားရောက်ရှိလာတဲ့ ငွေကြေးတွေကို မရိုးသားသောသဘောဖြင့် ထိန်းသိန်းထားမှု၊လိမ်လည်လှည့်ဖျားမှု၊ ရာဇဝတ်မှုမှန်းသိရက်နဲ့ တမင်
ကျူးလွန်မှု၊ ငွေအလွဲသုံးစားလုပ်မှု-စတဲ့ အမှုတွေနဲ့ တရားရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Jiaxin ရဲ့ ရှေ့နေ Fiona McCarron ကလည်း တရားခံဖြစ်သူဟာ အဆိုပါငွေကြေးများကို သုံးပြီး
အလွန်စျေးကြီးတဲ့အိတ်တွေကို ၀ယ်ယူသုံးစွဲခဲ့မိကြောင်း ၀န်ခံလျှောက်ထားခဲ့ပါတယ်။ ဒါ့အပြင်
တရားသူကြီးအနေနဲ့လည်း ရဲတပ်ဖွဲ့ဟာ တရားခံအမျိုးသမီးက ဒီငွေတွေကို ဥပဒေပသုံးစွဲခဲ့သည်ကို
 ထင်ရှားစေဖို့ ခက်ခက်ခဲခဲသက်သေပြမှုတွေ လုပ်ရဦးမှာဖြစ်ကြောင်းကို လက်ခံခဲ့ပါတယ်။ Jiaxin ရဲ့
 ရှေ့နေဖြစ်သူရဲ့ အဆိုအရ တရားခံဟာ မိခင်နိုင်ငံကို ပြန်လိုကြောင်းနဲ့သူမ အဖမ်းဆီးခံခဲ့ရတာကို
သူ့မိဘတွေ သိရှိခြင်းမရှိကြသေး-ဟု ပြောဆိုခဲ့ကြောင်း သိရပါတယ်။ Jiaxin ဟာ သြစတေးလျှနိုင်ငံမှာ
 နေထိုင်ခဲ့တာ ငါးနှစ်ကျော်လွန်ခဲ့ပြီဖြစ်ပြီး လာမည့် ဇွန်လ 21 ရက်နေ့မှာ ဒုတိယအကြိမ် အမှုကို
 စစ်ဆေးကြားနာမှာ ဖြစ်ပါတယ်။

source : metro.co.uk
http://www.shwemom.com/a-woman-has-been-arrested-after-she-spent-millions-on-luxury-items-when-2-3-million/

No comments:

Post a Comment