Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

ဧည့္စာရင္းစနစ္ ဖ်က္သိမ္းမည္



ေခတ္စနစ္နဲ႔သာမက ဒီမုိကေရစီ စံခ်ိန္စံညႊန္းနဲ႔ပါ မကိုက္ညီေတာ့တာေၾကာင့္ ဧည့္စာရင္းတုိင္ၾကားတာနဲ႔ ပတ္သက္တဲ့ ဥပေဒပုဒ္မေတြကို မၾကာခင္မွာ ျပည္ေထာင္စုလႊတ္ေတာ္ကေနပယ္ဖ်က္ဖုိ႔ရိွေနပါတယ္။ ဒီလုိပယ္ဖ်က္ဖို႔ကို ရပ္ကြက္သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ ျပင္ဆင္ေရးမူၾကမ္းအျဖစ္ အမ်ိဳးသားလႊတ္ေတာ္ကို တင္ျပထားၿပီး အစိုးရသစ္ဖဲြ႔စည္းၿပီးေနာက္ပိုင္းမွာ အတည္ျပဳျပဌာန္းဖြယ္ရိွေနပါတယ္။ ဒီသတင္းကိုေတာ့ ဗီအုိေအျမန္မာပုိင္းရ့ဲသတင္းေထာက္ ကိုမုိးေဇာ္က တင္ျပထားပါတယ္။

ျမန္မာႏိုင္ငံအတြင္းမွာ လြတ္လပ္စြာခရီးသြားလာခြင့္ကို အေႏွာက္အယွက္ျဖစ္ေစတဲ့ ဧည့္စာရင္းတုိင္ၾကားတာ၊ ဧည့္စာရင္း စစ္ေဆးတာနဲ႔ ပ်က္ကြက္ရင္ အေရးယူတာေတြနဲ႔ သက္ဆုိင္တဲ့ ဥပေဒပုဒ္မေတြကို ပယ္ဖ်က္ဖုိ႔အတြက္ ဥပေဒၾကမ္းအျဖစ္နဲ႔ လႊတ္ေတာ္ကို တင္ျပထားၿပီျဖစ္ပါတယ္။

ေလာေလာဆည္မွာေတာ့ အမ်ိဳးသားလႊတ္ေတာ္မွာ ဒီဥပေဒၾကမ္းကို ျပင္ဆင္ဖုိ႔အတြက္ လက္ခံရရိွထားၿပီျဖစ္တယ္လုိ႔ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚစူစန္နာလွလွစိုးကေျပာပါတယ္။

“ဧည့္စာရင္းကုိ ပယ္ဖ်က္ဖို႔ဆိုၿပီးေတာ့ လုပ္ေနတာေတာ့ ၾကာၿပီေလ ။ ၿပီးခဲ့တဲ့ လႊတ္ေတာ္ထဲက အဲဒါကေတာ့ အဓိက lobby လုပ္တာကေတာ့ CSO ေတြ၊ ေက်ာင္းသားေတြကေနၿပီးေတာ့မွ အဓိက Lobby လုပ္တာ။ လုပ္ေတာ့ လႊတ္ေတာ္ကေနၿပီးေတာ့ လက္ခံၿပီးေတာ့ ေဆြးေႏြးတယ္။ ေဆြးေႏြးၿပီးေတာ့ ေအာင္ျမင္သြားတယ္။ ေအာင္ျမင္သြားေတာ့ အခုက ဥပေဒၾကမ္း ။ ဥပေဒၾကမ္းကို အခု အန္တီတို႔က အတည္ျပဳေပးရတယ္။ အဲဒါဆိုလို႔ရွိရင္ေတာ့ ဥပေဒအတည္ျဖစ္ၿပီေပါ့ေနာ္။”

ျပင္ဆင္၊ပယ္ဖ်က္မယ့္ ဥပေဒၾကမ္းမွာ ရပ္ကြက္သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ ပုဒ္မ ၁၃(ဆ)၊ ပုဒ္မ ၁၇နဲ႔ ပုဒ္မ ၂၇ပါ “ပုဒ္မ ၁၇”တို႔ပါ၀င္တာျဖစ္ပါတယ္။

