Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ပါတီ တာဝန္ ထမ္းေဆာင္ေနစဥ္ ႐ိုက္ႏွက္ခံရ



 မွ်ေဝျခင္း   စီမံခ်က္

သာေကတၿမိဳ႕နယ္ ၆ အေနာက္ရပ္ကြက္ အဖြ႔ဲခ်ဳပ္ရပ္ေက်းအမႈေဆာင္ ဒုဥကၠဌ ဦးသိန္းေဌးႏွင့္အတူ
ရပ္ေက်းအမႈေဆာင္မ်ားႏွင့္ အဖြဲ႔ဝင္မ်ားသည္ ပါတီလုပ္ငန္းစဥ္တစ္ခုျဖစ္သည့္ မ်ွေဝျခင္းစီမံခ်က္အတြက္
ပိုလ်ွံသည့္ ေက်ာင္းသံုးပစၥည္းမ်ားကို ရပ္ကြက္အတြင္းလိုက္လံ၍အလႉခံခဲ့ပါသည္။
အလႉခံေနစဥ္ ထိုရပ္ကြက္အတြင္းေနထိုင္သည့္ဦးသိန္းလြင္မွ အၾကာင္းအရာဆက္စပ္မႈမရိွပဲ ဒုဥကၠဌ
 ဦးသိန္းေဌးအား ကိုယ္ထိလက္ေရာက္႐ိုက္ႏွက္ခဲ့ပါသည္။ထိုသို႔႐ိုက္ႏွက္ခဲ့ျခင္းအေပၚ႐ိုက္ခံရသူ ဒုဥကၠဌ ဦးသိန္းေဌးမွ " က်ေနာ္ဘာမွျပန္မလုပ္ဘူးေနာ္ ဒါေပမယ့္ သက္ဆိုင္ရာရံုးကိုေတာ့ တိုင္မည္ "ဟု ေျပာၾကားရာ "ေအး ႐ုံးကို တိုင္မယ္ဆိုရင္ ေနာက္ထပ္ ႐ိုက္တယ္ကြာ" ဆိုၿပီး လူမိုက္ဆန္ဆန္ ရမ္းကား
သြားခဲ့ပါသည္ ။ပါတီလုပ္ငန္းစဥ္မ်ားလုပ္ကိုင္ေနစဥ္ အခ်ိန္တြင္ ထိုသို႔ေစာ္ကားခံရျခင္း ၊ ႐ိုက္ႏွက္ခံရျခင္းမ်ားေၾကာင့္ သာေကတၿမိဳ႕နယ္အမွတ္ ၁ ရဲစခန္းတြင္ သြားေရာက္တိုင္တန္းခဲ့ပါသည္ ။စခန္းမွ တာဝန္႐ွိ
ရဲဝန္ထမ္း မ်ားႏွင့္အတူ ရန္ကုန္ေဆးရံုႀကီးသို႔သြားေရာက္၍ ေဆးစစ္ခ်က္မ်ား ျပဳလုပ္ခဲ့ပါသည္ ။
၂၉ း ၂ း ၂၀၁၆. ( ၃ း ၃၀ ) ညေန  ( ႐ိုက္ႏွက္ခံရ သူမွာ သာေကတၿမိဳ႕နယ္ သတင္းျပန္ၾကား ေကာ္မတီ ဝင္ တစ္ဦး ျဖစ္ပါသည္ ။ )

ဒီ ဆုေက်ာ္

Via  ခြန္းခ်ိဳ သာ

.............................................


 မျှဝေခြင်း   စီမံချက်
ပါတီ တာဝန် ထမ်းဆောင်နေစဉ် ရိုက်နှက်ခံရ

သာကေတမြို့နယ် ၆ အနောက်ရပ်ကွက် အဖွဲ့ချုပ်ရပ်ကျေးအမှုဆောင် ဒုဥက္ကဌ ဦးသိန်းဌေးနှင့်အတူ ရပ်ကျေးအမှုဆောင်များနှင့် အဖွဲ့ဝင်များသည်
ပါတီလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မျှဝေခြင်းစီမံချက်အတွက် ပိုလျှံသည့် ကျောင်းသုံးပစ္စည်းများကို ရပ်ကွက်အတွင်းလိုက်လံ၍အလှူခံခဲ့ပါသည်။
အလှူခံနေစဉ် ထိုရပ်ကွက်အတွင်းနေထိုင်သည့်ဦးသိန်းလွင်မှ အကြာင်းအရာဆက်စပ်မှုမရှိပဲ ဒုဥက္ကဌ ဦးသိန်းဌေးအား ကိုယ်ထိလက်ရောက်
ရိုက်နှက်ခဲ့ပါသည်။ထိုသို့ရိုက်နှက်ခဲ့ခြင်းအပေါ်ရိုက်ခံရသူ ဒုဥက္ကဌ ဦးသိန်းဌေးမှ " ကျနော်ဘာမှပြန်မလုပ်ဘူးနော် ဒါပေမယ့် သက်ဆိုင်
ရာရုံးကိုတော့ တိုင်မည် "ဟု ပြောကြားရာ "အေး ရုံးကို တိုင်မယ်ဆိုရင် နောက်ထပ် ရိုက်တယ်ကွာ" ဆိုပြီး လူမိုက်ဆန်ဆန် ရမ်းကား
သွားခဲ့ပါသည် ။ပါတီလုပ်ငန်းစဉ်များလုပ်ကိုင်နေစဉ် အချိန်တွင် ထိုသို့စော်ကားခံရခြင်း ၊ ရိုက်နှက်ခံရခြင်းများကြောင့်
သာကေတမြို့နယ်အမှတ် ၁ ရဲစခန်းတွင် သွားရောက်တိုင်တန်းခဲ့ပါသည် ။စခန်းမှ တာဝန်ရှိရဲဝန်ထမ်း များနှင့်အတူ ရန်ကုန်ဆေးရုံကြီးသို့သွားရောက်၍
ဆေးစစ်ချက်များ ပြုလုပ်ခဲ့ပါသည် ။
၂၉ း ၂ း ၂၀၁၆. ( ၃ း ၃၀ ) ညနေ  ( ရိုက်နှက်ခံရ သူမှာ သာကေတမြို့နယ် သတင်းပြန်ကြား ကော်မတီ ဝင် တစ်ဦး ဖြစ်ပါသည် ။ )

ဒီ ဆုကျော်

Via  ခွန်းချို သာ

No comments:

Post a Comment