Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 31, 2016

မြန်မာတို့၏ မပြီးနိုင်သေးသော တိုက်ပွဲ

မြန်မာတို့၏ မပြီးနိုင်သေးသော တိုက်ပွဲ
Frontier Myanmar မှ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသော Mr. GRIFFIN HOTCHKISS ၏ ဆောင်းပါးကို ဘာသာ ပြန်ဆိုသည်။ ဤပို့စ်သည် မူရင်းပို့စ်နှင့် လွဲချော်ပြီး မှားယွင်းသည်များ ရှိပါက ဘာသာပြန်သူ၏ မှားယွင်းမှုသာ ဖြစ်သည်။
ရန်ကုန် မြို့လည်ကောင်က ဖန်တီးရာ မှာ ကျင်းပတဲ့ နည်းပညာ ဆွေးနွေးပွဲတစ်ခုမှာ Michael Suantak က ဇွဲနဘဲ ကြီးစွာ ပြောဆို ဆွေးနွေးနေသည်။
"သူတို့တွေ လူတွေကို မလှည့်စားသင့်ဘူး။ သူတို့ အနာဂါတ်ကို မလှည့်စားသင့်ဘူး" လို့ Mr. Suantak က ပြောနေသည်။ "သူတို့တွေ အခုလောလောဆည်တော့ အရမ်း လူသိများနေမှာပဲ။ ဒါပေမယ့် နောက် လေး၊ ငါးနှစ်နေလို့ လူတွေအားလုံး ဒါကိုသိသွားရင်၊ လူတွေ အရမ်း စိတ်ဆိုးကြလိမ့်မယ်။ ကျွန်တော်တို့ ထိန်းနိုင်မှာ မဟုတ်ဘူး။" ဟု သူက ဆက်ပြောတယ်။
ဒီစကားကို ကြားရတဲ့ ခဏမှာ သင့်အနေနဲ့ သူ အပစ်အခတ် ရပ်စဲရေး၊ ပြုပြင်ပြောင်းလဲရေး ဒါမှမဟုတ် ဧပြီ ၁ ရက်နေ့မှာ တာဝန်လွှဲပြောင်းယူမယ့် အစိုးရသစ်အတွက် စိန်ခေါ်မှုတွေအကြောင်းကို သူ ဆွေးနွေး ပြောဆိုနေတယ်လို့ ထင်မိပါလိမ့်မယ်။ ဒါပေမယ့် Mr. Suantak ပြောနေတာက ကွန်ပျူတာမှာ သုံးတဲ့ ဖောင့် (font) တစ်ခုအကြောင်းကို ပြောဆိုနေခြင်းပါ။ တကယ်တော့ ဖောင့်(fonts) ဆိုတာထက် မြန်မာဘာသာစကား စကားလုံးတွေကို သိမ်းဆည်းတဲ့ စနစ်တစ်ခု အကြောင်း၊ လက်ရှိ မိုဘိုင်းလ်ဖုန်း အင်တာနက် သက်သက် အသုံးပြုသူ မျိုးဆက်သစ်တို့၏ မပြီးနိုင်တဲ့ တိုက်ပွဲကြီး အကြောင်းကို ပြောနေတာပါ။
Mr. Suantak သည် ကွန်ပျူတာ မောင်းနှင်စနစ်တွေမှာ မြန်မာစာကို သိမ်းဆည်း(encode) လုပ်နိုင်ရန် ဖြေရှင်းမှုတွေထဲက အစောဆုံး စနစ်တွေထဲက တစ်ခုဖြစ်တဲ့ BIT ဖောင့်(BIT font) ကို တီထွင် ရေးသားခဲ့တဲ့သူ ဖြစ်ပါသည်။ သူ့ မှတ်ချက်၏ အတိမ်အနက်ကို နားလည်ရန် စကားလုံး အက္ခရာ သိမ်းဆည်းမှု (Character encoding) နှင့် ဒါတွေကို မြန်မာဘာသာစကားတို့အတွက် ဘယ်လို အသုံးချလဲ ဆိုတာ ကျွန်တော်တို့ သိဖို့ လိုအပ်ပါသည်။
ဗမာ မဟုတ်တဲ့သူတစ်ယောက် အနေနဲ့ ယူနီကုဒ်နှင့် ဇော်ဂျီ အပေါ်မှာ အစပျိုး ပြောချင်တဲ့ အကြောင်းအရာတွေကတော့ မြန်မာဖောင့်များ၏ သမိုင်း၊ ဘယ်လို ဖြေရှင်းမှု(သို့မဟုတ် ဖြေရှင်းမှု မဟုတ်) တာတွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေက မြန်မာဘာသာစကား၏အနာဂါတ် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဆက်ပြောချင်ပါသည်။
မြန်မာဘာသာစကား အက္ခရာ သိမ်းဆည်းမှု 101 (Burmese Character Encoding 101)
ကျွန်တော်တို့ ပြောဆိုနေကျ စကားလုံးတွေကို ကီးဘုတ်တွေကို အသုံးပြု ရိုက်နှိပ်ပြီး ဖိုင်ငယ်လေးတွေ အဖြစ် ကွန်ပျူတာအတွင်းမှာ သိမ်းဆည်းထားကြပါသည်။ သီချင်း၊ ဗီဒီယို စတဲ့ ဖိုင်တွေလို စာတွေကို သိမ်းထားတဲ့ ဖိုင်(file) တွေဟာလည်း ကွန်ပျူတာမှာ (1, 0) ဂဏန်းအတွဲတွေမျှသာ ဖြစ်ပါသည်။ ဒီဆောင်းပါးကို သိမ်းဆည်းထားတဲ့ စာသားဖိုင် (text file) မှာဆိုရင်၊ အက္ခရာတစ်လုံးချင်း၊ ပုဒ်ဖြတ် ပုဒ်ရပ်၊ စာခွဲ၊ စာပိုဒ်ခွဲ တစ်ခုချင်းစီအတွက် ဂဏန်းတစ်ခုစီ (code point) တစ်ခုစီ ရထားပါသည်။ ဒါ့ကြောင့် ဒီဆောင်းပါး စာသားဖိုင်ကို အခြားကွန်ပျူတာ တွေမှာ ဖတ်ရှုလျှင်လည်း ကျွန်တော် အရင်ရိုက်ထားခဲ့တဲ့အတိုင်း ပြန်လည် ကြည့်ရှုနိုင်ပါသည်။ ဒီလို စာသား အက္ခရာတွေကမှ ကွန်ပျူတာက နားလည်သော ဂဏန်းအတွဲလိုက်အဖြစ် ပြောင်းလဲခြင်းကို Encoding (ကုဒ်ပြောင်းခြင်း) လို့ ခေါ်ဆိုပါသည်။
ပြောင်းပြန်လှန်ပြီး ကွန်ပျူတာမှာ သိမ်းဆည်းထားတဲ့ ဂဏန်းအတွဲလိုက်ကနေ ကျွန်တော်တို့ မြင်နိုင်တဲ့ စာသား အက္ခရာတွေအဖြစ် ပြန်လှန်ပြောင်းလဲခြင်းကို Decoding (ကုဒ်ဖြည်ခြင်း) ဟု ခေါ်ပါသည်။ Encoding နှင့် Decoding ပြုလုပ်ရာမှာ ကွန်ပျူတာ အသီးသီးက အက္ခရာတစ်ခုချင်းစီအတွက် ဂဏန်းတန်ဖိုး တစ်ခုစီ အတူတကွ တူညီစွာ ထားထားကာမှသာ အလုပ်ဖြစ်မည် ဖြစ်ပါသည်။ ဆိုလိုသည်မှာ စာသားတွေ မှန်မှန်ကန်ကန် ပေါ်ဖို့ ကွန်ပျူတာအားလုံး သိမ်းဆည်းမှု ပုံစံ Encoding Schema တူညီစွာ ရှိနေဖို့ လိုအပ်ပါသည်။ တနည်းအားဖြင့် အက္ခရာ သိမ်ဆည်းမှု (Character Encoding)ကို စံစနစ် သတ်မှတ်ထားရပါမည်။ ကမ္ဘာ့ ဘာသာစကား တော်တော်များများအတွက် စာစီစာရိုက်ခြင်း၊ အက္ခရာစီခြင်း၊ ကွန်ပျူတာစနစ် အားလုံးမှာ သိမ်းဆည်းမှု စနစ် တည်ငြိမ်ခြင်းတို့အတွက် Unicode Standard ယူနီကုဒ် စံသတ်မှတ်ချက်များ ရှိနှင့်ပြီး ဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာစကားကဲ့သို့ လက်တင် အက္ခရာတွေအပေါ်မှာ အခြေခံထားသော ဘာသာစကားတွေအတွက် ယူနီကုဒ် စံသတ်မှတ်ချက် Unicode Standard ကို လိုက်နာရန် စကားလုံး အသီးသီး တစ်ခုချင်းစီအား သက်ဆိုင်ရာ ဂဏန်း code point တစ်ခု သတ်မှတ်ပေးလိုက်ရုံဖြင့် လွယ်ကူ ရိုးရှင်းစွာ လုပ်ဆောင်နိုင်ပါသည်။ သို့သော် ရေးသားရာတွင် ပိုမိုရှုပ်ထွေးသော ဘာသာစကားများအတွက် အကောင်းဆုံး သိမ်းဆည်းမှု ပုံစံ coding schema ရွေးချယ်ခြင်းမှာ ခက်ခဲလှပါသည်။ မြန်မာဘာသာစကားမှာ ဆိုလျှင်ပင် စကားလုံး တစ်လုံးရေးသားမှုအတွက် ပုံစံအမျိုးမျိုး ရှိနေပါသည်။
အရေးမလွယ်တဲ့ "မြို့"
ဥပမာအားဖြင့် "မြို့" ဟူသော စကားလုံးမှာ အက္ခရာအစိတ်အပိုင်း ၅ လုံးဖြင့် ပေါင်းစပ်ထားပါသည်။ အခြေခံ ဗျည်း "မ" အား " ြ " ရရစ်ပေါင်းပြီး "ရ" သံ ထည့်ကာ "မြ" အသံထွက်၊ " ိ " လုံးကြီးတင်နှင့် " ု  " တစ်ချောင်းငင် ပေါင်းစပ်ပြီး သရသံကို ပြောင်းလဲကာ "မြို" အသံထွက်ကာ နောက်ဆုံး " ့ " အောက်မြင့် ပေါင်းပြီး အသံဖြတ်ကာ စာလုံးတစ်လုံး ဖြစ်လာပါသည်။ သိမ်းဆည်းရန် (Encoding) အက္ခရာအစိတ်အပိုင်း တစ်ခုချင်းစီအတွက် ကွန်ပျူတာက နားလည်သော ဂဏန်း code point တစ်ခုစီ သတ်မှတ်ပေးရပါမည်။
ထပ်ဆောင်းပြောရလျှင် အက္ခရာ၏ အစိတ်အပိုင်း တစ်ခုချင်းစီသည် အခြား အက္ခရာ အစိတ်အပိုင်း တစ်ခုကို လိုက်ပြီး ပုံစံ ပြောင်းလဲ (render) ရပါသည်။ ဒီဥပမာတွင် " ြ " ရရစ်သည် ခေါင်းပိုင်းမှာ လုံးကြီးတင်ကို ဖုံးမသွားစေရန်အတွက် ဖြတ်တောက်ထားရပါမည်။ " ့ " မှာ တစ်ချောင်းငင်နေရာရှိစေရန်အတွက် ညာဘက်အနည်းငယ် ရောက်ရှိနေရပါမည်။ ဒီလို ကိစ္စတွေအတွက် ယူနီကုဒ်သည် အထူး ပုံပြောင်းစနစ်(Intelligent Rendering Engine) တစ်ခုကို အသုံးပြုပြီး "မ ြ ိ ု ့" အက္ခရာအစိတ်အပိုင်း တစ်ခုချင်းစီအတွက် ဂဏန်း code point တစ်ခုစီမျှသာ ပေးကာ ပြေလည်အောင် ဖြေရှင်းပေးပါသည်။ အက္ခရာပေါင်းစပ်မှုပေါ်တွင် မူတည်ပြီး အက္ခရာ အစိတ်အပိုင်း တစ်ခုချင်းစီ၏ ပုံစံကို ပုံပြောင်းစနစ်က ပြောင်းလဲပေးပါသည်။
မြန်မာဖောင့်တွေ၏ အစ
ကနဦး အစတွင် Intelligent Rendering Engine ပုံပြောင်းစနစ် မရှိသည့်အတွက် ကွန်ပျူတာဖန်သားပြင်တွေပေါ်မှာ မြန်မာ အက္ခရာအမျိုးမျိုးကို ပေါ်စေဖို့ ခက်ခဲခဲ့ပါသည်။ အစောဆုံး မြန်မာဖောင့်တွေထဲက တစ်ခုဖြစ်သည့် မြစေတီဖောင့်ကို ရေးသားသော ကိုငွေထွန်း၏ စိတ်ကူးတစ်ခု ဆန်းသစ်ခဲ့မှုသည် ယနေ့အထိ ဇော်ဂျီဖောင့်မှ သုံးစွဲနေဆဲ ဖြစ်သည်။ သူက အက္ခရာ အစိတ်အပိုင်းတစ်ခုချင်းစီ၏ ပုံစံကွဲ အမျိုးမျိုးတို့ကို ဂဏန်း code point တစ်ခုချင်းစီမှာ တွဲဆက် သတ်မှတ်ခဲ့ပါသည်။ ကျွန်တော်တို့ ဥပမာ "မြို့" ကို ရေးသားရန်အတွက် မြစေတီကို အသုံးပြုသူတို့သည် ရရစ် ပုံစံကွဲ ၈ မျိုးထဲမှ သင့်တော်သော ရရစ်နှင့် အောက်မြင့် ကို ရွေးချယ် ရိုက်နှိပ်ရပါသည်။
မြစေတီ၊ ဘီအိုင်တီ(BIT) နှင့် ဇော်ဂျီ တို့သည် အက္ခရာ ပုံပြောင်းစနစ် ခေတ္တ ဖြေရှင်းရန်အတွက် အခြားမြန်မာတိုင်းရင်းသားတို့ ဘာသာစကားတို့အတွက် ထားထားသော code point တွေနေရာမှာ အသုံးပြုခဲ့ပါသည်။ ဒီလို အသုံးပြုလိုက်ခြင်းဟာ တိုင်းရင်းသားတွေ၏ ဘာသာစကားတိုးတက်မှုကို ဟန့်တားထားသလို အတွေ့အကြုံရှိသူတို့အတွက်တောင် စာရိုက်စနစ် ရှုပ်ထွေးပြီး အကျိုးနဲသည်ကို တွေ့ရပါသည်။
ဇော်ဂျီတွင် "မြို့" ဟူသော စကားလုံး တစ်လုံးအတွက် အမြင်မှန်သည်ဟု ယူဆနိုင်သော ရေးသားမှု ၆မျိုး ရှိပါသည်။ အကယ်၍ မှားယွင်းသော ရရစ်ပုံပြောင်းများကိုပါ လက်ခံပါက ထပ်ပြီး ကွဲပြားမှု များစွာ ရှိနေနိုင်ပါသေးသည်။ သို့ပါသော်လည်း ကွန်ပျူတာ တစ်ခုသည် ကျွန်တော်တို့ အမြင်အားဖြင့် မှန်နေသော မူကွဲ မျိုးမျိုးကို မတူညီသော စကားလုံး အဖြစ်သာ မှတ်ယူပါသည်။ နှိုင်းယှဉ်ရလျှင် ယူနီကုဒ်သည် အက္ခရာတစ်ခုချင်းစီအတွက် ကုဒ်ပွိုင့် (code point) တစ်ခုစီကိုသာ ရှိပြီး မှန်ကန်သော အစီအစဉ်ဖြင့် သိမ်းဆည်းမှသာ စကားလုံးပုံစံ မှန်ကန်စွာ ပုံဖော်(render) လုပ်မည် ဖြစ်ပါသည်။ ဆိုလိုရင်းမှာ ယူနီကုဒ်တွင် စကားလုံးတစ်ခုချင်းစီအတွက် သိမ်းဆည်းမှု တစ်ခုစီဖြစ်ပါသည်။
"ဒါဟာ လတ်တလော ဖြေရှင်းခြင်းမျှသာ ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘာလို့လဲဆိုတော့ Microsoft နှင့် အခြားနည်းပညာ ကုမ္ပဏီတွေဟာ စံစနစ်တစ်ခုကို ထောက်ပံ့ပေးကြမှာလေ" ဟု ကိုငွေထွန်းက ပြောပါသည်။ "စံစနစ် ပြုလုပ်ပြီးတဲ့အခါမှာ ကျွန်တော်တို့ ကျွန်တော်တို့ အသုံးပြုသူတွေကို အရင်လုပ်ခဲ့တာတွေကို ဆက်လက် ထောက်ပံ့မှု မပေးတော့ဆိုတာ ပြောခဲ့ပါတယ်" ဟု သူက ဆိုပါသည်။
သို့ပေမယ့်လည်း စံစနစ်ကို သွေဖယ်ခြင်း တစ်ခုတည်းက မြစေတီဖောင့်၏ ပြဿနာ မဟုတ်ခဲ့ပါ။ မြစေတီဖောင့်သည် အလွန် ဈေးကြီးပါသည်။ အသုံးပြုသူတစ်ယောက်အတွက် အမေရိကန် ဒေါ်လာ ၁၀၀ ကျသင့်ပြီး၊ အွန်လိုင်းမီဒီယာတွေလို ထုတ်လုပ်သူတွေအတွက် ဒေါ်လာ ၁၀၀၀ ကျသင့်မှာ ဖြစ်ပါသည်။ ၂၀၀၂ ခုနှစ်တွင် ကုမ္ပဏီတော်တော်များများအတွက် များပြားသော ပမာဏ ဖြစ်ပါသည်။ တခြား ဈေးကြီးတဲ့ ဆော့ဝဲလ်တွေလိုပါပဲ Piracy ခိုကူးယူမှုတွေက ရှိခဲ့ပါသည်။
ဇော်ဂျီဖောင့် ဖြစ်ပေါ်လာခြင်း
Zawgyi-One ဖောင့်ကို ၂၀၀၆ ခုနှစ်က မန္တလေးမြို့မှာ အခမဲ့ ထုတ်ဝေခဲ့ပြီး မြစေတီနှင့် သိသိသာသာ တူညီနေခဲ့ပါသည်။ ပထမဆုံး ဗားရှင်းဆိုလျှင် ကိုငွေထွန်း၏ မူပိုင်ခွင့် စာသားတစ်ချို့ပင် မူလအတိုင်း ပါဝင်နေကာ မထုတ်ဝေခင်မှာ မသိခဲ့ပါဘူး။ ဒါကြောင့် အချို့မှာ ဆွဲယူ အသုံးပြုဖို့ လက်တွံ့ခဲ့ကြပါသည်။ မကြာမီမှာပဲ မြန်မာကုမ္ပဏီကြီးအများအပြားက မြစေတီအစား ဇော်ဂျီကို အသုံးပြုဖို့ သို့မဟုတ် အသုံးပြုရန် ပြင်ဆင်ခဲ့ကြပါသည်။
ကိုငွေထွန်း၏ ကုမ္ပဏီ Solveware Solution သည် Piracy လုပ်ခံရမှုအတွက် နို့တစ်စာ တစ်စောင် ထုတ်ကာ ဇော်ဂျီဖောင့် ပြုလုပ်သူအပါအဝင် မြစေတီဖောင့်ကို ကူးယူထားသော ဖောင့်အား အသုံးပြုသော ကုမ္ပဏီများအား တရားစွဲဆိုမည့် အကြောင်း ကြေညာခဲ့ပါသည်။ ဒီလို လုပ်သည့်အတွက် နည်းပညာနယ်ပယ် အထူးသဖြင့် သက်ဆိုင်ရာကုမ္ပဏီတို့က ဒေါသထွက် မကျေမနပ် ဖြစ်ခဲ့ကြပြီး၊ ဇော်ဂျီဖောင့်သည်လည်း ယူနီကုဒ်နှင့် ပိုမို ဝေးကွာစေသော အပြောင်းအလဲတစ်ခု  ပြင်ဆင်ခဲ့ပါသည်။ ဒါ့ကြောင့် မူပိုင်ခွင့် ဆိုင်ရာ ယူငင်သုံးစွဲပါသည်ဟု သက်သေပြရန် ခက်ခဲသွားခဲ့ပါသည်။
အဲဒီအတောအတွင်းမှာ ဘာသာစကားပေါင်းကူးခြင်းဆိုင်ရာ လုပ်ငန်းများ(internationalisation)ကို ယူနီကုဒ်အတွက် ဆက်လက် လုပ်ဆောင်ခဲ့ကြပါသည်။ Microsoft Window XP service Pack 2 မှာ အရေးရှုပ် ဘသာစကားတွေ (complex scripts) တွေကို ထောက်ပံ့ပေးလာခဲ့သည့်အတွက် အဲဒီအချိန်က ယူနီကုဒ်စံစနစ်နှင့် ကိုက်ညီသော ၂၀၀၅ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ မြန်မာ ၁ ဖောင့်(Myanmar 1) က Windows စနစ်မှာ ကောင်းစွာ အလုပ်လုပ်ခဲ့ပါသည်။
Windows စနစ်နှင့် တွဲဖက် အလုပ်လုပ်ဆောင်နိုင်သောလည်း မြန်မာ ၁ ဖောင့်ကို အသုံးပြုရန်အတွက် နည်းပညာ အခြေခံရှိဖို့ လိုအပ်ပြီး တချို့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်ပါသည်။ ယူနီကုဒ်အကြောင်း အသေးစိတ် လေ့လာသူ၊ ဇော်ဂျီနှင့် ယူနီကုဒ် ခွဲခြားသိနိုင်သော ကုဒ်များကို ရေးသားသူ ကိုရာဝိ (Ko Ravi Chhabra) က ဒီလို ခက်ခဲမှုတွေအပေါ်မှာ ဇော်ဂျီက ပထမ တစ်ချက် တပန်းသာသွားခဲ့တယ်လို့ ပြောခဲ့ပါသည်။
ဒုတိယ တစ်ချက်က အင်တာနက်ဆိုတာကြီးက သတင်းအချက်အလက်တို့၏ ရင်းမြစ်အဖြစ် ပေါ်ပေါက်လာခဲ့တာ ဖြစ်တယ်လို့ သူက ပြောခဲ့ပါသည်။ ဘုန်းတော်ကြီးတို့ ဦးဆောင်တဲ့ ၂၀၀၇ ရွှေဝါရောင်သပိတ်မှောက် အရေးအခင်းနှင့်အတူ ၂၀၀၈ ဆိုင်ကလုန်း နာဂစ်ကြောင့် လူတွေ အများအပြားသည် အင်တာနက်၏ စွမ်းအားကို ကြားခံအဖြစ် ကောင်းစွာ နားလည်လာခဲ့ကြကာ မြန်မာဘာသာဖြင့် ရေးသားသော အချက်အလက်များ အစီအစဉ်ကျကျ တဖြည်းဖြည်း ပွားများလာခဲ့ပါသည်။
"ဇော်ဂျီ၏ ကြီးမားတဲ့ အောင်မြင်မှု အကြောင်းက planet.com.mm ပဲ" ဟု ကိုရာဝိက ပြောကြာခဲ့ပါသည်။ "planet က သတင်းတွေ စုတဲ့ နေရာ တစ်ခု ဖြစ်ခဲ့ပြီး သူက ဇော်ဂျီကို အသုံးပြုတယ်။ လူတွေက အဲဒီဆိုဒ်ကို သွားတဲ့အခါ ဖောင့်ကို Download လုပ်ဖို့ link တစ်ခု ရှိတယ်။ အဲဒီအချိန်တုန်းက font embedding က အလုပ်မလုပ်သေးတော့ ဖောင့် install လုပ်ဖို့ လိုအပ်တယ်လေ" ဟု သူက ဆက်ပြောခဲ့ပါသည်။
"တတိယ တစ်ချက်က ဘလော့တွေပဲ။ အစောပိုင်း ဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်တဲ့ ညီလင်းဆက်က ဇော်ဂျီကို အသုံးပြုခဲ့ပြီး ဘလော့တွေမှာ ဇော်ဂျီအသုံးပြုနည်းတွေကို ရေးသားခဲ့တယ်။ လူတွေက ဒါကို သဘောကျကြတယ်။ ပြီးတော့ သူတို့ ဇော်ဂျီနဲ့ ဘလော့တွေ ရေးဖို့ စခဲ့ကြတာပဲ" ဟု ဆက်လက် ပြောကြားခဲ့ပါသည်။
ကိုငွေထွန်းက တရားစွဲဆိုမယ့် ကိစ္စကို နောက်တော့ ဖျက်သိမ်းခဲ့ပါသော်လည်း ပျက်စီးမှုတွေက ပြီးခဲ့ပါပြီ။ Solveware Solution ၏ စွပ်စွဲ အကြောင်းဆိုမှုတွေနဲ့အတူ ဇော်ဂျီကို ဖန်တီးကြတဲ့ developers တွေကလည်း ဇော်ဂျီဖောင့်ဟာ အကောင်းဆုံး မြန်မာဖောင့်အဖြစ် အွန်လိုင်းပေါ်မှာ ဆက်လက် လှုံ့ဆော်ခဲ့ကြပါတော့သည်။
နောက်ဆက်တွဲ ဇော်ဂျီ ဗားရှင်း ထုတ်ဝေမှုတွေဟာ သာမာန်အသုံးပြုသူတွေအတွက် ပိုမိုလွယ်ကူလာသလို စံစနစ်ဆီကို ပြောင်းလဲဖို့သည်လည်း ပိုမိုခက်ခဲလာကာ ဝေးကွာ လာခဲ့ပါသည်။ တချို့ကိစ္စတွေမှာဆိုလျှင် Microsoft ၏ Arial ဖောင့်ကို အစားထိုးခြင်း၊ Internet Explorer မှာ Plugin တစ်ခု ထည့်ခြင်း၊ ပြန်ဖြုတ်သည့် လုပ်ဆောင်ချက်မပါခြင်းတို့နှင့် အသုံးပြုသူ၏ စနစ်တစ်ခုလုံးကို ဇော်ဂျီဖောင့်အဖြစ် ထားဖို့ လုပ်ဆောင်ခဲ့ကြပါသည်။
"ဒါတွေသာ ကံကောင်းထောက်မစွာ ဖြစ်မလာခဲ့ဘူးထားပါတော့။ အဲလိုသာဆိုရင် ကျွန်တော်တို့ ဒီလိုနေရာမှာ မဟုတ်တော့ဘူး" ဟု ကိုရာဝိက ပြောကြားခဲ့ပါသည်။
ဘာလဲ ဘယ်လဲ နှင့် ကျွန်တော်တို့
မြန်မာယူနီကုဒ် စနစ်ကို ပိုမိုကောင်းမွန်အောင် ပြုပြင် ဖြည့်စွက်ခဲ့တာ ဟိုး အရင်ကတည်းကပါ။ Complex Script နဲ့ ပုံပြောင်းစနစ် (intelligent rendering) ယူနီကုဒ်မှာ ပါလာခဲ့ပါပြီ။ ပြီးတော့ စံသတ်မှတ်ချက်ကို Google, Apple နှင့် Facebook တို့လို ကုမ္ပဏီတွေက မြန်မာဘာသာစကားကို ထောက်ပံ့ဖို့ အသုံးပြုလာကြသည်။ ရှမ်း၊ မွန်၊ ကယား၊ ကရင် စသည့် မြန်မာတိုင်းရင်းဘာသာစကားတွေလည်း မြန်မာယူနီကုဒ်ထဲမှာ ပါဝင်ပါသည်။
သို့ပေမယ့်လည်း Facebook မှာ ရှိတဲ့ မြန်မာလိုရေးထားတဲ့ စာတစ်ပုဒ်ကို ကြည့်မယ်ဆိုရင် ဇော်ဂျီနှင့် ရေးထားတာ အတော် များများ တွေ့ရမှာ ဖြစ်ပါသည်။ တချို့ သတင်းမီဒီယာ စာမျက်နှာတွေမှာတော့ ယူနီကုဒ်ဖြင့်ပါ ရေးသားဖော်ပြကြတာကို တွေ့ရပေမယ့်လည်း အတော်များများက မဖော်ပြကြပါ။ Huawei နှင့် Samsung တို့လို့ မြန်မာနိုင်ငံမှာ အသုံးအများဆုံး ဖုန်းကုမ္ပဏီတွေကလည်း သူတို့ဖုန်းတွေမှာ ဇော်ဂျီကို တပါးတည်း ထည့်ပေးပြီး ဈေးကွက်ရဖို့အတွက်ကို အာရုံစိုက်လာခဲ့ပါသည်။
မြန်မာတွေ သူတို့ ဖုန်းအသစ်ကိုဖွင့် အွန်လိုင်းကို အသုံးပြုလာတာ ပိုများလာလေလေ သူတို့တွေ မသိလိုက်ပဲ ဇော်ဂျီအသုံးပြုသူအဖြစ် အခြားလူများနည်းတူ ရောနှောသွားပါသည်။ ဇော်ဂျီဖောင့်သည် အလုပ်ရှုပ်မခံချင်သူတို့အတွက်ဖောင့်၊ ဒီပြဿနာတွေရဲ့ အကြောင်းအရင်းတစ်ခု ဖြစ်လာပါသည်။
ဒီလိုတွေဖြစ်လာရခြင်းက ဇော်ဂျီကို ဆက်လက်အသုံးပြုနေတဲ့ အတွက်ကြောင့် ဖြစ်ပါသည်။ ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုရတာ ကနဦး အစမှာ စတေးမှုတချို့ ရှိပါသည်။ သတင်းမီဒီယာတွေလို သတင်းအချက်အလက် ဖြန့်ချိသူတွေ စာဖတ်သူ လျော့ကျနိုင်ခြင်း၊ ဖုန်းထုတ်လုပ်သူတွေ ဖောက်သည် လျော့ကျခြင်း၊ ပုံမှန်အသုံးပြုသူတွေ သူတို့ အသိမိတ်ဆွေတွေနဲ့ ကွဲထွက်လာခြင်း သူ့စာကိုယ်မမြင်ရ ကိုယ့်စာ သူမမြင်ရခြင်းတွေ ဖြစ်နိုင်ပါသည်။ ယူနီကုဒ်စနစ်ဟာ ကမ္ဘာ့ အသိအမှတ်ပြု စံသတ်မှတ်ချက် ဖြစ်တဲ့အတွက် အားလုံးကောင်းဖို့ ဇော်ဂျီကို ဆက်လက် အသုံးမပြုမှ ဖြစ်ပါမည်။ ကွယ်ပျောက်သွားရပါမည်။
သို့ပေမယ့်လည်း ပြောင်းလဲ အသုံးမပြုခင် စပ်ကြားမှာ မြန်မာလူမျိုးတွေ အားလုံး အွန်လိုင်းပေါ်မှာ ရေးသားကြသော တိုးပွားလာသည့် အချက်အလက် သတင်းတွေ အားလုံးသည် မပြည့်မစုံ ဖြစ်လာကြမှာ ဖြစ်ပါသည်။ စာစစ်ထုတ်ရှာဖွေခြင်း၊ အက္ခရာစဉ်ခြင်းနှင့် ဇော်ဂျီဖြင့် ရေးသားထားတဲ့ အချက်အလက်တွေကို တွက်ချက် ဆောင်ရွက်ရသည်မှာ တီထွင်ဖန်တီးသူ Developer တို့၊ ယူနီကုဒ်စံစနစ်ကို လိုက်နာသိမ်းဆည်းမှု မပြုနိုင်တဲ့ ဆော့ဝဲလ်ပြုလုပ်သူတို့အတွက် အိပ်မက်ဆိုး တစ်ခု ဖြစ်ပါသည်။ ဇော်ဂျီ၏ မပြည့်စုံတဲ့ သိမ်းဆည်းမှုစနစ်ပုံစံ (Coding schema) ကြောင့် သူတို့တွေဟာ လိုအပ်ချက်များစွာကို ဖြည့်ဆည်း ဆောင်ရွက်ရမှာ ဖြစ်ပါသည်။
"လာမယ့် အနာဂါတ်မှာ စက်ဘာသာပြန်စနစ်(Machine Translation)၊ ရုပ်ပုံမှ စာအက္ခရာတွေကို ပြောင်းလဲမှု (OCR)၊ စာအက္ခရာမှ အသံထွက်ဆိုနိုင်မှု (Text to voice)တို့တွေ ရှိလာမယ်။ အဲဒီအချိန်မှာ ဇော်ဂျီဖြင့် ရေးထားတဲ့ အချက်အလက် content တွေဟာ အသုံး မဝင် ဖြစ်လာမှာ"
Mr. Suantak က အဲဒီအချိန်ရောက်ရင် ရှိနေတဲ့ သတင်းအချက်အလက်တွေ စွန့်ပစ်ရမည့် အနေအထားတွေ ရှိလာနိုင်တယ်လို့ ယုံကြည်နေပါသည်။ လက်ရှိ သတင်းအချက်အလက် content တွေကို ယူနီကုဒ်စနစ်ကို ပြောင်းလဲဖို့ ရွေးချယ်ခဲ့တဲ့သူတွေကိုလည်း အသိအမှတ် ပြုခဲ့ပါသည်။ "BBC က ယူနီကုဒ်စနစ်ကို လိုက်နာတဲ့ ဖောင့်ကို သုံးတယ်။ လူတွေ BBC ကို ကြည့်နေကြတုန်းပဲ။ သူတို့ပေးနိုင်တဲ့ သတင်းအချက်အလက်တွေက လုံလုံလောက်လောက် ကောင်းနေခဲ့ရင် လူတွေဟာ ဒီအချက်အလက်တွေကို ကြည့်ရှုနိုင်ဖို့ ပြောင်းလဲလာမှာပဲ"။
ယူနီကုဒ် စနစ်ဆီသို့ အပြောင်းအလဲဆိုတာကြီးက ခက်ခက်ခဲခဲ လုပ်ရမည့်ပုံပေါ်သော်လည်း တခြား ပြုပြင်ပြောင်းလဲရေးတွေလောက်  အခက်အခဲ အတားအဆီး မများပါ။ ဇော်ဂျီ/ယူနီကုဒ် ပြောင်းလဲသော ကုဒ်များကို ရေးသားသူ၊ ယူနီကုဒ် ပြင်းပြင်းပြပြ ထောက်ခံသူ ကိုသူရလှိုင် က လူထုကို တွန်းအားပေးဖို့ အစိုးရ၏ ဂရုတစိုက် ညွှန်ကြား ပါဝင်မှု လိုအပ်တယ်လို့ ယုံကြည်ပါသည်။
"ကမ္ဘောဒီယားမှာလည်း ဒီပြဿနာမျိုး ကြုံခဲ့တယ်။ အစိုးရက ရှေ့ဆောင်လမ်းပြပြီး 'ဒီနိုင်ငံကို ပစ္စည်းတွေ တင်သွင်း ရောင်းချမယ်ဆိုရင် ယူနီကုဒ်ကို သုံးရမယ်' လို့ ကြေညာခဲ့တယ်။ အဲဒီ ပြဿနာ ပြေလည်သွားခဲ့တယ်"လို့ ကိုသူရလှိုင်က ပြောပါသည်။
မြန်မာနိုင်ငံအတွက် ဒီပြုပြင်ပြောင်းလဲရေးသည်လည်း အလွယ်တကူ ပြီးသွားပါစေလို့ မျှော်လင့်ရင်း . . .

