Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

ေနာက္ဆံုးထြက္ဗီဒီယိုအရ Samsung Galaxy S7 နဲ႔ S7 Edge က ေရစိုခံဖုန္းျဖစ္ဖြယ္ရွိ




Samsung ကေန တရားဝင္ထုတ္လုပ္လုိက္တဲ့ ေနာက္ဆံုးရဗီဒီယုိအရ Samsung Galaxy S7 နဲ႔ Samsung Galaxy S7 Edge စမတ္ဖုန္းေတြဟာ ေရစုိခံစမတ္ဖုန္းေတြအျဖစ္ ထြက္ရွိလာမယ္လို႔ ခန္႔မွန္းရပါတယ္။ 

Samsung ဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွာမွ တရားဝင္ထုတ္ေဖာ္ျပသမွာျဖစ္ေပမယ့္ သူတို႔ရဲ႕ Youtube Channel မွာေတာ့ ဗီဒီယိုတစ္ခုကို တင္ထားၿပီး ဘယ္လိုအေနအထားနဲ႔ ထြက္ေပၚလာမယ္ဆိုတာကို အရိပ္အျမြက္ ထုတ္ေဖာ္ ျပသလုိက္တာပါ။ 

#TheNextGalaxy လုိ႔ တင္ထားတဲ့ ဗီဒီယုိေတြအရေတာ့ S7 ဟာ အခုလက္ရွိ ထြက္ရွိထားတဲ့ Samsung Galaxy S6 ဖုန္းနဲ႔ အေတာ္ေလးကို ပံုစံတူေနတာကို ေတြ႕ရပါတယ္။ 

ဗီဒီယုိထဲမွာ ပါဝင္တဲ့ ပံုစံေတြအရေတာ့ S7 ဟာ နာရီဝက္ေလာက္နဲ႔ အားအျပည့္သြင္းႏုိင္မယ့္ ျမန္ႏႈန္းျမင့္ charging port တစ္ခုပါဝင္လာမွာျဖစ္ၿပီး ဖိအားသိမ်က္ႏွာျပင္ (pressure sensitive display) နည္းပညာလည္း iPhone 6S မွာလိုမ်ိဳး ပါဝင္လာႏုိင္တယ္လို႔ ခန္႔မွန္းေနၾကပါတယ္။

မိုးေရစိုထဲမွာ ဖုန္းကို ထုတ္ၿပီး ျပလိုက္တာဟာလည္း လာမယ့္ ဖုန္းေတြဟာ ေရစိုခံစမတ္ဖုန္းေတြ ျဖစ္လာမယ္ဆိုတဲ့ လကၡဏာျဖစ္တယ္လုိ႔လည္း ေျပာဆိုေနၾကပါတယ္။ 

ဒီဗီဒီယိုကိုေတာ့ အင္ဒုိနီးရွားႏုိင္ငံ Samsung ကုမၸဏီက မေတာ္တဆ ထုတ္လႊင့္မိလုိက္တာျဖစ္တယ္လုိ႔လည္း သိရပါတယ္။ 


( Paing A K )

#သစ္ထူးလြင္(နည္းပညာ)
#technology.thithtoolwin.com

Ref : Engadget

.....................................................


Samsung ကနေ တရားဝင်ထုတ်လုပ်လိုက်တဲ့ နောက်ဆုံးရဗီဒီယိုအရ Samsung Galaxy S7 နဲ့ Samsung Galaxy S7 Edge စမတ်ဖုန်းတွေဟာ ရေစိုခံစမတ်ဖုန်းတွေအဖြစ် ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ 

Samsung ဟာ လာမယ့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာမှ တရားဝင်ထုတ်ဖော်ပြသမှာဖြစ်ပေမယ့် သူတို့ရဲ့ Youtube Channel မှာတော့ ဗီဒီယိုတစ်ခုကို တင်ထားပြီး ဘယ်လိုအနေအထားနဲ့ ထွက်ပေါ်လာမယ်ဆိုတာကို အရိပ်အမြွက် ထုတ်ဖော် ပြသလိုက်တာပါ။ 

#TheNextGalaxy လို့ တင်ထားတဲ့ ဗီဒီယိုတွေအရတော့ S7 ဟာ အခုလက်ရှိ ထွက်ရှိထားတဲ့ Samsung Galaxy S6 ဖုန်းနဲ့ အတော်လေးကို ပုံစံတူနေတာကို တွေ့ရပါတယ်။ 

ဗီဒီယိုထဲမှာ ပါဝင်တဲ့ ပုံစံတွေအရတော့ S7 ဟာ နာရီဝက်လောက်နဲ့ အားအပြည့်သွင်းနိုင်မယ့် မြန်နှုန်းမြင့် charging port တစ်ခုပါဝင်လာမှာဖြစ်ပြီး ဖိအားသိမျက်နှာပြင် (pressure sensitive display) နည်းပညာလည်း iPhone 6S မှာလိုမျိုး ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

မိုးရေစိုထဲမှာ ဖုန်းကို ထုတ်ပြီး ပြလိုက်တာဟာလည်း လာမယ့် ဖုန်းတွေဟာ ရေစိုခံစမတ်ဖုန်းတွေ ဖြစ်လာမယ်ဆိုတဲ့ လက္ခဏာဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။ 

ဒီဗီဒီယိုကိုတော့ အင်ဒိုနီးရှားနိုင်ငံ Samsung ကုမ္ပဏီက မတော်တဆ ထုတ်လွှင့်မိလိုက်တာဖြစ်တယ်လို့လည်း သိရပါတယ်။ 

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget

No comments:

Post a Comment