

...........
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပပြုလုပ်နေတဲ့
၈၈ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ ကမ္ဘာကျော်သရုပ်ဆောင် မင်းသား လီယိုနာဒို ဒီကာပရီယိုဟာ The Revenant ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ဆွတ်ခူးရရှိသွားပါတယ်။
လီယိုနာဒိုဟာ အဆိုပါ ဇာတ်ကားနဲ့ပဲ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို မကြာသေးခင်က ကျင်းပပြုလုပ်ပြီးသွားတဲ့ ရွှေကမ္ဘာလုံးဆုကိုလည်း ရရှိခဲ့ပြီးဖြစ်ပါတယ်။ မြန်မာပရိတ်သတ်တွေရဲ့ ရင်ထဲကို Titanic ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ လီယိုနာဒိုဟာ အခုတော့ သူ့အဖြစ်ချင်ဆုံး အော်စကာအိပ်မက်ကို မက်ခွင့်ရခဲ့ပါပြီ။ ဒါဟာ သူ့ရဲ့ ပထမဆုံး အော်စကာဆုလို့ပြောလို့ရပါတယ်။
‪#‎IrrawaddyLifestyle‬ ‪#‎IrrawaddyEntertainment‬
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)