CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, April 18, 2016
18-4-2016
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၉၂/၁ ရဘိန်းရွာအနီး (ပုလွေးအမြန်လမ်းရဲစခန်းအနီး) ၁၈.၄.၂၀၁၆ ရက်နေ့နံနက် ၆ နာရီအချိန် ပဲခူးမှ မန္တလေးသို့ ထွက်လာသော ယာဉ်မောင်း မျိုးလင်းအောင် (၂၅) နှစ် (ဘ) ဦးမြင့်ရွှေ (ဝေါမြို့နယ်) မောင်းနှင်သည့် 4J-3353 Hyundai Foton (ကိုရီးယား) ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလည်ကျွန်းအားတိုက်မိပြီး လမ်းလည်ကျွန်းပေါ်တွင် တိမ်းမှောက်ခဲ့ပါသည်။
.................................................
“ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၊ ၆ ဦးသေ ၅ ဦး ဒဏ်ရာရရှိ”
18-4-2016
ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၉၂/၁ ရဘိန်းရွာအနီး (ပုလွေးအမြန်လမ်းရဲစခန်းအနီး) ၁၈.၄.၂၀၁၆ ရက်နေ့နံနက် ၆ နာရီအချိန် ပဲခူးမှ မန္တလေးသို့ ထွက်လာသော ယာဉ်မောင်း မျိုးလင်းအောင် (၂၅) နှစ် (ဘ) ဦးမြင့်ရွှေ (ဝေါမြို့နယ်) မောင်းနှင်သည့် 4J-3353 Hyundai Foton (ကိုရီးယား) ယာဉ်သည် အရှိန်မထိန်းနိုင်ဖြစ်ပြီး လမ်းလည်ကျွန်းအားတိုက်မိပြီး လမ်းလည်ကျွန်းပေါ်တွင် တိမ်းမှောက်ခဲ့့ပါသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကျား ၁ မ ၄ ဦး နေရာတွင် သေဆုံးခဲ့သည်။ (၁) မသွယ်သွယ်ဦး (၁၉)နှစ် (ဘ) ဦးသိန်းဇော်ဦး(ဝေါ)၊ (၂) မသဲမွန်ခိုင်( )(ခ) ဦးမောင်ချို (၃) ဒေါ်ရွှေညွှန်၊ (၄) မောင်ဟိန်းစုအောင် (၇) နှစ်၊ (၅) ဒေါ်ဝင်းမာ၊ တို့ဖြစ်ကြပါသည်။
ထို့ပြင် ဒေါ်ချိုဆိုသူ အခြားအမျိုးသမီးတဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့စဉ် ဆုံးပါးသွားခဲ့ကြောင်း သိရသည်။
ယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအဝင် ခရီးသည် (၁၃) ဦး လိုက်ပါလာပြီး ယာဉ်မောင်းနှင့် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရမှုမရှိကြောင်း၊ ထိခိုက်ဒဏ်ရာရသူ (၅) ဦး (၁) မခိုင်ယဉ်မွန် (၂၀) နှစ် (ဘ) ဦးစိုးသိန်း ဖက်ကလိပ်ရွာ (ဝေါ) (၀ဲပေါင်ဖူးရောင်) ၊ (၂) ဒေါ်တင်ဝင်း (၇၁) နှစ် (ဘ) ဦးထွန်းမောင် တကောင်းဝင်ရွာ (ဝေါ) ပြင်ပဒဏ်ရာ၊ (၃) မစုမြတ်နိုင် (၁၅) နှစ် (ဘ) ဦးဇော်နိုင်၊ ဖက်ကလိပ်ရွာ၊ ပဲခူး ပြင်ပဒဏ်ရာ(၄) မသန္တာဝေ (၁၉) နှစ် (ဘ) ဦးသိန်းနိုင် ဖက်ကလိပ်ရွာ (ဝေါ) ပြင်ပဒဏ်ရာ၊ (၅) မဝေနှင်းစိုး (၂၀)နှစ် (ဘ) ဦးကျော်ဝင်း ဖက်ကလိပ်ရွာ (ဝေါ) တို့ ပြင်ပဒဏ်ရာရရှိခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 18, 2016
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 18, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment