Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, April 27, 2016

လိပ္ကၽြန္းလူသတ္မႈ DNA ျပန္စစ္ႏုိင္ဖုိ႔မလြယ္


ထိုင္းႏုိင္ငံ ေကာ့ေတာင္ အပန္းေျဖကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိသွ်လူငယ္ ၂ ဦး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ ထိုင္းရဲေတြရဲ႕ DNA စစ္ေဆးခ်က္ေတြဟာ လဲြမွားေနတယ္လို႔ ပညာရွင္တခ်ိဳ႕က ေထာက္ျပ ေျပာဆိုေနေပမဲ့ လက္ရွိမွာေတာ့ အယူခံတရား႐ံုးကေန ဆံုးျဖတ္ၿပီးမွသာ ဒီကိစၥေတြဟာ လုပ္ေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေနျဖစ္သူက ေျပာပါတယ္။ အျပည့္အစံုကို ဗြီအိုေအသတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏုိင္ငံ ေကာ့ေတာင္ အပန္းေျဖကၽြန္းလို႔ေခၚတဲ့ လိပ္ကၽြန္းမွာ ၿဗိတိသွ်လူငယ္ ၂ ဦး သတ္ျဖတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ ထုိင္းတရား႐ံုးက ဒီဇင္ဘာလ ၂၄ ရက္ေန႔က ေသဒဏ္ေပးျခင္းခံရတဲ့ ျမန္မာေရႊ႕ေျပာင္းလူငယ္ ၂ ဦးနဲ႔ ပတ္သက္တဲ့အမႈကိစၥ DNA စစ္ေဆးခ်က္ေတြကေတာ့ လက္ရွိမွာ ျပန္စစ္ေဆးဖို႔ မလြယ္ကူႏိုင္ေသးေပမဲ့ အယူခံတရား႐ံုးကေန ဆံုးျဖတ္ၿပီးမွသာ  သက္ေသမခိုင္လံုဘူးဆိုတဲ့ အခ်က္ေတြနဲ႔ DNA ျပန္လည္ စစ္ေဆးတာမ်ိဳးေတြ လုပ္နိုင္မယ္လို႔ တရားခံေတြရဲ႕ အက်ိဳးေဆာင္ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔ က ေျပာပါတယ္။

“သူတုိ႔ကေတာ့ ဒီက DNA စစ္ေဆးခ်က္ေတြဟာ လံုး၀ လြဲမွားေနတဲ့အတြက္ေၾကာင့္ ေနာက္ဆံုး ဒီအဖြဲ႔ကို တရားျပန္စြဲဖို႔ေတာင္မွ အႀကံဉာဏ္ေပးတာပါ။ ဒါေပမဲ့ သူတုိ႔ႏုိင္ငံမွာရွိတဲ့ ဥပေဒနဲ႔ သူတုိ႔ႏုိင္ငံရဲ႕ အခ်ဳပ္အျခာ ရွိေနတယ္။ အဲဒီအခါမွာ အန္ကယ္လ္တို႔က သူတို႔ႏုိင္ငံရဲ႕ ဥပေဒကိုေတာ့ တနည္းနည္းနဲ႔ေပါ့ေလ Black and White ျပႏုိင္တဲ့ အခ်ိန္အထိေတာ့ အန္ကယ္လ္တုိ႔ ႀကိဳးစားသြားရမွာပဲေလ။ အယူခံ အေၾကာင္းျပခ်က္ေတြထဲမွာ ထိထိမိမိ ထည့္ၿပီးေတာ့ ေရးထားလို႔ရွိရင္ အယူခံ တရား႐ံုးေတာ္က တရားသူႀကီးေတြက ဒီအေပၚမွာ သံသယျဖစ္တယ္ဆုိၿပီး ထင္လာရင္ ျပန္ၿပီးေတာ့ စစ္ေဆးခြင့္ရွိမွာပါ။ သက္ေသလည္း ဒီလိုပါပဲ။ ဒီအေပၚမွာ ဒီသက္ေသဟာ လံုေလာက္ေအာင္ ျပန္စစ္ေဆးေပးႏုိင္တယ္ဆုိရင္ ျပန္ၿပီးေတာ့ စစ္ေဆးခြင့္ ရွိမွာပါ။ ဒါေၾကာင့္မို႔ အယူခံ တင္ၿပီးမွသာလွ်င္ အဲဒီအေျဖက သိမွာပါ။”

DNA နဲ႔ပတ္သက္လို႔ ထိုင္းရဲေတြက စစ္ေဆးခဲ့ၿပီးတဲ့ ေနာက္မွာေတာ့ ၂၀၁၅ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ေန႔တုန္းကေတာ့ ထုိင္းႏိုင္ငံရဲ႕ တရားမွ်တေရး၀န္ႀကီးဌာနက တာ၀န္ရွိသူ ၂ ဦးဟာ တရားခြင္မွာပဲ စြပ္စဲြခံထားရသူ ၂ ဦးရဲ႕ DNA မ်ိဳး႐ိုးဗီဇကို စစ္ေဆးဖို႔အတြက္ တံေတြးေတြကို ရယူသြားခဲ့ပါတယ္။ ဒီစစ္ေဆးမႈကို ထုိင္းႏိုင္ငံက DNA စစ္ေဆးရာမွာ ကၽြမ္းက်င္တဲ့ ဆရာ၀န္ႀကီး ေဒါက္တာပြန္ထစ္ဆီမွာ စစ္ေဆးခဲ့ၿပီးတဲ့ေနာက္ DNA စစ္ေဆးမႈေတြဟာ ကဲြလဲြခ်က္ေတြ ထြက္ေပၚလာခဲ့တာပါ။ ဒီအခ်က္ေတြကိုလည္း ေရွ႕ေန ဦးေအာင္မ်ိဳးသန္႔ က ျပန္လည္ ေထာက္ျပခဲ့ပါတယ္။

“အဲေတာ့ လူသတ္လက္နက္ေပၚမွာ DNA ေတြ႔တယ္။ ေတြ႔တဲ့ DNA ႏွစ္ခုဟာ တစိမ္းျဖစ္တယ္။ အခု ေလာေလာဆယ္မွာကလည္း တရားခံေလးေတြရဲ႕ DNA မေတြ႔ဘူးလို႔ ေျပာတယ္ဆုိရင္ လူသတ္လက္နက္ ေပါက္တူးကို တရားခံေလးေတြ ကိုင္တြယ္ျခင္း မရွိဘူးဆုိတာ ရွင္းပါတယ္။ အဲဒါဆိုရင္ ဒီေပါက္တူးကို အသံုးျပဳခဲ့တဲ့ DNA အသစ္ႏွစ္ခုဟာ တရားခံဘယ္သူလဲဆုိတာ ဒါ သူတုိ႔ရဲ႕ တရားလို တရားစြဲအဖြဲ႔ရဲ႕ တာ၀န္ျဖစ္တယ္ေလ။ ဒါကို တင္ျပေနတာပဲ။”

ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ခန္႔မွန္းေခ် ၄,၀၀၀ ေလာက္ အလုပ္လုပ္ကိုင္ေနတဲ့ လိပ္ကၽြန္းမွာ ၂၀၁၄ ခုႏွစ္ စက္တင္ဘာ ၁၅ ရက္ေန႔က လူသတ္မႈ ျဖစ္ပြားခဲ့ပါတယ္။ ရက္ပိုင္းအတြင္းမွာပဲ ဖမ္းဆီးခံခဲ့ရတဲ့ ျမန္မာေရႊ႕ေျပာင္းလူငယ္ ၂ ေယာက္ျဖစ္တဲ့ ကိုေဇာ္လင္းနဲ႔ ကို၀င္းေဇာ္ထြန္းတို႔ ၂ ဦးက သတ္ျဖတ္မႈက်ဳးလြန္ေၾကာင္း အေစာပုိင္းမွာေတာ့ ၀န္ခံေျပာဆုိခဲ့ေပမဲ့ ေနာက္ပုိင္းမွာေတာ့ ရဲေတြရဲ႕ ႏွိပ္စက္မႈေၾကာင့္ ေျဖာင့္ခ်က္ေပးခဲ့တာ ျဖစ္တဲ့အေၾကာင္း တရား႐ုံးမွာ ထြက္ဆုိခဲ့တာပါ။ လူသတ္မႈနဲ႔ တရားစဲြဆုိခံခဲ့ရတဲ့ ျမန္မာလူငယ္ ၂ ဦးကိုေတာ့ တႏွစ္ေက်ာ္ၾကာ ထုိင္းႏိုင္ငံ ေကာ့စေမြ အက်ဥ္းေထာင္မွာ ဖမ္းဆီးထားၿပီး အခုအခါမွာေတာ့ ႏြံထဘူရီခ႐ိုင္ထဲက ဘန္ခြမ္အက်ဥ္းေထာင္ထဲမွာ အက်ဥ္းက်ေနပါတယ္။ သူတိုရဲ႕အယူခံရက္ကို တလခ်င္းအလိုက္ ၅ ႀကိမ္ေျမာက္အျဖစ္ ထပ္တိုး ေတာင္းဆိုခဲ့ရာမွာ တရား႐ံုးက ခြင့္ျပဳခဲ့ၿပီး လာမယ့္ ေမလမွာေတာ့ သူတို႔ရဲ႕အယူခံကို အယူခံတရား႐ံုးကေန ၾကားနာစစ္ေဆးေတာ့မွာ ျဖစ္ပါတယ္။

မေအးေအးမာ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................


ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းရဲတွေရဲ့ DNA စစ်ဆေးချက်တွေဟာ လွဲမှားနေတယ်လို့ ပညာရှင်တချို့က ထောက်ပြ ပြောဆိုနေပေမဲ့ လက်ရှိမှာတော့ အယူခံတရားရုံးကနေ ဆုံးဖြတ်ပြီးမှသာ ဒီကိစ္စတွေဟာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေဖြစ်သူက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကော့တောင် အပန်းဖြေကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ဗြိတိသျှလူငယ် ၂ ဦး သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ထိုင်းတရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ်ပေးခြင်းခံရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ ဦးနဲ့ ပတ်သက်တဲ့အမှုကိစ္စ DNA စစ်ဆေးချက်တွေကတော့ လက်ရှိမှာ ပြန်စစ်ဆေးဖို့ မလွယ်ကူနိုင်သေးပေမဲ့ အယူခံတရားရုံးကနေ ဆုံးဖြတ်ပြီးမှသာ  သက်သေမခိုင်လုံဘူးဆိုတဲ့ အချက်တွေနဲ့ DNA ပြန်လည် စစ်ဆေးတာမျိုးတွေ လုပ်နိုင်မယ်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။

“သူတို့ကတော့ ဒီက DNA စစ်ဆေးချက်တွေဟာ လုံးဝ လွဲမှားနေတဲ့အတွက်ကြောင့် နောက်ဆုံး ဒီအဖွဲ့ကို တရားပြန်စွဲဖို့တောင်မှ အကြံဉာဏ်ပေးတာပါ။ ဒါပေမဲ့ သူတို့နိုင်ငံမှာရှိတဲ့ ဥပဒေနဲ့ သူတို့နိုင်ငံရဲ့ အချုပ်အခြာ ရှိနေတယ်။ အဲဒီအခါမှာ အန်ကယ်လ်တို့က သူတို့နိုင်ငံရဲ့ ဥပဒေကိုတော့ တနည်းနည်းနဲ့ပေါ့လေ Black and White ပြနိုင်တဲ့ အချိန်အထိတော့ အန်ကယ်လ်တို့ ကြိုးစားသွားရမှာပဲလေ။ အယူခံ အကြောင်းပြချက်တွေထဲမှာ ထိထိမိမိ ထည့်ပြီးတော့ ရေးထားလို့ရှိရင် အယူခံ တရားရုံးတော်က တရားသူကြီးတွေက ဒီအပေါ်မှာ သံသယဖြစ်တယ်ဆိုပြီး ထင်လာရင် ပြန်ပြီးတော့ စစ်ဆေးခွင့်ရှိမှာပါ။ သက်သေလည်း ဒီလိုပါပဲ။ ဒီအပေါ်မှာ ဒီသက်သေဟာ လုံလောက်အောင် ပြန်စစ်ဆေးပေးနိုင်တယ်ဆိုရင် ပြန်ပြီးတော့ စစ်ဆေးခွင့် ရှိမှာပါ။ ဒါကြောင့်မို့ အယူခံ တင်ပြီးမှသာလျှင် အဲဒီအဖြေက သိမှာပါ။”

