Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 21, 2016

ျမန္မာ့ေျမေပၚမွာ ေနာင္ဘယ္ေသာအခါမွ စစ္အာဏာရွင္ စနစ္ ျပန္ အျမစ္မတြယ္ရေလေအာင္

ဗိုလ္ခ်ဳပ္ေဟာင္းထြန္းၾကည္ရဲ႕ ကိုယ္ေရးအထုပၸတၱိစာအုပ္
ခုခ်ိန္ဟာ လႊတ္ေတာ္တြင္းမွာ လာမယ့္ အစိုးရအဖြဲ႕သစ္ကို ဦးေဆာင္ဖို႔ သမၼတ၊ ဒုသမၼတ ေတြ ေရြးေကာက္တင္ေျမွာက္ေနခ်ိန္၊ သမၼတ ကလည္း သူဦးေဆာင္မယ့္ အစိုးရအဖြဲ႕မွာ ၀န္ၾကီးဌာန ဘယ္ေလာက္ထားမယ္၊ ၀န္ၾကီး ဘယ္ႏွစ္ေယာက္ခန္႔မယ္ စသျဖင့္ တင္ျပေနခ်ိန္လည္း ျဖစ္ပါတယ္။ သိပ္မၾကာခင္ သမၼတသစ္ အစိုးရအဖြဲ႕သစ္ဟာ သမၼတ ဦးသိန္းစိန္ အစိုးရအဖြဲ႕ဆီကေန တာ၀န္လဲႊေျပာင္းရယူပါေတာ့မယ္။ ဒီလို တာ၀န္လဲႊေျပာင္း ရယူတာဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ ၁၉၆၂ ခုႏွစ္က စခဲ့တဲ့ တုိင္းျပည္ကို စစ္အာဏာရွင္ ဒါမွမဟုတ္ စစ္တပ္က ေက်ာေထာက္ေနာက္ခံေပးထားတဲ့ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြကပဲ အုပ္ခ်ဳပ္တဲ့ ေခတ္တစ္ေခတ္ အဆံုးသတ္သြားခ်ိန္လို႔လည္း ေျပာႏုိင္ပါတယ္။ တုိက္တိုက္ဆုိင္ဆိုင္ ဒီလို အခ်ိန္မ်ိဳးမွာပဲ အရင္ ၁၉၈၈ ခုႏွစ္ စစ္အာဏာသိမ္းေခါင္းေဆာင္ ျဖစ္ခဲ့ဖူးတဲ့၊ ၁၉၉၇ ခုႏွစ္အေရာက္မွာ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊရဲ႕ ျဖဳတ္ခ်ျခင္း ခံလိုက္ရတဲ့ ဒုဗိုလ္ခ်ဳပ္ၾကီးေဟာင္း ဦးထြန္းၾကည္ရဲ႕ ကိုယ္ေရး အထုပၸတၱိ ပဥၥမပိုင္း ထြက္လာပါတယ္။ ဒီ စာအုပ္မွာေတာ့ အျငိမ္းစား ဒုဗိုလ္ခ်ဳပ္ၾကီးထြန္းၾကည္ဟာ သူၾကံဳခဲ့ရတဲ့ စစ္အာဏာရွင္ေတြရဲ႕ ေကာက္က်စ္ ရက္စက္ ယုတ္မာမွဳေတြကို ေကာင္းေကာင္း ဖြင့္ခ်ထားပါတယ္။ ခုလို သမုိင္း၀င္ အသြင္ကူးေျပာင္းေရးကာလမွာ ဗိုလ္ခ်ဳပ္ထြန္းၾကည္ စာအုပ္ထဲကေန ဘာသင္ခန္းစာေတြ ရယူႏုိင္မလဲ ဆိုတာ ဒီတစ္ပါတ္ ေဆြးေႏြး တင္ျပသြားပါ့မယ္။