ရပ္ကြက္သို႔မဟုတ္ ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးဥပေဒ ပုဒ္မ ၁၃(ဆ)မွာ ရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္ခ်ဳပ္ေရးမႈးက အျခားရပ္ကြက္ သို႔မဟုတ္ ေက်းရြာအုပ္စုက ညဥ္႔အိပ္၊ညဥ္႔ေန လာေရာက္တည္းခုိတဲ့ ဧည္သည္ေတြကို ဧည္႔စာရင္းတုိင္ၾကားတာလက္ခံဖုိ႔၊ ဧည့္စာရင္းစစ္ေဆးဖုိ႔နဲ႔ ဧည္႔စာရင္းတိုင္ၾကားတာပ်က္ကြက္ရင္ အေရးယူဖုိ႔ ျပဌာန္းထားပါတယ္။ ပုဒ္မ ၁၇ ကေတာ့ တျခားရပ္ကြက္ သို႔မဟုတ္ ေက်းရြာေတြကို ညဥ္႔အိပ္၊ညဥ္႔ေနသြားရင္ ဧည့္စာရင္းတုိင္ၾကားဖုိ႔နဲ႔ ပုဒ္မ ၁၇ပ်က္ကြက္ရင္ ပုဒ္မ ၂၇အရ က်ပ္ ၅ေထာင္ထက္ မပိုတဲ့ ေငြဒဏ္နဲ႔ ၇ ရက္ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ဖုိ႔ ေဖာ္ျပထားတာျဖစ္ပါတယ္။

ဒီဥပေဒၾကမ္းကိုေတာ့ မၾကာခင္မွာ အတည္ျပဳႏိုင္ဖြယ္ရိွတယ္လုိ႔ ေဒၚစူစန္နာလွလွစိုးက ဆက္ေျပာပါတယ္။

“အဲဒါကေတာ့ ရက္ကို မသက္မွတ္ေသးဘူး ။ အခုကေတာ့ အစိုးရအဖြဲ႔ဖြဲ႔မယ္ဆိုေတာ့ အလုပ္ရႈပ္ေနေတာ့ေလ ။ ဥပေဒၾကမ္းေတြကအမ်ားႀကီးေတြက အမ်ားႀကီး တန္းစီေနတယ္ဆိုေတာ့ ဘယ္ေတာ့ က်မလဲမသိဘူးေလ။ ဒါေပမယ့္ ေအာင္ျမင္ဖို႔ေတာ့ မ်ားပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အရင္လႊတ္ေတာ္ကတည္းကေနၿပီးေတာ့ သေဘာတူထားတဲ့ဥစၥာဆိုေတာ့ေလ။”

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႔နယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းကလည္း အခုလို ေျပာပါတယ္။

“ဟုတ္တယ္။ အမ်ိဳးသားလႊတ္ေတာ္က ပုဂၢိဳလ္ေတြကိုေပးတယ္။ က်ေနာ္ခုနက ဖတ္ၾကည့္လိုက္ပါတယ္။ ပုဒ္မ ၁၃ (ဆ) ကို ပယ္ဖ်က္ဖို႔ေပါ့ေနာ္ ဧည့္စာရင္း တိုင္တဲ့ကိစၥက ျပည္သူေတြအတြက္ အက်ိဳးမရွိဘူး Too Corruption ျဖစ္တယ္ဆိုၿပီးေတာ့ အဲဒီမွာ အက်ိဳးအေၾကာင္း ေဖာ္ျပၿပီးေတာ့ ဥပေဒကို ျပင္ဆင္ဖို႔ အစိုးရအဖြဲ႔က လႊတ္ေတာ္ကို ဥပေဒၾကမ္းတင္ထားတာ။”

ဒီလို ပယ္ဖ်က္မွာနဲ႔ ပတ္သက္ၿပီး တရားလႊတ္ေတာ္ေရွ႔ေန ဦးေက်ာ္ဟုိးက အခုလုိ သံုးသပ္ပါတယ္။

“က်ေနာ္တို႔သေဘာကေတာ့္ ဧည့္စာရင္း တိုင္တာကို မထားသင့္ဘူးလို႔ပဲ သေဘာရတယ္ေလ။ ဧည့္စာရင္း တိုင္တာကို အလုပ္တခုအေနနဲ႔ တာ၀န္ေပးတာက ္ ဧည့္စာရင္း တိုင္၊ မတိုင္ရင္ တရားစြဲမယ္ဆိုတာက ဒါက ျပင္းထန္တယ္ေပါ့ဗ်ာ။ ဒီလံုၿခံဳေရးအပိုင္းဆက္လုပ္မယ္ဆိုရင္ လံုၿခံဳေရးတာ၀န္ရွိတဲ့လူေတြက သူတို႔အေနနဲ႔ မသကၤာတဲ့လူေတြရွိရင္ အေရးယူလို႔ရတာပဲ ။ အဓိကေတာ့ အလုပ္လည္းမရူပ္ေတာ့ဘူး။ အမ်ားျပည္သူအတြက္ အေကာင္းဆံုးပဲေပါ့။”

ဒီဥပေဒပုဒ္မေတြကို ပယ္ဖ်က္ဖို႔ တင္ျပတဲ့ စာမွာေတာ့ ဧည့္စာရင္းတုိင္ၾကားတာ၊ ဧည့္စာရင္းစစ္ေဆးတာနဲ႔ ပ်က္ကြက္ရင္ အေရးယူတာေတြဟာ ေခတ္စနစ္နဲ႔သာမက ဒီမုိကေရစီ စံခ်ိန္စံညႊန္းနဲ႔ပါ မကိုက္ညီေတာ့ေၾကာင္း၊ ျမန္မာႏိုင္ငံပံုရိပ္ကို အိုးမဲသုတ္ၿပီး တုိင္းရင္းသားေတြကို ႏွိပ္စက္ဖုိ႔ ရည္ရြယ္တဲ ့ဥပေဒျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဒီဥပေဒ ပုဒ္မေတြကို အဂၤလိပ္ကိုလိုနီအစိုးရလက္ထက္က ျပဌာန္းၿပီး လြတ္လပ္ေရးရၿပီးတဲ့ေနာက္ ျမန္မာအစိုးရေတြက ဆက္လက္က်င့္သံုးေနခဲ့တာျဖစ္ပါတယ္။

ကိုမိုးေဇာ္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.............


ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့တာကြောင့် ဧည့်စာရင်းတိုင်ကြားတာနဲ့ ပတ်သက်တဲ့ ဥပဒေပုဒ်မတွေကို မကြာခင်မှာ ပြည်ထောင်စုလွှတ်တော်ကနေပယ်ဖျက်ဖို့ရှိနေပါတယ်။ ဒီလိုပယ်ဖျက်ဖို့ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပြင်ဆင်ရေးမူကြမ်းအဖြစ် အမျိုးသားလွှတ်တော်ကို တင်ပြထားပြီး အစိုးရသစ်ဖွဲ့စည်းပြီးနောက်ပိုင်းမှာ အတည်ပြုပြဌာန်းဖွယ်ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ လွတ်လပ်စွာခရီးသွားလာခွင့်ကို အနှောက်အယှက်ဖြစ်စေတဲ့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်း စစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့အတွက် ဥပဒေကြမ်းအဖြစ်နဲ့ လွှတ်တော်ကို တင်ပြထားပြီဖြစ်ပါတယ်။

လောလောဆည်မှာတော့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် လက်ခံရရှိထားပြီဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးကပြောပါတယ်။

“ဧည့်စာရင်းကို ပယ်ဖျက်ဖို့ဆိုပြီးတော့ လုပ်နေတာတော့ ကြာပြီလေ ။ ပြီးခဲ့တဲ့ လွှတ်တော်ထဲက အဲဒါကတော့ အဓိက lobby လုပ်တာကတော့ CSO တွေ၊ ကျောင်းသားတွေကနေပြီးတော့မှ အဓိက Lobby လုပ်တာ။ လုပ်တော့ လွှတ်တော်ကနေပြီးတော့ လက်ခံပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ အောင်မြင်သွားတယ်။ အောင်မြင်သွားတော့ အခုက ဥပဒေကြမ်း ။ ဥပဒေကြမ်းကို အခု အန်တီတို့က အတည်ပြုပေးရတယ်။ အဲဒါဆိုလို့ရှိရင်တော့ ဥပဒေအတည်ဖြစ်ပြီပေါ့နော်။”

ပြင်ဆင်၊ပယ်ဖျက်မယ့် ဥပဒေကြမ်းမှာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)၊ ပုဒ်မ ၁၇နဲ့ ပုဒ်မ ၂၇ပါ “ပုဒ်မ ၁၇”တို့ပါ၀င်တာဖြစ်ပါတယ်။

ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှုးက အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုက ညဉ့်အိပ်၊ညဉ့်နေ လာရောက်တည်းခိုတဲ့ ဧည်သည်တွေကို ဧည့်စာရင်းတိုင်ကြားတာလက်ခံဖို့၊ ဧည့်စာရင်းစစ်ဆေးဖို့နဲ့ ဧည့်စာရင်းတိုင်ကြားတာပျက်ကွက်ရင် အရေးယူဖို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၇ ကတော့ တခြားရပ်ကွက် သို့မဟုတ် ကျေးရွာတွေကို ညဉ့်အိပ်၊ညဉ့်နေသွားရင် ဧည့်စာရင်းတိုင်ကြားဖို့နဲ့ ပုဒ်မ ၁၇ပျက်ကွက်ရင် ပုဒ်မ ၂၇အရ ကျပ် ၅ထောင်ထက် မပိုတဲ့ ငွေဒဏ်နဲ့ ရ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။

ဒီဥပဒေကြမ်းကိုတော့ မကြာခင်မှာ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ ဒေါ်စူစန်နာလှလှစိုးက ဆက်ပြောပါတယ်။

“အဲဒါကတော့ ရက်ကို မသက်မှတ်သေးဘူး ။ အခုကတော့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတော့ အလုပ်ရှုပ်နေတော့လေ ။ ဥပဒေကြမ်းတွေကအများကြီးတွေက အများကြီး တန်းစီနေတယ်ဆိုတော့ ဘယ်တော့ ကျမလဲမသိဘူးလေ။ ဒါပေမယ့် အောင်မြင်ဖို့တော့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လွှတ်တော်ကတည်းကနေပြီးတော့ သဘောတူထားတဲ့ဥစ္စာဆိုတော့လေ။”

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အခုလို ပြောပါတယ်။

“ဟုတ်တယ်။ အမျိုးသားလွှတ်တော်က ပုဂ္ဂိုလ်တွေကိုပေးတယ်။ ကျနော်ခုနက ဖတ်ကြည့်လိုက်ပါတယ်။ ပုဒ်မ ၁၃ (ဆ) ကို ပယ်ဖျက်ဖို့ပေါ့နော် ဧည့်စာရင်း တိုင်တဲ့ကိစ္စက ပြည်သူတွေအတွက် အကျိုးမရှိဘူး Too Corruption ဖြစ်တယ်ဆိုပြီးတော့ အဲဒီမှာ အကျိုးအကြောင်း ဖော်ပြပြီးတော့ ဥပဒေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့က လွှတ်တော်ကို ဥပဒေကြမ်းတင်ထားတာ။”

ဒီလို ပယ်ဖျက်မှာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက အခုလို သုံးသပ်ပါတယ်။

“ကျနော်တို့သဘောကတော့် ဧည့်စာရင်း တိုင်တာကို မထားသင့်ဘူးလို့ပဲ သဘောရတယ်လေ။ ဧည့်စာရင်း တိုင်တာကို အလုပ်တခုအနေနဲ့ တာဝန်ပေးတာက ် ဧည့်စာရင်း တိုင်၊ မတိုင်ရင် တရားစွဲမယ်ဆိုတာက ဒါက ပြင်းထန်တယ်ပေါ့ဗျာ။ ဒီလုံခြုံရေးအပိုင်းဆက်လုပ်မယ်ဆိုရင် လုံခြံုရေးတာဝန်ရှိတဲ့လူတွေက သူတို့အနေနဲ့ မသင်္ကာတဲ့လူတွေရှိရင် အရေးယူလို့ရတာပဲ ။ အဓိကတော့ အလုပ်လည်းမရူပ်တော့ဘူး။ အများပြည်သူအတွက် အကောင်းဆုံးပဲပေါ့။”

ဒီဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့ တင်ပြတဲ့ စာမှာတော့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေဟာ ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့ကြောင်း၊ မြန်မာနိုင်ငံပုံရိပ်ကို အိုးမဲသုတ်ပြီး တိုင်းရင်းသားတွေကို နှိပ်စက်ဖို့ ရည်ရွယ်တဲ ့ဥပဒေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဥပဒေ ပုဒ်မတွေကို အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ပြဌာန်းပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာအစိုးရတွေက ဆက်လက်ကျင့်သုံးနေခဲ့တာဖြစ်ပါတယ်။

ကိုမိုးဇော် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment