Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, March 4, 2016
ကျေးဇူးပြုပီး အစအဆုံးဖတ်ပေးပါ(ဆိုင်ကယ်ကယ်ရီသမား က ငှားစီးတဲ့ မိန်းကလေးတွေကို မုဒိန်းကျင့်)
တယ်။
via သတင်းရန်နိင်
.................................
ကျေးဇူးပြုပီး အစအဆုံးဖတ်ပေးပါဗျာ။
 မနေ့ကည၁၁ခွဲအချိန်နေပြည်တော်တိုးဂိတ်နားဆိုင်ကယ်မီးလောင်တာတင်ပေးခဲ့ပါတယ်။
အဲဒီနောက်ကွယ်ကသတင်းဆက်ကတော့စိတ်မကောင်းစရာပါ ။ဆိုငိကယ်မီးလောင်တဲ့အချိန်နောက်ကထိုင်လိုက်ပါလာတဲ့အသက်၁၇နှစ်အရွယ်ရှိတဲ့မိန်းကလေး၁ယောက်ကိုတွေ့မိလို့လိုက်ရှာတဲ့အခါ ပလက်ဖောင်းနားထိုင်ငိုနေတာမြင်လို့ အဒေါ်၁ယောက်ကမေးမြန်းရင်းမကြောက်ဖို့အားပေးနေတဲ့အခါမှာတော့အထင်တွေကတလွဲဖြစ်နေပါတော့တယ်။
 ကလေးမကငိုရတာကဆိုင်ကယ်မီးလောင်လို့မဟုတ်ပါဘူးတဲ့။ဆက်မေးတော့မဖြေပဲငိုနေတာနဲ့ အဲဒီအဒေါ်ကြီးကပဲမေးမှအဖြစ်ကဒီလိုဖြစ်လာပါတယ်။ ကလေးမလေးကနတ်မောက်ဇာတိပါ နေပြည်တော်မှာအလုပ်လာလုပ်နေတာပါ မိခင်ဖြစ်သူဆေးရုံတင်ထားရလို့အိမ်ကခေါ်လို့ပြန်ရာမှာ ကားမရတော့တဲ့အတွက် နေပြည်တော်ကနေတိုးဂိတ်အကျော်ကကားရပ်နားစခန်းမှာရရာကားစီးဖို့သူတို့၂ယောက်ဆိုင်ကယ်ငှားလာပါတယ်။ ကားခပဲပါလို့ကယ်ရီခမပေးနိုင်လို့ဆီပဲထည့်ပေးပါပြောပီး၁ယောက်၁စီးစီးလာပါတယ်။ လမ်းမှာကယ်ရီသမားကလူပြတ်တဲ့နေရာရောက်တော့ကျန်ခဲ့ပီး သူ့သူငယ်ချင်းစီးတဲ့ဆိုင်ကယ်
ကထွက်သွားနှင့်ရာမှာ ခြိမ်းခြောက်ခံရပီး သားမယားပြုကျင့်ခံရပါတယ်။ အော်ပေမယ်လည်းလူပြတ်တဲ့နေရာမို့ရေတိမ်နစ်ပီပေါ့ ပီးတော့သကောင့်သားကသူ့အဖော်ကိုပါဖုန်းဆက်ပီးသူတို့ခေါ်လာတဲ့ကောင်မလေးတွေရတဲ့အကြောင်းပါပြောလိုက်သေးပါတယ်တဲ့ဗျာ ။
ဟို၁ကောင်ကကျန်တဲ့ကောင်မလေးကိုကြံတာမှာကလေးမကလက်မခံလို့မရပါဘူးတဲ့ ပီးတော့
သူတို့၂ယောက်အဲကျန်ခဲ့တဲ့ကောင်မလေးကိုပြန်လိုက်ရှာချိန်မှာ မုဒိန်းကောင်ကကောင်မလေးကိုကားနား
စခန်းအပို့တိုးဂိတ်အကျော်မှာဆိုင်ကယ်မီးထလောင်တာပါမုဒိန်းကောင်ကတော့ဆိုင်ကယ်ပစ်ပီးပြေးနေပါ
တယ်။ ကောင်မလေးကတော့ဘာဆက်လုပ်ရမှန်းမသိသု့သူငယ်ချင်းလဲပျောက်နေလို့ငိုနေတာပါတဲ့။
 အမြန်လမ်းရဲတွေသူ့ကိုတိုးဂိတ်ခေါ်လာတော့မှပျောက်နေတဲ့သူ့သူငယ်ချင်မလေးရောက်လာပါတယ်။
 အမှုဖွင့်ချင်လားလို့မေးတော့သူ့သူငယ်ချင်ကဒီညနဲ့ပီးမယ်ဆိုရင်သူထွက်ဆိုပေးပါ့မယ်တဲ့။
ကလေးမကတော့သူ့အမေလဲဆေးရုံတင်ထားရတာမို့ပြန်ရမှဖြစ်တဲ့အတွက်ဖွင့်ရင်ပြန်မရမှာမို့မဖွင့်ပဲငိုယိုရင်း တင်ပေးလိုက်တဲ့ကားကြုံနဲ့၂ယောက်လုံးပါသွားပါတယ်။
 ဒီအဖြစ်အပျက်ကိုအဲညကတိုးဂိတ်မှာခရီးသည်စောင့်တဲ့ကယ်ရီသမားတွေအားလုံးသိကြပါတယ် ကယ်ရီသမား၂ယောက်ကသူတို့ဆီကကယ်ရီတွေမဟုတ်ဘူးတဲ့ဗျာ။ သောကအပူတွေနဲ့လူကိုမကူညီပဲအဲလို
မိုက်ရိုင်းတဲ့ကောင်ကိုအဖြစ်မှန်ပေါ်ပေါက်ပီးထိုက်သင့်တဲ့ပစ်ဒဏ်ရအောင် နပတနဲ့အဆက်အသွယ်ရှိတဲ့သူတွေshareလုပ်ပီး သိသင့်တဲ့သူတွေသိအောင်လုပ်ပေးကြပါ ။
ဆိုင်ကယ်မီးလောင်မှုကိုလဲအမှုဖွင့်ထားပီးပါပီ မုဒိန်းမှုပဲကျန်ပါတယ် ကလေးမကအမှုဖွင့်ဖို့ရာအခက်
အခဲဖြစ်နေတဲ့အတွက် အဲဒီအပြစ်ကနေဒီကောင်လွတ်နေပါတယ်။ လူအများသိကြပေမယ့်လဲ ကာယကံရှင်ကသူ့အခက်အခဲကြောင့်အမှုမလုပ်နိုင်တဲ့အတွက် ဘာမှမတတ်နိုင်ပါဘူးဗျာ။
 ရပ်ဝေးကနေရိုးသားစွာလာရောက်အလုပ်လုပ်နေသူကိုအဲလိုမိုက်ရိုင်းတဲ့မုဒိန်းသမားအတွက်ထိုက်သင့်တဲ့ပစ်ဒဏ်ရအောင် ၀ိုင်းကူညီကြပါ။
Copy..စိုင်းလေး(လားရှိုး)
No comments:
Post a Comment