Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

ရွမ္းျပည္နယ္ရဲ့ ဖယ္ဒရယ္အနာဂတ္

 SSA ေတာင္ပိုင္းအဖြဲ႕ရဲ့စစ္ေရးျပအခမ္းအနား
ေတာင္တန္းနဲ႔ျပည္မ အတူလက္တြဲၿပီး လြတ္လပ္ေရး အရယူဖို႔ ပင္လုံစာခ်ဳပ္ လက္မွတ္ေရးထိုးခဲ့တဲ့ ရွမ္းျပည္နယ္မွာ တိုင္းရင္းသား ေတြေမၽွာ္မွန္းတဲ့ ဖယ္ဒရယ္ ျပည္ေထာင္စုနဲ႔ ပတ္သက္လို႔ လက္ရွိ အာဏာရ လာတဲ့ ပါတီကလည္း ဖယ္ဒရယ္ ျပည္ေထာင္စု စနစ္ကို သြားမယ္လို႔ ေျပာထားေပမယ့္ အရပ္သား အစိုးရအေနနဲ႔ ဖယ္ဒရယ္ စနစ္ကို အေကာင္အထည္ ေဖၚဖို႔ အခက္အခဲရွိနိုင္တယ္လို႔ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္မွ ဉီးစိုင္းလိတ္က ေျပာပါတယ္။

ေဖေဖၚဝါရီ ၇ရက္က က်ေရာက္တဲ့ ၆၉ႏွစ္ေျမာက္ ရွမ္းျပည္နယ္ အမ်ိဳးသားေန႔ အတြက္ နိုင္ငံေတာ္ သမၼတက သဝဏ္လႊာ ေပးပို႔ရာမွာ လက္နက္ကိုင္ ပဋိပကၡ ခ်ဳပ္ၿငိမ္းေရးအတြက္ တိုင္းရင္းသား ျပည္သူအားလုံး နိုင္ငံေတာ္ အစိုးရနဲ႔အတူ လက္တြဲေဆာင္ရြက္ဖို႔ တိုက္တြန္းထားပါတယ္။

တဖက္ကလည္း ရွမ္းျပည္နယ္အတြင္း တိုင္းရင္းသား လက္နက္ကိုင္ေတြ အခ်င္းခ်င္း နယ္ေျမလုတဲ့တိုက္ပြဲ ေတြျဖစ္ေနသလို မူးယစ္ေဆးဝါးဒဏ္ ေနခံေနရတဲ့အေၾကာင္း၊ အစိုးရရဲ့ၿငိမ္းခ်မ္းေရး ညီလာခံဟာလည္း အမည္ခံမၽွသာ ျဖစ္ေၾကာင္း၊ အဲဒီေဆြးေႏြးပြဲေတြမွာ ဖယ္ဒရယ္နိုင္ငံထူေထာင္ဖို႔ ေဆြးေႏြးတဲ့အခါ တပ္မေတာ္ အစုအဖြဲ႕ရဲ့ ေထာက္ခံခ်က္မပါပဲ မျဖစ္နိုင္လို႔ ဖယ္ဒရယ္သြားဖို႔ စစ္တပ္မွာ လုံးလုံး မူတည္သလိုျဖစ္ေနေၾကာင္း ဉီးစိုင္းလိတ္က ဘီဘီစီကို ေျပာသြားပါတယ္။

၆၉ႏွစ္ေျမာက္ ရွမ္းျပည္နယ္ အမ်ိဳးသားေန႔ အခမ္းအနားေတြကို ရန္ကုန္နဲ႔ရွမ္းျပည္ေတာင္ႀကီး ေက်ာက္မဲ မိုင္းေငါ့စတဲ့ ၿမိဳ႕နယ္ေတြမွာ က်င္းပသလို ထိုင္းျမန္မာ နယ္စပ္ RCSS/SSA ေတာင္ပိုင္း ဌာနခ်ဳပ္မွာလည္း စစ္ေရးၿပ အခမ္းအနားေတြနဲ႔ ဂုဏ္ျပဳ က်င္းပခဲ့ပါတယ္။

BBC Burmese
http://www.bbc.com/burmese

...............

 SSA တောင်ပိုင်းအဖွဲ့ရဲ့စစ်ရေးပြအခမ်းအနား
တောင်တန်းနဲ့ပြည်မ အတူလက်တွဲပြီး လွတ်လပ်ရေး အရယူဖို့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ ရှမ်းပြည်နယ်မှာ တိုင်းရင်းသား တွေမျှော်မှန်းတဲ့ ဖယ်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သက်လို့ လက်ရှိ အာဏာရ လာတဲ့ ပါတီကလည်း ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို သွားမယ်လို့ ပြောထားပေမယ့် အရပ်သား အစိုးရအနေနဲ့ ဖယ်ဒရယ် စနစ်ကို အကောင်အထည် ဖေါ်ဖို့ အခက်အခဲရှိနိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဉီးစိုင်းလိတ်က ပြောပါတယ်။

ဖေဖေါ်ဝါရီ ရရက်က ကျရောက်တဲ့ ၆၉နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အတွက် နိုင်ငံတော် သမ္မတက သဝဏ်လွှာ ပေးပို့ရာမှာ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသား ပြည်သူအားလုံး နိုင်ငံတော် အစိုးရနဲ့အတူ လက်တွဲဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

တဖက်ကလည်း ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေ အချင်းချင်း နယ်မြေလုတဲ့တိုက်ပွဲ တွေဖြစ်နေသလို မူးယစ်ဆေးဝါးဒဏ် နေခံနေရတဲ့အကြောင်း၊ အစိုးရရဲ့ငြိမ်းချမ်းရေး ညီလာခံဟာလည်း အမည်ခံမျှသာ ဖြစ်ကြောင်း၊ အဲဒီဆွေးနွေးပွဲတွေမှာ ဖယ်ဒရယ်နိုင်ငံထူထောင်ဖို့ ဆွေးနွေးတဲ့အခါ တပ်မတော် အစုအဖွဲ့ရဲ့ ထောက်ခံချက်မပါပဲ မဖြစ်နိုင်လို့ ဖယ်ဒရယ်သွားဖို့ စစ်တပ်မှာ လုံးလုံး မူတည်သလိုဖြစ်နေကြောင်း ဉီးစိုင်းလိတ်က ဘီဘီစီကို ပြောသွားပါတယ်။

၆၉နှစ်မြောက် ရှမ်းပြည်နယ် အမျိုးသားနေ့ အခမ်းအနားတွေကို ရန်ကုန်နဲ့ရှမ်းပြည်တောင်ကြီး ကျောက်မဲ မိုင်းငေါ့စတဲ့ မြို့နယ်တွေမှာ ကျင်းပသလို ထိုင်းမြန်မာ နယ်စပ် RCSS/SSA တောင်ပိုင်း ဌာနချုပ်မှာလည်း စစ်ရေးပြ အခမ်းအနားတွေနဲ့ ဂုဏ်ပြု ကျင်းပခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment