ဒေါ်အောင်ဆန်းစုုကြည်အပေါ် တပ်မတော် သဘောထား နွေးထွေးရန် လိုပြီ


ဧရာဝတီ|April 6, 2016 |
တံခါးကို ဖွင့်ထားပြီထင်သော်လည်း အမှန်ဝင်ရန် ကြိုးစားသောအခါ အထဲမှ ချက်ချထားဆဲ ဖြစ်ရပ်တခု နေပြည်တော်တွင် ဖြစ်ပွားနေခဲ့သည်။

ဧပြီလ ၅ ရက် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမုုိကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုုကြည်ကို နုုိင်ငံတော် အတုုိင်ပင်ခံပုုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေအား တပ်မတော်သား လွှတ်တော် ကုုိယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။

တပ်မတော် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး ဦးဆောင်သူအဖြစ် တရားဝင် အသိအမှတ် မပြုချင်သော သဘောထားကို လက်ဆုပ်လက်ကိုင် ထားနေဆဲဟု ယင်းဖြစ်ရပ်က ဖော်ပြနေသည်။

မဲဆန္ဒရှင် ပြည်သူလူထုက တခဲနက် မဲပေးရွေးချယ်ပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်တို့ကို အပ်နှင်းလိုက်သော နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့် တားဆီးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက် ၅၉ (စ) အား အခိုင်အမာ ကာကွယ် ထောက်ခံခဲ့ကြသော လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များသည် ယင်းအခြေခံ ဥပဒေပါ ပုဒ်မ ၂၁၇ ကို အခြေခံပြီး NLD က ဥပဒေပြုရန် ကြိုးစားသည်ကို ခါးခါးသီးသီး ကန့်ကွက်နေခြင်းမှာ တရားဥပဒေ၏ မျက်နှာကို ကြည့်သည်ဟု မဆိုနိုင်တော့ပေ။

ပြည်တွင်းပြည်ပက တခဲနက် အားပေးထောက်ခံခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ဖယ်ထုတ်၍ မရတော့ဟု လက်ခံ သဘောပေါက်လာသော မြန်မာ့တပ်မတော်သည် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများကိုသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တာဝန်ယူလိုစေသော သဘောထား ရှိခဲ့ကြောင်း စစ်အစိုးရဟောင်းများ လက်ထက်တွင် အကြိမ်ကြိမ် ကြားခဲ့ဖူးသည်။ ထိုသဘောထားကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာကြာ တဖက်သက် အချိန်ယူ ရေးဆွဲခဲ့ကြပြီးဖြစ်သည်။

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လတ်တလော မလွယ်ကူသေးမှန်း သဘောပေါက်သော အာဏာရ NLD ပါတီသည် ၎င်းတို့၏ ခေါင်းဆောင်ကို တရားဝင် နိုင်ငံတော်အဆင့် နိုင်ငံရေး ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ကို အသုံးပြုလာခဲ့သည်။ ထိုပြဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား နုုိင်ငံတော် အတုုိင်ပင်ခံ ပုုဂ္ဂိုလ်အဖြစ် ပြည်ထောင် စုလွှတ်တော်က ဥပဒေပြု ခန့်အပ်နိုင်သော လုပ်ပိုင်ခွင့်ရှိနေသောကြောင့် ယင်းကို မိမိရရ အသုံးချခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး ရည်မှန်းချက်ကို ရောက်ရှိနိုင်ရန် တရားသေ မဟုတ်ဘဲ တခြားနည်းလမ်းများ ပြောင်းလဲကျင့်သုံးခြင်းကို နားလည် လက်ခံနိုင်ပါသည်။ သို့သော် ယခင် စစ်အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရာတွင် အာဏာကို ဆက်လက် ဆုပ်ကိုင်ရေး မျှော်မှန်းချက်ဖြင့် အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက ဖန်တီးထားခဲ့သော ပုဒ်မ ၂၁၇ သည် ယခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အတွက် ဖြစ်လာစေခဲ့ခြင်းက သမိုင်း၏ လှောင်ပြုံးချက်ဖြစ်မည်။

တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးနှင့် ကိုက်ညီမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖွဲ့စည်းမည်ဟု ကြွေးကြော်ခဲ့သော အာဏာရ နိုင်ငံရေးပါတီကြီးသည် ယခုအခါ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် လက်တွေ့နိုင်ငံရေး အတွက် ပြန်အသုံးချနေသောအခါ ဖွဲ့စည်းပုံပြင်ဆင်ရေး ကတိကဝတ်များအတွက် မည်သို့ ဆက်လက် အကောင်အထည် ဖော်မည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ စစ်ဘက်က သဘောတူ လက်မခံသရွေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရာ စစ်ဘက်က သဘောတူ လက်ခံလာစေရန် အရပ်ဘက် နိုင်ငံရေး ဦးဆောင်သူများအဖို့ မည်သို့ ဆက်လက် ဆောင်ရွက်မည်မှာ အင်မတန် အရေးကြီးသောကြောင့်ပင်။

စစ်အုပ်ချုပ်ရေး နှစ် ၅၀ ကျော်ကာလအတွင်း ပျက်စီးခဲ့ရသော တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် စီးပွားရေး အဆင့်အတန်းတို့ကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်းရမည့် ယခုအချိန်တွင် တပ်မတော်၏ သဘောထားနှင့် လုပ်ဆောင်ချက်များသည် အတိတ်ကအတိုင်း ဆက်လက်ခံယူလုပ်ဆောင်နေမည်ဆိုလျှင် မဲဆန္ဒရှင် နိုင်ငံသားတို့၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခြင်းကို ခံနေကြရဦးမည်။

ဒေသတွင်းနိုင်ငံများနှင့် တန်းတူလိုက်နိုင်ရေး မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရတော့မည့် အချိန်ခါသမယတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများဖြင့် လုံးချာလည်ပြီး ရှေ့ဆက်မရ ဖြစ်မနေသင့်ပေ။ ယနေ့အချိန်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့အကျိုး မျက်နှာမူ၍ အတူတကွ အလုပ်လုပ်ရမည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။
Irrawaddy
....................
ေဒၚေအာင္ဆန္းစုုၾကည္အေပၚ တပ္မေတာ္ သေဘာထား ေႏြးေထြးရန္ လိုျပီ
ဧရာ၀တီ|April 6, 2016 |
တံခါးကို ဖြင့္ထားျပီထင္ေသာ္လည္း အမွန္ဝင္ရန္ ၾကိဳးစားေသာအခါ အထဲမွ ခ်က္ခ်ထားဆဲ ျဖစ္ရပ္တခု ေနျပည္ေတာ္တြင္ ျဖစ္ပြားေနခဲ့သည္။

ဧျပီလ ၅ ရက္ ျပည္သူ႕လႊတ္ေတာ္တြင္ အမ်ဳိးသားဒီမုုိကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ဥကၠ႒ ေဒၚေအာင္ဆန္းစုုၾကည္ကို ႏုုိင္ငံေတာ္ အတုုိင္ပင္ခံပုုဂၢဳိလ္အျဖစ္ ခန္႔အပ္မည့္ ဥပေဒအား တပ္မေတာ္သား လႊတ္ေတာ္ ကုုိယ္စားလွယ္မ်ားက ျပင္းျပင္းထန္ထန္ ကန္႔ကြက္ခဲ့ျခင္းကို ရည္ၫႊန္းလိုျခင္း ျဖစ္သည္။

တပ္မေတာ္ အေနျဖင့္ ေဒၚေအာင္ဆန္းစုၾကည္အား ပုဂၢိဳလ္ေရးအရ ႏိုင္ငံေရး ဦးေဆာင္သူအျဖစ္ တရားဝင္ အသိအမွတ္ မျပဳခ်င္ေသာ သေဘာထားကို လက္ဆုပ္လက္ကိုင္ ထားေနဆဲဟု ယင္းျဖစ္ရပ္က ေဖာ္ျပေနသည္။

မဲဆႏၵရွင္ ျပည္သူလူထုက တခဲနက္ မဲေပးေရြးခ်ယ္ၿပီး ဥပေဒျပဳေရးႏွင့္ အုပ္ခ်ဳပ္ေရး တာဝန္တို႔ကို အပ္ႏွင္းလိုက္ေသာ ႏိုင္ငံေရးပါတီ၏ ေခါင္းေဆာင္ကို သမၼတျဖစ္ခြင့္ တားဆီးထားသည့္ ၂၀၀၈ ဖြဲ႔စည္းပံုပါ ျပဌာန္းခ်က္ ၅၉ (စ) အား အခိုင္အမာ ကာကြယ္ ေထာက္ခံခဲ့ၾကေသာ လႊတ္ေတာ္အတြင္းရွိ တပ္မေတာ္သား ကိုယ္စားလွယ္မ်ားသည္ ယင္းအေျခခံ ဥပေဒပါ ပုဒ္မ ၂၁၇ ကို အေျခခံၿပီး NLD က ဥပေဒျပဳရန္ ႀကိဳးစားသည္ကို ခါးခါးသီးသီး ကန္႔ကြက္ေနျခင္းမွာ တရားဥပေဒ၏ မ်က္ႏွာကို ၾကည့္သည္ဟု မဆိုႏိုင္ေတာ့ေပ။

ျပည္တြင္းျပည္ပက တခဲနက္ အားေပးေထာက္ခံျခင္းေၾကာင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ျမန္မာ့ႏိုင္ငံေရးတြင္ ဖယ္ထုတ္၍ မရေတာ့ဟု လက္ခံ သေဘာေပါက္လာေသာ ျမန္မာ့တပ္မေတာ္သည္ ႏိုင္ငံျခားေရး၊ ပညာေရး၊ က်န္းမာေရးႏွင့္ ဖြံ႔ၿဖိဳးေရး က႑မ်ားကိုသာ ေဒၚေအာင္ဆန္းစုၾကည္ အေနျဖင့္ တာဝန္ယူလိုေစေသာ သေဘာထား ရွိခဲ့ေၾကာင္း စစ္အစိုးရေဟာင္းမ်ား လက္ထက္တြင္ အႀကိမ္ႀကိမ္ ၾကားခဲ့ဖူးသည္။ ထိုသေဘာထားေၾကာင့္လည္း ၂၀၀၈ ဖြဲ႔စည္းပံုကို ႏွစ္ေပါင္းမ်ားစြာၾကာ တဖက္သက္ အခ်ိန္ယူ ေရးဆြဲခဲ့ၾကၿပီးျဖစ္သည္။


ပုဒ္မ ၅၉ (စ) ျပင္ဆင္ေရး လတ္တေလာ မလြယ္ကူေသးမွန္း သေဘာေပါက္ေသာ အာဏာရ NLD ပါတီသည္ ၎တို႔၏ ေခါင္းေဆာင္ကို တရားဝင္ ႏိုင္ငံေတာ္အဆင့္ ႏိုင္ငံေရး ဦးစီးဦးေဆာင္သူအျဖစ္ ခန္႔ထားႏိုင္ရန္ ဖြဲ႔စည္းပံု အေျခခံဥပေဒ ပုဒ္မ ၂၁၇ ကို အသုံးျပဳလာခဲ့သည္။ ထိုျပဌာန္းခ်က္အရ ေဒၚေအာင္ဆန္းစုၾကည္အား ႏုုိင္ငံေတာ္ အတုုိင္ပင္ခံ ပုုဂၢဳိလ္အျဖစ္ ျပည္ေထာင္ စုလႊတ္ေတာ္က ဥပေဒျပဳ ခန္႔အပ္ႏိုင္ေသာ လုပ္ပိုင္ခြင့္ရွိေနေသာေၾကာင့္ ယင္းကို မိမိရရ အသုံးခ်ခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံေရး ရည္မွန္းခ်က္ကို ေရာက္ရွိႏိုင္ရန္ တရားေသ မဟုတ္ဘဲ တျခားနည္းလမ္းမ်ား ေျပာင္းလဲက်င့္သုံးျခင္းကို နားလည္ လက္ခံႏိုင္ပါသည္။ သို႔ေသာ္ ယခင္ စစ္အာဏာရွင္စနစ္မွ ပါတီစံုဒီမိုကေရစီ စနစ္သို႔ ေျပာင္းလဲရာတြင္ အာဏာကို ဆက္လက္ ဆုပ္ကိုင္ေရး ေမွ်ာ္မွန္းခ်က္ျဖင့္ အာဏာရွင္ေဟာင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္မႉးႀကီး ဦးသန္းေရႊက ဖန္တီးထားခဲ့ေသာ ပုဒ္မ ၂၁၇ သည္ ယခုအခါ ျမန္မာ့ဒီမိုကေရစီ ေခါင္းေဆာင္အတြက္ ျဖစ္လာေစခဲ့ျခင္းက သမိုင္း၏ ေလွာင္ၿပံဳးခ်က္ျဖစ္မည္။

တိုင္းရင္းသား ျပည္သူလူထု တရပ္လုံးႏွင့္ ကိုက္ညီမည့္ ဖြဲ႔စည္းပံု အေျခခံဥပေဒကို ေျပာင္းလဲဖြဲ႔စည္းမည္ဟု ေႂကြးေၾကာ္ခဲ့ေသာ အာဏာရ ႏိုင္ငံေရးပါတီႀကီးသည္ ယခုအခါ ယင္းဖြဲ႔စည္းပံု အေျခခံဥပေဒကိုပင္ လက္ေတြ႔ႏိုင္ငံေရး အတြက္ ျပန္အသုံးခ်ေနေသာအခါ ဖြဲ႔စည္းပံုျပင္ဆင္ေရး ကတိကဝတ္မ်ားအတြက္ မည္သို႔ ဆက္လက္ အေကာင္အထည္ ေဖာ္မည္ကိုလည္း ေမးခြန္းထုတ္စရာ ျဖစ္လာခဲ့သည္။ စစ္ဘက္က သေဘာတူ လက္မခံသေရြ႕ ဖြဲ႕စည္းပံု အေျခခံဥပေဒကို မျပင္ဆင္ႏိုင္ရာ စစ္ဘက္က သေဘာတူ လက္ခံလာေစရန္ အရပ္ဘက္ ႏိုင္ငံေရး ဦးေဆာင္သူမ်ားအဖို႔ မည္သို႔ ဆက္လက္ ေဆာင္ရြက္မည္မွာ အင္မတန္ အေရးႀကီးေသာေၾကာင့္ပင္။

စစ္အုပ္ခ်ဳပ္ေရး ႏွစ္ ၅၀ ေက်ာ္ကာလအတြင္း ပ်က္စီးခဲ့ရေသာ တိုင္းျပည္၏ ဂုဏ္သိကၡာႏွင့္ စီးပြားေရး အဆင့္အတန္းတို႕ကို ျပန္လည္ဆယ္ယူရန္ ၾကိဳးပမ္းရမည့္ ယခုအခ်ိန္တြင္ တပ္မေတာ္၏ သေဘာထားႏွင့္ လုပ္ေဆာင္ခ်က္မ်ားသည္ အတိတ္ကအတိုင္း ဆက္လက္ခံယူလုပ္ေဆာင္ေနမည္ဆိုလွ်င္ မဲဆႏၵရွင္ ႏိုင္ငံသားတို႕၏ ျပင္းျပင္းထန္ထန္ ေဝဖန္ေျပာဆိုျခင္းကို ခံေနၾကရဦးမည္။

ေဒသတြင္းႏိုင္ငံမ်ားႏွင့္ တန္းတူလိုက္ႏိုင္ေရး ျမန္မာႏိုင္ငံကို ျပန္လည္ထူေထာင္ရေတာ့မည့္ အခ်ိန္ခါသမယတြင္ ဖြဲ႕စည္းပံုအေျခခံဥပေဒဆိုင္ရာ အက်ပ္အတည္းမ်ားျဖင့္ လုံးခ်ာလည္ျပီး ေရွ႕ဆက္မရ ျဖစ္မေနသင့္ေပ။ ယေန႕အခ်ိန္သည္ တိုင္းျပည္ႏွင့္ ႏိုင္ငံသားတို႕အက်ိဳး မ်က္ႏွာမူ၍ အတူတကြ အလုပ္လုပ္ရမည့္ အခ်ိန္ျဖစ္ေၾကာင္း တိုက္တြန္းေရးသားအပ္ေပသည္။
Irrawaddy
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)