Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 3, 2016

ေသနတ္နဲ႔ခ်ိန္ Selfie ရုိက္သူ က်ည္ထိ ေသဆံုး ( သေနတ်နဲ့ချိန် Selfie ရိုက်သူ ကျည်ထိ သေဆုံး )

Selfie ရိုက္ေနသူတစ္ဦး။ ( ၂၀၁၅၊ Times Square၊ နယူးေယာက္)
အေမရိကန္ျပည္ေထာင္စု ၀ါရွင္တန္ျပည္နယ္မွာ အမ်ိဳးသားတဦးဟာ က်ည္ဆံမရွိဘူး လို႔ အထင္နဲ႔ မ်က္ႏွာကို ေသနတ္နဲ႔ခ်ိန္ရြယ္ၿပီး ပစ္တဲ့ပံုစံမ်ိဳး အိုင္တင္လုပ္ အေပ်ာ္တမ္း Selfie ဓာတ္ပံု႐ိုက္ရင္း ေသဆံုးသြားပါတယ္။ အဲ့ဒီလို သူ႔မ်က္ႏွာသူ ေသနတ္နဲ႔ မပစ္မိခင္က - သူနဲ႔ သူ႔ခ်စ္သူ မိန္းကေလးတုိ႔ အတူတူ အေပ်ာ္တမ္း Selfie ဓာတ္ပံု ႐ိုက္ေနၾကတာလို႔ The Skagit Valley Herald သတင္းက ေဖာ္ျပပါတယ္။

အခင္းျဖစ္ျဖစ္ခ်င္း ခ်စ္သူမိန္းကေလးဟာ ရဲကို အေၾကာင္းၾကားခဲ့ၿပီး၊ ရဲက စံုစမ္းစစ္ေဆးတဲ့အခါ သဘာ၀အက်ဆံုး Selfie ဓာတ္ပံုေလးတပံုျဖစ္လာဖို႔ အတြက္ ေသနတ္ထဲမွာ က်ည္ဆံတေတာင့္ က်န္ေနတာကို ေတြ႔ခဲ့ရပါတယ္။ ဒါေၾကာင့္ ဒီအမႈကို ရဲေတြဘက္က “မေတာ္တဆမႈ” အျဖစ္သာ သတ္မွတ္ခဲ့ပါတယ္။ Washington Post သတင္းစာႀကီးကေတာ့ - အခုျဖစ္ရပ္ဟာ ပထမဆံုးျဖစ္ရပ္ေတာ့ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

အလားတူ အိႏၵိယႏုိင္ငံ မြန္ဘိုင္းၿမိဳ႕မွာလည္း Selfie ဓာတ္ပံုမ႐ိုက္ကူးရ ေနရာအျဖစ္ ၁၆ ေနရာ ၿပီးခဲ့တဲ့ရက္ပိုင္းကပဲ သတ္မွတ္လိုက္ပါတယ္။ အေပ်ာ္တမ္း ကိုယ့္ကိုယ္ကို ဓာတ္ပံု႐ိုက္ကူးရင္း မေတာ္တဆ ေသဆံုးမႈေတြ မ်ားလာတဲ့အတြက္ အခုလို သတ္မွတ္ခဲ့တာျဖစ္ၿပီး၊ အခုႏွစ္ဆန္းပိုင္းမွာပဲ အသက္ ၁၈ ႏွစ္အရြယ္ မိန္းကေလးတဦး ဟာ Selfie ဓာတ္ပံု႐ိုက္ရင္း မြန္ဘိုင္းၿမိဳ႕ရဲ႕ Bandstand ခံတပ္အနီးက သမုဒၵရာထဲ ျပဳတ္က်ေသဆံုးခဲ့တာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
...........
 Selfie ရိုက်နေသူတစ်ဦး။ ( ၂၀၁၅၊ Times Square၊ နယူးယောက်)
အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ပြည်နယ်မှာ အမျိုးသားတဦးဟာ ကျည်ဆံမရှိဘူး လို့ အထင်နဲ့ မျက်နှာကို သေနတ်နဲ့ချိန်ရွယ်ပြီး ပစ်တဲ့ပုံစံမျိုး အိုင်တင်လုပ် အပျော်တမ်း Selfie ဓာတ်ပုံရိုက်ရင်း သေဆုံးသွားပါတယ်။ အဲ့ဒီလို သူ့မျက်နှာသူ သေနတ်နဲ့ မပစ်မိခင်က - သူနဲ့ သူ့ချစ်သူ မိန်းကလေးတို့ အတူတူ အပျော်တမ်း Selfie ဓာတ်ပုံ ရိုက်နေကြတာလို့ The Skagit Valley Herald သတင်းက ဖော်ပြပါတယ်။

အခင်းဖြစ်ဖြစ်ချင်း ချစ်သူမိန်းကလေးဟာ ရဲကို အကြောင်းကြားခဲ့ပြီး၊ ရဲက စုံစမ်းစစ်ဆေးတဲ့အခါ သဘာဝအကျဆုံး Selfie ဓာတ်ပုံလေးတပုံဖြစ်လာဖို့ အတွက် သေနတ်ထဲမှာ ကျည်ဆံတတောင့် ကျန်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့် ဒီအမှုကို ရဲတွေဘက်က “မတော်တဆမှု” အဖြစ်သာ သတ်မှတ်ခဲ့ပါတယ်။ Washington Post သတင်းစာကြီးကတော့ - အခုဖြစ်ရပ်ဟာ ပထမဆုံးဖြစ်ရပ်တော့ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အလားတူ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာလည်း Selfie ဓာတ်ပုံမရိုက်ကူးရ နေရာအဖြစ် ၁၆ နေရာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတ်မှတ်လိုက်ပါတယ်။ အပျော်တမ်း ကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ကူးရင်း မတော်တဆ သေဆုံးမှုတွေ များလာတဲ့အတွက် အခုလို သတ်မှတ်ခဲ့တာဖြစ်ပြီး၊ အခုနှစ်ဆန်းပိုင်းမှာပဲ အသက် ၁၈ နှစ်အရွယ် မိန်းကလေးတဦး ဟာ Selfie ဓာတ်ပုံရိုက်ရင်း မွန်ဘိုင်းမြို့ရဲ့ Bandstand ခံတပ်အနီးက သမုဒ္ဒရာထဲ ပြုတ်ကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment