Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

ပါတီရဲ႕ အလံေအာက္မွာ ေနမယ္ဆိုရင္ေတာ့ ပါတီရဲ႕ မူ၀ါဒကို ေလးစားပါ၊ ကိုယ့္ဘာသာ ကိုယ္လုပ္ခ်င္တယ္ ဆိုရင္ တသီးပုဂၢလအေရြးခံပါ

ပါတီရဲ႕ အလံေအာက္မွာ ေနမယ္ဆိုရင္ေတာ့ ပါတီရဲ႕ မူ၀ါဒကို ေလးစားပါ၊ ကိုယ့္ဘာသာ ကိုယ္လုပ္ခ်င္တယ္ ဆိုရင္ တသီးပုဂၢလအေရြးခံပါဟု NLD ကိုယ္စားလွယ္မ်ားကို ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကား

၁-၃-၂၀၁၆ ရက္ မြန္းလြဲ ၁ နာရီအခ်ိန္တြင္ ေနျပည္ေတာ္လႊတ္ေတာ္၀င္းအတြင္းရွိ ဇမၺဴသီရီခန္းမတြင္ NLD ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ဒုတိယအႀကိမ္ ေတြ႕ဆံုခဲ့ၾကသည္။
ေတြ႕ဆံုပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္မွ “လႊတ္ေတာ္မွာ အဆိုေတြတင္တဲ့အခါမွာ စည္းမ်ဥ္းစည္းကမ္းေတြအတိုင္း တင္ၾကပါ။ လႊတ္ေတာ္အတြင္း ေမးခြန္းေမးတဲ့အခါ ရွင္းရွင္းလင္းလင္း ေမးပါ။ အဖြဲ႕ခ်ဳပ္အေပၚမွာ သစၥာရွိပါ။
အဆိုေတြ ေမးခြန္းေတြကို တင္ေတာ့မယ္ဆိုရင္ စိစစ္ေရးအဖြဲ႕ကို တင္ပါလို႔ ေျပာထားခဲ့ပါတယ္။ ကၽြန္မတို႔ရဲ႕ ကိုယ္စားလွယ္ေတြဟာ ပါတီအတြက္၊ လႊတ္ေတာ္အတြက္၊ ႏုိင္ငံအတြက္ လိုအပ္တဲ့ကိစၥေတြကိုလုပ္တဲ့အခါမွာ တဦးေကာင္း တေယာက္ေကာင္း မလုပ္ေစခ်င္ပါဘူး``

“အဆိုေတြ တင္သြင္းခ်င္တယ္။ ေမးခြန္းေတြ တင္သြင္းခ်င္တယ္ဆိုရင္ ဖြဲ႕ေပးထားတဲ့ အဖြဲ႕အစည္းေတြကို တင္ျပပါ။ တင္သြင္းမယ့္သူေတြဟာ လႊတ္ေတာ္ရဲ႕ စည္းမ်ဥ္းစည္းကမ္းေတြကို နားလည္ရပါမယ္။ ဖြဲ႕ထားတဲ့အဖြဲ႕ အစည္းထဲမွာ ပါ၀င္တဲ့သူေတြဟာ လႊတ္ေတာ္ရဲ႕ စည္းကမ္းနဲ႔ပတ္သက္ၿပီး အင္မတန္ ကြ်မ္းက်င္တဲ့သူေတြျဖစ္ၾကပါတယ္။ ဒီလိုေတာ့ တင္လို႔မျဖစ္ဘူး။ ဘယ္လိုတင္ရင္ေတာ့ ျဖစ္ႏိုင္တယ္ဆိုတာ နားလည္တယ္။
ေနာက္တခုက အခ်ဳိ႕ကိစၥေတြမွာ အဖြဲ႕ခ်ဳပ္ရဲ႕ မူ၀ါဒေတြနဲ႔ ကိုက္ညီလား၊ မကိုက္ညီလားဆိုတာ နားလည္ရမယ္။ ကိုယ္ဘာသာ ကိုယ္လုပ္ခ်င္တယ္ ဆိုရင္ေတာ့ ဒါဟာ ဘယ္ပါတီရဲ႕ ကိုယ္စားလွယ္အျဖစ္နဲ႔မွ ေရြးခ်ယ္ခံစရာ မလိုဘူး။ တသီးပုဂၢလအေနနဲ႔ပဲ အေရြးခံပါ။ ပါတီရဲ႕ အလံေအာက္မွာ ေနမယ္ဆိုရင္ေတာ့ ပါတီရဲ႕ မူ၀ါဒကို ေလးစားရမွာ ျဖစ္ပါတယ္။ ကၽြန္မတို႔မူပဲ။
အရင္လႊတ္ေတာ္တုန္းကလည္း ဒီအတိုင္းပဲေျပာခဲ့ပါတယ္။ မူနဲ႔မဆိုင္တဲ့ ကိစၥ သိပ္ၿပီးေတာ့ အေရးမႀကီးတဲ့ကိစၥေတြမွာ ကိုယ့္ဟာကိုယ္ဆံုးျဖတ္၊ ကိုယ့္ဟာကိုယ္ အတည္ျပဳ၊ မူ၀ါဒနဲ႔မဆိုင္ရင္ ကိုယ့္ဟာကိုယ္ ဆံုးျဖတ္ရ တယ္။ ခြင့္ေပးတယ္။ ဒါေပမဲ့ မူ၀ါဒနဲ႔ဆိုင္တဲ့ကိစၥေတြမွာေတာ့ အဖြဲ႕ခ်ဳပ္ရဲ႕ မူ၀ါဒအတိုင္းပဲလုပ္ပါ။”

“မတ္လမွာ အစိုးရဖြဲ႕ခြင့္ရေတာ့မယ္။ ဘယ္လိုမွ မႀကံဳဖူးတဲ့ႏွစ္ (၅၀) အတြင္းမွာ ျပည္သူလူထုကိ တင္တဲ့၊ ေရြးခ်ယ္တဲ့ အစိုးရသစ္ကို ပထမ ဦးဆံုးအႀကိမ္အျဖစ္ျမင္ရေတာ့မွာ။ ကၽြန္မတို႔ ဒီကိစၥအတြက္ ႀကိဳးပမ္းေဆာင္ရြက္ေနၾကပါတယ္။ ဒီလို လုပ္ငန္းမ်ဳိးဟာ မလြယ္ပါဘူး။ မလြယ္လို႔ကို ကၽြန္မတို႔အားလံုးဟာ ညီညီညြတ္ညြတ္နဲ႔ ေသေသခ်ာခ်ာ လုပ္ေနပါတယ္။ ကိုယ့္ရဲ႕ အေျပာအဆိုကို ဆင္ျခင္ရပါမယ္။ တခ်ဳိ႕က မီဒီယာနဲ႔ေတြ႕ၿပီး ေျပာခ်င္ေနၾကတယ္။ ေျပာၾကတယ္။ မီဒီယာေတြ႕ရတာ စကားေျပာရတဲ့ေနရာမွာ တာ၀န္ယူရပါတယ္။ ကိုယ့္စကားနဲ႔ မွားသြားရင္ တေယာက္တည္းထိမွာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ အဖြဲ႕အစည္းကို ထိခိုက္ႏုိင္ ပါတယ္။ အဲဒါေၾကာင့္မို႔လို႔ ဒီကာလအတြင္းမွာ ဆင္ဆင္ျခင္ျခင္ေနၾကပါ။ ကိုယ့္စည္းကိုေစာင့္ၾကပါ။ ကိုယ့္ရဲ႕တာ၀န္ဟာ ဘာလဲဆိုတာကို သိၾကပါ။ အားလံုး ညီညြတ္ရမယ္။”

“လႊတ္ေတာ္ႀကီးဟာ ႏိုင္ငံေတာ္ရဲ႕ လႊတ္ေတာ္ပါ။ အမ်ဳိးသား ဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ရဲ႕ လႊတ္ေတာ္ႀကီး မဟုတ္ပါဘူး။ တခ်ဳိ႕ေတြက ဒီလႊတ္ေတာ္ႀကီးကို ကိုယ္ပိုင္လႊတ္ေတာ္လို႔ ထင္ေနၾကတယ္။ ဒီလႊတ္ေတာ္ဟာ ကိုယ္ပိုင္မဟုတ္ပါဘူး။ ႏိုင္ငံေတာ္နဲ႔ပဲ ဆိုင္ပါတယ္။ ဒီ လႊတ္ေတာ္ဟာ ကၽြန္မတို႔ လႊတ္ေတာ္မဟုတ္ပါဘူး။ မေန႔က တိုင္းရင္းသား ကိုယ္စားလွယ္ေတြနဲ႔ ေတြ႕ဆံုမႈမွာ တအာင္း(ပေလာင္) အမ်ဳိးသမီးတဦးေျပာတာကို ကၽြန္မ သေဘာက်ပါတယ္။ ဘာလဲဆိုေတာ့ ကၽြန္မတို႔ ပါတီ၀င္ေတြဟာ ခြဲျခားမႈမရွိပါဘူးတဲ့။ ကိုယ္က လူမ်ားစုျဖစ္တာေၾကာင့္ ယဥ္ေက်းရမယ္။ သေဘာထားႀကီးရမယ္။ သိမ္ေမြ႕ရမယ္။ ဒါေပမဲ့ တခ်ဳိ႕ေတြဟာ ဒီလႊတ္ေတာ္ဟာ ငါတို႔လႊတ္ေတာ္ ငါတို႔ပံုစံနဲ႔ ငါတို႔လုပ္ႏုိင္တယ္ဆိုတဲ့စိတ္ ေတြရွိေနပါတယ္။ အဲဒီစိတ္ေတြ ေဖ်ာက္ပါလို႔ ေျပာခ်င္ပါတယ္”ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။

ေတြ႕ဆံုပြဲတြင္ ေဒၚေအာင္ဆန္းစုၾကည္က ပါတီကိုယ္စားလွယ္မ်ား လိုက္နာေစာင့္ထိန္းရမည့္အခ်က္မ်ားကို အေသးစိတ္ေျပာၾကားသြားခဲ့ျပီး “တနဂၤေႏြလုပ္တဲ့ CEC အစည္းအေ၀းမွာ တခ်ဳိ႕အေျပာင္းအလဲေတြ ရွိပါတယ္။ တလအတြင္းမွာ ကိုယ္စားလွယ္ေတြရဲဲ႕ တိုင္စာေတြ တက္လာပါတယ္။ တက္လာတဲ့ တိုင္ခ်က္ေတြကို စိစစ္ၿပီးေတာ့ အေရးယူပါမယ္”ဟု ေျပာၾကားခဲ့သည္။

ထြန္း(ေနျပည္ေတာ္)
News Watch
...............
ပါတီရဲ့ အလံအောက်မှာ နေမယ်ဆိုရင်တော့ ပါတီရဲ့ မူဝါဒကို လေးစားပါ၊ ကိုယ့်ဘာသာ ကိုယ်လုပ်ချင်တယ် ဆိုရင် တသီးပုဂ္ဂလအရွေးခံပါဟု NLD ကိုယ်စားလှယ်များကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား

၁-၃-၂၀၁၆ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် နေပြည်တော်လွှတ်တော်ဝင်းအတွင်းရှိ ဇမ္ဗူသီရီခန်းမတွင် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD လွှတ်တော်ကိုယ်စားလှယ်များ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ “လွှတ်တော်မှာ အဆိုတွေတင်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း တင်ကြပါ။ လွှတ်တော်အတွင်း မေးခွန်းမေးတဲ့အခါ ရှင်းရှင်းလင်းလင်း မေးပါ။ အဖွဲ့ချုပ်အပေါ်မှာ သစ္စာရှိပါ။
အဆိုတွေ မေးခွန်းတွေကို တင်တော့မယ်ဆိုရင် စိစစ်ရေးအဖွဲ့ကို တင်ပါလို့ ပြောထားခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ကိုယ်စားလှယ်တွေဟာ ပါတီအတွက်၊ လွှတ်တော်အတွက်၊ နိုင်ငံအတွက် လိုအပ်တဲ့ကိစ္စတွေကိုလုပ်တဲ့အခါမှာ တဦးကောင်း တယောက်ကောင်း မလုပ်စေချင်ပါဘူး``

“အဆိုတွေ တင်သွင်းချင်တယ်။ မေးခွန်းတွေ တင်သွင်းချင်တယ်ဆိုရင် ဖွဲ့ပေးထားတဲ့ အဖွဲ့အစည်းတွေကို တင်ပြပါ။ တင်သွင်းမယ့်သူတွေဟာ လွှတ်တော်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို နားလည်ရပါမယ်။ ဖွဲ့ထားတဲ့အဖွဲ့ အစည်းထဲမှာ ပါ၀င်တဲ့သူတွေဟာ လွှတ်တော်ရဲ့ စည်းကမ်းနဲ့ပတ်သက်ပြီး အင်မတန် ကျွမ်းကျင်တဲ့သူတွေဖြစ်ကြပါတယ်။ ဒီလိုတော့ တင်လို့မဖြစ်ဘူး။ ဘယ်လိုတင်ရင်တော့ ဖြစ်နိုင်တယ်ဆိုတာ နားလည်တယ်။
နောက်တခုက အချို့ကိစ္စတွေမှာ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီလား၊ မကိုက်ညီလားဆိုတာ နားလည်ရမယ်။ ကိုယ်ဘာသာ ကိုယ်လုပ်ချင်တယ် ဆိုရင်တော့ ဒါဟာ ဘယ်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့မှ ရွေးချယ်ခံစရာ မလိုဘူး။ တသီးပုဂ္ဂလအနေနဲ့ပဲ အရွေးခံပါ။ ပါတီရဲ့ အလံအောက်မှာ နေမယ်ဆိုရင်တော့ ပါတီရဲ့ မူဝါဒကို လေးစားရမှာ ဖြစ်ပါတယ်။ ကျွန်မတို့မူပဲ။
အရင်လွှတ်တော်တုန်းကလည်း ဒီအတိုင်းပဲပြောခဲ့ပါတယ်။ မူနဲ့မဆိုင်တဲ့ ကိစ္စ သိပ်ပြီးတော့ အရေးမကြီးတဲ့ကိစ္စတွေမှာ ကိုယ့်ဟာကိုယ်ဆုံးဖြတ်၊ ကိုယ့်ဟာကိုယ် အတည်ပြု၊ မူဝါဒနဲ့မဆိုင်ရင် ကိုယ့်ဟာကိုယ် ဆုံးဖြတ်ရ တယ်။ ခွင့်ပေးတယ်။ ဒါပေမဲ့ မူဝါဒနဲ့ဆိုင်တဲ့ကိစ္စတွေမှာတော့ အဖွဲ့ချုပ်ရဲ့ မူဝါဒအတိုင်းပဲလုပ်ပါ။”

“မတ်လမှာ အစိုးရဖွဲ့ခွင့်ရတော့မယ်။ ဘယ်လိုမှ မကြုံဖူးတဲ့နှစ် (၅၀) အတွင်းမှာ ပြည်သူလူထုကိ တင်တဲ့၊ ရွေးချယ်တဲ့ အစိုးရသစ်ကို ပထမ ဦးဆုံးအကြိမ်အဖြစ်မြင်ရတော့မှာ။ ကျွန်မတို့ ဒီကိစ္စအတွက် ကြိုးပမ်းဆောင်ရွက်နေကြပါတယ်။ ဒီလို လုပ်ငန်းမျိုးဟာ မလွယ်ပါဘူး။ မလွယ်လို့ကို ကျွန်မတို့အားလုံးဟာ ညီညီညွတ်ညွတ်နဲ့ သေသေချာချာ လုပ်နေပါတယ်။ ကိုယ့်ရဲ့ အပြောအဆိုကို ဆင်ခြင်ရပါမယ်။ တချို့က မီဒီယာနဲ့တွေ့ပြီး ပြောချင်နေကြတယ်။ ပြောကြတယ်။ မီဒီယာတွေ့ရတာ စကားပြောရတဲ့နေရာမှာ တာဝန်ယူရပါတယ်။ ကိုယ့်စကားနဲ့ မှားသွားရင် တယောက်တည်းထိမှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အဖွဲ့အစည်းကို ထိခိုက်နိုင် ပါတယ်။ အဲဒါကြောင့်မို့လို့ ဒီကာလအတွင်းမှာ ဆင်ဆင်ခြင်ခြင်နေကြပါ။ ကိုယ့်စည်းကိုစောင့်ကြပါ။ ကိုယ့်ရဲ့တာဝန်ဟာ ဘာလဲဆိုတာကို သိကြပါ။ အားလုံး ညီညွတ်ရမယ်။”

“လွှတ်တော်ကြီးဟာ နိုင်ငံတော်ရဲ့ လွှတ်တော်ပါ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့ လွှတ်တော်ကြီး မဟုတ်ပါဘူး။ တချို့တွေက ဒီလွှတ်တော်ကြီးကို ကိုယ်ပိုင်လွှတ်တော်လို့ ထင်နေကြတယ်။ ဒီလွှတ်တော်ဟာ ကိုယ်ပိုင်မဟုတ်ပါဘူး။ နိုင်ငံတော်နဲ့ပဲ ဆိုင်ပါတယ်။ ဒီ လွှတ်တော်ဟာ ကျွန်မတို့ လွှတ်တော်မဟုတ်ပါဘူး။ မနေ့က တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမှုမှာ တအာင်း(ပလောင်) အမျိုးသမီးတဦးပြောတာကို ကျွန်မ သဘောကျပါတယ်။ ဘာလဲဆိုတော့ ကျွန်မတို့ ပါတီဝင်တွေဟာ ခွဲခြားမှုမရှိပါဘူးတဲ့။ ကိုယ်က လူများစုဖြစ်တာကြောင့် ယဉ်ကျေးရမယ်။ သဘောထားကြီးရမယ်။ သိမ်မွေ့ရမယ်။ ဒါပေမဲ့ တချို့တွေဟာ ဒီလွှတ်တော်ဟာ ငါတို့လွှတ်တော် ငါတို့ပုံစံနဲ့ ငါတို့လုပ်နိုင်တယ်ဆိုတဲ့စိတ် တွေရှိနေပါတယ်။ အဲဒီစိတ်တွေ ဖျောက်ပါလို့ ပြောချင်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပါတီကိုယ်စားလှယ်များ လိုက်နာစောင့်ထိန်းရမည့်အချက်များကို အသေးစိတ်ပြောကြားသွားခဲ့ပြီး “တနင်္ဂနွေလုပ်တဲ့ CEC အစည်းအဝေးမှာ တချို့အပြောင်းအလဲတွေ ရှိပါတယ်။ တလအတွင်းမှာ ကိုယ်စားလှယ်တွေရဲဲ့ တိုင်စာတွေ တက်လာပါတယ်။ တက်လာတဲ့ တိုင်ချက်တွေကို စိစစ်ပြီးတော့ အရေးယူပါမယ်”ဟု ပြောကြားခဲ့သည်။

ထွန်း(နေပြည်တော်)
News Watch

No comments:

Post a Comment