Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, April 11, 2016

Miss Mawlamyine ဆုရှင် အိဖြိုးသွယ်ယာဉ်တိမ်းမှောက်မှုကြောင့်ကွယ်လွန်

ရန်ကုန် -ဧပြီ ၁၁
Miss Universe Myanmar 2015 & 2016 ပြိုင်ပွဲတွင် Top 5 finalist ၀င်ခဲ့သည့်Miss Mawlamyine ဆုရှင် အိဖြိုးသွယ်သည် ယနေ့နံနက်ပိုင်းတွင် အမြန်လမ်းမိုင်တိုင် ၉၇ ၌
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကွယ်လွန်သွားခဲ့ကြောင်းသိရသည် ။
၄င်းနှင့်အတူမိသားစုဝင်လေးဦးလိုက်ပါလာပြီး ယနေ့နံနက် ၈း၄၀ ခန့်က
ရန်ကုန် - မန္တလေး အမြန်လမ်း မိုင် ၉၇/၂ - ၉၇/၃ ကြား (အသွားလမ်း)တွင်
ရှေ့ဘယ်ဘက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ (၃)ပတ်ခန့် လိမ့်ကာ လမ်းလယ်ကျွန်းထဲသို့ ရောက်ရှိကာယာဉ််တိမ်းမှောက်ခဲ့ကြောင်း ၊
အဆိုပါဖြစ်စဉ်ကြောင့် ၄င်းမှာနေရာတွင်ပင်သေဆုံးသွားခဲ့ပြီး ကျန်မိသားစုဝင်လေးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊
မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးစဉ်
ဆေးရုံအရောက်တွင် ၄င်းဧ၊်မိခင််သေဆုံးသွားခဲ့ကြောင်းသိရသည် ။
အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်၍ အမြန်လမ်းရဲစခန်းမှအမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်းသိရသည် ။
ထူးထူး ဓါတ်ပုံ KO Kyaw
..........................



Miss Mawlamyine ဆုရွင္ အိၿဖိဳးသြယ္ယာဥ္တိမ္းေမွာက္မွဳေၾကာင့္ကြယ္လြန္
ရန္ကုန္ -ဧျပီ ၁၁
Miss Universe Myanmar 2015 & 2016 ၿပိဳင္ပြဲတြင္ Top 5 finalist ၀င္ခဲ့သည့္Miss Mawlamyine ဆုရွင္ အိၿဖိဳးသြယ္သည္ ယေန႕နံနက္ပိုင္းတြင္ အျမန္လမ္းမုိင္တုိင္ ၉၇ ၌
ယာဥ္တိမ္းေမွာက္မွဳျဖစ္ပြားခဲ့ျပီး ကြယ္လြန္သြားခဲ့ေၾကာင္းသိရသည္ ။
၄င္းႏွင့္အတူမိသားစု၀င္ေလးဦးလုိက္ပါလာျပီး ယေန႕နံနက္ ၈း၄၀ ခန္႕က
ရန္ကုန္ - မႏၲေလး အျမန္လမ္း မိုင္ ၉၇/၂ - ၉၇/၃ ၾကား (အသြားလမ္း)တြင္
ေရွ႕ဘယ္ဘက္ဘီးေပါက္ၿပီး အရွိန္မထိန္းႏုိင္ဘဲ (၃)ပတ္ခန္႔ လိမ့္ကာ လမ္းလယ္ကြ်န္းထဲသုိ႔ ေရာက္ရွိကာယာဥ္္တိမ္းေမွာက္ခဲ့ေၾကာင္း ၊
အဆုိပါျဖစ္စဥ္ေၾကာင့္ ၄င္းမွာေနရာတြင္ပင္ေသဆုံးသြားခဲ့ျပီး က်န္မိသားစု၀င္ေလးဦးမွာ ထိခုိက္ဒဏ္ရာရရွိခဲ့ေၾကာင္း ၊
ျမိဳ႕ေခ်ာင္းတုိက္နယ္ေဆးရုံသုိ႕ပို႕ေဆာင္ေပးစဥ္
ေဆးရုံအေရာက္တြင္ ၄င္းဧ၊္မိခင္္ေသဆုံးသြားခဲ့ေၾကာင္းသိရသည္ ။
အဆုိပါျဖစ္စဥ္ႏွင့္ပတ္သတ္၍ အျမန္လမ္းရဲစခန္းမွအမွဳဖြင့္အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္ ။
ထူးထူး ဓါတ္ပံု KO Kyaw

No comments:

Post a Comment