Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, February 20, 2016

ကိုကုိးကြၽန္း ေရျပင္တြင္ တပ္မေတာ္ (ေရ) စစ္ေရယာဥ္မ်ား ပင္လယ္ျပင္ လက္ေတြ႕ေလ့က်င့္ခန္းႏွင့္ လက္နက္ မ်ား ေလ့က်င့္ ပစ္ခတ္ျခင္းမ်ား ေလ့က်င့္ ေဆာင္ရြက္သြားမည္


တပ္မေတာ္ (ေရ) စစ္ေရယာဥ္မ်ား ပင္လယ္ျပင္ လက္ေတြ႕ ေလ့က်င့္ခန္းျပဳလုပ္မည့္ ဧရိယာျပေျမပံု (ဓာတ္ပံု-တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုး)
    ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၂၀ ရက္ (ဆင္ဟြာ)

    တပ္မေတာ္ (ေရ) စစ္ေရယာဥ္မ်ားသည္ ပင္လယ္ျပင္ လက္ေတြ႔ ေလ့က်င့္ခန္းႏွင့္ လက္နက္မ်ား ေလ့က်င့္ ပစ္ခတ္ျခင္းမ်ားအား ကိုကုိးကြၽန္း ေရျပင္တြင္ ေဖေဖာ္ဝါရီလ ၂၂ ရက္မွ မတ္လ ၂ ရက္အတြင္း ေလ့က်င့္ ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံးမွ ယေန ့သတင္း ထုတ္ျပန္ခဲ့သည္။

ထုိသုိ ့ေလ့က်င့္ခန္း ေဆာင္ရြက္စဥ္ ကာလ အတြင္း ေဘးအႏၲရာယ္ ကင္းရွင္းေစေရး အတြက္ ေလ့က်င့္ေရး ဧရိယာမွ ၅ မုိင္ပတ္လည္အား သေဘၤာႀကီး/ငယ္မ်ား၊ ကုန္တင္/စက္ေလွမ်ား၊ ငါးဖမ္း သေဘၤာမ်ား၊ စက္တပ္သမၺာန္မ်ား ျဖတ္သန္း သြားလာျခင္း ၊ ေက်ာက္ခ် ရပ္နားျခင္း၊ ငါးဖမ္းျခင္း၊ ငါးဖမ္း ကိရိယာမ်ား ခ်ထားျခင္း မရွိေစရန္ႏွင့္ ေလယာဥ္ ၊ ရဟတ္ယာဥ္မ်ား အျမင့္ေပ ၁၅,၀၀၀ (တစ္ေသာင္းငါးေထာင္) ေအာက္ ျဖတ္ေက်ာ္ ပ်ံသန္းျခင္း မျပဳၾကရန္ အသိေပး ေၾကညာခဲ့သည္။

ေလ့က်င့္ခန္း ဧရိယာအျဖစ္ Point A ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၅၆ မိနစ္၊ အေရွ႕ ေလာင္ဂ်ီတြဒ္ ၉၃ ဒီဂရီ ၂၆ မိနစ္၊ Point B ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၅၆ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄ ဒီဂရီ ၃၃ မိနစ္၊ Point C ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၀၀ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၄ ဒီဂရီ ၃၃ မိနစ္၊ Point D ေျမာက္လတီၱတြဒ္ ၁၄ ဒီဂရီ ၀၀ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၃ ဒီဂရီ ၂၆ မိနစ္ စသည့္ Coordinates အမွတ္မ်ားအား ဆက္ဆြဲထားသည့္ ဧရိယာအား သတ္မွတ္ထားရွိၿပီး ေရေၾကာင္း သတိေပးခ်က္ႏွင့္ ေလေၾကာင္း သတိေပးခ်က္တို႔အား ထုတ္ျပန္ ေၾကညာထားရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
......

တပ်မတော် (ရေ) စစ်ရေယာဉ်များ ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းပြုလုပ်မည့် ဧရိယာပြမြေပုံ (ဓာတ်ပုံ-တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး)
    ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    တပ်မတော် (ရေ) စစ်ရေယာဉ်များသည် ပင်လယ်ပြင် လက်တွေ့ လေ့ကျင့်ခန်းနှင့် လက်နက်များ လေ့ကျင့် ပစ်ခတ်ခြင်းများအား ကိုကိုးကျွန်း ရေပြင်တွင် ဖေဖော်ဝါရီလ ၂၂ ရက်မှ မတ်လ ၂ ရက်အတွင်း လေ့ကျင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ယနေ ့သတင်း ထုတ်ပြန်ခဲ့သည်။

ထိုသို ့လေ့ကျင့်ခန်း ဆောင်ရွက်စဉ် ကာလ အတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရေး အတွက် လေ့ကျင့်ရေး ဧရိယာမှ ၅ မိုင်ပတ်လည်အား သင်္ဘောကြီး/ငယ်များ၊ ကုန်တင်/စက်လှေများ၊ ငါးဖမ်း သင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ၊ ကျောက်ချ ရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများ ချထားခြင်း မရှိစေရန်နှင့် လေယာဉ် ၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅,၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုကြရန် အသိပေး ကြေညာခဲ့သည်။

လေ့ကျင့်ခန်း ဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့ လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၅၆ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၃၃ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၆ မိနစ် စသည့် Coordinates အမှတ်များအား ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပြီး ရေကြောင်း သတိပေးချက်နှင့် လေကြောင်း သတိပေးချက်တို့အား ထုတ်ပြန် ကြေညာထားရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment