Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, April 28, 2016

ကမာၻ႔အခ်မ္းသာဆံုး အမ်ဳိးသမီးထဲကတစ္ဦး


လွတယ္၊ ရင္သားႀကီးတယ္၊ ေမြးလာတာနဲ႔ ေဒၚလာသန္းႏွစ္ေထာင္ အေမြရၿပီးသား.. ေဟာ ခု သူ႔အေဖ အေမရိကန္သမၼတဝင္ေ႐ြးမယ္တဲ့…

ဒီကေန႔ေျပာမယ့္ဇာတ္လမ္းမွာပါတဲ့ ဇာတ္လိုက္နာမည္က Ivanka Trump ပဲျဖစ္ပါတယ္။

ကမာၻ႔အခ်မ္းသာဆံုး အမ်ဳိးသမီးထဲကတစ္ဦးေပါ့။ ဒီႏွစ္မွာ သူအသက္ ၃၄ႏွစ္႐ွိပါၿပီ။ သူ႔အသက္ ၂၈ႏွစ္ မဂၤလာမေဆာင္ခင္တည္းကလည္း သူဟာ ကမာၻ႔အခ်မ္းသာဆံုးအပ်ဳိတစ္ဦးျဖစ္ခဲ့ပါတယ္။

၈ဝေနာက္ပိုင္းမွာေမြးဖြားခဲ့တဲ့သူဟာ ေမြးဖြားလာကတည္းက မိဘႏွစ္ပါးရဲ႕အေကာင္းဆံုးအေမြကို ရ႐ွိထားသူျဖစ္ပါတယ္။ အဲဒီအေမြေတြက ဖခင္ဆီက ေဒၚလာသန္းႏွစ္ေထာင္နဲ႔ မိခင္ဆီက လွပတဲ့႐ုပ္ရည္ပဲျဖစ္ပါတယ္။

Ivanka ဟာ ၂ဝဝ၄ခုႏွစ္မွာ Pennsylvania စီးပြားေရးေကာလိပ္ကေန (The Wharton School of the University of Pennsylvania) ထူးခၽြန္တဲ့အဆင့္နဲ႔ ေက်ာင္းၿပီးခဲ့ပါတယ္။ ေက်ာင္းၿပီးတာနဲ႔ ဖခင္ကုမၸဏီထဲ သူဝင္ေရာက္အလုပ္လုပ္ခဲ့တယ္။ အခုလက္႐ွိ သူ႔ရာထူးက ကုမၸဏီဒုဥကၠဠနဲ႔ အ႐ိုက္အရာဆက္ခံသူျဖစ္တယ္။ သူဟာ IQ ေရာ EQပါျမင့္သူျဖစ္တယ္။ ေအာက္ကိုဆက္ဖတ္သြားပါ… သူ႔မွာ မိေထြးဘယ္ႏွေယာက္နဲ႔ ဖေအတူမေအကဲြေမာင္ႏွမ ဘယ္ႏွေယာက္႐ွိတယ္ဆိုတာကို ေတြ႔ရပါလိမ့္မယ္။

ဘဝကိုေအာင္ႏိုင္သူ Ivankaဟာ ငယ္ငယ္ေလးတည္းက သူ႔ဖခင္ဦးစီးက်င္းပတဲ့ အေမရိကန္မယ္ေ႐ြးပဲြမွာ ပါဝင္ခဲ့တယ္။ အဲဒီေနာက္ သူဟာ မိခင္ေလွ်ာက္ခဲ့တဲ့လမ္းအတိုင္း ေမာ္ဒယ္တစ္ဦးျဖစ္လာခဲ့တယ္။ ေမာ္ဒယ္ေလာကမွာ ကစားရဝသြားတဲ့အခါ အိမ္စီးပြားေရးဖက္ထဲ သူဝင္ေရာက္ခဲ့တယ္။

Ivankaဟာ အလွအပနဲ႔ အသိဉာဏ္ပညာေပါင္းစပ္ထားတဲ့ ကိုယ္စားျပဳျဖစ္တယ္။ အရပ္ ၅ေပ ၉လက္မ၊ ေငြေရာင္ဆံႏႊယ္၊ ျပာလဲ့လဲ့မ်က္လံုး၊ ရင္ ၃၂Dနဲ႔ ရင္ႀကီးသေလာက္ ဦးေႏွာက္လည္းဖြံ႔ၿဖိဳးတဲ့ အမ်ဳိးသမီးျဖစ္တယ္။ သူဟာ ဆဲြေဆာင္မႈ႐ွိတဲ့ သန္းၾကြယ္သူေဌးေပါ့။ သန္းၾကြယ္သူေဌးတစ္ဦးျဖစ္တဲ့ Paris Hilton နဲ႔ေတာ့ ဆန္႔က်င္ဖက္ပါပဲ။ သူ႔မွာ ဘာသတင္းေကာလာဟလမွမ႐ွိခဲ့ဘူး။ ခ်မ္းသာၾကြယ္ဝေပမယ့္ သိုသိုသိပ္သိပ္ေနတတ္သူျဖစ္တယ္။ စီးပြားေရးသတင္းေတြမွာ ေဖာ္ျပခံရ၊ Forbes စာရင္းဝင္မွာေဖာ္ျပခံရတာကလဲြရင္ သူ႔မွာ ဘာသတင္းအပုပ္အသိုးမွမ႐ွိခဲ့ဘူး။

ေဟာ… ခု သူ႔အေဖ အေမရိကန္သမၼတေ႐ြးေကာက္ပဲြထဲဝင္ေ႐ြးလာခဲ့လို႔ လူေတြေ႐ွ႕ သူလူလံုးထြက္ၿပီး သူ႔အေဖအတြက္ မဲဆြယ္ရတာေပါ့။

ထက္ျမက္ထူးခၽြန္တဲ့၊ ပိုင္ပိုင္ႏိုင္ႏိုင္ လုပ္ႏိုင္ကိုင္ႏိုင္တဲ့၊ စိတ္သေဘာထားႀကီးတဲ့ မိန္းမလွတစ္ဦး မဲဆြယ္တယ္ဆိုေတာ့ ပဲြစစခ်င္း Roosevelt Islandမွာ မဲဆြယ္ေဟာေျပာခဲ့တဲ့ ဟီလာရီကလင္တန္ထက္ေတာင္ သူက လူေတြရဲ႕အာ႐ံုကိုဖမ္းစားႏိုင္ခ့ဲတယ္။

အေမရိကန္သမၼတေ႐ြးပဲြအေၾကာင္း စကားစပ္မိၿပီဆိုေတာ့ ေ႐ြးေကာက္ပဲြမွာပါဝင္မယ့္ သူ႔အေဖအေၾကာင္းလည္း ႀကံဳတုန္းေျပာၾကည့္ၾကတာေပါ့။

သူ႔အေဖနာမည္က အားလံုးသိၿပီးသားျဖစ္မွာပါ.. Donald Trump တဲ့။ အတုလိုလို အစစ္လိုလိုခန္႔မွန္းရခက္တဲ့ဆံပင္ေ႐ႊဝါေရာင္ေလးတစ္ဖုတ္ကို ထိပ္ေပၚတစ္ေစာင္းတင္ထားသူေပါ့။ သူက အေမရိကန္နာမည္အႀကီးဆံုး အိမ္ၿခံေျမဘုရင္ပါ။ Trump Group နဲ႔ Trump Entertainment ကို တည္ေထာင္ခဲ့သူျဖစ္တယ္။ Trump ေလေၾကာင္းကုမၸဏီလည္း႐ွိေသးတယ္။ ကမာၻ႔တစ္ဝန္းမွာ အိမ္ၿခံေျမေရာင္းဝယ္ေရး၊ ေလာင္းကစား႐ံု၊ ဟိုတယ္နဲ႔ ေလေၾကာင္းသယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေတြ လုပ္တယ္။
သူဘယ္ေလာက္ခ်မ္းသာသလဲဆို ေ႐ြးေကာက္ပဲြဝင္ေတာ့ သူ႔ကိုယ္ပိုင္ ပိုင္ဆိုင္မႈစာရင္းကိုထုတ္ျပန္ေၾကညာခဲ့တယ္။ (စိတ္ဝင္စားရင္ comment မွာတင္ထားပါတယ္)

သူ႔သာမန္ေန႔စဥ္ဘဝကလည္း စည္းစိမ္က်နတဲ့ဘဝလို႔ တင္စားရမွာပါ။ ေဒၚလာသန္းတစ္ရာနဲ႔ ဝယ္ခဲ့တဲ့ ဇိမ္ခံသေဘၤာတစ္စီးကို ဘယ္ႏွရက္မွမေမာင္းရေသးဘူး ေဆာ္ဒီမင္းသားကို ေရာင္းေပးလိုက္တယ္ေလ။ (commentမွာ ႐ႈ)

အဲဒီေနာက္ ပင္လယ္ထဲေလွ်ာက္လည္ခ်င္တာနဲ႔ အရင္ကတစ္စီးထက္ ေစ်းပိုႀကီးတဲ့ သေဘၤာတစ္စီးဝယ္လိုက္ျပန္တယ္။ ဒီသေဘၤာနဲ႔အတူ ေဒၚလာသန္းတစ္ရာတန္တဲ့ Sikorsky S-76 ရဟတ္ယာဥ္တစ္စီးလည္း ပါတယ္။ အဲဒီရဟတ္ယာဥ္တစ္စီးအျပင္ သူ႔မွာ ေဒၚလာသန္းတစ္ရာတန္တဲ့ ကိုယ္ပိုင္ေလယာဥ္တစ္စီး႐ွိၿပီးသား။ အဲဒီကိုယ္ပိုင္ေလယာဥ္ရဲ႕အသံုးအေဆာင္က ၂၄ K ေ႐ႊနဲ႔လုပ္ထားတာတဲ့။ (commentမွာ ႐ႈ)

သူဟာ သူၾကြယ္တစ္ဦးဆိုေပမယ့္ အေတာ္ေျပာင္တဲ့သူ (ခု မဲဆြယ္ေနတဲ့သတင္းေတြကိုၾကည့္ၾကည့္ေလ သူပံုစံ ဘယ္ေလာက္ရယ္ရသလဲဆိုတာ)။ လုပ္စရာမ႐ွိရင္ တီဗီြအစီအစဥ္ေတြထဲေတာင္ ဝင္သ႐ုပ္ေဆာင္ၿပီး မထိခလုတ္ ထိခလုတ္ေနာက္ခဲ့ေသးတယ္။ “Home Alone 2” ဆိုတဲ့ဇာတ္ကားမွာ သူ႔ကိုျမင္ဖူးၾကမွာေပါ့။

သမီးလိမၼာတစ္ေယာက္ပိုင္ဆိုင္ထားေတာ့ ကုမၸဏီကို သမီးနဲ႔စိတ္ခ်ခ်ထားခဲ့ၿပီး NBC ႐ုပ္သံရဲ႕ “The Apprentice” အစီအစဥ္မွာ တင္ဆက္သူအျဖစ္ သူသြားလုပ္ခဲ့တယ္ေလ။

သူသမၼတဝင္ေ႐ြးမယ္လို႔ စစခ်င္းမဲဆြယ္ေဟာေျပာပဲြလုပ္ခဲ့တဲ့ေနရာက သူ႔ေနအိမ္ Trump Tower ႀကီးထဲမွာပါ။ နယူးေယာက္ၿမိဳ႕လယ္က ရိပ္သာ ၅လမ္းမွာ႐ွိတဲ့ ေခ်ာကလက္ေရာင္ မိုးေမွ်ာ္တိုက္ႀကီးက သူ႔ဟာေပါ့။ (comment မွာ ႐ႈ)

ေဟာေျပာပဲြၿပီးေတာ့ Trump မ်ဳိးႏႊယ္ေတြ မိသားစုဓာတ္ပံု႐ိုက္ၾကတယ္။ အမ်ဳိးသမီးေတြအကုန္လံုးက အေခ်ာအလွေတြခ်ည္းပဲ။ (comment မွာ ႐ႈ)

ဓာတ္ပံုထဲက မိသားစုဝင္ေတြရဲ႕ဆက္စပ္ပတ္သက္ပံု အလြယ္တကူေျပာျပရရင္ေတာ့…

၁) Trump ေဘးက အျဖဴေရာင္ဝမ္းဆက္ဝတ္ထားတဲ့ အမ်ဳိးသမီးက တတိယမိန္းမ (Trump နဲ႔ ၂၄ႏွစ္ကြာတယ္)။ နာမည္ႀကီးေမာ္ဒယ္တစ္ဦးေပါ့။ ပခံုးေပၚလက္တင္ခံရသူက သူတို႔ရဲ႕သားျဖစ္တယ္။

၂) ေဘးအစြန္ဆံုး အျပာႏုဝတ္စံုနဲ႔က ဒုတိယမိန္းမ (Trump နဲ႔ ၁၄ႏွစ္ကြာတယ္)။ သူ႔မိခင္က ႐ုပ္႐ွင္သ႐ုပ္ေဆာင္ Marla Maples ေပါ့။

၃) ဘယ္စြန္း၊ ညာ ၂၊ ညာ ၄ က ပထမမိန္းမက (Trump နဲ႔ ၃ႏွစ္ကြာတယ္)ေမြးတဲ့ သားႏွစ္ေယာက္နဲ႔ သမီးတစ္ေယာက္ေပါ့။ ပထမမိန္းမက အားကစားသမားတစ္ဦး Trump နဲ႔ကြာ႐ွင္းၿပီးတာနဲ႔ အသက္ငယ္ငယ္ေခ်ာေခ်ာ Rossano Rubicondi နဲ႔ ယူလိုက္တယ္။

အင္း~~~ သူေဌးေတြရဲ႕ဇာတ္႐ႈပ္ကိုေျပာရင္း ကိုယ္ကိုယ္တိုင္ေတာင္ ပိုက္ဆံေစာ္နံလာသလိုပဲ။ Trump ကေတာ့ ဟီလာရီကလင္တန္နဲ႔အၿပိဳင္ အေမရိကန္သမၼတဝင္ေ႐ြးဖို႔ေသခ်ာသြားၿပီ။ Trump က လူပါး။ Oprah Winfrey ကို သူဘက္ေတာ္သားလုပ္ထားေသးတယ္။ တကယ္လို႔ မေျပာေကာင္းမဆိုေကာင္း Trump သာ သမၼတျဖစ္ခဲ့ရင္ Oprah Winfreyက ပထမဦးဆံုး အမ်ဳိးသမီးဒုသမၼတျဖစ္လာမွာေပါ့။ ဒါေပမယ့္လည္း Oprah က ဒီကိစၥလြယ္လြယ္ျဖစ္မွာမဟုတ္ဘူးဆုိတာ သိထားတယ္။ ဒီကေန႔အထိ သူဘာမွ ဝင္မေျပာေသးဘူး… စိတ္ထဲမွာေပါ့.. “ဟဲ့.. ငTrump နင္အ႐ူးလုပ္တာကို ငါဆိတ္ဆိတ္ၿငိမ္ၿငိမ္ၾကည့္ေနမယ္….” လို႔ ေျပာခ်င္ေျပာေနမွာေပါ့ေလ..

------------
ဖတ္မိသမွ် ဘာသာျပန္မွ်ေဝပါတယ္.. ေပါ့ေပါ့ပါးပါး အပ်င္းေျပေလးေပါ့...

ႏိုင္းႏိုင္းစေန (April. 28. 2016)

                                                          Trump ရဲ႕ ကိုယ္ပိုင္ပိုင္ဆိုင္မႈ


                                          ေဒၚလာသန္းတစ္ရာတန္တဲ့ Sikorsky S-76 ရဟတ္ယာဥ္ပါတဲ့ ဇိမ္ခံသေဘာၤ



                                         ေဆာ္ဒီမင္းသားကိုေရာင္းလိုက္တဲ့ ေဒၚလာသန္းတစ္ရာဇိမ္ခံသေဘာၤ


                                                                        Trump မ်ဳိးႏႊယ္







                                                        ၂၄ K ေ႐ႊနဲ႔လုပ္ထားတဲ့ ကိုယ္ပိုင္ေလယာဥ္

..............  .......  .... . . .............................................................

လှတယ်၊ ရင်သားကြီးတယ်၊ မွေးလာတာနဲ့ ဒေါ်လာသန်းနှစ်ထောင် အမွေရပြီးသား.. ဟော ခု သူ့အဖေ အမေရိကန်သမ္မတဝင်ရွေးမယ်တဲ့…

ဒီကနေ့ပြောမယ့်ဇာတ်လမ်းမှာပါတဲ့ ဇာတ်လိုက်နာမည်က Ivanka Trump ပဲဖြစ်ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံး အမျိုးသမီးထဲကတစ်ဦးပေါ့။ ဒီနှစ်မှာ သူအသက် ၃၄နှစ်ရှိပါပြီ။ သူ့အသက် ၂၈နှစ် မင်္ဂလာမဆောင်ခင်တည်းကလည်း သူဟာ ကမ္ဘာ့အချမ်းသာဆုံးအပျိုတစ်ဦးဖြစ်ခဲ့ပါတယ်။

၈ဝနောက်ပိုင်းမှာမွေးဖွားခဲ့တဲ့သူဟာ မွေးဖွားလာကတည်းက မိဘနှစ်ပါးရဲ့အကောင်းဆုံးအမွေကို ရရှိထားသူဖြစ်ပါတယ်။ အဲဒီအမွေတွေက ဖခင်ဆီက ဒေါ်လာသန်းနှစ်ထောင်နဲ့ မိခင်ဆီက လှပတဲ့ရုပ်ရည်ပဲဖြစ်ပါတယ်။

Ivanka ဟာ ၂ဝဝ၄ခုနှစ်မှာ Pennsylvania စီးပွားရေးကောလိပ်ကနေ (The Wharton School of the University of Pennsylvania) ထူးချွန်တဲ့အဆင့်နဲ့ ကျောင်းပြီးခဲ့ပါတယ်။ ကျောင်းပြီးတာနဲ့ ဖခင်ကုမ္ပဏီထဲ သူဝင်ရောက်အလုပ်လုပ်ခဲ့တယ်။ အခုလက်ရှိ သူ့ရာထူးက ကုမ္ပဏီဒုဥက္ကဠနဲ့ အရိုက်အရာဆက်ခံသူဖြစ်တယ်။ သူဟာ IQ ရော EQပါမြင့်သူဖြစ်တယ်။ အောက်ကိုဆက်ဖတ်သွားပါ… သူ့မှာ မိထွေးဘယ်နှယောက်နဲ့ ဖအေတူမအေကွဲမောင်နှမ ဘယ်နှယောက်ရှိတယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

ဘဝကိုအောင်နိုင်သူ Ivankaဟာ ငယ်ငယ်လေးတည်းက သူ့ဖခင်ဦးစီးကျင်းပတဲ့ အမေရိကန်မယ်ရွေးပွဲမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် သူဟာ မိခင်လျှောက်ခဲ့တဲ့လမ်းအတိုင်း မော်ဒယ်တစ်ဦးဖြစ်လာခဲ့တယ်။ မော်ဒယ်လောကမှာ ကစားရဝသွားတဲ့အခါ အိမ်စီးပွားရေးဖက်ထဲ သူဝင်ရောက်ခဲ့တယ်။

Ivankaဟာ အလှအပနဲ့ အသိဉာဏ်ပညာပေါင်းစပ်ထားတဲ့ ကိုယ်စားပြုဖြစ်တယ်။ အရပ် ၅ပေ ၉လက်မ၊ ငွေရောင်ဆံနွှယ်၊ ပြာလဲ့လဲ့မျက်လုံး၊ ရင် ၃၂Dနဲ့ ရင်ကြီးသလောက် ဦးနှောက်လည်းဖွံ့ဖြိုးတဲ့ အမျိုးသမီးဖြစ်တယ်။ သူဟာ ဆွဲဆောင်မှုရှိတဲ့ သန်းကြွယ်သူဌေးပေါ့။ သန်းကြွယ်သူဌေးတစ်ဦးဖြစ်တဲ့ Paris Hilton နဲ့တော့ ဆန့်ကျင်ဖက်ပါပဲ။ သူ့မှာ ဘာသတင်းကောလာဟလမှမရှိခဲ့ဘူး။ ချမ်းသာကြွယ်ဝပေမယ့် သိုသိုသိပ်သိပ်နေတတ်သူဖြစ်တယ်။ စီးပွားရေးသတင်းတွေမှာ ဖော်ပြခံရ၊ Forbes စာရင်းဝင်မှာဖော်ပြခံရတာကလွဲရင် သူ့မှာ ဘာသတင်းအပုပ်အသိုးမှမရှိခဲ့ဘူး။

ဟော… ခု သူ့အဖေ အမေရိကန်သမ္မတရွေးကောက်ပွဲထဲဝင်ရွေးလာခဲ့လို့ လူတွေရှေ့ သူလူလုံးထွက်ပြီး သူ့အဖေအတွက် မဲဆွယ်ရတာပေါ့။

ထက်မြက်ထူးချွန်တဲ့၊ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ကိုင်နိုင်တဲ့၊ စိတ်သဘောထားကြီးတဲ့ မိန်းမလှတစ်ဦး မဲဆွယ်တယ်ဆိုတော့ ပွဲစစချင်း Roosevelt Islandမှာ မဲဆွယ်ဟောပြောခဲ့တဲ့ ဟီလာရီကလင်တန်ထက်တောင် သူက လူတွေရဲ့အာရုံကိုဖမ်းစားနိုင်ခဲ့တယ်။

အမေရိကန်သမ္မတရွေးပွဲအကြောင်း စကားစပ်မိပြီဆိုတော့ ရွေးကောက်ပွဲမှာပါဝင်မယ့် သူ့အဖေအကြောင်းလည်း ကြုံတုန်းပြောကြည့်ကြတာပေါ့။

သူ့အဖေနာမည်က အားလုံးသိပြီးသားဖြစ်မှာပါ.. Donald Trump တဲ့။ အတုလိုလို အစစ်လိုလိုခန့်မှန်းရခက်တဲ့ဆံပင်ရွှေဝါရောင်လေးတစ်ဖုတ်ကို ထိပ်ပေါ်တစ်စောင်းတင်ထားသူပေါ့။ သူက အမေရိကန်နာမည်အကြီးဆုံး အိမ်ခြံမြေဘုရင်ပါ။ Trump Group နဲ့ Trump Entertainment ကို တည်ထောင်ခဲ့သူဖြစ်တယ်။ Trump လေကြောင်းကုမ္ပဏီလည်းရှိသေးတယ်။ ကမ္ဘာ့တစ်ဝန်းမှာ အိမ်ခြံမြေရောင်းဝယ်ရေး၊ လောင်းကစားရုံ၊ ဟိုတယ်နဲ့ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ လုပ်တယ်။
သူဘယ်လောက်ချမ်းသာသလဲဆို ရွေးကောက်ပွဲဝင်တော့ သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုစာရင်းကိုထုတ်ပြန်ကြေညာခဲ့တယ်။ (စိတ်ဝင်စားရင် comment မှာတင်ထားပါတယ်)

သူ့သာမန်နေ့စဉ်ဘဝကလည်း စည်းစိမ်ကျနတဲ့ဘဝလို့ တင်စားရမှာပါ။ ဒေါ်လာသန်းတစ်ရာနဲ့ ဝယ်ခဲ့တဲ့ ဇိမ်ခံသင်္ဘောတစ်စီးကို ဘယ်နှရက်မှမမောင်းရသေးဘူး ဆော်ဒီမင်းသားကို ရောင်းပေးလိုက်တယ်လေ။ (commentမှာ ရှု)

အဲဒီနောက် ပင်လယ်ထဲလျှောက်လည်ချင်တာနဲ့ အရင်ကတစ်စီးထက် စျေးပိုကြီးတဲ့ သင်္ဘောတစ်စီးဝယ်လိုက်ပြန်တယ်။ ဒီသင်္ဘောနဲ့အတူ ဒေါ်လာသန်းတစ်ရာတန်တဲ့ Sikorsky S-76 ရဟတ်ယာဉ်တစ်စီးလည်း ပါတယ်။ အဲဒီရဟတ်ယာဉ်တစ်စီးအပြင် သူ့မှာ ဒေါ်လာသန်းတစ်ရာတန်တဲ့ ကိုယ်ပိုင်လေယာဉ်တစ်စီးရှိပြီးသား။ အဲဒီကိုယ်ပိုင်လေယာဉ်ရဲ့အသုံးအဆောင်က ၂၄ K ရွှေနဲ့လုပ်ထားတာတဲ့။ (commentမှာ ရှု)

သူဟာ သူကြွယ်တစ်ဦးဆိုပေမယ့် အတော်ပြောင်တဲ့သူ (ခု မဲဆွယ်နေတဲ့သတင်းတွေကိုကြည့်ကြည့်လေ သူပုံစံ ဘယ်လောက်ရယ်ရသလဲဆိုတာ)။ လုပ်စရာမရှိရင် တီဗွီအစီအစဉ်တွေထဲတောင် ဝင်သရုပ်ဆောင်ပြီး မထိခလုတ် ထိခလုတ်နောက်ခဲ့သေးတယ်။ “Home Alone 2” ဆိုတဲ့ဇာတ်ကားမှာ သူ့ကိုမြင်ဖူးကြမှာပေါ့။

သမီးလိမ္မာတစ်ယောက်ပိုင်ဆိုင်ထားတော့ ကုမ္ပဏီကို သမီးနဲ့စိတ်ချချထားခဲ့ပြီး NBC ရုပ်သံရဲ့ “The Apprentice” အစီအစဉ်မှာ တင်ဆက်သူအဖြစ် သူသွားလုပ်ခဲ့တယ်လေ။

သူသမ္မတဝင်ရွေးမယ်လို့ စစချင်းမဲဆွယ်ဟောပြောပွဲလုပ်ခဲ့တဲ့နေရာက သူ့နေအိမ် Trump Tower ကြီးထဲမှာပါ။ နယူးယောက်မြို့လယ်က ရိပ်သာ ၅လမ်းမှာရှိတဲ့ ချောကလက်ရောင် မိုးမျှော်တိုက်ကြီးက သူ့ဟာပေါ့။ (comment မှာ ရှု)

ဟောပြောပွဲပြီးတော့ Trump မျိုးနွှယ်တွေ မိသားစုဓာတ်ပုံရိုက်ကြတယ်။ အမျိုးသမီးတွေအကုန်လုံးက အချောအလှတွေချည်းပဲ။ (comment မှာ ရှု)

ဓာတ်ပုံထဲက မိသားစုဝင်တွေရဲ့ဆက်စပ်ပတ်သက်ပုံ အလွယ်တကူပြောပြရရင်တော့…

၁) Trump ဘေးက အဖြူရောင်ဝမ်းဆက်ဝတ်ထားတဲ့ အမျိုးသမီးက တတိယမိန်းမ (Trump နဲ့ ၂၄နှစ်ကွာတယ်)။ နာမည်ကြီးမော်ဒယ်တစ်ဦးပေါ့။ ပခုံးပေါ်လက်တင်ခံရသူက သူတို့ရဲ့သားဖြစ်တယ်။

၂) ဘေးအစွန်ဆုံး အပြာနုဝတ်စုံနဲ့က ဒုတိယမိန်းမ (Trump နဲ့ ၁၄နှစ်ကွာတယ်)။ သူ့မိခင်က ရုပ်ရှင်သရုပ်ဆောင် Marla Maples ပေါ့။

၃) ဘယ်စွန်း၊ ညာ ၂၊ ညာ ၄ က ပထမမိန်းမက (Trump နဲ့ ၃နှစ်ကွာတယ်)မွေးတဲ့ သားနှစ်ယောက်နဲ့ သမီးတစ်ယောက်ပေါ့။ ပထမမိန်းမက အားကစားသမားတစ်ဦး Trump နဲ့ကွာရှင်းပြီးတာနဲ့ အသက်ငယ်ငယ်ချောချော Rossano Rubicondi နဲ့ ယူလိုက်တယ်။

အင်း~~~ သူဌေးတွေရဲ့ဇာတ်ရှုပ်ကိုပြောရင်း ကိုယ်ကိုယ်တိုင်တောင် ပိုက်ဆံစော်နံလာသလိုပဲ။ Trump ကတော့ ဟီလာရီကလင်တန်နဲ့အပြိုင် အမေရိကန်သမ္မတဝင်ရွေးဖို့သေချာသွားပြီ။ Trump က လူပါး။ Oprah Winfrey ကို သူဘက်တော်သားလုပ်ထားသေးတယ်။ တကယ်လို့ မပြောကောင်းမဆိုကောင်း Trump သာ သမ္မတဖြစ်ခဲ့ရင် Oprah Winfreyက ပထမဦးဆုံး အမျိုးသမီးဒုသမ္မတဖြစ်လာမှာပေါ့။ ဒါပေမယ့်လည်း Oprah က ဒီကိစ္စလွယ်လွယ်ဖြစ်မှာမဟုတ်ဘူးဆိုတာ သိထားတယ်။ ဒီကနေ့အထိ သူဘာမှ ဝင်မပြောသေးဘူး… စိတ်ထဲမှာပေါ့.. “ဟဲ့.. ငTrump နင်အရူးလုပ်တာကို ငါဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေမယ်….” လို့ ပြောချင်ပြောနေမှာပေါ့လေ..

------------
ဖတ်မိသမျှ ဘာသာပြန်မျှဝေပါတယ်.. ပေါ့ပေါ့ပါးပါး အပျင်းပြေလေးပေါ့...

နိုင်းနိုင်းစနေ (April. 28. 2016)

No comments:

Post a Comment