Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 8, 2016

အိန္ဒိယ-မြန်မာနယ်စပ်တွင် ၁၂၃ ကီလိုအလေးချိန်ရှိ သင်းခွေချပ် ကြေးခွံများ ဖမ်းမိ


အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်တွင် ၁၂၃ ကီလိုအလေးချိန်ရှိ သင်းခွေချပ် ကြေးခွံများကို ချင်းအမျိုးသားတစ်ဦးထံမှ မေလ ၅ ရက်နေ့က ဖမ်းမိခဲ့သည်ဟု သိရသည်။

အိန္ဒိယနိုင်ငံ Silchar ဘက်မှ မီဇိုရမ်ပြည်နယ်သို့ ပြေးဆွဲလာသော ခရီးသည်တင် Maxi Cab ကားတစီးကို မီဇိုရမ်ပြည်နယ် Kolasib မြို့အနီးတွင် ဒေသတွင်းရဲတပ်ဖွဲ့ နှင့် Thingdawl NGO အဖွဲ့တို့မှ ရှာဖွေစစ်ဆေးရာတွင် အဆိုပါသင်းခွေချပ် ကြေးခွံကိုကလေးမြို့ တာဟန်း ရပ်ကွက်နေ အသက် (၄၄) နှစ်အရွယ် Vanlalena ထံမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

ယင်းသင်းခွေချပ်ကြေးခွံများကို အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် သွားရောက်ဝယ်ယူခြင်းဖြစ်ပြီး ၁၂၃ ကီလိုအလေးချိန်ကို ရူပီး ၁၉ သိန်းပေးခဲ့ရသည်ဟု Vanlalena က ထွက်ဆိုကြောင်း မီဇိုရမ်ရဲများကပြောဆိုသည်။ ၎င်းကို Wildlife Act ဖြင့် အမှုဖွင့်ထားသည်။

Khonumthung Burmese
http://www.khonumthungburmese.org/

No comments:

Post a Comment