DNA နဲ့ပတ်သက်လို့ ထိုင်းရဲတွေက စစ်ဆေးခဲ့ပြီးတဲ့ နောက်မှာတော့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေးဝန်ကြီးဌာနက တာဝန်ရှိသူ ၂ ဦးဟာ တရားခွင်မှာပဲ စွပ်စွဲခံထားရသူ ၂ ဦးရဲ့ DNA မျိုးရိုးဗီဇကို စစ်ဆေးဖို့အတွက် တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံက DNA စစ်ဆေးရာမှာ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီး ဒေါက်တာပွန်ထစ်ဆီမှာ စစ်ဆေးခဲ့ပြီးတဲ့နောက် DNA စစ်ဆေးမှုတွေဟာ ကွဲလွဲချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ ဒီအချက်တွေကိုလည်း ရှေ့နေ ဦးအောင်မျိုးသန့် က ပြန်လည် ထောက်ပြခဲ့ပါတယ်။

“အဲတော့ လူသတ်လက်နက်ပေါ်မှာ DNA တွေ့တယ်။ တွေ့တဲ့ DNA နှစ်ခုဟာ တစိမ်းဖြစ်တယ်။ အခု လောလောဆယ်မှာကလည်း တရားခံလေးတွေရဲ့ DNA မတွေ့ဘူးလို့ ပြောတယ်ဆိုရင် လူသတ်လက်နက် ပေါက်တူးကို တရားခံလေးတွေ ကိုင်တွယ်ခြင်း မရှိဘူးဆိုတာ ရှင်းပါတယ်။ အဲဒါဆိုရင် ဒီပေါက်တူးကို အသုံးပြုခဲ့တဲ့ DNA အသစ်နှစ်ခုဟာ တရားခံဘယ်သူလဲဆိုတာ ဒါ သူတို့ရဲ့ တရားလို တရားစွဲအဖွဲ့ရဲ့ တာဝန်ဖြစ်တယ်လေ။ ဒါကို တင်ပြနေတာပဲ။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းချေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာရွှေ့ပြောင်းလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ ၂ ဦးက သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ၀န်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့တာပါ။ လူသတ်မှုနဲ့ တရားစွဲဆိုခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ဦးကိုတော့ တနှစ်ကျော်ကြာ ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ဖမ်းဆီးထားပြီး အခုအခါမှာတော့ နွံထဘူရီခရိုင်ထဲက ဘန်ခွမ်အကျဉ်းထောင်ထဲမှာ အကျဉ်းကျနေပါတယ်။ သူတိုရဲ့အယူခံရက်ကို တလချင်းအလိုက် ၅ ကြိမ်မြောက်အဖြစ် ထပ်တိုး တောင်းဆိုခဲ့ရာမှာ တရားရုံးက ခွင့်ပြုခဲ့ပြီး လာမယ့် မေလမှာတော့ သူတို့ရဲ့အယူခံကို အယူခံတရားရုံးကနေ ကြားနာစစ်ဆေးတော့မှာ ဖြစ်ပါတယ်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment