Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, February 16, 2016

Facebook အသံုးျပဳသူ ၅ ဘီလီယံရွိေအာင္ရည္မွန္းေဆာင္ရြက္မႈ မေအာင္ျမင္

ကမၻာ့လူသံုးအမ်ားဆံုး လူမႈကြန္ရက္တစ္ခုျဖစ္ေသာ Facebook ၏ (၁၂)နွစ္ေျမာက္ နွစ္ပတ္လည္ေန ့ျဖစ္ေသာ ၂၀၁၆ ခုနွစ္၊ ေဖေဖာ္၀ါရီလ (၄) ရက္ေန ့တြင္ Facebook တည္ေထာင္သူ မာ့ခ္ဇက္ကာဘတ္ က ၂၀၃၀ ခုနွစ္အမီ ကမၻာတစ္၀န္းတြင္ Facebook အသံုးျပဳသူဦးေရ ၅ ဘီလီယံထက္မနည္းရွိလာေအာင္ ရည္မွန္းေဆာင္ရြက္မည္ဟု ထုတ္ျပန္ေၾကညာခဲ့ေသာ္လည္း လက္ရွိအေျခအေနမ်ားအရ ယင္းရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ေဆာင္ ရြက္နုိင္ရန္ အလားအလာမရွိေသးေၾကာင္းသိရသည္။

အထူးသျဖင့္ အိႏၵိယတစ္နိုင္ငံလံုး Facebook သံုးစြဲေရးကို ရည္မွန္းေဆာင္ရြက္ေနသည့္ Internet.org စီမံခ်က္ကို အိႏၵိယကလက္မခံဘဲ ပယ္ခ်လိုက္ျခင္းေၾကာင့္ ‘အသံုးျပဳသူ ၅ ဘီလီယံ’ စီမံကိန္းၾကီး အထိနာသြားျခင္းျဖစ္ျပီး Facebook ၏ ေစ်းကြက္တိုးတက္မႈတစ္ခုလံုးလည္း တုန္ ့ဆိုင္းေႏွးေကြးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Facebook ရဲ ့ Internet.org ကို အိႏၵိယနိုင္ငံ တယ္လီဖုန္းနွင့္ဆက္သြယ္ေရး၀န္ၾကီးဌာနက ပယ္ခ်ခဲ့ပါတယ္။ Net Neutrality လို ့ေခၚတဲ့ ဘက္မလိုက္၀ါဒကိုခ်ိဳးေဖာက္တယ္လို ့စြပ္စြဲျပီး ပယ္ခ်ခဲ့တာပါ။ ဒီပယ္ခ်ခဲ့မႈဟာ Facebook ရဲ ့ Free Basic Service လို ့ေခၚတဲ့ အေျခခံ၀န္ေဆာင္မႈအခမဲ့သံုးစြဲခြင့္ကို အၾကီးအက်ယ္စိန္ေခၚရာေရာက္ခဲ့ပါ တယ္ ဟု ေလ့လာေစာင့္ၾကည့္သူတစ္ဦးက ေျပာျပသည္။

Facebook သည္ အင္တာနက္အသံုးျပဳနိုင္ျခင္းမရွိေသးေသာနိုင္ငံမ်ား၊ ေဒသမ်ားတြင္ Internet.org စီမံကိန္းျဖင့္ အင္တာနက္ကို အခမဲ့ေသာ္လည္းေကာင္း၊ ေစ်းေပါေပါျဖင့္ေသာ္လည္းေကာင္း ျဖန္ ့ျဖဴးနိုင္ရန္ ရည္ရြယ္ ေဆာင္ရြက္ေနျခင္းျဖစ္ျပီး Facebook အသံုးျပဳသူဦးေရ တိုးလာေအာင္ျပဳလုပ္ျခင္းျဖစ္ေၾကာင္း၊ Facebook အေန ျဖင့္ အသံုးျပဳသူမ်ားလာတိုင္း ေၾကာ္ညာအားပိုေကာင္းလာမည္ျဖစ္ျပီး အျမတ္အစြန္းပို၍ရရွိနိုင္မည္ျဖစ္ေၾကာင္း သိရသည္။

သို ့ေသာ္ အိႏၵိယက Facebook နွင့္ ၄င္း၏တြဲဖက္ကုမၸဏီမ်ားသည္ ေငြပင္ေငြရင္းျမဳပ္နွံကာ Facebook အသံုးျပဳသူ မ်ားကို သီးျခား၀န္ေဆာင္မႈမ်ားေပးရန္ ၾကိဳးပမ္းေနျခင္းျဖစ္ေၾကာင္း၊ ယင္းအခ်က္သည္ ဆက္သြယ္ေရး၀န္ၾကီးဌာန ၏ ဘက္မလိုက္မူ၀ါဒကိုခ်ိဳးေဖာက္ရာေရာက္ေၾကာင္း စြပ္စြဲထားသည္။
သို ့ျဖစ္၍ Facebook သည္ အိႏၵိယတြင္ အင္တာနက္အခမဲ့လႊင့္ေပးကာ Facebook ကိုသံုးေစျပီး ၂၀၃၀ ခုနွစ္အမီ Facebook အသံုးျပဳသူဦးေရ ၅ ဘီလီယံရွိလာေအာင္ ျပဳလုပ္သြားမည့္ စီမံကိန္းသည္လည္း အထေျမာက္ရန္ အလား အလာ မရွိေသးေၾကာင္း သိရသည္။
Lashio News Diary
Facebook အသံုးျပဳသူ ၅ ဘီလီယံရွိေအာင္ရည္မွန္းေဆာင္ရြက္မႈ မေအာင္ျမင္။ေဖ (၁၅) နည္းပညာ၊ ရဲရင့္တည္၊ ရတနာပံုေန ့စဥ္။
.........
Facebook အသုံးပြုသူ ၅ ဘီလီယံရှိအောင်ရည်မှန်းဆောင်ရွက်မှု မအောင်မြင်။ဖေ (၁၅) နည်းပညာ၊ ရဲရင့်တည်၊ ရတနာပုံနေ ့စဉ်။

ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သော Facebook ၏ (၁၂)နှစ်မြောက် နှစ်ပတ်လည်နေ ့ဖြစ်သော ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ ့တွင် Facebook တည်ထောင်သူ မာ့ခ်ဇက်ကာဘတ် က ၂၀၃၀ ခုနှစ်အမီ ကမ္ဘာတစ်ဝန်းတွင် Facebook အသုံးပြုသူဦးရေ ၅ ဘီလီယံထက်မနည်းရှိလာအောင် ရည်မှန်းဆောင်ရွက်မည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း လက်ရှိအခြေအနေများအရ ယင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန် အလားအလာမရှိသေးကြောင်းသိရသည်။

အထူးသဖြင့် အိန္ဒိယတစ်နိုင်ငံလုံး Facebook သုံးစွဲရေးကို ရည်မှန်းဆောင်ရွက်နေသည့် Internet.org စီမံချက်ကို အိန္ဒိယကလက်မခံဘဲ ပယ်ချလိုက်ခြင်းကြောင့် ‘အသုံးပြုသူ ၅ ဘီလီယံ’ စီမံကိန်းကြီး အထိနာသွားခြင်းဖြစ်ပြီး Facebook ၏ စျေးကွက်တိုးတက်မှုတစ်ခုလုံးလည်း တုန် ့ဆိုင်းနှေးကွေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Facebook ရဲ ့ Internet.org ကို အိန္ဒိယနိုင်ငံ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပယ်ချခဲ့ပါတယ်။ Net Neutrality လို ့ခေါ်တဲ့ ဘက်မလိုက်ဝါဒကိုချိုးဖောက်တယ်လို ့စွပ်စွဲပြီး ပယ်ချခဲ့တာပါ။ ဒီပယ်ချခဲ့မှုဟာ Facebook ရဲ ့ Free Basic Service လို ့ခေါ်တဲ့ အခြေခံဝန်ဆောင်မှုအခမဲ့သုံးစွဲခွင့်ကို အကြီးအကျယ်စိန်ခေါ်ရာရောက်ခဲ့ပါ တယ် ဟု လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောပြသည်။

Facebook သည် အင်တာနက်အသုံးပြုနိုင်ခြင်းမရှိသေးသောနိုင်ငံများ၊ ဒေသများတွင် Internet.org စီမံကိန်းဖြင့် အင်တာနက်ကို အခမဲ့သော်လည်းကောင်း၊ စျေးပေါပေါဖြင့်သော်လည်းကောင်း ဖြန် ့ဖြူးနိုင်ရန် ရည်ရွယ် ဆောင်ရွက်နေခြင်းဖြစ်ပြီး Facebook အသုံးပြုသူဦးရေ တိုးလာအောင်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ Facebook အနေ ဖြင့် အသုံးပြုသူများလာတိုင်း ကြော်ညာအားပိုကောင်းလာမည်ဖြစ်ပြီး အမြတ်အစွန်းပို၍ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

သို ့သော် အိန္ဒိယက Facebook နှင့် ၄င်း၏တွဲဖက်ကုမ္ပဏီများသည် ငွေပင်ငွေရင်းမြုပ်နှံကာ Facebook အသုံးပြုသူ များကို သီးခြားဝန်ဆောင်မှုများပေးရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ယင်းအချက်သည် ဆက်သွယ်ရေးဝန်ကြီးဌာန ၏ ဘက်မလိုက်မူဝါဒကိုချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲထားသည်။
သို ့ဖြစ်၍ Facebook သည် အိန္ဒိယတွင် အင်တာနက်အခမဲ့လွှင့်ပေးကာ Facebook ကိုသုံးစေပြီး ၂၀၃၀ ခုနှစ်အမီ Facebook အသုံးပြုသူဦးရေ ၅ ဘီလီယံရှိလာအောင် ပြုလုပ်သွားမည့် စီမံကိန်းသည်လည်း အထမြောက်ရန် အလား အလာ မရှိသေးကြောင်း သိရသည်။
Lashio News Diary





No comments:

Post a Comment