Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

မငိုပါနဲ႕ ဧရာ၀တီ

မငိုပါနဲ႕ ဧရာ၀တီ ( အိမ့္ခ်မ္းေျမ့ ဆီမွကူးယူေဖာ္ျပပါသည္။)

သူတို႔ဟာ… ကမၻာေပၚမွာ တတိယအရွည္ဆုံးနဲ႔ အာရွမွာ အရွည္ဆုံးျမစ္ျဖစ္တဲ႔ ယန္စီ ဆိုတဲ႔ျမစ္ႀကီးကို ပိုင္ဆိုင္ထားခဲ႔တယ္။ အဲသလို ရွည္လ်ားလွပတဲ႔ ကမၻာ႔အ႔ံဖြယ္ ယန္စီီျမစ္ႀကီးဟာဆိုရင္ ယဥ္ေက်းမႈေတြ အမ်ိဳးမိ်ဳးကို တည္ေဆာက္ခဲ႔တဲ႔ ျမစ္ႀကီးတစ္စင္း ျဖစ္တယ္။ သူတို႔ဟာ… အဲဒီျမစ္ႀကီးကို တိမ္ေကာ၊ ပ်က္စီး၊ ပတ္၀န္းက်င္သဘာ၀တရားႀကီးတစ္ခုလုံးကို ေမွာက္လွန္ဖ်က္ဆီးလိုက္ျခင္းအားျဖင့္ လူေတြသာမက ကၽြဲႏြားတိရစၦာန္ေတြပါ ဒုကၡေရာက္ေစခဲ႔တယ္။ အခုဆိုရင္.. ယန္စီျမစ္ႀကီးဟာ.. ေပ်ာက္ကြယ္သြားေတာ႔မယ္႔ ကမၻာ႔အထင္ရွားဆုံး သဘာ၀သယံဇာတ ၁၀ ခုထဲမွာ တစ္ခုပါေနၿပီ။ ေနာက္ႏွစ္အနည္းငယ္မွာ.. ယန္စီဆိုတာ တရုတ္လူမ်ိဳးေတြရဲ႕ ဒ႑ာရီနဂါးႀကီးေတြလို.. ေရွးေဟာင္းစာေပက်မ္းဂန္ေတြထဲမွာပဲ ရွင္သန္အသက္၀င္လႈပ္ရွားေတာ႔မယ္ထင္ရဲ႕။ ဒီျမစ္ႀကီးတင္လား ဆိုေတာ႔ မဟုတ္ေသးဘူး၊ သူတို႔ပိုင္ဆုိင္တဲ႔ အျခား အခရာျမစ္ႀကီး ခုႏွစ္စင္းျဖစ္တဲ႔ အ၀ါေရာင္ျမစ္(Yellow River)၊ ပုလဲျမစ္ ( Pearl River), Songhua River, Huai River, Hai River နဲ႔ Liao River ေတြကိုလည္း ဖ်က္ဆီးပစ္ခဲ႔တယ္။ ဖ်က္ဆီးခံရတဲ႔ ျမစ္ေတြေၾကာင့္ သူတို႔တိုင္းျပည္အႏွ႔ံမွာ မိုးေခါင္ေရရွားရပ္၀န္းေတြ ေပၚတယ္၊ ေရေတြႀကီးတယ္၊ လူေတြသာမက တိရစၦာန္ေတြပါ ဒုကၡအမ်ိဳးမ်ိဳးေရာက္ေနတယ္။

ေရမလႊတ္တာၾကာတဲ႔ ျမစ္ေတြဟာ က်ဥ္းသြားတယ္၊ တိမ္သြားတတ္တယ္။ ေနေရာင္ေအာက္မွာ အရွင္လတ္လတ္ အၾကာႀကီးေနဖုတ္ ခံရတဲ႔ ကမ္းပါးေတြဟာ မာခဲသြားေတာ႔တယ္။ အဲသလို မာခဲသြားတဲ႔အတြက္… ေရလႊတ္တဲ႔အခါ မိုးရြာတဲ႔အခါေတြမွာ.. ကမ္းပါးေျမဟာ ေရကိုမစုပ္ႏို္င္ေတာ႔ဘူး။ ေရကို မစုပ္ ႏိုင္တဲ႔အတြက္ ျမစ္ေတြေရလွ်ံတယ္။ လူေတြ ဒုကၡေရာက္ၾကတယ္။ ျမစ္ေရလွ်ံျခင္း၊ ျမစ္ေရခမ္းေျခာက္ျခင္း စတဲ႔ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရလို႔… သူတို႔လူေတြ ဒုကၡေရာက္တဲ႔အခါမွာ.. အနည္းငယ္အျမင္မွန္ ရသေယာင္ျဖစ္လာတယ္။ ယန္စီျမစ္ကို အသက္ျပန္သြင္းဖို႔ အစြမ္းကုန္ ႀကိဳးစားတယ္။ ဒါေပမယ္႔ …. ဒါေပမယ္႔ …… အခ်ိန္ မမွီေတာ႔ဘူး။ ယန္စီဟာ ကြန္ျမဴနစ္ပါတီရဲ႕ တရုတ္ျပည္ကို စီးပြားေရးျမွင့္တင္လိုမႈလုပ္ရပ္ျဖစ္တဲ႔ မီတာ ၂၅၀၀ေက်ာ္ရွည္တဲ႔ ေရကာတာႀကီးေၾကာင္႔၊ အရွင္လတ္လတ္ ေသြးေၾကာေဖာက္၊ ေသြးစုတ္ခံေနရရင္း ေျခေတာ္အတင္ခံေနခဲ႔ရတယ္။ ယန္ဆီေရကာတာေၾကာင့္ ခဏတာ အက်ိဳးအျမတ္ရခဲ႔ေပမယ္႔ ေနာက္ပိုင္း ဒုကၡလွလွေတြ႕တဲ႔ အခါမွာ ဘီလွ်ံေပါင္း ၂.၃ ဘီလွ်ံ ဆုံးရႈံးခဲ႔တယ္။ လူေပါင္း ေလးသန္းေက်ာ္၊ ကၽြဲႏြားေကာင္ေရ ၂သန္းနီးပါးနဲ႔ လယ္ေျမေအက ၉ သန္းေက်ာ္ ဒုကၡအႀကီးအက်ယ္ ေရာက္ခဲ႔႔ပါတယ္။ ယန္စီေရကာတာႀကီးရဲ႕ သက္တမ္းဟာ အႏွစ္တစ္ရာကေန သုံးရာလို႔ ခန္႔မွန္းထားတယ္။ ယန္စီေရကာတာ သက္တမ္းကုန္ဆုံးသြားမယ္႔ေနမွာ… ယန္စီျမစ္ဟာလည္း တစ္ပါတည္း အစေတးခံရမွာ ျဖစ္ပါတယ္။ ယန္စီျမစ္တစ္ေလွ်ာက္က biodiversity တစ္ခုလုံးလည္း ေပ်ာက္ဆုံးသြားေတာ႔မွာ ျဖစ္ပါတယ္။

သူတို႔ေတြဟာ concrete junk ေတြျဖစ္တဲ႔ မိုးေမွ်ာ္တိုက္ႀကီးေတြ၊ လမ္းမႀကီးေတြဟာ တိုးတက္တဲ႔ အရိပ္အေရာင္ေတြအျဖစ္နဲ႔ ေက်နပ္ေနၾကတယ္။ သဘာ၀တရားရဲ႕ အလွအပေတြကိုေတာ႔ မတိုးတက္ျခင္းနဲ႔ ေတာဆန္ျခင္းလို႔ လြဲမွားစြာ (ဒါမွမဟုတ္) သိသိနဲ႔ ေခါင္းမာစြာ.. ယူဆေနၾကတယ္။ ကမၻာတစ္၀ွမ္းမွာရွိတဲ႔ တိုင္းျပည္ထဲမွာ ေရကာတာအမ်ားဆုံးတိုင္းျပည္အျဖစ္နဲ႔ ကိုယ္႔မ်က္ႏွာက မ်က္လုံးကို ေဖာက္ထုတ္ေနတဲ႔ တိုင္းျပည္ျဖစ္ေနၿပီလို႔ ၀ိုင္းသတိေပးတာကို သူတို႔ နားမေထာင္ခဲ႔ဘူး။ သူတို႔ေတြေဆာက္တဲ႔ ေရကာတာေၾကာင့္ လူေပါင္း သုံးေသာင္း ေသဆုံးခဲ႔ၿပီးၿပီ။ မိုးေမွ်ာ္တိုက္ႀကီးေတြေဘးက ခမ္းေျခာက္တိမ္ေကာေနတဲ႔ ျမစ္ေတြ ေရခ်ိဳကန္ေတြ၊ ေျမေတြကၽြံလို႔ နစ္၀င္သြားတဲ႔ ၿမိဳ႕ႀကီးေတြ၊ အက္စစ္ေရေတြ၊ ေပ်ာက္ဆုံးသြားတဲ႔ ရွားပါးတိရစၦာန္ေတြဟာ.. တိုးတက္ျခင္းရဲ႕ ျပယုဒ္ေတြတဲ႔လား….။

ယန္စီျမစ္ေရခမ္းျခင္းဟာ အနီးအနားပတ္၀န္းက်င္က ျမစ္စြယ္ေပါင္း ၃၀၀ နီးပါးနဲ႔ ေရကန္ ၂၆၆ ကန္ကိုလည္း ဒိုမီနိုeffect လို ဆက္ဆက္ၿပီး ခမ္းေျခာက္ေစပါတယ္။ ၂၀၀ဂ ခုႏွစ္မွာ လႈပ္သြားတဲ႔ ငလွ်င္ႀကီးဟာ Zipingpu Damေၾကာင့္ျဖစ္ရတာလို႔ေျပာေနတဲ႔ သိပံၸပညာရွင္ေတြရဲ႕ စကားေတြကို နားပိတ္ထားၾကတယ္။ ဘရာဇီး၊ ကေနဒါနဲ႔ အေမရိကန္ႏိုင္ငံေတြမွာေတာင္ သမိုင္းတစ္ေလွ်ာက္လုံး ၇၅GW မွ ၈၅GW ေရပါ၀ါထုတ္တဲ႔ အခ်ိန္မွာ တရုတ္ျပည္ကေတာ႔ လာမယ္႔ ငါးႏွစ္အတြင္းမွာ ၁၄၀GW ထပ္ထုတ္ပါဦးမယ္။ ဒီလို… တိုးတက္ျခင္းေတြရဲ႕ေနာက္မွာ ေပးဆပ္မႈေတြ ဘယ္ေလာက္ရွိသလဲ…. ဘယ္ေလာက္ဆက္ရွိလာမလဲ…. ဆိုတာကို မစဥ္းစား ႏိုင္ၾကေလာက္ေအာင္ ေလာဘေတြ ယွဥ္ၿပိဳင္လိုမႈေတြနဲ႔.. အမိုက္ေမွာင္ဖုံးေနခဲ႔တယ္။

သူတို႔ ယန္စီကို အားပါးတရ ေခ်ေတာ္တင္ၿပီးၿပီ။ ယန္စီတင္မက သူတို႔တိုင္းျပည္ထဲက အခရာျမစ္ႀကီး ေျခာက္ျမစ္ကိုလည္း ေျခေတာ္တင္ခဲ႔ၿပီးၿပီ။ သူတို႔ျပည္ထဲက ရွိသမွ် ျမစ္ေတြကို ေျခေတာ္တင္လို႔ အားရေတာ႔….. သူတို႔ရဲ႕ စီးပြားေရး ယႏၱရားေတြ ဆက္လက္လည္ပတ္ဖို႔အတြက္.. concrete junk ႀကီးေတြကို လွ်ပ္စစ္ေပးဖို႔.. အေသြးအသားစုတ္ထုတ္ဖို႔ ျမစ္မႀကီးေတြကို ေတြ႕လိုေတြ႕ျငား.. ပတ္၀န္းက်င္ကို လွည္႔လည္ၾကည္႔လိုက္တယ္။ သူတို႔ ေတြ႕သြားတယ္။ တိုင္းျပည္ေသးေသးေလးတစ္ခုထဲက ျမစ္တစ္စင္းျဖစ္တဲ႔ ဧရာဝတီ ကို သူတို႔ ေတြ႕သြားတယ္။ အဲဒီတိုင္းျပည္ဟာ ဟိုးတုန္းကေပါ့.. လွ်မ္းလွ်မ္းေတာက္ ဆန္ေရစပါးေတြ ထြက္ခဲ႔လို႔ ေဘးပတ္၀န္းက်င္က ႏိုင္ငံေတြကေတာင္ အားက်ေမွ်ာ္ကိုးခဲ႔ရတဲ႔ တိုင္းျပည္။ အဲသလို.. ဆန္ေရစပါးေတြ ေျပာင္းပဲသီးႏွံေတြ အလွ်ံပယ္ထြက္ေအာင္ ဓာတ္သတၱိအမ်ိဳးမ်ိဳးကို တစ္ျပည္လုံးႏွံ႔ေအာင္ သယ္ေဆာင္ေပးေနတဲ႔ ဧရာဝတီ ဆိုတဲ႔ ေသြးေၾကာမႀကီးကို ေဖာက္ထုတ္ၿပီး တစိမ္႔စိမ္႔ယိုစီးလာမယ္႔ ေသြးေတြကို စိမ္ေျပနေျပေသာက္ခ်င္လြန္းလို႔ သူတို႔ေတြဟာ…. သြားေရတမ်ားမ်ားနဲ႔ ထိန္းမႏိုင္သိမ္းမရ ျဖစ္ေနခဲ႔တာ ၾကာပါၿပီ။

သူတို႔ဟာ.. ဧရာဝတီ ကို ေျခေတာ္တင္ဖို႔ ၿပဳံးၿပဳံးႀကီး ရႈစားေနၾကၿပီ။ ေက်နပ္လြန္းလို႔ ေအာ္ဟစ္ရယ္ေမာေနသံေတြဟာ မေကာင္းဆိုး၀ါးေတြရဲ႕ ရယ္သံေတြလိုပဲ ေမခ၊ ေမလိခ ေတာင္နံရံေတြေပၚမွာ ပဲ႔တင္ထပ္ ရိုက္ခတ္ေနၾကတယ္….. အဲဒီတိုင္းျပည္ကေလးဟာ … အေတြးအေခၚ… ယဥ္ေက်းမႈ တစ္ျဖည္းျဖည္း ၀ါးမ်ိဳခံေနရတယ္…… အဲသလို… အမ်ိဳခံေနရတန္းလန္းမွာေတာင္ မ်ိဳေနတဲ႔ သူေတြကို အထင္ႀကီးစြာ ေမာ႔ၾကည္႔ေနရရွာတယ္။ အဲဒီတိုင္းျပည္ကေလးဟာ…. အရွင္လတ္လတ္ ဂုတ္ေသြးစုတ္ခံေနရတယ္… ဂုတ္ကို ေသြးစုတ္ခံေနရတာေတာင္… ေသြးသံရဲရဲ သြားစြယ္ႀကီးေတြကို ေမာ႔ေငးရင္း.. “ေတာ္လိုက္တဲ႔ စီးပြားေရးသမားေတြ”ဆိုၿပီး တဖြဖြ ခ်ီးက်ဴးေနလိုက္ၾကေသးတယ္။ သူတို႔ဟာ…တိုင္းျပည္ကို စိမ္ေျပနေျပ မ်ိဳလို႔ အားမရေတာ႔… တိုင္းျပည္ရဲ႕ ေသြးေၾကာမႀကီးကိုျဖတ္ေတာက္.. အစိမ္းလိုက္ ေသာက္.. ေအာင္ေသေအာင္သား စားၾကေတာ႔မယ္။ ဒါကို…. လည္စင္းခံေပးရင္း ေက်ေက်နပ္နပ္ႀကီးနဲ႔ … ေသြး အေသာက္ခံေနၾကသူေတြကို…… ဘယ္လို နားလည္ရမွာလဲ…. လူေတြဟာ… သဘာ၀တရားကို အတင္းအဓၵၵမ လုယူတတ္ၾကတယ္။ အဲသလို.. အလုယူခံရတဲ႔ သဘာ၀တရားဟာ တန္ျပန္တုံ႔ျပန္တဲ႔ အခါမွာ.. လူသားေတြပဲ နစ္နာဆုံးရႈံးၾကရတတ္ပါတယ္။ သူတို႔ေတြရဲ႕ ဂုတ္ေသြးစုတ္ခံေနရျခင္းမွ…. တိုင္းျပည္အုပ္ခ်ဳပ္မင္းလုပ္သူမ်ား ရုန္းထြက္ႏိုင္ဖို႔ … ရွိရွိသမွ်ေသာနတ္ေကာင္းနတ္ျမတ္မ်ား ေစာင့္ေရွာက္ပါေစေတာ႔ .. လို႔….. ဧရာဝတီ ဟာ ငိုေၾကြးရင္း ေတာင္းပန္ေနပါေတာ႔တယ္။
(( က်မဟာ ဘူမိေဗဒပညာရွင္တစ္ေယာက္ေတာ႔ မဟုတ္ပါဘူး။ ဒါေပမယ္႔ ဒီစာကို ျမန္မာျပည္သူတစ္ေယာက္အေနနဲ႔ စာေတြအမ်ားႀကီးဖတ္ၿပီးတဲ႔ေနာက္… ႏွလုံးသားနဲ႔ ေရးပါတယ္။ တရုတ္ျပည္မွာ သူတို႔ဖ်က္ဆီးစရာ ျမစ္ေခ်ာင္းေတြအမ်ားႀကီး ရွိပါတယ္။ က်မတို႔တိုင္းျပည္မွာ.. ဟိုဘက္ထိပ္ကေန ဒီဘက္ထိပ္ကို စီးတာ.. ဒီျမစ္ကေလးပဲ … ရွိပါတယ္။ တစ္ေန႔မွာ… ေနာင္လာေနာက္သားေတြဟာ.. ဒီေနရာမွာ… ဧရာဝတီ ဆိုတဲ႔ ့ျမစ္ႀကီးတစ္စင္း ရွိခဲ႔ဖူးတယ္… ျမန္မာဆိုတဲ႔ လူမ်ိဳးေတြ ေနခဲ႔ဖူးတယ္… ဆိုၿပီး…. ဒ႑ာရီဆန္ဆန္ ပုံျပင္ေတြ ေျပာၾကေတာ႔မွာမ်ိဳး မျဖစ္ပါေစနဲ႔လို႔ဘဲ …. ဆုေတာင္းရေတာ႔မလို ျဖစ္ေနရပါၿပီ ))
စာေရးလို႔အၿပီး.. ေခါင္းစဥ္တပ္လို႔အၿပီးမွာ.. မ်က္ရည္က်ပါတယ္ ဧရာဝတီ။
(အိမ့္ခ်မ္းေျမ့)

http://articlesofinterest-kelley.blogspot.com/…/china-droug…

http://www.trust.org/alertn…/multimedia/pictures/detail.dot…

http://english.peopledaily.com.cn/…/90776/90882/7397337.html http://www.itsnature.org/…/aquatic-mamma…/irrawaddy-dolphin/ http://ipsnews.net/mekong/stories/dolphins.html
..........................
မငိုပါနဲ့ ဧရာဝတီ ( အိမ့်ချမ်းမြေ့ ဆီမှကူးယူဖော်ပြပါသည်။)

သူတို့ဟာ… ကမ္ဘာပေါ်မှာ တတိယအရှည်ဆုံးနဲ့ အာရှမှာ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီ ဆိုတဲ့မြစ်ကြီးကို ပိုင်ဆိုင်ထားခဲ့တယ်။ အဲသလို ရှည်လျားလှပတဲ့ ကမ္ဘာ့အ့ံဖွယ် ယန်စီီမြစ်ကြီးဟာဆိုရင် ယဉ်ကျေးမှုတွေ အမျိုးမျိုးကို တည်ဆောက်ခဲ့တဲ့ မြစ်ကြီးတစ်စင်း ဖြစ်တယ်။ သူတို့ဟာ… အဲဒီမြစ်ကြီးကို တိမ်ကော၊ ပျက်စီး၊ ပတ်ဝန်းကျင်သဘာဝတရားကြီးတစ်ခုလုံးကို မှောက်လှန်ဖျက်ဆီးလိုက်ခြင်းအားဖြင့် လူတွေသာမက ကျွဲနွားတိရစ္ဆာန်တွေပါ ဒုက္ခရောက်စေခဲ့တယ်။ အခုဆိုရင်.. ယန်စီမြစ်ကြီးဟာ.. ပျောက်ကွယ်သွားတော့မယ့် ကမ္ဘာ့အထင်ရှားဆုံး သဘာဝသယံဇာတ ၁၀ ခုထဲမှာ တစ်ခုပါနေပြီ။ နောက်နှစ်အနည်းငယ်မှာ.. ယန်စီဆိုတာ တရုတ်လူမျိုးတွေရဲ့ ဒဏ္ဍာရီနဂါးကြီးတွေလို.. ရှေးဟောင်းစာပေကျမ်းဂန်တွေထဲမှာပဲ ရှင်သန်အသက်ဝင်လှုပ်ရှားတော့မယ်ထင်ရဲ့။ ဒီမြစ်ကြီးတင်လား ဆိုတော့ မဟုတ်သေးဘူး၊ သူတို့ပိုင်ဆိုင်တဲ့ အခြား အခရာမြစ်ကြီး ခုနှစ်စင်းဖြစ်တဲ့ အဝါရောင်မြစ်(Yellow River)၊ ပုလဲမြစ် ( Pearl River), Songhua River, Huai River, Hai River နဲ့ Liao River တွေကိုလည်း ဖျက်ဆီးပစ်ခဲ့တယ်။ ဖျက်ဆီးခံရတဲ့ မြစ်တွေကြောင့် သူတို့တိုင်းပြည်အနှ့ံမှာ မိုးခေါင်ရေရှားရပ်ဝန်းတွေ ပေါ်တယ်၊ ရေတွေကြီးတယ်၊ လူတွေသာမက တိရစ္ဆာန်တွေပါ ဒုက္ခအမျိုးမျိုးရောက်နေတယ်။

ရေမလွှတ်တာကြာတဲ့ မြစ်တွေဟာ ကျဉ်းသွားတယ်၊ တိမ်သွားတတ်တယ်။ နေရောင်အောက်မှာ အရှင်လတ်လတ် အကြာကြီးနေဖုတ် ခံရတဲ့ ကမ်းပါးတွေဟာ မာခဲသွားတော့တယ်။ အဲသလို မာခဲသွားတဲ့အတွက်… ရေလွှတ်တဲ့အခါ မိုးရွာတဲ့အခါတွေမှာ.. ကမ်းပါးမြေဟာ ရေကိုမစုပ်နို်င်တော့ဘူး။ ရေကို မစုပ် နိုင်တဲ့အတွက် မြစ်တွေရေလျှံတယ်။ လူတွေ ဒုက္ခရောက်ကြတယ်။ မြစ်ရေလျှံခြင်း၊ မြစ်ရေခမ်းခြောက်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရလို့… သူတို့လူတွေ ဒုက္ခရောက်တဲ့အခါမှာ.. အနည်းငယ်အမြင်မှန် ရသယောင်ဖြစ်လာတယ်။ ယန်စီမြစ်ကို အသက်ပြန်သွင်းဖို့ အစွမ်းကုန် ကြိုးစားတယ်။ ဒါပေမယ့် …. ဒါပေမယ့် …… အချိန် မမှီတော့ဘူး။ ယန်စီဟာ ကွန်မြူနစ်ပါတီရဲ့ တရုတ်ပြည်ကို စီးပွားရေးမြှင့်တင်လိုမှုလုပ်ရပ်ဖြစ်တဲ့ မီတာ ၂၅၀၀ကျော်ရှည်တဲ့ ရေကာတာကြီးကြောင့်၊ အရှင်လတ်လတ် သွေးကြောဖောက်၊ သွေးစုတ်ခံနေရရင်း ခြေတော်အတင်ခံနေခဲ့ရတယ်။ ယန်ဆီရေကာတာကြောင့် ခဏတာ အကျိုးအမြတ်ရခဲ့ပေမယ့် နောက်ပိုင်း ဒုက္ခလှလှတွေ့တဲ့ အခါမှာ ဘီလျှံပေါင်း ၂.၃ ဘီလျှံ ဆုံးရှုံးခဲ့တယ်။ လူပေါင်း လေးသန်းကျော်၊ ကျွဲနွားကောင်ရေ ၂သန်းနီးပါးနဲ့ လယ်မြေအေက ၉ သန်းကျော် ဒုက္ခအကြီးအကျယ် ရောက်ခဲ့့ပါတယ်။ ယန်စီရေကာတာကြီးရဲ့ သက်တမ်းဟာ အနှစ်တစ်ရာကနေ သုံးရာလို့ ခန့်မှန်းထားတယ်။ ယန်စီရေကာတာ သက်တမ်းကုန်ဆုံးသွားမယ့်နေမှာ… ယန်စီမြစ်ဟာလည်း တစ်ပါတည်း အစတေးခံရမှာ ဖြစ်ပါတယ်။ ယန်စီမြစ်တစ်လျှောက်က biodiversity တစ်ခုလုံးလည်း ပျောက်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

သူတို့တွေဟာ concrete junk တွေဖြစ်တဲ့ မိုးမျှော်တိုက်ကြီးတွေ၊ လမ်းမကြီးတွေဟာ တိုးတက်တဲ့ အရိပ်အရောင်တွေအဖြစ်နဲ့ ကျေနပ်နေကြတယ်။ သဘာဝတရားရဲ့ အလှအပတွေကိုတော့ မတိုးတက်ခြင်းနဲ့ တောဆန်ခြင်းလို့ လွဲမှားစွာ (ဒါမှမဟုတ်) သိသိနဲ့ ခေါင်းမာစွာ.. ယူဆနေကြတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တိုင်းပြည်ထဲမှာ ရေကာတာအများဆုံးတိုင်းပြည်အဖြစ်နဲ့ ကိုယ့်မျက်နှာက မျက်လုံးကို ဖောက်ထုတ်နေတဲ့ တိုင်းပြည်ဖြစ်နေပြီလို့ ၀ိုင်းသတိပေးတာကို သူတို့ နားမထောင်ခဲ့ဘူး။ သူတို့တွေဆောက်တဲ့ ရေကာတာကြောင့် လူပေါင်း သုံးသောင်း သေဆုံးခဲ့ပြီးပြီ။ မိုးမျှော်တိုက်ကြီးတွေဘေးက ခမ်းခြောက်တိမ်ကောနေတဲ့ မြစ်တွေ ရေချိုကန်တွေ၊ မြေတွေကျွံလို့ နစ်ဝင်သွားတဲ့ မြို့ကြီးတွေ၊ အက်စစ်ရေတွေ၊ ပျောက်ဆုံးသွားတဲ့ ရှားပါးတိရစ္ဆာန်တွေဟာ.. တိုးတက်ခြင်းရဲ့ ပြယုဒ်တွေတဲ့လား….။

ယန်စီမြစ်ရေခမ်းခြင်းဟာ အနီးအနားပတ်ဝန်းကျင်က မြစ်စွယ်ပေါင်း ၃၀၀ နီးပါးနဲ့ ရေကန် ၂၆၆ ကန်ကိုလည်း ဒိုမီနိုeffect လို ဆက်ဆက်ပြီး ခမ်းခြောက်စေပါတယ်။ ၂၀၀ဂ ခုနှစ်မှာ လှုပ်သွားတဲ့ ငလျှင်ကြီးဟာ Zipingpu Damကြောင့်ဖြစ်ရတာလို့ပြောနေတဲ့ သိပ္ပံပညာရှင်တွေရဲ့ စကားတွေကို နားပိတ်ထားကြတယ်။ ဘရာဇီး၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံတွေမှာတောင် သမိုင်းတစ်လျှောက်လုံး ရ၅GW မှ ၈၅GW ရေပါ၀ါထုတ်တဲ့ အချိန်မှာ တရုတ်ပြည်ကတော့ လာမယ့် ငါးနှစ်အတွင်းမှာ ၁၄၀GW ထပ်ထုတ်ပါဦးမယ်။ ဒီလို… တိုးတက်ခြင်းတွေရဲ့နောက်မှာ ပေးဆပ်မှုတွေ ဘယ်လောက်ရှိသလဲ…. ဘယ်လောက်ဆက်ရှိလာမလဲ…. ဆိုတာကို မစဉ်းစား နိုင်ကြလောက်အောင် လောဘတွေ ယှဉ်ပြိုင်လိုမှုတွေနဲ့.. အမိုက်မှောင်ဖုံးနေခဲ့တယ်။

သူတို့ ယန်စီကို အားပါးတရ ချေတော်တင်ပြီးပြီ။ ယန်စီတင်မက သူတို့တိုင်းပြည်ထဲက အခရာမြစ်ကြီး ခြောက်မြစ်ကိုလည်း ခြေတော်တင်ခဲ့ပြီးပြီ။ သူတို့ပြည်ထဲက ရှိသမျှ မြစ်တွေကို ခြေတော်တင်လို့ အားရတော့….. သူတို့ရဲ့ စီးပွားရေး ယန္တရားတွေ ဆက်လက်လည်ပတ်ဖို့အတွက်.. concrete junk ကြီးတွေကို လျှပ်စစ်ပေးဖို့.. အသွေးအသားစုတ်ထုတ်ဖို့ မြစ်မကြီးတွေကို တွေ့လိုတွေ့ငြား.. ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်လိုက်တယ်။ သူတို့ တွေ့သွားတယ်။ တိုင်းပြည်သေးသေးလေးတစ်ခုထဲက မြစ်တစ်စင်းဖြစ်တဲ့ ဧရာဝတီ ကို သူတို့ တွေ့သွားတယ်။ အဲဒီတိုင်းပြည်ဟာ ဟိုးတုန်းကပေါ့.. လျှမ်းလျှမ်းတောက် ဆန်ရေစပါးတွေ ထွက်ခဲ့လို့ ဘေးပတ်ဝန်းကျင်က နိုင်ငံတွေကတောင် အားကျမျှော်ကိုးခဲ့ရတဲ့ တိုင်းပြည်။ အဲသလို.. ဆန်ရေစပါးတွေ ပြောင်းပဲသီးနှံတွေ အလျှံပယ်ထွက်အောင် ဓာတ်သတ္တိအမျိုးမျိုးကို တစ်ပြည်လုံးနှံ့အောင် သယ်ဆောင်ပေးနေတဲ့ ဧရာဝတီ ဆိုတဲ့ သွေးကြောမကြီးကို ဖောက်ထုတ်ပြီး တစိမ့်စိမ့်ယိုစီးလာမယ့် သွေးတွေကို စိမ်ပြေနပြေသောက်ချင်လွန်းလို့ သူတို့တွေဟာ…. သွားရေတများများနဲ့ ထိန်းမနိုင်သိမ်းမရ ဖြစ်နေခဲ့တာ ကြာပါပြီ။

သူတို့ဟာ.. ဧရာဝတီ ကို ခြေတော်တင်ဖို့ ပြုံးပြုံးကြီး ရှုစားနေကြပြီ။ ကျေနပ်လွန်းလို့ အော်ဟစ်ရယ်မောနေသံတွေဟာ မကောင်းဆိုးဝါးတွေရဲ့ ရယ်သံတွေလိုပဲ မေခ၊ မေလိခ တောင်နံရံတွေပေါ်မှာ ပဲ့တင်ထပ် ရိုက်ခတ်နေကြတယ်….. အဲဒီတိုင်းပြည်ကလေးဟာ … အတွေးအခေါ်… ယဉ်ကျေးမှု တစ်ဖြည်းဖြည်း ၀ါးမျိုခံနေရတယ်…… အဲသလို… အမျိုခံနေရတန်းလန်းမှာတောင် မျိုနေတဲ့ သူတွေကို အထင်ကြီးစွာ မော့ကြည့်နေရရှာတယ်။ အဲဒီတိုင်းပြည်ကလေးဟာ…. အရှင်လတ်လတ် ဂုတ်သွေးစုတ်ခံနေရတယ်… ဂုတ်ကို သွေးစုတ်ခံနေရတာတောင်… သွေးသံရဲရဲ သွားစွယ်ကြီးတွေကို မော့ငေးရင်း.. “တော်လိုက်တဲ့ စီးပွားရေးသမားတွေ”ဆိုပြီး တဖွဖွ ချီးကျူးနေလိုက်ကြသေးတယ်။ သူတို့ဟာ…တိုင်းပြည်ကို စိမ်ပြေနပြေ မျိုလို့ အားမရတော့… တိုင်းပြည်ရဲ့ သွေးကြောမကြီးကိုဖြတ်တောက်.. အစိမ်းလိုက် သောက်.. အောင်သေအောင်သား စားကြတော့မယ်။ ဒါကို…. လည်စင်းခံပေးရင်း ကျေကျေနပ်နပ်ကြီးနဲ့ … သွေး အသောက်ခံနေကြသူတွေကို…… ဘယ်လို နားလည်ရမှာလဲ…. လူတွေဟာ… သဘာဝတရားကို အတင်းအဓ္ဒ္ဒမ လုယူတတ်ကြတယ်။ အဲသလို.. အလုယူခံရတဲ့ သဘာဝတရားဟာ တန်ပြန်တုံ့ပြန်တဲ့ အခါမှာ.. လူသားတွေပဲ နစ်နာဆုံးရှုံးကြရတတ်ပါတယ်။ သူတို့တွေရဲ့ ဂုတ်သွေးစုတ်ခံနေရခြင်းမှ…. တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူများ ရုန်းထွက်နိုင်ဖို့ … ရှိရှိသမျှသောနတ်ကောင်းနတ်မြတ်များ စောင့်ရှောက်ပါစေတော့ .. လို့….. ဧရာဝတီ ဟာ ငိုကြွေးရင်း တောင်းပန်နေပါတော့တယ်။
(( ကျမဟာ ဘူမိဗေဒပညာရှင်တစ်ယောက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီစာကို မြန်မာပြည်သူတစ်ယောက်အနေနဲ့ စာတွေအများကြီးဖတ်ပြီးတဲ့နောက်… နှလုံးသားနဲ့ ရေးပါတယ်။ တရုတ်ပြည်မှာ သူတို့ဖျက်ဆီးစရာ မြစ်ချောင်းတွေအများကြီး ရှိပါတယ်။ ကျမတို့တိုင်းပြည်မှာ.. ဟိုဘက်ထိပ်ကနေ ဒီဘက်ထိပ်ကို စီးတာ.. ဒီမြစ်ကလေးပဲ … ရှိပါတယ်။ တစ်နေ့မှာ… နောင်လာနောက်သားတွေဟာ.. ဒီနေရာမှာ… ဧရာဝတီ ဆိုတဲ့ ့မြစ်ကြီးတစ်စင်း ရှိခဲ့ဖူးတယ်… မြန်မာဆိုတဲ့ လူမျိုးတွေ နေခဲ့ဖူးတယ်… ဆိုပြီး…. ဒဏ္ဍာရီဆန်ဆန် ပုံပြင်တွေ ပြောကြတော့မှာမျိုး မဖြစ်ပါစေနဲ့လို့ဘဲ …. ဆုတောင်းရတော့မလို ဖြစ်နေရပါပြီ ))
စာရေးလို့အပြီး.. ခေါင်းစဉ်တပ်လို့အပြီးမှာ.. မျက်ရည်ကျပါတယ် ဧရာဝတီ။
(အိမ့်ချမ်းမြေ့)

http://articlesofinterest-kelley.blogspot.com/…/china-droug…

http://www.trust.org/alertn…/multimedia/pictures/detail.dot…

http://english.peopledaily.com.cn/…/90776/90882/7397337.html http://www.itsnature.org/…/aquatic-mamma…/irrawaddy-dolphin/ http://ipsnews.net/mekong/stories/dolphins.html

မငိုပါနဲ႕ ဧရာ၀တီ ( အိမ့္ခ်မ္းေျမ့ ဆီမွကူးယူေဖာ္ျပပါသည္။)သူတို႔ဟာ… ကမၻာေပၚမွာ တတိယအရွည္ဆုံးနဲ႔ အာရွမွာ အရွည္ဆုံးျမစ္ျဖစ...

Posted by The Melting Pot 4 U on Monday, 21 March 2016

No comments:

Post a Comment