Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 25, 2016









( Michelle )


Ref : UPI

.......................................

အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြတဲ့ Anaconda မြွေနဲ့ ခွေး


California ရှိ အိမ်မွေးတိရိစ္ဆာန်မွေးထားတဲ့သူ တစ်ဦးဟာ အမှားမှားအယွင်းယွင်း ချစ်ခင်နေကြတဲ့ သူ့ရဲ့ အိမ်က အကောင်လေးတွေဖြစ်တဲ့ ခွေးလေးတစ်ကောင်နဲ့ Anaconda မြွေပေါက်လေးတို့ကို ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကို ဖော်ပြထားခဲ့ပါတယ်။

ဒီအကောင်လေးတွေဟာ မြင်မြင်ချင်းမှာပဲ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြတာပါတဲ့။

ဒီဗီဒီယိုကို Instagram မှာ @ariawesomeness ဆိုတဲ့ နာမည်နဲ့ တင်ထားခဲ့တာဖြစ်ပါတယ်။ မြွေလေးရဲ့ နာမည်ကတော့ Amy ဖြစ်ပြီး ခွေးလေးရဲ့ နောက်ဘက်မှာ တစ်လှုပ်လှုပ်နဲ့ တွေ့ရမှာဖြစ်ပါတယ်။

ခွေးကတော့ မြွေရဲ့ အမြီးကို လျှာနဲ့လျက်ပေးတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

ဗီဒီယိုတင်ထားတဲ့သူကတော့ Amy နဲ့ ခွေးလေးဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပြီး မြွေမလေးကတော့ သူစားနေကြ ကြွက်တွေနဲ့ ခွေးလေးနဲ့ မတူညီတာကို ကောင်းကောင်းကြီး သိပြီးဖြစ်ပါသတဲ့။

( Michelle )

#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
#knowledge.thithtoolwin.com

Ref : UPI

No comments:

Post a Comment