Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, February 8, 2016

သွ်မ္းျပည္နယ္လႊတ္ေတာ္အၾကီးအကဲမ်ား ျပည္ခုိင္ျဖိဳးပါတီေနရာရ

8 February 2016


ေဖေဖာ္ဝါရီ ၈ ရက္ ၂၀၁၆

ဒုတိယအႀကိမ္ သွ်မ္းၿပည္နယ္လႊတ္ေတာ္ ပထမပံုမွန္အစည္းအေဝး ကို ေဖေဖာ္ဝါရီ ၈ ရက္ သွ်မ္းၿပည္နယ္ၿမိဳ႕ ေတာ္ေတာင္ႀကီးၿမိဳ႕တြင္ စတင္ က်င္းပရာ သွ်မ္းၿပည္နယ္လႊတ္ေတာ္ သဘာပတိေနရာ ၊ ဥကၠဌ ႏွင့္ ဒုတိယ ဥကၠဌ ေနရာတုိ့၌ ၿပည္ေထာင္စုႀက့ံခိုင္ေရး ႏွင့္ ဖြ႔ံၿဖိဳးေရးပါတီ (USDP) မွေနရာရထားေၾကာင္း သိရသည္။

သွ်မ္းၿပည္နယ္လႊတ္ေတာ္ သဘာပတိအျဖစ္ ေလာက္ကိုင္ မဲဆႏၵနယ္အမွတ္ ( ၁) ဦးေအာင္သန္းထြဋ္ ကေရြးခ်ယ္ခံရၿပီး၊ ဥကၠဌအျဖစ္ က်ဳိင္းတံုၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) စိုင္းလံုးဆိုင္ မွေရြးခ်ယ္ခံရ သည္ဟုဆုိပါသည္။

ဒုဥကၠဌအျဖစ္ ရြာငံ မဲဆႏၵနယ္ အမွတ္ (၂ ) လက္ရွိ သွ်မ္းၿပည္နယ္ ဝန္ႀကီး ခ်ဳပ္ စဝ္ေအာင္ၿမတ္ မွေရြးခ်ယ္ခံရပါသည္။

သွ်မ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္(SNLD) ၏ သီေပါၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၁) မွ နန္းစန္းစန္းေအး က “ ဒီေန႔ လႊတ္ေတာ္မွာေတာ့ အဓိက သဘာပတိ ေတြ ဥကၠဌေတြ ဒုဥကၠဌေတြ ေရြးတာေပါ့ ဝင္ေရြးတာေတာ့ က်မတို႔ က်ားေခါင္းပါတီေတြလည္း ၃ ေနရာ စလံုး ဝင္ေရာက္အေရြးခံ ခဲ့တယ္။ ဒါေပမယ့္ ႀကံ့ခိုင္ေရးပါတီ ကို မႏိုင္ဘူး” ဟု ေၿပာသည္။

ဆႏၵမဲေပးေနရာတြင္လည္း ဒီမိုကေရစီအင္အားစုမ်ားျဖစ္ၾကသည့္ အမ်ဳိးသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္( NLD ) ႏွင့္ သွ်မ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ( SNLD) က်ားေခါင္းပါတီ တို႔ ေပါင္းစည္းမွဳအင္အား သည္လည္း ႀကံ့ခိုင္ေရး ပါတီ (USDP) ၏ တစ္ဝက္သာရွိေႀကာင္း နန္းစန္းစန္းေအး ကေၿပာသည္။

“ဘာေႀကာင့္မႏိုင္တာလဲ ဆိုရင္ မဲေပးတဲ့အခါမွာ က်မတို႔ ပါတီ နဲ႔ NLD ဘဲရွိတာ။ က်မတို႔ ႏွစ္ပါတီေပါင္းတာမွ ဆႏၵမဲ ၄၆ မဲဘဲရွိတယ္။ ႀကံ့ခိုင္ေရးေတြ တပ္မေတာ္သားေတြ တိုင္းရင္းသားပါတီငယ္ေတြက ၈၈ မဲရွိၿပီေလ” ဟု ၄င္းက ေၿပာသည္။

ဒုတိယအႀကိမ္ သွ်မ္းၿပည္နယ္လႊတ္ေတာ္ ပထမပံုမွန္ အစည္းအေဝးတြင္ သွ်မ္းၿပည္နယ္ လႊတ္ေတာ္္ အမတ္ ၁၃၇ ဦး အနက္ တပ္မေတာ္သား ၃၄ ဦး ပါရွိေႀကာင္း သိရသည္။

သွ်မ္းသံေတာ္ဆင့္/ဆိုင္ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese

...............................................................

သျှမ်းပြည်နယ်လွှတ်တော်အကြီးအကဲများ ပြည်ခိုင်ဖြိုးပါတီနေရာရ
8 February 2016

ဖေဖော်ဝါရီ ၈ ရက် ၂၀၁၆

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ကို ဖေဖော်ဝါရီ ၈ ရက် သျှမ်းပြည်နယ်မြို့ တော်တောင်ကြီးမြို့တွင် စတင် ကျင်းပရာ သျှမ်းပြည်နယ်လွှတ်တော် သဘာပတိနေရာ ၊ ဥက္ကဌ နှင့် ဒုတိယ ဥက္ကဌ နေရာတို့၌ ပြည်ထောင်စုကြ့ံခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ (USDP) မှနေရာရထားကြောင်း သိရသည်။

သျှမ်းပြည်နယ်လွှတ်တော် သဘာပတိအဖြစ် လောက်ကိုင် မဲဆန္ဒနယ်အမှတ် ( ၁) ဦးအောင်သန်းထွဋ် ကရွေးချယ်ခံရပြီး၊ ဥက္ကဌအဖြစ် ကျိုင်းတုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) စိုင်းလုံးဆိုင် မှရွေးချယ်ခံရ သည်ဟုဆိုပါသည်။

ဒုဥက္ကဌအဖြစ် ရွာငံ မဲဆန္ဒနယ် အမှတ် (၂ ) လက်ရှိ သျှမ်းပြည်နယ် ဝန်ကြီး ချုပ် စဝ်အောင်မြတ် မှရွေးချယ်ခံရပါသည်။

သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ၏ သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ နန်းစန်းစန်းအေး က “ ဒီနေ့ လွှတ်တော်မှာတော့ အဓိက သဘာပတိ တွေ ဥက္ကဌတွေ ဒုဥက္ကဌတွေ ရွေးတာပေါ့ ဝင်ရွေးတာတော့ ကျမတို့ ကျားခေါင်းပါတီတွေလည်း ၃ နေရာ စလုံး ဝင်ရောက်အရွေးခံ ခဲ့တယ်။ ဒါပေမယ့် ကြံ့ခိုင်ရေးပါတီ ကို မနိုင်ဘူး” ဟု ပြောသည်။

ဆန္ဒမဲပေးနေရာတွင်လည်း ဒီမိုကရေစီအင်အားစုများဖြစ်ကြသည့် အမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်( NLD ) နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကျားခေါင်းပါတီ တို့ ပေါင်းစည်းမှုအင်အား သည်လည်း ကြံ့ခိုင်ရေး ပါတီ (USDP) ၏ တစ်ဝက်သာရှိကြောင်း နန်းစန်းစန်းအေး ကပြောသည်။

“ဘာကြောင့်မနိုင်တာလဲ ဆိုရင် မဲပေးတဲ့အခါမှာ ကျမတို့ ပါတီ နဲ့ NLD ဘဲရှိတာ။ ကျမတို့ နှစ်ပါတီပေါင်းတာမှ ဆန္ဒမဲ ၄၆ မဲဘဲရှိတယ်။ ကြံ့ခိုင်ရေးတွေ တပ်မတော်သားတွေ တိုင်းရင်းသားပါတီငယ်တွေက ၈၈ မဲရှိပြီလေ” ဟု ၄င်းက ပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် သျှမ်းပြည်နယ် လွှတ်တော်် အမတ် ၁၃၇ ဦး အနက် တပ်မတော်သား ၃၄ ဦး ပါရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်/ဆိုင်ဖူး
Panglong(Burmese)
https://www.facebook.com/Panglong.burmese

No comments:

Post a Comment