MR. GRIFFI HOTCHKISS ရေးသားသော http://frontiermyanmar.net/en/features/battle-of-the-fonts မှ ဆောင်းပါးကို ဘာသာပြန်ဆိုသည်။
........................................
ျမန္မာတို႔၏ မၿပီးနိုင္ေသးေသာ တိုက္ပြဲ
Frontier Myanmar မွ အဂၤလိပ္ဘာသာျဖင့္ ေရးထားေသာ Mr. GRIFFIN HOTCHKISS ၏ ေဆာင္းပါးကို ဘာသာ ျပန္ဆိုသည္။ ဤပို႔စ္သည္ မူရင္းပို႔စ္ႏွင့္ လြဲေခ်ာ္ၿပီး မွားယြင္းသည္မ်ား ရွိပါက ဘာသာျပန္သူ၏ မွားယြင္းမွုသာ ျဖစ္သည္။

ရန္ကုန္ ၿမိဳ႕လည္ေကာင္က ဖန္တီးရာ မွာ က်င္းပတဲ့ နည္းပညာ ေဆြးေႏြးပြဲတစ္ခုမွာ Michael Suantak က ဇြဲနဘဲ ႀကီးစြာ ေျပာဆို ေဆြးေႏြးေနသည္။

"သူတို႔ေတြ လူေတြကို မလွည့္စားသင့္ဘူး။ သူတို႔ အနာဂါတ္ကို မလွည့္စားသင့္ဘူး" လို႔ Mr. Suantak က ေျပာေနသည္။ "သူတို႔ေတြ အခုေလာေလာဆည္ေတာ့ အရမ္း လူသိမ်ားေနမွာပဲ။ ဒါေပမယ့္ ေနာက္ ေလး၊ ငါးႏွစ္ေနလို႔ လူေတြအားလုံး ဒါကိုသိသြားရင္၊ လူေတြ အရမ္း စိတ္ဆိုးၾကလိမ့္မယ္။ ကၽြန္ေတာ္တို႔ ထိန္းနိုင္မွာ မဟုတ္ဘူး။" ဟု သူက ဆက္ေျပာတယ္။

ဒီစကားကို ၾကားရတဲ့ ခဏမွာ သင့္အေနနဲ႔ သူ အပစ္အခတ္ ရပ္စဲေရး၊ ျပဳျပင္ေျပာင္းလဲေရး ဒါမွမဟုတ္ ဧၿပီ ၁ ရက္ေန႔မွာ တာဝန္လႊဲေျပာင္းယူမယ့္ အစိုးရသစ္အတြက္ စိန္ေခၚမွုေတြအေၾကာင္းကို သူ ေဆြးေႏြး ေျပာဆိုေနတယ္လို႔ ထင္မိပါလိမ့္မယ္။ ဒါေပမယ့္ Mr. Suantak ေျပာေနတာက ကြန္ပ်ဴတာမွာ သုံးတဲ့ ေဖာင့္ (font) တစ္ခုအေၾကာင္းကို ေျပာဆိုေနျခင္းပါ။ တကယ္ေတာ့ ေဖာင့္(fonts) ဆိုတာထက္ ျမန္မာဘာသာစကား စကားလုံးေတြကို သိမ္းဆည္းတဲ့ စနစ္တစ္ခု အေၾကာင္း၊ လက္ရွိ မိုဘိုင္းလ္ဖုန္း အင္တာနက္ သက္သက္ အသုံးျပဳသူ မ်ိဳးဆက္သစ္တို႔၏ မၿပီးနိုင္တဲ့ တိုက္ပြဲႀကီး အေၾကာင္းကို ေျပာေနတာပါ။

Mr. Suantak သည္ ကြန္ပ်ဴတာ ေမာင္းႏွင္စနစ္ေတြမွာ ျမန္မာစာကို သိမ္းဆည္း(encode) လုပ္နိုင္ရန္ ေျဖရွင္းမွုေတြထဲက အေစာဆုံး စနစ္ေတြထဲက တစ္ခုျဖစ္တဲ့ BIT ေဖာင့္(BIT font) ကို တီထြင္ ေရးသားခဲ့တဲ့သူ ျဖစ္ပါသည္။ သူ႔ မွတ္ခ်က္၏ အတိမ္အနက္ကို နားလည္ရန္ စကားလုံး အကၡရာ သိမ္းဆည္းမွု (Character encoding) ႏွင့္ ဒါေတြကို ျမန္မာဘာသာစကားတို႔အတြက္ ဘယ္လို အသုံးခ်လဲ ဆိုတာ ကၽြန္ေတာ္တို႔ သိဖို႔ လိုအပ္ပါသည္။

ဗမာ မဟုတ္တဲ့သူတစ္ေယာက္ အေနနဲ႔ ယူနီကုဒ္ႏွင့္ ေဇာ္ဂ်ီ အေပၚမွာ အစပ်ိဳး ေျပာခ်င္တဲ့ အေၾကာင္းအရာေတြကေတာ့ ျမန္မာေဖာင့္မ်ား၏ သမိုင္း၊ ဘယ္လို ေျဖရွင္းမွု(သို႔မဟုတ္ ေျဖရွင္းမွု မဟုတ္) တာေတြရဲ့ ေနာက္ဆက္တြဲ အက်ိဳးဆက္ေတြက ျမန္မာဘာသာစကား၏အနာဂါတ္ ဘယ္ေလာက္အေရးႀကီးတယ္ဆိုတာကို ဆက္ေျပာခ်င္ပါသည္။

ျမန္မာဘာသာစကား အကၡရာ သိမ္းဆည္းမွု 101 (Burmese Character Encoding 101)

ကၽြန္ေတာ္တို႔ ေျပာဆိုေနက် စကားလုံးေတြကို ကီးဘုတ္ေတြကို အသုံးျပဳ ရိုက္ႏွိပ္ၿပီး ဖိုင္ငယ္ေလးေတြ အျဖစ္ ကြန္ပ်ဴတာအတြင္းမွာ သိမ္းဆည္းထားၾကပါသည္။ သီခ်င္း၊ ဗီဒီယို စတဲ့ ဖိုင္ေတြလို စာေတြကို သိမ္းထားတဲ့ ဖိုင္(file) ေတြဟာလည္း ကြန္ပ်ဴတာမွာ (1, 0) ဂဏန္းအတြဲေတြမၽွသာ ျဖစ္ပါသည္။ ဒီေဆာင္းပါးကို သိမ္းဆည္းထားတဲ့ စာသားဖိုင္ (text file) မွာဆိုရင္၊ အကၡရာတစ္လုံးခ်င္း၊ ပုဒ္ျဖတ္ ပုဒ္ရပ္၊ စာခြဲ၊ စာပိုဒ္ခြဲ တစ္ခုခ်င္းစီအတြက္ ဂဏန္းတစ္ခုစီ (code point) တစ္ခုစီ ရထားပါသည္။ ဒါ့ေၾကာင့္ ဒီေဆာင္းပါး စာသားဖိုင္ကို အျခားကြန္ပ်ဴတာ ေတြမွာ ဖတ္ရွုလၽွင္လည္း ကၽြန္ေတာ္ အရင္ရိုက္ထားခဲ့တဲ့အတိုင္း ျပန္လည္ ၾကည့္ရွုနိုင္ပါသည္။ ဒီလို စာသား အကၡရာေတြကမွ ကြန္ပ်ဴတာက နားလည္ေသာ ဂဏန္းအတြဲလိုက္အျဖစ္ ေျပာင္းလဲျခင္းကို Encoding (ကုဒ္ေျပာင္းျခင္း) လို႔ ေခၚဆိုပါသည္။

ေျပာင္းျပန္လွန္ၿပီး ကြန္ပ်ဴတာမွာ သိမ္းဆည္းထားတဲ့ ဂဏန္းအတြဲလိုက္ကေန ကၽြန္ေတာ္တို႔ ျမင္နိုင္တဲ့ စာသား အကၡရာေတြအျဖစ္ ျပန္လွန္ေျပာင္းလဲျခင္းကို Decoding (ကုဒ္ျဖည္ျခင္း) ဟု ေခၚပါသည္။ Encoding ႏွင့္ Decoding ျပဳလုပ္ရာမွာ ကြန္ပ်ဴတာ အသီးသီးက အကၡရာတစ္ခုခ်င္းစီအတြက္ ဂဏန္းတန္ဖိုး တစ္ခုစီ အတူတကြ တူညီစြာ ထားထားကာမွသာ အလုပ္ျဖစ္မည္ ျဖစ္ပါသည္။ ဆိုလိုသည္မွာ စာသားေတြ မွန္မွန္ကန္ကန္ ေပၚဖို႔ ကြန္ပ်ဴတာအားလုံး သိမ္းဆည္းမွု ပုံစံ Encoding Schema တူညီစြာ ရွိေနဖို႔ လိုအပ္ပါသည္။ တနည္းအားျဖင့္ အကၡရာ သိမ္ဆည္းမွု (Character Encoding)ကို စံစနစ္ သတ္မွတ္ထားရပါမည္။ ကမၻာ့ ဘာသာစကား ေတာ္ေတာ္မ်ားမ်ားအတြက္ စာစီစာရိုက္ျခင္း၊ အကၡရာစီျခင္း၊ ကြန္ပ်ဴတာစနစ္ အားလုံးမွာ သိမ္းဆည္းမွု စနစ္ တည္ၿငိမ္ျခင္းတို႔အတြက္ Unicode Standard ယူနီကုဒ္ စံသတ္မွတ္ခ်က္မ်ား ရွိႏွင့္ၿပီး ျဖစ္ပါသည္။

အဂၤလိပ္ဘာသာစကားကဲ့သို႔ လက္တင္ အကၡရာေတြအေပၚမွာ အေျခခံထားေသာ ဘာသာစကားေတြအတြက္ ယူနီကုဒ္ စံသတ္မွတ္ခ်က္ Unicode Standard ကို လိုက္နာရန္ စကားလုံး အသီးသီး တစ္ခုခ်င္းစီအား သက္ဆိုင္ရာ ဂဏန္း code point တစ္ခု သတ္မွတ္ေပးလိုက္႐ုံျဖင့္ လြယ္ကူ ရိုးရွင္းစြာ လုပ္ေဆာင္နိုင္ပါသည္။ သို႔ေသာ္ ေရးသားရာတြင္ ပိုမိုရွုပ္ေထြးေသာ ဘာသာစကားမ်ားအတြက္ အေကာင္းဆုံး သိမ္းဆည္းမွု ပုံစံ coding schema ေရြးခ်ယ္ျခင္းမွာ ခက္ခဲလွပါသည္။ ျမန္မာဘာသာစကားမွာ ဆိုလၽွင္ပင္ စကားလုံး တစ္လုံးေရးသားမွုအတြက္ ပုံစံအမ်ိဳးမ်ိဳး ရွိေနပါသည္။

အေရးမလြယ္တဲ့ "ၿမိဳ႕"

ဥပမာအားျဖင့္ "ၿမိဳ႕" ဟူေသာ စကားလုံးမွာ အကၡရာအစိတ္အပိုင္း ၅ လုံးျဖင့္ ေပါင္းစပ္ထားပါသည္။ အေျခခံ ဗ်ည္း "မ" အား " ျ " ရရစ္ေပါင္းၿပီး "ရ" သံ ထည့္ကာ "ျမ" အသံထြက္၊ " ိ " လုံးႀကီးတင္ႏွင့္ " ု  " တစ္ေခ်ာင္းငင္ ေပါင္းစပ္ၿပီး သရသံကို ေျပာင္းလဲကာ "ၿမိဳ" အသံထြက္ကာ ေနာက္ဆုံး " ့ " ေအာက္ျမင့္ ေပါင္းၿပီး အသံျဖတ္ကာ စာလုံးတစ္လုံး ျဖစ္လာပါသည္။ သိမ္းဆည္းရန္ (Encoding) အကၡရာအစိတ္အပိုင္း တစ္ခုခ်င္းစီအတြက္ ကြန္ပ်ဴတာက နားလည္ေသာ ဂဏန္း code point တစ္ခုစီ သတ္မွတ္ေပးရပါမည္။

ထပ္ေဆာင္းေျပာရလၽွင္ အကၡရာ၏ အစိတ္အပိုင္း တစ္ခုခ်င္းစီသည္ အျခား အကၡရာ အစိတ္အပိုင္း တစ္ခုကို လိုက္ၿပီး ပုံစံ ေျပာင္းလဲ (render) ရပါသည္။ ဒီဥပမာတြင္ " ျ " ရရစ္သည္ ေခါင္းပိုင္းမွာ လုံးႀကီးတင္ကို ဖုံးမသြားေစရန္အတြက္ ျဖတ္ေတာက္ထားရပါမည္။ " ့ " မွာ တစ္ေခ်ာင္းငင္ေနရာရွိေစရန္အတြက္ ညာဘက္အနည္းငယ္ ေရာက္ရွိေနရပါမည္။ ဒီလို ကိစၥေတြအတြက္ ယူနီကုဒ္သည္ အထူး ပုံေျပာင္းစနစ္(Intelligent Rendering Engine) တစ္ခုကို အသုံးျပဳၿပီး "မ ျ ိ ု ့" အကၡရာအစိတ္အပိုင္း တစ္ခုခ်င္းစီအတြက္ ဂဏန္း code point တစ္ခုစီမၽွသာ ေပးကာ ေျပလည္ေအာင္ ေျဖရွင္းေပးပါသည္။ အကၡရာေပါင္းစပ္မွုေပၚတြင္ မူတည္ၿပီး အကၡရာ အစိတ္အပိုင္း တစ္ခုခ်င္းစီ၏ ပုံစံကို ပုံေျပာင္းစနစ္က ေျပာင္းလဲေပးပါသည္။



ျမန္မာေဖာင့္ေတြ၏ အစ

ကနဦး အစတြင္ Intelligent Rendering Engine ပုံေျပာင္းစနစ္ မရွိသည့္အတြက္ ကြန္ပ်ဴတာဖန္သားျပင္ေတြေပၚမွာ ျမန္မာ အကၡရာအမ်ိဳးမ်ိဳးကို ေပၚေစဖို႔ ခက္ခဲခဲ့ပါသည္။ အေစာဆုံး ျမန္မာေဖာင့္ေတြထဲက တစ္ခုျဖစ္သည့္ ျမေစတီေဖာင့္ကို ေရးသားေသာ ကိုေငြထြန္း၏ စိတ္ကူးတစ္ခု ဆန္းသစ္ခဲ့မွုသည္ ယေန႔အထိ ေဇာ္ဂ်ီေဖာင့္မွ သုံးစြဲေနဆဲ ျဖစ္သည္။ သူက အကၡရာ အစိတ္အပိုင္းတစ္ခုခ်င္းစီ၏ ပုံစံကြဲ အမ်ိဳးမ်ိဳးတို႔ကို ဂဏန္း code point တစ္ခုခ်င္းစီမွာ တြဲဆက္ သတ္မွတ္ခဲ့ပါသည္။ ကၽြန္ေတာ္တို႔ ဥပမာ "ၿမိဳ႕" ကို ေရးသားရန္အတြက္ ျမေစတီကို အသုံးျပဳသူတို႔သည္ ရရစ္ ပုံစံကြဲ ၈ မ်ိဳးထဲမွ သင့္ေတာ္ေသာ ရရစ္ႏွင့္ ေအာက္ျမင့္ ကို ေရြးခ်ယ္ ရိုက္ႏွိပ္ရပါသည္။

ျမေစတီ၊ ဘီအိုင္တီ(BIT) ႏွင့္ ေဇာ္ဂ်ီ တို႔သည္ အကၡရာ ပုံေျပာင္းစနစ္ ေခတၱ ေျဖရွင္းရန္အတြက္ အျခားျမန္မာတိုင္းရင္းသားတို႔ ဘာသာစကားတို႔အတြက္ ထားထားေသာ code point ေတြေနရာမွာ အသုံးျပဳခဲ့ပါသည္။ ဒီလို အသုံးျပဳလိုက္ျခင္းဟာ တိုင္းရင္းသားေတြ၏ ဘာသာစကားတိုးတက္မွုကို ဟန႔္တားထားသလို အေတြ႕အၾကဳံရွိသူတို႔အတြက္ေတာင္ စာရိုက္စနစ္ ရွုပ္ေထြးၿပီး အက်ိဳးနဲသည္ကို ေတြ႕ရပါသည္။

ေဇာ္ဂ်ီတြင္ "ၿမိဳ႕" ဟူေသာ စကားလုံး တစ္လုံးအတြက္ အျမင္မွန္သည္ဟု ယူဆနိုင္ေသာ ေရးသားမွု ၆မ်ိဳး ရွိပါသည္။ အကယ္၍ မွားယြင္းေသာ ရရစ္ပုံေျပာင္းမ်ားကိုပါ လက္ခံပါက ထပ္ၿပီး ကြဲျပားမွု မ်ားစြာ ရွိေနနိုင္ပါေသးသည္။ သို႔ပါေသာ္လည္း ကြန္ပ်ဴတာ တစ္ခုသည္ ကၽြန္ေတာ္တို႔ အျမင္အားျဖင့္ မွန္ေနေသာ မူကြဲ မ်ိဳးမ်ိဳးကို မတူညီေသာ စကားလုံး အျဖစ္သာ မွတ္ယူပါသည္။ ႏွိုင္းယွဥ္ရလၽွင္ ယူနီကုဒ္သည္ အကၡရာတစ္ခုခ်င္းစီအတြက္ ကုဒ္ပြိဳင့္ (code point) တစ္ခုစီကိုသာ ရွိၿပီး မွန္ကန္ေသာ အစီအစဥ္ျဖင့္ သိမ္းဆည္းမွသာ စကားလုံးပုံစံ မွန္ကန္စြာ ပုံေဖာ္(render) လုပ္မည္ ျဖစ္ပါသည္။ ဆိုလိုရင္းမွာ ယူနီကုဒ္တြင္ စကားလုံးတစ္ခုခ်င္းစီအတြက္ သိမ္းဆည္းမွု တစ္ခုစီျဖစ္ပါသည္။

"ဒါဟာ လတ္တေလာ ေျဖရွင္းျခင္းမၽွသာ ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ ဘာလို႔လဲဆိုေတာ့ Microsoft ႏွင့္ အျခားနည္းပညာ ကုမၸဏီေတြဟာ စံစနစ္တစ္ခုကို ေထာက္ပံ့ေပးၾကမွာေလ" ဟု ကိုေငြထြန္းက ေျပာပါသည္။ "စံစနစ္ ျပဳလုပ္ၿပီးတဲ့အခါမွာ ကၽြန္ေတာ္တို႔ ကၽြန္ေတာ္တို႔ အသုံးျပဳသူေတြကို အရင္လုပ္ခဲ့တာေတြကို ဆက္လက္ ေထာက္ပံ့မွု မေပးေတာ့ဆိုတာ ေျပာခဲ့ပါတယ္" ဟု သူက ဆိုပါသည္။

သို႔ေပမယ့္လည္း စံစနစ္ကို ေသြဖယ္ျခင္း တစ္ခုတည္းက ျမေစတီေဖာင့္၏ ျပႆနာ မဟုတ္ခဲ့ပါ။ ျမေစတီေဖာင့္သည္ အလြန္ ေဈးႀကီးပါသည္။ အသုံးျပဳသူတစ္ေယာက္အတြက္ အေမရိကန္ ေဒၚလာ ၁၀၀ က်သင့္ၿပီး၊ အြန္လိုင္းမီဒီယာေတြလို ထုတ္လုပ္သူေတြအတြက္ ေဒၚလာ ၁၀၀၀ က်သင့္မွာ ျဖစ္ပါသည္။ ၂၀၀၂ ခုႏွစ္တြင္ ကုမၸဏီေတာ္ေတာ္မ်ားမ်ားအတြက္ မ်ားျပားေသာ ပမာဏ ျဖစ္ပါသည္။ တျခား ေဈးႀကီးတဲ့ ေဆာ့ဝဲလ္ေတြလိုပါပဲ Piracy ခိုကူးယူမွုေတြက ရွိခဲ့ပါသည္။

ေဇာ္ဂ်ီေဖာင့္ ျဖစ္ေပၚလာျခင္း

Zawgyi-One ေဖာင့္ကို ၂၀၀၆ ခုႏွစ္က မႏၲေလးၿမိဳ႕မွာ အခမဲ့ ထုတ္ေဝခဲ့ၿပီး ျမေစတီႏွင့္ သိသိသာသာ တူညီေနခဲ့ပါသည္။ ပထမဆုံး ဗားရွင္းဆိုလၽွင္ ကိုေငြထြန္း၏ မူပိုင္ခြင့္ စာသားတစ္ခ်ိဳ႕ပင္ မူလအတိုင္း ပါဝင္ေနကာ မထုတ္ေဝခင္မွာ မသိခဲ့ပါဘူး။ ဒါေၾကာင့္ အခ်ိဳ႕မွာ ဆြဲယူ အသုံးျပဳဖို႔ လက္တြံ့ခဲ့ၾကပါသည္။ မၾကာမီမွာပဲ ျမန္မာကုမၸဏီႀကီးအမ်ားအျပားက ျမေစတီအစား ေဇာ္ဂ်ီကို အသုံးျပဳဖို႔ သို႔မဟုတ္ အသုံးျပဳရန္ ျပင္ဆင္ခဲ့ၾကပါသည္။

ကိုေငြထြန္း၏ ကုမၸဏီ Solveware Solution သည္ Piracy လုပ္ခံရမွုအတြက္ နို႔တစ္စာ တစ္ေစာင္ ထုတ္ကာ ေဇာ္ဂ်ီေဖာင့္ ျပဳလုပ္သူအပါအဝင္ ျမေစတီေဖာင့္ကို ကူးယူထားေသာ ေဖာင့္အား အသုံးျပဳေသာ ကုမၸဏီမ်ားအား တရားစြဲဆိုမည့္ အေၾကာင္း ေၾကညာခဲ့ပါသည္။ ဒီလို လုပ္သည့္အတြက္ နည္းပညာနယ္ပယ္ အထူးသျဖင့္ သက္ဆိုင္ရာကုမၸဏီတို႔က ေဒါသထြက္ မေက်မနပ္ ျဖစ္ခဲ့ၾကၿပီး၊ ေဇာ္ဂ်ီေဖာင့္သည္လည္း ယူနီကုဒ္ႏွင့္ ပိုမို ေဝးကြာေစေသာ အေျပာင္းအလဲတစ္ခု  ျပင္ဆင္ခဲ့ပါသည္။ ဒါ့ေၾကာင့္ မူပိုင္ခြင့္ ဆိုင္ရာ ယူငင္သုံးစြဲပါသည္ဟု သက္ေသျပရန္ ခက္ခဲသြားခဲ့ပါသည္။

အဲဒီအေတာအတြင္းမွာ ဘာသာစကားေပါင္းကူးျခင္းဆိုင္ရာ လုပ္ငန္းမ်ား(internationalisation)ကို ယူနီကုဒ္အတြက္ ဆက္လက္ လုပ္ေဆာင္ခဲ့ၾကပါသည္။ Microsoft Window XP service Pack 2 မွာ အေရးရွုပ္ ဘသာစကားေတြ (complex scripts) ေတြကို ေထာက္ပံ့ေပးလာခဲ့သည့္အတြက္ အဲဒီအခ်ိန္က ယူနီကုဒ္စံစနစ္ႏွင့္ ကိုက္ညီေသာ ၂၀၀၅ ခုႏွစ္မွာ ထုတ္ေဝခဲ့တဲ့ ျမန္မာ ၁ ေဖာင့္(Myanmar 1) က Windows စနစ္မွာ ေကာင္းစြာ အလုပ္လုပ္ခဲ့ပါသည္။

Windows စနစ္ႏွင့္ တြဲဖက္ အလုပ္လုပ္ေဆာင္နိုင္ေသာလည္း ျမန္မာ ၁ ေဖာင့္ကို အသုံးျပဳရန္အတြက္ နည္းပညာ အေျခခံရွိဖို႔ လိုအပ္ၿပီး တခ်ိဳ႕ ျပင္ဆင္မွုေတြ ျပဳလုပ္ဖို႔ လိုအပ္ပါသည္။ ယူနီကုဒ္အေၾကာင္း အေသးစိတ္ ေလ့လာသူ၊ ေဇာ္ဂ်ီႏွင့္ ယူနီကုဒ္ ခြဲျခားသိနိုင္ေသာ ကုဒ္မ်ားကို ေရးသားသူ ကိုရာဝိ (Ko Ravi Chhabra) က ဒီလို ခက္ခဲမွုေတြအေပၚမွာ ေဇာ္ဂ်ီက ပထမ တစ္ခ်က္ တပန္းသာသြားခဲ့တယ္လို႔ ေျပာခဲ့ပါသည္။

ဒုတိယ တစ္ခ်က္က အင္တာနက္ဆိုတာႀကီးက သတင္းအခ်က္အလက္တို႔၏ ရင္းျမစ္အျဖစ္ ေပၚေပါက္လာခဲ့တာ ျဖစ္တယ္လို႔ သူက ေျပာခဲ့ပါသည္။ ဘုန္းေတာ္ႀကီးတို႔ ဦးေဆာင္တဲ့ ၂၀၀၇ ေရႊဝါေရာင္သပိတ္ေမွာက္ အေရးအခင္းႏွင့္အတူ ၂၀၀၈ ဆိုင္ကလုန္း နာဂစ္ေၾကာင့္ လူေတြ အမ်ားအျပားသည္ အင္တာနက္၏ စြမ္းအားကို ၾကားခံအျဖစ္ ေကာင္းစြာ နားလည္လာခဲ့ၾကကာ ျမန္မာဘာသာျဖင့္ ေရးသားေသာ အခ်က္အလက္မ်ား အစီအစဥ္က်က် တျဖည္းျဖည္း ပြားမ်ားလာခဲ့ပါသည္။

"ေဇာ္ဂ်ီ၏ ႀကီးမားတဲ့ ေအာင္ျမင္မွု အေၾကာင္းက planet.com.mm ပဲ" ဟု ကိုရာဝိက ေျပာၾကာခဲ့ပါသည္။ "planet က သတင္းေတြ စုတဲ့ ေနရာ တစ္ခု ျဖစ္ခဲ့ၿပီး သူက ေဇာ္ဂ်ီကို အသုံးျပဳတယ္။ လူေတြက အဲဒီဆိုဒ္ကို သြားတဲ့အခါ ေဖာင့္ကို Download လုပ္ဖို႔ link တစ္ခု ရွိတယ္။ အဲဒီအခ်ိန္တုန္းက font embedding က အလုပ္မလုပ္ေသးေတာ့ ေဖာင့္ install လုပ္ဖို႔ လိုအပ္တယ္ေလ" ဟု သူက ဆက္ေျပာခဲ့ပါသည္။

"တတိယ တစ္ခ်က္က ဘေလာ့ေတြပဲ။ အေစာပိုင္း ဘေလာ့ဂါေတြထဲက တစ္ေယာက္ျဖစ္တဲ့ ညီလင္းဆက္က ေဇာ္ဂ်ီကို အသုံးျပဳခဲ့ၿပီး ဘေလာ့ေတြမွာ ေဇာ္ဂ်ီအသုံးျပဳနည္းေတြကို ေရးသားခဲ့တယ္။ လူေတြက ဒါကို သေဘာက်ၾကတယ္။ ၿပီးေတာ့ သူတို႔ ေဇာ္ဂ်ီနဲ႔ ဘေလာ့ေတြ ေရးဖို႔ စခဲ့ၾကတာပဲ" ဟု ဆက္လက္ ေျပာၾကားခဲ့ပါသည္။

ကိုေငြထြန္းက တရားစြဲဆိုမယ့္ ကိစၥကို ေနာက္ေတာ့ ဖ်က္သိမ္းခဲ့ပါေသာ္လည္း ပ်က္စီးမွုေတြက ၿပီးခဲ့ပါၿပီ။ Solveware Solution ၏ စြပ္စြဲ အေၾကာင္းဆိုမွုေတြနဲ႔အတူ ေဇာ္ဂ်ီကို ဖန္တီးၾကတဲ့ developers ေတြကလည္း ေဇာ္ဂ်ီေဖာင့္ဟာ အေကာင္းဆုံး ျမန္မာေဖာင့္အျဖစ္ အြန္လိုင္းေပၚမွာ ဆက္လက္ လွုံ႔ေဆာ္ခဲ့ၾကပါေတာ့သည္။

ေနာက္ဆက္တြဲ ေဇာ္ဂ်ီ ဗားရွင္း ထုတ္ေဝမွုေတြဟာ သာမာန္အသုံးျပဳသူေတြအတြက္ ပိုမိုလြယ္ကူလာသလို စံစနစ္ဆီကို ေျပာင္းလဲဖို႔သည္လည္း ပိုမိုခက္ခဲလာကာ ေဝးကြာ လာခဲ့ပါသည္။ တခ်ိဳ႕ကိစၥေတြမွာဆိုလၽွင္ Microsoft ၏ Arial ေဖာင့္ကို အစားထိုးျခင္း၊ Internet Explorer မွာ Plugin တစ္ခု ထည့္ျခင္း၊ ျပန္ျဖဳတ္သည့္ လုပ္ေဆာင္ခ်က္မပါျခင္းတို႔ႏွင့္ အသုံးျပဳသူ၏ စနစ္တစ္ခုလုံးကို ေဇာ္ဂ်ီေဖာင့္အျဖစ္ ထားဖို႔ လုပ္ေဆာင္ခဲ့ၾကပါသည္။

"ဒါေတြသာ ကံေကာင္းေထာက္မစြာ ျဖစ္မလာခဲ့ဘူးထားပါေတာ့။ အဲလိုသာဆိုရင္ ကၽြန္ေတာ္တို႔ ဒီလိုေနရာမွာ မဟုတ္ေတာ့ဘူး" ဟု ကိုရာဝိက ေျပာၾကားခဲ့ပါသည္။



ဘာလဲ ဘယ္လဲ ႏွင့္ ကၽြန္ေတာ္တို႔

ျမန္မာယူနီကုဒ္ စနစ္ကို ပိုမိုေကာင္းမြန္ေအာင္ ျပဳျပင္ ျဖည့္စြက္ခဲ့တာ ဟိုး အရင္ကတည္းကပါ။ Complex Script နဲ႔ ပုံေျပာင္းစနစ္ (intelligent rendering) ယူနီကုဒ္မွာ ပါလာခဲ့ပါၿပီ။ ၿပီးေတာ့ စံသတ္မွတ္ခ်က္ကို Google, Apple ႏွင့္ Facebook တို႔လို ကုမၸဏီေတြက ျမန္မာဘာသာစကားကို ေထာက္ပံ့ဖို႔ အသုံးျပဳလာၾကသည္။ ရွမ္း၊ မြန္၊ ကယား၊ ကရင္ စသည့္ ျမန္မာတိုင္းရင္းဘာသာစကားေတြလည္း ျမန္မာယူနီကုဒ္ထဲမွာ ပါဝင္ပါသည္။

သို႔ေပမယ့္လည္း Facebook မွာ ရွိတဲ့ ျမန္မာလိုေရးထားတဲ့ စာတစ္ပုဒ္ကို ၾကည့္မယ္ဆိုရင္ ေဇာ္ဂ်ီႏွင့္ ေရးထားတာ အေတာ္ မ်ားမ်ား ေတြ႕ရမွာ ျဖစ္ပါသည္။ တခ်ိဳ႕ သတင္းမီဒီယာ စာမ်က္ႏွာေတြမွာေတာ့ ယူနီကုဒ္ျဖင့္ပါ ေရးသားေဖာ္ျပၾကတာကို ေတြ႕ရေပမယ့္လည္း အေတာ္မ်ားမ်ားက မေဖာ္ျပၾကပါ။ Huawei ႏွင့္ Samsung တို႔လို႔ ျမန္မာနိုင္ငံမွာ အသုံးအမ်ားဆုံး ဖုန္းကုမၸဏီေတြကလည္း သူတို႔ဖုန္းေတြမွာ ေဇာ္ဂ်ီကို တပါးတည္း ထည့္ေပးၿပီး ေဈးကြက္ရဖို႔အတြက္ကို အာ႐ုံစိုက္လာခဲ့ပါသည္။

ျမန္မာေတြ သူတို႔ ဖုန္းအသစ္ကိုဖြင့္ အြန္လိုင္းကို အသုံးျပဳလာတာ ပိုမ်ားလာေလေလ သူတို႔ေတြ မသိလိုက္ပဲ ေဇာ္ဂ်ီအသုံးျပဳသူအျဖစ္ အျခားလူမ်ားနည္းတူ ေရာေႏွာသြားပါသည္။ ေဇာ္ဂ်ီေဖာင့္သည္ အလုပ္ရွုပ္မခံခ်င္သူတို႔အတြက္ေဖာင့္၊ ဒီျပႆနာေတြရဲ့ အေၾကာင္းအရင္းတစ္ခု ျဖစ္လာပါသည္။

ဒီလိုေတြျဖစ္လာရျခင္းက ေဇာ္ဂ်ီကို ဆက္လက္အသုံးျပဳေနတဲ့ အတြက္ေၾကာင့္ ျဖစ္ပါသည္။ ယူနီကုဒ္စနစ္ကို ေျပာင္းလဲအသုံးျပဳရတာ ကနဦး အစမွာ စေတးမွုတခ်ိဳ႕ ရွိပါသည္။ သတင္းမီဒီယာေတြလို သတင္းအခ်က္အလက္ ျဖန႔္ခ်ိသူေတြ စာဖတ္သူ ေလ်ာ့က်နိုင္ျခင္း၊ ဖုန္းထုတ္လုပ္သူေတြ ေဖာက္သည္ ေလ်ာ့က်ျခင္း၊ ပုံမွန္အသုံးျပဳသူေတြ သူတို႔ အသိမိတ္ေဆြေတြနဲ႔ ကြဲထြက္လာျခင္း သူ႔စာကိုယ္မျမင္ရ ကိုယ့္စာ သူမျမင္ရျခင္းေတြ ျဖစ္နိုင္ပါသည္။ ယူနီကုဒ္စနစ္ဟာ ကမၻာ့ အသိအမွတ္ျပဳ စံသတ္မွတ္ခ်က္ ျဖစ္တဲ့အတြက္ အားလုံးေကာင္းဖို႔ ေဇာ္ဂ်ီကို ဆက္လက္ အသုံးမျပဳမွ ျဖစ္ပါမည္။ ကြယ္ေပ်ာက္သြားရပါမည္။

သို႔ေပမယ့္လည္း ေျပာင္းလဲ အသုံးမျပဳခင္ စပ္ၾကားမွာ ျမန္မာလူမ်ိဳးေတြ အားလုံး အြန္လိုင္းေပၚမွာ ေရးသားၾကေသာ တိုးပြားလာသည့္ အခ်က္အလက္ သတင္းေတြ အားလုံးသည္ မျပည့္မစုံ ျဖစ္လာၾကမွာ ျဖစ္ပါသည္။ စာစစ္ထုတ္ရွာေဖြျခင္း၊ အကၡရာစဥ္ျခင္းႏွင့္ ေဇာ္ဂ်ီျဖင့္ ေရးသားထားတဲ့ အခ်က္အလက္ေတြကို တြက္ခ်က္ ေဆာင္ရြက္ရသည္မွာ တီထြင္ဖန္တီးသူ Developer တို႔၊ ယူနီကုဒ္စံစနစ္ကို လိုက္နာသိမ္းဆည္းမွု မျပဳနိုင္တဲ့ ေဆာ့ဝဲလ္ျပဳလုပ္သူတို႔အတြက္ အိပ္မက္ဆိုး တစ္ခု ျဖစ္ပါသည္။ ေဇာ္ဂ်ီ၏ မျပည့္စုံတဲ့ သိမ္းဆည္းမွုစနစ္ပုံစံ (Coding schema) ေၾကာင့္ သူတို႔ေတြဟာ လိုအပ္ခ်က္မ်ားစြာကို ျဖည့္ဆည္း ေဆာင္ရြက္ရမွာ ျဖစ္ပါသည္။

"လာမယ့္ အနာဂါတ္မွာ စက္ဘာသာျပန္စနစ္(Machine Translation)၊ ႐ုပ္ပုံမွ စာအကၡရာေတြကို ေျပာင္းလဲမွု (OCR)၊ စာအကၡရာမွ အသံထြက္ဆိုနိုင္မွု (Text to voice)တို႔ေတြ ရွိလာမယ္။ အဲဒီအခ်ိန္မွာ ေဇာ္ဂ်ီျဖင့္ ေရးထားတဲ့ အခ်က္အလက္ content ေတြဟာ အသုံး မဝင္ ျဖစ္လာမွာ"

Mr. Suantak က အဲဒီအခ်ိန္ေရာက္ရင္ ရွိေနတဲ့ သတင္းအခ်က္အလက္ေတြ စြန႔္ပစ္ရမည့္ အေနအထားေတြ ရွိလာနိုင္တယ္လို႔ ယုံၾကည္ေနပါသည္။ လက္ရွိ သတင္းအခ်က္အလက္ content ေတြကို ယူနီကုဒ္စနစ္ကို ေျပာင္းလဲဖို႔ ေရြးခ်ယ္ခဲ့တဲ့သူေတြကိုလည္း အသိအမွတ္ ျပဳခဲ့ပါသည္။ "BBC က ယူနီကုဒ္စနစ္ကို လိုက္နာတဲ့ ေဖာင့္ကို သုံးတယ္။ လူေတြ BBC ကို ၾကည့္ေနၾကတုန္းပဲ။ သူတို႔ေပးနိုင္တဲ့ သတင္းအခ်က္အလက္ေတြက လုံလုံေလာက္ေလာက္ ေကာင္းေနခဲ့ရင္ လူေတြဟာ ဒီအခ်က္အလက္ေတြကို ၾကည့္ရွုနိုင္ဖို႔ ေျပာင္းလဲလာမွာပဲ"။

ယူနီကုဒ္ စနစ္ဆီသို႔ အေျပာင္းအလဲဆိုတာႀကီးက ခက္ခက္ခဲခဲ လုပ္ရမည့္ပုံေပၚေသာ္လည္း တျခား ျပဳျပင္ေျပာင္းလဲေရးေတြေလာက္  အခက္အခဲ အတားအဆီး မမ်ားပါ။ ေဇာ္ဂ်ီ/ယူနီကုဒ္ ေျပာင္းလဲေသာ ကုဒ္မ်ားကို ေရးသားသူ၊ ယူနီကုဒ္ ျပင္းျပင္းျပၿပ ေထာက္ခံသူ ကိုသူရလွိုင္ က လူထုကို တြန္းအားေပးဖို႔ အစိုးရ၏ ဂ႐ုတစိုက္ ညႊန္ၾကား ပါဝင္မွု လိုအပ္တယ္လို႔ ယုံၾကည္ပါသည္။

"ကေမၻာဒီယားမွာလည္း ဒီျပႆနာမ်ိဳး ၾကဳံခဲ့တယ္။ အစိုးရက ေရွ႕ေဆာင္လမ္းျပၿပီး 'ဒီနိုင္ငံကို ပစၥည္းေတြ တင္သြင္း ေရာင္းခ်မယ္ဆိုရင္ ယူနီကုဒ္ကို သုံးရမယ္' လို႔ ေၾကညာခဲ့တယ္။ အဲဒီ ျပႆနာ ေျပလည္သြားခဲ့တယ္"လို႔ ကိုသူရလွိုင္က ေျပာပါသည္။

ျမန္မာနိုင္ငံအတြက္ ဒီျပဳျပင္ေျပာင္းလဲေရးသည္လည္း အလြယ္တကူ ၿပီးသြားပါေစလို႔ ေမၽွာ္လင့္ရင္း . . .



MR. GRIFFI HOTCHKISS ေရးသားေသာ http://frontiermyanmar.net/en/features/battle-of-the-fonts မွ ေဆာင္းပါးကို ဘာသာျပန္ဆိုသည္။

No comments:

Post a Comment