တကယ္ေတာ့ အရင္ စစ္အာဏာရွင္ေခတ္နဲ႔ ပတ္သက္ျပီး ႏိုင္ငံေရး အက်ဥ္းသားေဟာင္းေတြ အပါအ၀င္ ဖိႏွိပ္ရက္စက္ ခံခဲ့ရသူေတြ ေရးသားတဲ့ စာအုပ္ေပါင္းမ်ားစြာ ထြက္ခဲ့ျပီးပါျပီ။ ကိုယ္တိုင္ အက်ယ္ခ်ဳပ္နဲ႔ ေနခဲ့ရတဲ့ ၀န္ၾကီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ၾကီးေဟာင္း ခင္ညြန္႔ရဲ႕ ကိုယ္တုိင္ေရး စာအုပ္လည္း ထြက္ဖူးပါတယ္။ ဒါေပမယ့္ ဦးခင္ညြန္႔စာအုပ္ထဲမွာ ဒီပဲရင္း လူသတ္ပြဲၾကီးနဲ႔ ပတ္သက္လို႔ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊက တုိက္ရိုက္ ညႊန္ၾကားသူ ျဖစ္တယ္ဆိုတဲ့ အခ်က္ေလာက္က လြဲျပီး က်န္တာေတြက သိပ္ စိတ္၀င္စားစရာ မေကာင္းပါဘူး။ အခု ဗိုလ္ခ်ဳပ္ထြန္းၾကည္ရဲ႕ ပဥၥမေျမာက္ စာအုပ္မွာေတာ့ အဲဒီအခ်ိန္က စစ္အာဏာရွင္ေတြရဲ႕ သရုပ္သကန္၊ စစ္အာဏာရွင္ေတြရဲ႕ ေကာက္က်စ္ ရက္စက္ ယုတ္မာမွဳေတြကိုပါ ဖတ္ၾကရပါတယ္။
ဒုဗိုလ္ခ်ဳပ္ၾကီးေဟာင္း ဦးထြန္းၾကည္ရဲ႕ ကိုယ္ေရး အထုပၸတၱိ

http://burmese.voanews.com/audio/3246954.html

<iframe src="http://voaburma.share.voanews.eu/externalaudio-FLRM/Audio/3246954.html" scrolling="no" frameborder="0" width="384" height="185"></iframe>

သူ႕စာအုပ္ပါ ေရးသားခ်က္အရ ၁၉၈၈ ခုႏွစ္ စက္တင္ဘာမွာ အာဏာရွင္ေဟာင္း ဦးေန၀င္းရဲ႕ ညႊန္ၾကားခ်က္နဲ႔ စစ္တပ္က အာဏာသိမ္းပါတယ္။ အဲလို အာဏာသိမ္းတာကို ေၾကညာေတာ့မွ သူဟာလည္း အာဏာသိမ္း အဖြဲ႕ ေခါင္းေဆာင္ တစ္ေယာက္အေနနဲ႔ ပါ၀င္ေနတာ သိရတယ္လို႔ ဆုိပါတယ္။ ေနာက္ေတာ့ သူဟာ အာဏာသိမ္း စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ ဖြဲ႕စည္းထားတဲ့ ႏိုင္ငံေတာ္ ျငိမ္၀ပ္ပိျပားမွဳ တည္္ေဆာက္ေရး အဖြဲ႕ န၀တ အဖြဲ႕၀င္ စစ္ေခါင္းေဆာင္ တစ္ေယာက္ ျဖစ္လာပါတယ္။ သူန၀တ အဖြဲ႕၀င္ အျဖစ္ တာ၀န္ယူရတဲ့ ၉ ႏွစ္တာကာလ အတြင္း န၀တ အစည္းအေ၀း အၾကိမ္ၾကိမ္ လုပ္ခဲ့တဲ့ အေၾကာင္း၊ အစည္းအေ၀းမွာ တင္ျပျခင္းနဲ႔ ေဆြးေႏြးျခင္းေလာက္ပဲ လုပ္ႏိုင္ျပီး ပါ၀င္ ဆံုးျဖတ္ျခင္းမ်ိဳး လံုး၀ မရွိခဲ့ေၾကာင္း၊ အားလံုး န၀တ ဥကၠဌ တစ္ေယာက္တည္းက ဆံုးျဖတ္ခ်က္ခ်တယ္ ဆုိျပီး ဖြင့္ခ်ထားပါတယ္။

တပ္မေတာ္ရဲ႕ အစဥ္အလာအရ ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ပါးစပ္က ထြက္သမွ် အမိန္႔အျဖစ္ ခံယူရတဲ့အေၾကာင္း၊ ဘယ္သူမွ ေစာဒက တက္တာ၊ ျငင္းဆန္တာ၊ ေ၀ဖန္တာ၊ ဆန္႔က်င္တာ လုပ္ေလ့ မရွိတဲ့အေၾကာင္း၊ လုပ္ရင္ ခ်က္ျခင္း ျပဳတ္မွာေသျခာတယ္။ ကံဆိုးရင္ ေထာင္ပါ က်ႏုိင္တယ္ ဆိုျပီး ေဖာ္ျပထားပါတယ္။ ဒါေတြကေတာ့ စစ္အာဏာရွင္ စနစ္ကို ကြက္ကြက္ကြင္းကြင္း ျမင္ႏုိင္တဲ့ ေရးသား ေဖာ္ျပခ်က္ေတြပဲ ျဖစ္ပါတယ္။

ေနာက္ပိုင္း သူနဲ႔ သူ႕လက္ေအာက္ငယ္သားေတြကို န၀တ ေခါင္းေဆာင္ေတြနဲ႔ ေထာက္လွမ္းေရးက ဘယ္လို အေရးယူသလဲ ဆိုတာ “ ျမန္မာ့ေျမေပၚမွ ငရဲခန္းမ်ား” ေခါင္းစဥ္တပ္ျပီး ကြက္ကြက္ကြင္းကြင္း ျမင္ေအာင္ တင္ျပပါတယ္။ သူေရးထားတဲ့အတုိင္း ဖတ္ျပရရင္ “ကြၽန္ေတာ့္ကို ခ်ဖို႔ အခ်က္အလက္က သူတို႔ထံမွာ လံုလံုေလာက္ေလာက္ မရွိေသးေတာ့ ကြၽန္ေတာ့္တပည့္ေတြကို ေခၚယူ ညႇဥ္းပန္း အက်ပ္ကိုင္စစ္ေဆးၿပီး သူတို႔လိုခ်င္ တဲ့ သတင္းေတြ ညႇစ္ယူသည္။ ညႇစ္လို႔မရေတာ့ အားလံုး အင္းစိန္ေထာင္ပို႔သည္။ ေထာင္ဒဏ္ တစ္သက္တစ္ကြၽန္း၊ အခ်ဳိ႕ ႏွစ္ကြၽန္း ျပစ္ဒဏ္ ခ်သည္။ ေထာင္ဒဏ္ အႏွစ္တစ္ရာေက်ာ္ ခံရသူ ေတြလည္း ပါသည္။ ႏုိင္ငံေတာ္ကို ပုန္ကန္သူ လည္း မဟုတ္၊ လူသတ္မႈ၊ ဓားျပမႈ၊ မုဒိမ္းမႈလည္း က်ဴးလြန္သူမ်ား မဟုတ္။ နည္းမွန္လမ္းမွန္ ဥပေဒ အတိုင္း မဟုတ္။ ကြၽန္ေတာ္တို႔ လူႀကီးေတြက ခိုင္းတဲ့အတိုင္း တရားသူႀကီးက ခ်ၾကရသည္။” လို႔ ေရးထားပါတယ္။

စစ္ေထာက္လွမ္းေရးေတြ ညစ္ပတ္ပံုကိုလည္း ခုလို ေဖာ္ျပထားပါေသးတယ္။ “ကြၽန္ေတာ့္တပည့္ေတြ စစ္႐ံုနဲ႔၊ သူတို႔လိုခ်င္တဲ့ အခ်က္အလက္၊ သက္ေသအေထာက္အထား မရလို႔လား သို႔မဟုတ္ ကြၽန္ေတာ့္ဂုဏ္သိကၡာ ကို ထိခိုက္ေအာင္လားေတာ့ မသိ။ ကြၽန္ေတာ့္ ႐ံုးက အမ်ဳိးသမီးေလးေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ ေခၚစစ္ေသးသည္။” “ဝသီပါေနလို႔လား မသိ။ ကိုယ့္ညီမအရြယ္၊ အမ်ဳိးသမီးငယ္ေလးမ်ားကို ေခါင္းအိတ္စြပ္ၿပီး ေခၚသည္။ သူတို႔က ျပစ္မႈက်ဴးလြန္သူမ်ားလည္း မဟုတ္။ ထြက္ေျပးမည့္သူလည္း မဟုတ္။ ေခါင္းအိတ္စြပ္ဖို႔ လိုသလား။ တမင္ေၾကာက္လန္႔ေအာင္ လုပ္ျခင္းျဖစ္သည္။ စသံုးလံုးေရာက္ေတာ့လည္း နည္းမ်ဳိးစံုျဖင့္ ေၾကာက္ေအာင္ ေျခာက္သည္။ သူတို႔လိုခ်င္တာ မရမခ်င္း တစ္ညလံုး လူလဲႏွင့္ စစ္သည္။ အစားအစာလည္း ေကာင္းေကာင္း မေကြၽး။ အျခားလူေတြက အကုန္ထြက္ဆိုၿပီးၿပီ။ မင္းမထြက္ရင္ ဘယ္ေတာ့မွ ျပန္မလႊတ္ဘူး။ မင္းအေမနဲ႔လည္း ဘယ္ေတာ့မွ မေတြ႕ရေတာ့ ဘူးလို႔ စသည္ျဖင့္ ကိုယ္ေရာစိတ္ပါ အမ်ဳိးမ်ဳိး က်ေအာင္ လုပ္သည္။ အမ်ဳိးသမီးငယ္မ်ားျဖစ္ ၍ သူတို႔ရဲ႕ဒဏ္ကို ၾကာရွည္မခံႏုိင္ၾက။ သူတို႔ ခိုင္းတဲ့အတိုင္း လုပ္ၾက ထြက္ဆိုၾကရေတာ့သည္။ အေၾကာက္တရားေၾကာင့္ အရွက္တရားေနာက္ မွာထားၿပီး မမွန္မကန္ ထြက္ဆိုၾကရသည္။” လို႔ ေဖာ္ျပထားပါတယ္။

ဗိုလ္ခ်ဳပ္ထြန္းၾကည္ ေရးသားေဖာ္ျပခ်က္ကို ၾကည့္ရင္ပဲ စစ္အာဏာရွင္ စနစ္ဆုိတာ ဘယ္ေလာက္ ဆိုးယုတ္တယ္၊ တုိင္းျပည္နဲ႔ ျပည္သူကို မဆိုထားနဲ႔ တပ္မေတာ္သားေတြကို မဆိုထားနဲ႔၊ သူ႕ ရဲေဘာ္ရဲဘက္ စစ္ဗိုလ္ခ်ဳပ္ အခ်င္းခ်င္းကိုေတာင္ အာဏာနဲ႔ ပတ္သက္ရင္ မတရား အႏုိင္ျပဳက်င့္တယ္၊ ရက္စက္တယ္၊ ယုတ္မာတယ္၊ ဗိုလ္က်တယ္ ဆိုတာ ထင္ထင္ရွားရွား ေတြ႕ျမင္ႏုိင္ပါတယ္။

ဒီစာအုပ္ကေန ေပးတဲ့ သင္ခန္းစာကေတာ့ ျမန္မာႏုိင္ငံကို ေနာင္ ဘယ္ေသာအခါမွ စစ္အာဏာရွင္ စနစ္ ျပန္ ေရာက္မလာေစေရး၊ စစ္အာဏာရွင္ စနစ္ ျပန္ မရွင္သန္လာေရးပါ။ ဗိုလ္ခ်ဳပ္ထြန္းၾကည္ရဲ႕ အဲဒီ အေတြ႕အၾကံဳေရးသားခ်က္ကေန လက္ရွိ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ အေနနဲ႔ မွန္ကန္တဲ့ သင္ခန္းစာ ထုတ္ယူဖို႔ လိုပါတယ္၊ တစ္ဆက္တည္း တုိင္းျပည္ကို ဦးေဆာင္သြားမယ့္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္န္အယ္လ္ဒီ ဘက္ကလည္း ျမန္မာႏိုင္ငံမွာ စစ္အာဏာရွင္ စနစ္ ျပန္ျပီး အျမစ္တြယ္မလာရေလေအာင္ အသြင္ကူးေျပာင္းေရးကို အတူလက္တြဲ သြားရမယ့္ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြကို ေႏြးေႏြးေထြးေထြး စည္းရံုး ဆြဲေဆာင္ သင့္ပါေၾကာင္း တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

......................................................


ဗိုလ်ချုပ်ဟောင်းထွန်းကြည်ရဲ့ ကိုယ်ရေးအထုပ္ပတ္တိစာအုပ်
ခုချိန်ဟာ လွှတ်တော်တွင်းမှာ လာမယ့် အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖို့ သမ္မတ၊ ဒုသမ္မတ တွေ ရွေးကောက်တင်မြှောက်နေချိန်၊ သမ္မတ ကလည်း သူဦးဆောင်မယ့် အစိုးရအဖွဲ့မှာ ၀န်ကြီးဌာန ဘယ်လောက်ထားမယ်၊ ၀န်ကြီး ဘယ်နှစ်ယောက်ခန့်မယ် စသဖြင့် တင်ပြနေချိန်လည်း ဖြစ်ပါတယ်။ သိပ်မကြာခင် သမ္မတသစ် အစိုးရအဖွဲ့သစ်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆီကနေ တာဝန်လွှဲပြောင်းရယူပါတော့မယ်။ ဒီလို တာဝန်လွှဲပြောင်း ရယူတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၂ ခုနှစ်က စခဲ့တဲ့ တိုင်းပြည်ကို စစ်အာဏာရှင် ဒါမှမဟုတ် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အုပ်ချုပ်တဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားချိန်လို့လည်း ပြောနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလို အချိန်မျိုးမှာပဲ အရင် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့၊ ၁၉၉၇ ခုနှစ်အရောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဖြုတ်ချခြင်း ခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ ပဥ္စမပိုင်း ထွက်လာပါတယ်။ ဒီ စာအုပ်မှာတော့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးထွန်းကြည်ဟာ သူကြုံခဲ့ရတဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ် ရက်စက် ယုတ်မာမှုတွေကို ကောင်းကောင်း ဖွင့်ချထားပါတယ်။ ခုလို သမိုင်းဝင် အသွင်ကူးပြောင်းရေးကာလမှာ ဗိုလ်ချုပ်ထွန်းကြည် စာအုပ်ထဲကနေ ဘာသင်ခန်းစာတွေ ရယူနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ အရင် စစ်အာဏာရှင်ခေတ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် ဖိနှိပ်ရက်စက် ခံခဲ့ရသူတွေ ရေးသားတဲ့ စာအုပ်ပေါင်းများစွာ ထွက်ခဲ့ပြီးပါပြီ။ ကိုယ်တိုင် အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကိုယ်တိုင်ရေး စာအုပ်လည်း ထွက်ဖူးပါတယ်။ ဒါပေမယ့် ဦးခင်ညွန့်စာအုပ်ထဲမှာ ဒီပဲရင်း လူသတ်ပွဲကြီးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက် ညွှန်ကြားသူ ဖြစ်တယ်ဆိုတဲ့ အချက်လောက်က လွဲပြီး ကျန်တာတွေက သိပ် စိတ်ဝင်စားစရာ မကောင်းပါဘူး။ အခု ဗိုလ်ချုပ်ထွန်းကြည်ရဲ့ ပဥ္စမမြောက် စာအုပ်မှာတော့ အဲဒီအချိန်က စစ်အာဏာရှင်တွေရဲ့ သရုပ်သကန်၊ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ် ရက်စက် ယုတ်မာမှုတွေကိုပါ ဖတ်ကြရပါတယ်။
ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ

သူ့စာအုပ်ပါ ရေးသားချက်အရ ၁၉၈၈ ခုနှစ် စက်တင်ဘာမှာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ ညွှန်ကြားချက်နဲ့ စစ်တပ်က အာဏာသိမ်းပါတယ်။ အဲလို အာဏာသိမ်းတာကို ကြေညာတော့မှ သူဟာလည်း အာဏာသိမ်း အဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါ၀င်နေတာ သိရတယ်လို့ ဆိုပါတယ်။ နောက်တော့ သူဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည််ဆောက်ရေး အဖွဲ့ နဝတ အဖွဲ့ဝင် စစ်ခေါင်းဆောင် တစ်ယောက် ဖြစ်လာပါတယ်။ သူနဝတ အဖွဲ့ဝင် အဖြစ် တာဝန်ယူရတဲ့ ၉ နှစ်တာကာလ အတွင်း နဝတ အစည်းအဝေး အကြိမ်ကြိမ် လုပ်ခဲ့တဲ့ အကြောင်း၊ အစည်းအဝေးမှာ တင်ပြခြင်းနဲ့ ဆွေးနွေးခြင်းလောက်ပဲ လုပ်နိုင်ပြီး ပါ၀င် ဆုံးဖြတ်ခြင်းမျိုး လုံးဝ မရှိခဲ့ကြောင်း၊ အားလုံး နဝတ ဥက္ကဌ တစ်ယောက်တည်းက ဆုံးဖြတ်ချက်ချတယ် ဆိုပြီး ဖွင့်ချထားပါတယ်။

တပ်မတော်ရဲ့ အစဉ်အလာအရ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပါးစပ်က ထွက်သမျှ အမိန့်အဖြစ် ခံယူရတဲ့အကြောင်း၊ ဘယ်သူမှ စောဒက တက်တာ၊ ငြင်းဆန်တာ၊ ဝေဖန်တာ၊ ဆန့်ကျင်တာ လုပ်လေ့ မရှိတဲ့အကြောင်း၊ လုပ်ရင် ချက်ခြင်း ပြုတ်မှာသေခြာတယ်။ ကံဆိုးရင် ထောင်ပါ ကျနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါတွေကတော့ စစ်အာဏာရှင် စနစ်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တဲ့ ရေးသား ဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။

နောက်ပိုင်း သူနဲ့ သူ့လက်အောက်ငယ်သားတွေကို နဝတ ခေါင်းဆောင်တွေနဲ့ ထောက်လှမ်းရေးက ဘယ်လို အရေးယူသလဲ ဆိုတာ “ မြန်မာ့မြေပေါ်မှ ငရဲခန်းများ” ခေါင်းစဉ်တပ်ပြီး ကွက်ကွက်ကွင်းကွင်း မြင်အောင် တင်ပြပါတယ်။ သူရေးထားတဲ့အတိုင်း ဖတ်ပြရရင် “ကျွန်တော့်ကို ချဖို့ အချက်အလက်က သူတို့ထံမှာ လုံလုံလောက်လောက် မရှိသေးတော့ ကျွန်တော့်တပည့်တွေကို ခေါ်ယူ ညှဉ်းပန်း အကျပ်ကိုင်စစ်ဆေးပြီး သူတို့လိုချင် တဲ့ သတင်းတွေ ညှစ်ယူသည်။ ညှစ်လို့မရတော့ အားလုံး အင်းစိန်ထောင်ပို့သည်။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ အချို့ နှစ်ကျွန်း ပြစ်ဒဏ် ချသည်။ ထောင်ဒဏ် အနှစ်တစ်ရာကျော် ခံရသူ တွေလည်း ပါသည်။ နိုင်ငံတော်ကို ပုန်ကန်သူ လည်း မဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်း ကျူးလွန်သူများ မဟုတ်။ နည်းမှန်လမ်းမှန် ဥပဒေ အတိုင်း မဟုတ်။ ကျွန်တော်တို့ လူကြီးတွေက ခိုင်းတဲ့အတိုင်း တရားသူကြီးက ချကြရသည်။” လို့ ရေးထားပါတယ်။

စစ်ထောက်လှမ်းရေးတွေ ညစ်ပတ်ပုံကိုလည်း ခုလို ဖော်ပြထားပါသေးတယ်။ “ကျွန်တော့်တပည့်တွေ စစ်ရုံနဲ့၊ သူတို့လိုချင်တဲ့ အချက်အလက်၊ သက်သေအထောက်အထား မရလို့လား သို့မဟုတ် ကျွန်တော့်ဂုဏ်သိက္ခာ ကို ထိခိုက်အောင်လားတော့ မသိ။ ကျွန်တော့် ရုံးက အမျိုးသမီးလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ခေါ်စစ်သေးသည်။” “ဝသီပါနေလို့လား မသိ။ ကိုယ့်ညီမအရွယ်၊ အမျိုးသမီးငယ်လေးများကို ခေါင်းအိတ်စွပ်ပြီး ခေါ်သည်။ သူတို့က ပြစ်မှုကျူးလွန်သူများလည်း မဟုတ်။ ထွက်ပြေးမည့်သူလည်း မဟုတ်။ ခေါင်းအိတ်စွပ်ဖို့ လိုသလား။ တမင်ကြောက်လန့်အောင် လုပ်ခြင်းဖြစ်သည်။ စသုံးလုံးရောက်တော့လည်း နည်းမျိုးစုံဖြင့် ကြောက်အောင် ခြောက်သည်။ သူတို့လိုချင်တာ မရမချင်း တစ်ညလုံး လူလဲနှင့် စစ်သည်။ အစားအစာလည်း ကောင်းကောင်း မကျွေး။ အခြားလူတွေက အကုန်ထွက်ဆိုပြီးပြီ။ မင်းမထွက်ရင် ဘယ်တော့မှ ပြန်မလွှတ်ဘူး။ မင်းအမေနဲ့လည်း ဘယ်တော့မှ မတွေ့ရတော့ ဘူးလို့ စသည်ဖြင့် ကိုယ်ရောစိတ်ပါ အမျိုးမျိုး ကျအောင် လုပ်သည်။ အမျိုးသမီးငယ်များဖြစ် ၍ သူတို့ရဲ့ဒဏ်ကို ကြာရှည်မခံနိုင်ကြ။ သူတို့ ခိုင်းတဲ့အတိုင်း လုပ်ကြ ထွက်ဆိုကြရတော့သည်။ အကြောက်တရားကြောင့် အရှက်တရားနောက် မှာထားပြီး မမှန်မကန် ထွက်ဆိုကြရသည်။” လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်ထွန်းကြည် ရေးသားဖော်ပြချက်ကို ကြည့်ရင်ပဲ စစ်အာဏာရှင် စနစ်ဆိုတာ ဘယ်လောက် ဆိုးယုတ်တယ်၊ တိုင်းပြည်နဲ့ ပြည်သူကို မဆိုထားနဲ့ တပ်မတော်သားတွေကို မဆိုထားနဲ့၊ သူ့ ရဲဘော်ရဲဘက် စစ်ဗိုလ်ချုပ် အချင်းချင်းကိုတောင် အာဏာနဲ့ ပတ်သက်ရင် မတရား အနိုင်ပြုကျင့်တယ်၊ ရက်စက်တယ်၊ ယုတ်မာတယ်၊ ဗိုလ်ကျတယ် ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။

ဒီစာအုပ်ကနေ ပေးတဲ့ သင်ခန်းစာကတော့ မြန်မာနိုင်ငံကို နောင် ဘယ်သောအခါမှ စစ်အာဏာရှင် စနစ် ပြန် ရောက်မလာစေရေး၊ စစ်အာဏာရှင် စနစ် ပြန် မရှင်သန်လာရေးပါ။ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ အဲဒီ အတွေ့အကြံုရေးသားချက်ကနေ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ အနေနဲ့ မှန်ကန်တဲ့ သင်ခန်းစာ ထုတ်ယူဖို့ လိုပါတယ်၊ တစ်ဆက်တည်း တိုင်းပြည်ကို ဦးဆောင်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ပြန်ပြီး အမြစ်တွယ်မလာရလေအောင် အသွင်ကူးပြောင်းရေးကို အတူလက်တွဲ သွားရမယ့် တပ်မတော် စစ်ခေါင်းဆောင်တွေကို နွေးနွေးထွေးထွေး စည်းရုံး ဆွဲဆောင် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment